လက္ရွိျမန္မာ့အေရး အိုဘားမား ဘာေျပာလဲ

သူ႔လက္ထက္မွာ ျမန္မာအေပၚ စီးပြားေရးပိတ္ဆို႔မႈေတြကို ႐ုတ္သိမ္းေပးခဲ့ပါတယ္။
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံတြင္းက လူနည္းစုေတြအတြက္ လူမ်ားစုေတြက ရပ္တည္ေပးဖို႔လိုတယ္လို႔ အေမရိကန္သမၼတေဟာင္း ဘားရတ္အိုးဘားမားက ေျပာၾကားလိုက္ပါတယ္။

သမၼတေဟာင္းအိုးဘားမားရဲ႕အိုဘားမားေဖာင္ေဒးရွင္းက ျပဳလုပ္တဲ့ အာရွပစိဖိတ္ေဒသတြင္း လူငယ္ေခါင္းေဆာင္ေတြ ေတြ႕ဆုံပြဲမွာ အေထြေထြ မိန႔္ခြန္းေျပာၾကားစဥ္ အခုလို ျမန္မာ့အေရးေမးျမန္းမႈေတြအေပၚ သူက မွတ္ခ်က္ျပဳခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကို အျပည္ျပည္ဆိုင္ရာတရား႐ုံး အိုင္စီေဂ်မွာ လူမ်ိဳးတုံးသတ္ျဖတ္မႈစြပ္စြဲခ်က္နဲ႔ ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုထားမႈကို ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သြားေရာက္ေျဖရွင္းထားၿပီး တရား႐ုံးအမိန႔္ခ်မယ့္ရက္ကို ႏွစ္ႏိုင္ငံ ေစာင့္ဆိုင္းေနတဲ့အခ်ိန္ ျဖစ္ပါတယ္။

မေလးရွားႏိုင္ငံ ၊ ကြာလာလမ္ပူၿမိဳ႕မွာ ဒီဇင္ဘာ ၁၀ ရက္ေန ၁၄ ရက္ထိ က်င္းပခဲ့တဲ့ အဲဒီလူငယ္ေခါင္းေဆာင္ေတြေတြ႕ဆုံပြဲကို ျမန္မာႏိုင္ငံက တိုင္းရင္း သားလူငယ္ေတြအပါအဝင္ လူမႈေရး၊ ႏိုင္ငံေရး၊ စီးပြားေရး၊ သံတမန္ အသိုင္းအဝိုင္း စတဲ့ နယ္ပယ္စုံက လူငယ္ေခါင္းေဆာင္ ၁၄ ဦး တက္ေရာက္ခြင့္ရခဲ့ ပါတယ္။

ဒီဇင္ဘာ ၁၃ ရက္မွာ သမၼတအိုဘားမားဟာ လူငယ္ေခါင္းေဆာင္ေတြကို အေထြေထြမိန႔္ခြန္းတစ္ရပ္ ေျပာခဲ့ၿပီး တက္ေရာက္လာတဲ့ျမန္မာလူငယ္ေတြက အိုင္စီေဂ်အေရးအေပၚ သူ႔မွတ္ခ်က္ကို ေမးျမန္းတဲ့အခါမွာ သူက အခုလိုေျပာၾကားခဲ့ပါတယ္လို႔ ဒီေမးခြန္းကိုေမးျမန္းခဲ့တဲ့ လူငယ္ေခါင္းေဆာင္ မသၪၨာ႐ႊန္းလဲ့ရည္က ဘီဘီစီကို ေျပာပါတယ္။

"ကြၽန္မတို႔က အိုင္စီေဂ်ကိစၥေမးတာေပါ့။ သူကေတာ့ ဒါနဲ႔ပတ္သက္လို႔ လူနည္းစုလူငယ္ေတြကို လူမ်ားစုလူငယ္ေတြ၊ Power Position မွာ ရွိေနတဲ့လူငယ္ေတြက တကယ့္ကို ထိခိုက္ခံစားေနရတဲ့ Minority Group (လူနည္းစု) ေတြအတြက္ကို ရပ္တည္ေပးဖို႔လိုတယ္။ ျမန္မာႏိုင္ငံက ႐ိုဟင္ဂ်ာေတြအတြက္ ရပ္တည္ေပးတဲ့ ဗမာလူမ်ိဳးေတြ အမ်ားႀကီး လိုအပ္တယ္ဆိုတာကို ထည့္သြင္းေျပာသြားတာ ေတြ႕ရတယ္။ သူက အင္ဒိုနီးရွား နဲ႔ဂ်ပန္ကိုဥပမာေပးသြားတယ္။ ကိုယ့္ႏိုင္ငံတြင္းမွာ ရွိေနတဲ့ လူနည္းစုေတြကို ရပ္တည္ေပးတဲ့လူမ်ားစုေတြ ရွိလာဖို႔က အရမ္းအေရးႀကီးတယ္။ အဲဒီ အတြက္ ဒီေခါင္းေဆာင္ေတြေပၚမွာ တာဝန္ရွိတယ္လို႔ေျပာသြားတယ္" လို႔ မသၪၨာ႐ႊန္းလဲ့ရည္က ေျပာပါတယ္။

အိုဘားမားေဖာင္ေဒးရွင္းဟာ ျမန္မာအပါအဝင္ အာရွပစိဖိတ္မွာရွိတဲ့ ႏိုင္ငံ ၃၃ ႏိုင္ငံက အသက္ေလးဆယ္ ေအာက္ လူငယ္ေခါင္းေဆာင္ အေယာက္ ၂၀၀ ကို ဒီအစီအစဥ္အတြက္ ဖိတ္ၾကားခဲ့တာျဖစ္ပါတယ္။

ဒီငါးရက္တာေဆြးေႏြးပြဲမွာ လူငယ္ေခါင္းေဆာင္ေတြအေနနဲ႔ ႀကဳံေတြ႕ေနရတဲ့လက္ရွိျပႆနာေတြ၊ ပုဂၢိဳလ္ ေရးဆိုင္ရာအေျခအေနေတြ၊ စီးပြားေရး၊ လူမႈ ေရး၊ ႏိုင္ငံေရး စတဲ့ေနာက္ခံအေၾကာင္းအရာအစုံကို သုံးသပ္ခဲ့ၿပီး ဒီအေပၚမွာ ေခါင္းေဆာင္မႈအရည္အေသြးပိုတက္လာေအာင္ သမၼတ အိုဘားမားနဲ႔ ဇနီးျဖစ္သူ မစ္ရွယ္အိုဘားမားတို႔က သူတို႔ရဲ႕ လက္ေတြ႕ အေတြ႕အႀကဳံေတြကို မွ်ေဝခဲ့တယ္လို႔လည္း သိရပါတယ္။
အတိုက္အခံေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၂၀၁၂ ခုႏွစ္အေမရိကန္ခရီးစဥ္မွာ သမၼတအိုဘားမားက အိမ္ျဖဴေတာ္မွာ ႀကိဳဆိုေတြ႕ဆုံခဲ့ပါတယ္။

အေမရိကန္သမၼတေဟာင္းအိုဘားမားဟာ ျမန္မာ့သမိုင္းမွာ ပထမဆုံး လာေရာက္တဲ့ အေမရိကန္ သမၼတစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ့ သမၼတဦးသိန္းစိန္ အစိုးရလက္ထက္ ၂၀၁၂ ႏိုဝင္ဘာ ၁၉ မွာ ပထမဆုံးအႀကိမ္ လာေရာက္ခဲ့ပါတယ္။ သူ႔ရဲ႕ ပထမဆုံးအႀကိမ္ ျမန္မာျပည္ခရီးစဥ္ဟာ ေျခာက္နာရီသာ ၾကာျမင့္ခဲ့ေပမယ့္ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီအေရးျပဳျပင္ေျပာင္းလဲမႈကို အသိအမွတ္ျပဳတဲ့အေနနဲ႔ လာေရာက္တာျဖစ္ၿပီး သမိုင္းဝင္ခရီးစဥ္တစ္ခုျဖစ္ခဲ့ပါ တယ္။

အဲဒီေနာက္ ၂၀၁၄ အာဆီယံထိပ္သီးအစည္းအေဝးေတြကို ျမန္မာက အိမ္ရွင္အျဖစ္ လက္ခံက်င္းပစဥ္မွာလည္း အာဆီယံအေမရိကန္ ထိပ္သီး အစည္း အေဝးတက္ေရာက္ဖို႔ ဒုတိယအႀကိမ္ လာေရာက္ခဲ့ပါတယ္။

သူဟာ ခရီးစဥ္ႏွစ္ႀကိမ္လုံးမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သီးသန႔္ေတြ႕ဆုံၿပီး ပူးတြဲသတင္းစာရွင္းလင္းပြဲ ျပဳ လုပ္ခဲ့သလို ၂၀၁၆ ခုႏွစ္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ေ႐ြးေကာက္ပြဲအႏိုင္ရၿပီး ေဒၚေအာင္ဆန္း စုၾကည္က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ျဖစ္လာခ်ိန္မွာ အေမရိကန္ျပည္ေထာင္စုကို လာေရာက္ဖို႔ ဖိတ္ ၾကားခဲ့ပါတယ္။
အိုဘားမားဟာ ျမန္မာျပည္လာတိုင္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ရန္ကုန္ေနအိမ္မွာပူးတြဲသတင္းစာရွင္းလင္းပြဲလုပ္ခဲ့ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အဲဒီအေမရိကန္ခရီးစဥ္အၿပီးမွာပဲ သမၼတ အိုဘားမားက ျမန္မာအေပၚ စီးပြားေရးပိတ္ဆို႔အေရးယူမႈေတြကို ဖယ္ရွား ေပးခဲ့ပါတယ္။

လက္ရွိအေမရိကန္သမၼတ ေဒၚနယ္ထရမ့္လက္ထက္မွာေတာ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြေၾကာင့္ဆိုၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အပါအဝင္ စစ္ဘက္ဆိုင္ရာ ထိပ္တန္းေခါင္းေဆာင္ေတြကို သီးသန႔္ထား ပိတ္ဆို႔အေရးယူမႈေတြ စတင္လာပါတယ္။

အရင္လို တစ္ႏိုင္ငံလုံးကို ပိတ္ဆို႔အေရးယူတာနဲ႔စာရင္ ခုလိုတပ္မေတာ္ထိပ္ပိုင္းေခါင္းေဆာင္ေတြကိုပဲ သီးသန႔္ပိတ္ဆို႔အေရးယူတဲ့အတြက္ အရင္ကေလာက္ အေျခအေနမဆိုးဘဲ အသက္ရႉေခ်ာင္ရတယ္လို႔ သုံးသပ္မႈေတြလည္း ရွိထားပါတယ္။ တပ္မေတာ္ကေတာ့ ဒါဟာ ႏိုင္ငံေရးအရ ဖိအားေပးတာပဲလို႔ ေျပာၾကားထားပါတယ္။
အိုဘားမားဟာ ျမန္မာခရီးစဥ္ေတြမွာ အရပ္ဖက္အဖြဲ႕ေတြ၊ ဘာသာေပါင္းစုံက ေခါင္းေဆာင္ေတြနဲ႔လည္း ေတြ႕ေလ့ရွိပါတယ္။

အိုင္စီေဂ်မွာ ျမန္မာဂမ္ဘီယာႏွစ္ႏိုင္ငံ ေလွ်ာက္လဲခ်က္ေတြအေပၚ ရႈေထာင့္အမ်ိဳးမ်ိဳးက ေဝဖန္သုံးသပ္တာေတြရွိေနၿပီး ဒါနဲ႔ပတ္သက္လို႔ အစိုးရကေတာ့ အိုင္စီေဂ် ခရီးစဥ္အၿပီး သတင္းစာရွင္းလင္းပြဲျပဳလုပ္တာမရွိေသးပါဘူး။

အၿပီးသတ္ေလွ်ာက္လဲခ်က္ေတြအၿပီးမွာ ျမန္မာက အမႈကို ႐ုပ္သိမ္းေပးဖို႔နဲ႔ ဂမ္ဘီယာေတာင္းဆိုတဲ့ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ေတြမခ်မွတ္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္က ေတာင္းဆိုထားပါတယ္။

ဂမ္ဘီယာကေတာ့ ျမန္မာက လူမ်ိဳးတုံးသတ္ျဖတ္မႈေတြကို ရပ္တန႔္ဖို႔၊ သက္ေသအေထာက္အထားေတြကို မဖ်က္ဆီးဖို႔အပါအဝင္ အခ်က္ေျခာက္ခ်က္ ေတာင္းဆိုထားပါတယ္။

နယ္သာလန္ႏိုင္ငံ၊ သည္ေဟ့ဂ္ၿမိဳ႕ကို သြားေရာက္သတင္းယူခဲ့တဲ့ဘီဘီစီသတင္းေထာက္ရဲ႕ အိုင္စီေဂ်တရားသူႀကီးေတြနဲ႔ေမးျမန္းခ်က္အရေတာ့ လာမယ့္ႏွစ္ဆန္းပိုင္း ဇန္နဝါရီလထဲမွာ အမိန႔္ခ်ဖြယ္ရွိတယ္လို႔ ဆိုပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
လက်ရှိမြန်မာ့အရေး အိုဘားမား ဘာပြောလဲ


ဓာတ်ပုံ မူပိုင် NICOLAS ASFOURI
Image caption သူ့လက်ထက်မှာ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းက လူနည်းစုတွေအတွက် လူများစုတွေက ရပ်တည်ပေးဖို့လိုတယ်လို့ အမေရိကန်သမ္မတဟောင်း ဘားရတ်အိုးဘားမားက ပြောကြားလိုက်ပါတယ်။

သမ္မတဟောင်းအိုးဘားမားရဲ့အိုဘားမားဖောင်ဒေးရှင်းက ပြုလုပ်တဲ့ အာရှပစိဖိတ်ဒေသတွင်း လူငယ်ခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ အထွေထွေ မိန့်ခွန်းပြောကြားစဉ် အခုလို မြန်မာ့အရေးမေးမြန်းမှုတွေအပေါ် သူက မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ဖြေရှင်းထားပြီး တရားရုံးအမိန့်ချမယ့်ရက်ကို နှစ်နိုင်ငံ စောင့်ဆိုင်းနေတဲ့အချိန် ဖြစ်ပါတယ်။

မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့မှာ ဒီဇင်ဘာ ၁၀ ရက်နေ ၁၄ ရက်ထိ ကျင်းပခဲ့တဲ့ အဲဒီလူငယ်ခေါင်းဆောင်တွေတွေ့ဆုံပွဲကို မြန်မာနိုင်ငံက တိုင်းရင်း သားလူငယ်တွေအပါအဝင် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန် အသိုင်းအဝိုင်း စတဲ့ နယ်ပယ်စုံက လူငယ်ခေါင်းဆောင် ၁၄ ဦး တက်ရောက်ခွင့်ရခဲ့ ပါတယ်။

ဒီဇင်ဘာ ၁၃ ရက်မှာ သမ္မတအိုဘားမားဟာ လူငယ်ခေါင်းဆောင်တွေကို အထွေထွေမိန့်ခွန်းတစ်ရပ် ပြောခဲ့ပြီး တက်ရောက်လာတဲ့မြန်မာလူငယ်တွေက အိုင်စီဂျေအရေးအပေါ် သူ့မှတ်ချက်ကို မေးမြန်းတဲ့အခါမှာ သူက အခုလိုပြောကြားခဲ့ပါတယ်လို့ ဒီမေးခွန်းကိုမေးမြန်းခဲ့တဲ့ လူငယ်ခေါင်းဆောင် မသဉ္ဇာရွှန်းလဲ့ရည်က ဘီဘီစီကို ပြောပါတယ်။

"ကျွန်မတို့က အိုင်စီဂျေကိစ္စမေးတာပေါ့။ သူကတော့ ဒါနဲ့ပတ်သက်လို့ လူနည်းစုလူငယ်တွေကို လူများစုလူငယ်တွေ၊ Power Position မှာ ရှိနေတဲ့လူငယ်တွေက တကယ့်ကို ထိခိုက်ခံစားနေရတဲ့ Minority Group (လူနည်းစု) တွေအတွက်ကို ရပ်တည်ပေးဖို့လိုတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအတွက် ရပ်တည်ပေးတဲ့ ဗမာလူမျိုးတွေ အများကြီး လိုအပ်တယ်ဆိုတာကို ထည့်သွင်းပြောသွားတာ တွေ့ရတယ်။ သူက အင်ဒိုနီးရှား နဲ့ဂျပန်ကိုဥပမာပေးသွားတယ်။ ကိုယ့်နိုင်ငံတွင်းမှာ ရှိနေတဲ့ လူနည်းစုတွေကို ရပ်တည်ပေးတဲ့လူများစုတွေ ရှိလာဖို့က အရမ်းအရေးကြီးတယ်။ အဲဒီ အတွက် ဒီခေါင်းဆောင်တွေပေါ်မှာ တာဝန်ရှိတယ်လို့ပြောသွားတယ်" လို့ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

အိုဘားမားဖောင်ဒေးရှင်းဟာ မြန်မာအပါအဝင် အာရှပစိဖိတ်မှာရှိတဲ့ နိုင်ငံ ၃၃ နိုင်ငံက အသက်လေးဆယ် အောက် လူငယ်ခေါင်းဆောင် အယောက် ၂၀၀ ကို ဒီအစီအစဉ်အတွက် ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ဒီငါးရက်တာဆွေးနွေးပွဲမှာ လူငယ်ခေါင်းဆောင်တွေအနေနဲ့ ကြုံတွေ့နေရတဲ့လက်ရှိပြဿနာတွေ၊ ပုဂ္ဂိုလ် ရေးဆိုင်ရာအခြေအနေတွေ၊ စီးပွားရေး၊ လူမှု ရေး၊ နိုင်ငံရေး စတဲ့နောက်ခံအကြောင်းအရာအစုံကို သုံးသပ်ခဲ့ပြီး ဒီအပေါ်မှာ ခေါင်းဆောင်မှုအရည်အသွေးပိုတက်လာအောင် သမ္မတ အိုဘားမားနဲ့ ဇနီးဖြစ်သူ မစ်ရှယ်အိုဘားမားတို့က သူတို့ရဲ့ လက်တွေ့ အတွေ့အကြုံတွေကို မျှဝေခဲ့တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် BRENDAN SMIALOWSKI
Image caption အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၂ ခုနှစ်အမေရိကန်ခရီးစဉ်မှာ သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ ကြိုဆိုတွေ့ဆုံခဲ့ပါတယ်။

အမေရိကန်သမ္မတဟောင်းအိုဘားမားဟာ မြန်မာ့သမိုင်းမှာ ပထမဆုံး လာရောက်တဲ့ အမေရိကန် သမ္မတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ နိုဝင်ဘာ ၁၉ မှာ ပထမဆုံးအကြိမ် လာရောက်ခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံးအကြိမ် မြန်မာပြည်ခရီးစဉ်ဟာ ခြောက်နာရီသာ ကြာမြင့်ခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးပြုပြင်ပြောင်းလဲမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ လာရောက်တာဖြစ်ပြီး သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါ တယ်။

အဲဒီနောက် ၂၀၁၄ အာဆီယံထိပ်သီးအစည်းအဝေးတွေကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ်မှာလည်း အာဆီယံအမေရိကန် ထိပ်သီး အစည်း အဝေးတက်ရောက်ဖို့ ဒုတိယအကြိမ် လာရောက်ခဲ့ပါတယ်။

သူဟာ ခရီးစဉ်နှစ်ကြိမ်လုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြု လုပ်ခဲ့သလို ၂၀၁၆ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲအနိုင်ရပြီး ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာချိန်မှာ အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ ဖိတ် ကြားခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် MANDEL NGAN
Image caption အိုဘားမားဟာ မြန်မာပြည်လာတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ရန်ကုန်နေအိမ်မှာပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီအမေရိကန်ခရီးစဉ်အပြီးမှာပဲ သမ္မတ အိုဘားမားက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှား ပေးခဲ့ပါတယ်။

လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်ဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တွေကို သီးသန့်ထား ပိတ်ဆို့အရေးယူမှုတွေ စတင်လာပါတယ်။

အရင်လို တစ်နိုင်ငံလုံးကို ပိတ်ဆို့အရေးယူတာနဲ့စာရင် ခုလိုတပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကိုပဲ သီးသန့်ပိတ်ဆို့အရေးယူတဲ့အတွက် အရင်ကလောက် အခြေအနေမဆိုးဘဲ အသက်ရှူချောင်ရတယ်လို့ သုံးသပ်မှုတွေလည်း ရှိထားပါတယ်။ တပ်မတော်ကတော့ ဒါဟာ နိုင်ငံရေးအရ ဖိအားပေးတာပဲလို့ ပြောကြားထားပါတယ်။
ဓာတ်ပုံ မူပိုင် MANDEL NGAN
Image caption အိုဘားမားဟာ မြန်မာခရီးစဉ်တွေမှာ အရပ်ဖက်အဖွဲ့တွေ၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့လည်း တွေ့လေ့ရှိပါတယ်။

အိုင်စီဂျေမှာ မြန်မာဂမ်ဘီယာနှစ်နိုင်ငံ လျှောက်လဲချက်တွေအပေါ် ရှုထောင့်အမျိုးမျိုးက ဝေဖန်သုံးသပ်တာတွေရှိနေပြီး ဒါနဲ့ပတ်သက်လို့ အစိုးရကတော့ အိုင်စီဂျေ ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်တာမရှိသေးပါဘူး။

အပြီးသတ်လျှောက်လဲချက်တွေအပြီးမှာ မြန်မာက အမှုကို ရုပ်သိမ်းပေးဖို့နဲ့ ဂမ်ဘီယာတောင်းဆိုတဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေမချမှတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားပါတယ်။

ဂမ်ဘီယာကတော့ မြန်မာက လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့၊ သက်သေအထောက်အထားတွေကို မဖျက်ဆီးဖို့အပါအဝင် အချက်ခြောက်ချက် တောင်းဆိုထားပါတယ်။

နယ်သာလန်နိုင်ငံ၊ သည်ဟေ့ဂ်မြို့ကို သွားရောက်သတင်းယူခဲ့တဲ့ဘီဘီစီသတင်းထောက်ရဲ့ အိုင်စီဂျေတရားသူကြီးတွေနဲ့မေးမြန်းချက်အရတော့ လာမယ့်နှစ်ဆန်းပိုင်း ဇန်နဝါရီလထဲမှာ အမိန့်ချဖွယ်ရှိတယ်လို့ ဆိုပါတယ်။

BBC Burmese
https://www.bbc.com
လက္ရွိျမန္မာ့အေရး အိုဘားမား ဘာေျပာလဲ လက္ရွိျမန္မာ့အေရး အိုဘားမား ဘာေျပာလဲ Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.