စိစစ္ၿပီး ဒုကၡသည္ လက္ခံဖို႔ ျမန္မာအသင့္

ကမၻာ့ဒုကၡသည္မ်ား ဖုိရမ္မွာ သံအမတ္ ေဒၚအိအိတင္ အစီရင္ခံ။ ( ဓာတ္ပံု - UN WEB TV Screen Shot)
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံအေနနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ေရာက္ေနတဲ့ ဒုကၡသည္ေတြထဲက စစ္ေဆးအတည္ျပဳၿပီး သူေတြကို လက္ခံဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံ အေနနဲ႔လည္း ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ေတြ အတိုင္း အတိအက် အေကာင္အထည္ ေဖာ္သင့္တယ္လို႔ ျမန္မာ သံအမတ္တဦးျဖစ္သူ ေဒၚအိအိတင္က ေျပာပါတယ္။ ျပန္လာသူေတြ အားလုံးအတြက္ ပိုၿပီး အဆင္ေျပေစမယ့္ အေျခအေန ဖန္တီးေပးဖို႔ ႏိုင္ငံေရးအရ စစ္မွန္တဲ့ဆႏၵ ရွိတယ္လို႔လည္း ေျပာပါတယ္။ ဂ်ီနီဗာ ကုလ သမဂၢ႐ုံးခ်ဳပ္မွာ က်င္းပတဲ့ ႏိုင္ငံတကာ ဒုကၡသည္မ်ားဆိုင္ရာ ပထမဆုံးအႀကိမ္ ညီလာခံမွာ ျမန္မာႏိုင္ငံရဲ႕ တင္ျပေျပာဆိုခ်က္ထဲက ေကာက္ႏုတ္ၿပီး ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

ကိုယ့္ဆႏၵအတိုင္း ေနရပ္ရင္း ျပန္လာတာဟာ ဒုကၡသည္အေရး အတြက္ ထိေရာက္ၿပီး ေရရွည္ခံတဲ့ အေျဖတခုျဖစ္တဲ့ အတြက္ အိုးအိမ္စြန႔္ ထြက္ေျပးသြားသူေတြ ေနရပ္ရင္း အျမန္ျပန္လာႏိုင္ေရး အျပင္းအထန္ ႀကိဳးစား လုပ္ေဆာင္ေနပါတယ္လို႔ ဂ်ီနီဗာၿမိဳ႕၊ ကုလသမဂၢဆိုင္ရာ ျမန္မာ အၿမဲတမ္း ဒုတိယကိုယ္စားလွယ္ သံအမတ္ ေဒၚအိအိတင္က ဒုကၡသည္ ညီလာခံ အတြင္း ေျပာသြားပါတယ္။

ဒီေနရာမွာ ျမန္မာနဲ႔ ထိုင္းအၾကား ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ ထိုင္းႏိုင္ငံဘက္က စခန္းေတြမွာ ေနထိုင္ခဲ့ၾကတဲ့ ဒုကၡသည္ ၁,၀၀၀ ေက်ာ္ကို ျမန္မာႏိုင္ငံဘက္ ေအာင္ေအာင္ျမင္ျမင္ ျပန္ပို႔ႏိုင္ခဲ့တာကို သံအမတ္ ေဒၚအိအိတင္က ေထာက္ျပပါတယ္။ ရခိုင္ျပည္နယ္ကေန ထြက္ေျပးသြားသူေတြ ေနရပ္ရင္းျပန္လာေရးနဲ႔ပတ္သက္လို႔ ေဒၚအိအိတင္က အခုလို ေျပာပါတယ္။

“စစ္ေဆးအတည္ျပဳၿပီး သူေတြ ကိုယ့္ဆႏၵအတိုင္း၊ ေဘးကင္းစြာနဲ႔ သိကၡာရွိစြာ ျပန္လာႏိုင္ေစေရး ႏွစ္ႏိုင္ငံ သေဘာ တူညီခ်က္ေတြနဲ႔ အညီ လက္ခံဖို႔ က်မတို႔ အဆင္သင့္ရွိေနပါတယ္။ ဘဂၤလားေဒ့ရွ္ဘက္က ေပးပို႔ခဲ့တဲ့ စာရင္းထဲက ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလအထိဆိုရင္ ၉၅ ရာခိုင္ႏႈန္း ကို စစ္ေဆးအတည္ျပဳၿပီးပါၿပီ။ ဘဂၤလားေဒ့ရွ္ဘက္ကိုလည္း အေၾကာင္းၾကားၿပီးပါၿပီ။ ကိုယ့္ဆႏၵနဲ႔ အညီ ေဘးကင္းစြာနဲ႔ သိကၡာရွိစြာ ေနရပ္ရင္းျပန္ပို႔ေရး ေအာင္ျမင္ေစဖို႔အတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ အေနနဲ႔ သေဘာတူညီထားတဲ့ ႏွစ္ႏိုင္ငံ အစီအစဥ္အတိုင္း အတိအက် လိုက္နာၿပီး ႐ိုးသားစြာနဲ႔ လ်င္ျမန္စြာ အေကာင္အထည္ ေဖာ္သင့္ပါတယ္။”

ဒုကၡသည္ေတြ ေနရပ္ျပန္ေရး ၾကန႔္ၾကာေနတာဟာ သူတို႔ ေနရပ္ျပန္ႏိုင္မယ့္ အေျခအေနကို ျမန္မာဘက္က ဖန္တီးေပးဖို႔ ပ်က္ကြက္တာေၾကာင့္ ျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဌာန အတြင္းဝန္ Shahidul Haque က ဒီညီလာခံမွာပဲ ဒီဇင္ဘာလ ၁၇ ရက္ေန႔က စြပ္စြဲေျပာဆိုခဲ့ပါေသးတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ စြပ္စြဲခ်က္ကို သံအမတ္ ေဒၚအိအိတင္က နာမည္နဲ႔တကြ တိုက္႐ိုက္ ေခ်ပတာမ်ိဳး ေျပာမသြားေပမယ့္ အဲဒီလိုအေျခအေနမ်ိဳး ဖန္တီးဖို႔ ဆႏၵရွိတယ္ဆိုတာ ထည့္ေျပာသြားပါတယ္။

“ျပန္လာသူ အားလုံးအတြက္ ပိုၿပီးအဆင္ေျပေစမယ့္ အေျခအေနကို စစ္မွန္တဲ့ ႏိုင္ငံံေရးဆႏၵနဲ႔ ဖန္တီးေရး က်မတို႔ ဆက္ၿပီး ႀကိဳးပမ္းသြားဖို႔ အခိုင္အမာရွိပါတယ္။ ေနရပ္ျပန္ပို႔ေရး လုပ္ငန္းစဥ္ကို သက္ဆိုင္သူအားလုံးရဲ႕ ဟန္ခ်က္ညီအားထုတ္မႈ၊ ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ သိပ္မၾကာခင္ အနာဂတ္မွာ စတင္ႏိုင္ၿပီးေတာ့ လက္ေတြ႕က်ၿပီး ေရရွည္ ခိုင္မာမယ့္ အေျဖကိုလည္း ရရွိႏိုင္မယ္လို႔ က်မတို႔ ယုံၾကည္ပါတယ္။”
ေနရပ္ရင္းျပန္ေရးကို ဟန႔္တားေႏွာင့္ယွက္ဖို႔ ARSA အဖြဲ႕ရဲ႕ သတ္ျဖတ္ ၿခိမ္းေျခာက္မႈအပါအဝင္ အတားအဆီးအမ်ိဳးမ်ိဳး ရွိေန တဲ့ၾကားမွာပဲ Cox’s Bazar က ဒုကၡသည္ ၄၀၀ ေက်ာ္ ကိုယ့္အစီစဥ္နဲ႔ကိုယ္ ျမန္မာႏိုင္ငံဘက္ ျပန္လာၾကတာ၊ ဟိႏၵဴဘာသာဝင္ ၄၀၀ နီးပါးက သူတို႔ျပန္ခ်င္တယ္ဆိုၿပီး ေျပာေနတာ ၾကာၿပီျဖစ္ေပမယ့္ ျပန္ဖို႔စီစဥ္ႏိုင္တဲ့ အေျခအေန မေရာက္ေသးတာေတြကို လည္း သံအမတ္ ေဒၚအိအိတင္က ဒုကၡသည္ညီလာခံအတြင္း ထည့္သြင္း ေျပာဆိုသြားပါတယ္။

(Unicode)

စိစစ်ပြီး ဒုက္ခသည် လက်ခံဖို့ မြန်မာအသင့်

မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်တွေထဲက စစ်ဆေးအတည်ပြုပြီးသူတွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့လည်း နှစ်နိုင်ငံ သဘောတူညီချက်တွေ အတိုင်း အတိအကျ အကောင်အထည် ဖော်သင့်တယ်လို့ မြန်မာ သံအမတ်တဦးဖြစ်သူ ဒေါ်အိအိတင်က ပြောပါတယ်။ ပြန်လာသူတွေ အားလုံးအတွက် ပိုပြီး အဆင်ပြေစေမယ့် အခြေအနေ ဖန်တီးပေးဖို့ နိုင်ငံရေးအရ စစ်မှန်တဲ့ဆန္ဒ ရှိတယ်လို့လည်း ပြောပါတယ်။ ဂျီနီဗာ ကုလ သမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ ပထမဆုံးအကြိမ် ညီလာခံမှာ မြန်မာနိုင်ငံရဲ့ တင်ပြပြောဆိုချက်ထဲက ကောက်နုတ်ပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ကိုယ့်ဆန္ဒအတိုင်း နေရပ်ရင်း ပြန်လာတာဟာ ဒုက္ခသည်အရေး အတွက် ထိရောက်ပြီး ရေရှည်ခံတဲ့ အဖြေတခုဖြစ်တဲ့ အတွက် အိုးအိမ်စွန့် ထွက်ပြေးသွားသူတွေ နေရပ်ရင်း အမြန်ပြန်လာနိုင်ရေး အပြင်းအထန် ကြိုးစား လုပ်ဆောင်နေပါတယ်လို့ ဂျီနီဗာမြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ဒုတိယကိုယ်စားလှယ် သံအမတ် ဒေါ်အိအိတင်က ဒုက္ခသည် ညီလာခံ အတွင်း ပြောသွားပါတယ်။

ဒီနေရာမှာ မြန်မာနဲ့ ထိုင်းအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ထိုင်းနိုင်ငံဘက်က စခန်းတွေမှာ နေထိုင်ခဲ့ကြတဲ့ ဒုက္ခသည် ၁,၀၀၀ ကျော်ကို မြန်မာနိုင်ငံဘက် အောင်အောင်မြင်မြင် ပြန်ပို့နိုင်ခဲ့တာကို သံအမတ် ဒေါ်အိအိတင်က ထောက်ပြပါတယ်။ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားသူတွေ နေရပ်ရင်းပြန်လာရေးနဲ့ပတ်သက်လို့ ဒေါ်အိအိတင်က အခုလို ပြောပါတယ်။

“စစ်ဆေးအတည်ပြုပြီး သူတွေ ကိုယ့်ဆန္ဒအတိုင်း၊ ဘေးကင်းစွာနဲ့ သိက္ခာရှိစွာ ပြန်လာနိုင်စေရေး နှစ်နိုင်ငံ သဘော တူညီချက်တွေနဲ့ အညီ လက်ခံဖို့ ကျမတို့ အဆင်သင့်ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့ခဲ့တဲ့ စာရင်းထဲက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအထိဆိုရင် ၉၅ ရာခိုင်နှုန်း ကို စစ်ဆေးအတည်ပြုပြီးပါပြီ။ ဘင်္ဂလားဒေ့ရှ်ဘက်ကိုလည်း အကြောင်းကြားပြီးပါပြီ။ ကိုယ့်ဆန္ဒနဲ့ အညီ ဘေးကင်းစွာနဲ့ သိက္ခာရှိစွာ နေရပ်ရင်းပြန်ပို့ရေး အောင်မြင်စေဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ သဘောတူညီထားတဲ့ နှစ်နိုင်ငံ အစီအစဉ်အတိုင်း အတိအကျ လိုက်နာပြီး ရိုးသားစွာနဲ့ လျင်မြန်စွာ အကောင်အထည် ဖော်သင့်ပါတယ်။”

ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကြန့်ကြာနေတာဟာ သူတို့ နေရပ်ပြန်နိုင်မယ့် အခြေအနေကို မြန်မာဘက်က ဖန်တီးပေးဖို့ ပျက်ကွက်တာကြောင့် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန အတွင်းဝန် Shahidul Haque က ဒီညီလာခံမှာပဲ ဒီဇင်ဘာလ ၁၇ ရက်နေ့က စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စွပ်စွဲချက်ကို သံအမတ် ဒေါ်အိအိတင်က နာမည်နဲ့တကွ တိုက်ရိုက် ချေပတာမျိုး ပြောမသွားပေမယ့် အဲဒီလိုအခြေအနေမျိုး ဖန်တီးဖို့ ဆန္ဒရှိတယ်ဆိုတာ ထည့်ပြောသွားပါတယ်။

“ပြန်လာသူ အားလုံးအတွက် ပိုပြီးအဆင်ပြေစေမယ့် အခြေအနေကို စစ်မှန်တဲ့ နိုင်ငံံရေးဆန္ဒနဲ့ ဖန်တီးရေး ကျမတို့ ဆက်ပြီး ကြိုးပမ်းသွားဖို့ အခိုင်အမာရှိပါတယ်။ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို သက်ဆိုင်သူအားလုံးရဲ့ ဟန်ချက်ညီအားထုတ်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ သိပ်မကြာခင် အနာဂတ်မှာ စတင်နိုင်ပြီးတော့ လက်တွေ့ကျပြီး ရေရှည် ခိုင်မာမယ့် အဖြေကိုလည်း ရရှိနိုင်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။”

နေရပ်ရင်းပြန်ရေးကို ဟန့်တားနှောင့်ယှက်ဖို့ ARSA အဖွဲ့ရဲ့ သတ်ဖြတ် ခြိမ်းခြောက်မှုအပါအဝင် အတားအဆီးအမျိုးမျိုး ရှိနေ တဲ့ကြားမှာပဲ Cox’s Bazar က ဒုက္ခသည် ၄၀၀ ကျော် ကိုယ့်အစီစဉ်နဲ့ကိုယ် မြန်မာနိုင်ငံဘက် ပြန်လာကြတာ၊ ဟိန္ဒူဘာသာဝင် ၄၀၀ နီးပါးက သူတို့ပြန်ချင်တယ်ဆိုပြီး ပြောနေတာ ကြာပြီဖြစ်ပေမယ့် ပြန်ဖို့စီစဉ်နိုင်တဲ့ အခြေအနေ မရောက်သေးတာတွေကို လည်း သံအမတ် ဒေါ်အိအိတင်က ဒုက္ခသည်ညီလာခံအတွင်း ထည့်သွင်း ပြောဆိုသွားပါတယ်။

ေက်ာ္ေက်ာ္သိန္း/VOA Burmese
https://burmese.voanews.com
စိစစ္ၿပီး ဒုကၡသည္ လက္ခံဖို႔ ျမန္မာအသင့္ စိစစ္ၿပီး ဒုကၡသည္ လက္ခံဖို႔ ျမန္မာအသင့္ Reviewed by THITHTOOLWIN on 01:51 Rating: 5
Powered by Blogger.