အတိုင္ပင္ခံ မေရာက္မီအခ်ိန္ပိုင္း မာန္ေအာင္ၿမိဳ႔တြင္း ဗံုးသံုးလံုးေပါက္ကဲြ

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရခိုင္ျပည္နယ္ မာန္ေအာင္ၿမိဳ႕ကိုေရာက္လာစဥ္ (ဓါတ္ပံု- Myanmar State Counsellor Office)

(zawgyi/Unicode)

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရခိုင္ျပည္နယ္ မာန္ေအာင္ၿမိဳ႕ကို ဒီကေန႔ သြားေရာက္ရာမွာ၊ သူမေရာက္ခင္ မနက္ပိုင္းက မာန္ေအာင္ၿမိဳ႕တြင္းမွာ ဗံုးေပါက္ကဲြမႈ ၃ ခု ျဖစ္ခဲ့ပါတယ္။

လက္လုပ္ဗံုးျဖစ္ၿပီး အထိအခိုက္ေတာ့ မရွိဘူးလို႔ သိရပါတယ္။ မာန္ေအာင္ၿမိဳ႕ေရာက္စဥ္မွာေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံဟာ ေနေရာင္ျခည္စြမ္းအင္သံုး ဓာတ္အားေပး စက္႐ံုဖြင့္ပြဲကို သြားခဲ့သလို ေဒသခံလူထုနဲ႔ပါ ေတြ႕ဆံုခဲ့ပါတယ္။ အျပည့္အစံုကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ႏိုင္ကြန္းအိန္ က သတင္းေပးပို႕ထားပါတယ္။

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီကေန႔ မာန္ေအာင္ၿမိဳ႕နယ္ ခအုန္းေမာ္ေက်းရြာမွာ တည္ေဆာက္ထားတဲ့ ေနေရာင္ျခည္စြမ္းအင္သံုး solar ဓာတ္အားေပး စက္႐ံုဖြင့္ပြဲကို တက္ေရာက္တာျဖစ္တယ္လို႕ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ စည္ပင္၀န္ၾကီးဦး၀င္းျမင့္က ေျပာပါတယ္။

“အဓိကလာေရာက္တဲ့အေၾကာင္းအရင္းကေတာ့ မာန္ေအာင္ရဲ႕မီးလင္းေရးအတြက္ Solar System နဲ႕ က်ေနာ္တို႕ မီးအားသြင္းမဲ့ ဖြင့္ပြဲေပါ့ေနာ္။ အဲဒီမီးဖြင့္ပြဲကိုသူက လာတာျဖစ္ပါတယ္။ ေတြ႕ဆုံပြဲလုပ္သြားတယ္။ မီးထြန္း ပြဲလုပ္ျပီးေတာ့ ဒုတိယအပိုင္းအစီစဥ္နဲ႕ေတြ႕ဆုံပြဲလုပ္တယ္။”

ေဒၚေအာင္ဆန္းစုၾကည္ မာန္ေအာင္ျမိဳ႕ကိုမေရာက္မီ ဒီေန႔ နံနက္အေစာပိုင္းမွာ မုိင္းသံုးလံုး ေပါက္ကဲြခဲ့တယ္လို႕ စည္ပင္၀န္ၾကီးဦး၀င္းျမင့္ကေျပာပါတယ္။

“ေပါက္ကြဲမႈ အေျခအေနကေတာ့ ပုလင္းေလးနဲ႕ အဲဒီမွာေပါက္တယ္လို႕သိရပါတယ္။ ဘယ္လိုမ်ိဳးေပါက္ကြဲတယ္ဆိုတာ ဒါေတာ့တိတိက်က်ေျပာဖို႕ခက္တယ္။ လက္ပူးလက္ၾကပ္ မမိဘူးဆိုေတာ့ ဘယ္သူ႕မွေျပာလို႕မရဘူး။”

မာန္ေအာင္ဟိုတယ္ၾကားနဲ႕ ငအင္းသုသာန္အနီးမွာ ဒီမနက္(၆)နာရီေက်ာ္ အခ်ိန္မွာပုလင္းနဲ႕လုပ္ထားတဲ့လက္လုပ္ဗုံး ေပါက္ကြဲမွဳ(၃)ၾကိမ္ျဖစ္ပြားခဲ့ေပမဲ့ ထိခိုက္မႈ တစုံတရာမရွိဘူးလို႕လည္း ေဒသခံေတြကေျပာပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တပ္မေတာ္ေျပာခြင့္ရဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးကလဲ မာန္ေအာင္ျမိဳ႕အတြင္းေပါက္ကြဲမွဳျဖစ္ေၾကာင္းအတည္ျပဳေျပာပါတယ္။

“ဟုတ္တယ္ခင္ဗ်ာ။ မိုင္း(၃)လုံးကြဲတယ္ခင္ဗ်ာ။ မာန္ေအာင္မွာမိုင္း(၃)လုံးကြဲတယ္။ လူေတာ့ဘာမွမထိခိုက္ဘူး ေျပာတယ္။

ေပါက္ကြဲမႈသုံးေနရာျဖစ္ပြားခဲ့ေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႕ မာန္ေအာင္ၿမိဳ႕နယ္ခအုန္းေမာ္ေက်းရြာမွာ တည္ေဆာက္ထားတဲ့ ေနေရာင္ျခည္စြမ္းအင္သံုး ဆုိလာဓာတ္အားေပးစက္႐ံု လွ်ပ္စစ္မီး ၂၄ နာရီထုတ္လႊတ္ေပး ႏုိင္မႈဖြင့္ပဲြအခမ္းအနားကိုတက္ေရာက္အျပီး လူထုေတြ႕ဆုံပြဲကိုလဲျပဳလုပ္ခဲ့တာပါ။

ဆုိလာဓာတ္အားေပးစက္႐ံု ခန္းမမွာျပဳလုပ္တဲ့ေတြ႕ဆုံမွဳမွာ မာန္ေအာင္ၿမိဳ႕နယ္ဖြံ႕ျဖိဳးေရးလုပ္ငန္းအတြက္ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုတင္ျပမွဳေတြရွိေနတယ္လို႕ ေဒသခံတဦးျဖစ္သူ ကိုသိန္းျမတ္စိုး ကအခုလိုေျပာပါတယ္။

“မာန္ေအာင္ေလယာဥ္ကြင္းကို ဒီထက္နဲနဲၾကီးတဲ့ေလယာဥ္ဆင္းလို႕ရေအာင္ ဒါကိုေဆာင္ရြက္ ေပးပါဆိုျပီးေတာ့ တင္ျပ သြား တာရွိတယ္။ မာန္ေအာင္ျမိဳ႕နဲ႕စုေပါင္းတဲ့အိမ္ ေဆးရံုေတြ ခြဲစိတ္ခန္းေတြ ဆိုတဲ့ကိစၥေတြ ေတာင္းၾကတယ္။ လမ္း ေတြျပင္စရာေတြေတာင္းတယ္။ ေသာက္ေရေကာင္းေကာင္း မရွိတဲ့ေနရာေတြမွာ ကန္ေတြေတာင္းတာတို႕ သူတို႕ဒါေတြ လုပ္ေပးမယ္ဆိုျပီးေတာ့ သူကအဲဒီလို ကတိေပးတယ္ ေျပာသြားတယ္အဲဒီလို။”

ဒါ့အျပင္ စစ္ေရးပဋိပကၡတင္းမာေနတဲ့ ရခိုင္ျပည္နယ္မွာ လက္နက္ကိုင္နည္းလမ္းနဲ႕အေျဖမရွာဖို႕ကိုလဲ ေဒၚေအာင္ ဆန္းစုၾကည္ကေန ဒီကေန႕လူထုေတြ႕ဆုံပြဲမွာတိုက္တြန္းခဲ့ေၾကာင္း ကိုသိန္းျမတ္စိုး ကေျပာပါတယ္။

လက္ရွိရခိုင္ျပည္နယ္အတြင္းမွာ ျမန္မာစစ္တပ္နဲ႕ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႕ တိုက္ပြဲေတြျပင္းထန္စြာ ျဖစ္ေန ဆဲျဖစ္သလို ျငိမ္းခ်မ္းေရးအတြက္ေတြ႕ဆုံေဆြးေႏြးမွဳအေျခအေနကေတာ့ တိုးတက္မွဳတစုံတရာ မရွိေသးပါဘူး။

ဒီဇင္ဘာ(၁၅)ရက္ေန႕က ရခိုင္တပ္ေတာ္AA အပါ၀င္ ေျမာက္ပိုင္းလက္နက္ကိုင္ ၄ ဖြဲ႕ႏွင့္ အစိုးရတို႔အၾကား တ႐ုတ္နိုင္ငံ ကူမင္းၿမိဳ႕မွာ ေတြ႕ဆုံခဲ့ေပမဲ့ ေနာက္တစ္ႀကိမ္ျပန္လည္ေတြ႕ဆုံဖို႕သာ သေဘာတူခဲ့ၾကသလို တိက်တဲ့အေျဖမရရွိခဲ့ ပါဘူး။

.....................

အတိုင်ပင်ခံ မရောက်မီအချိန်ပိုင်း မာန်အောင်မြို့တွင်း ဗုံးသုံးလုံးပေါက်ကွဲ

(Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ် မာန်အောင်မြို့ကို ဒီကနေ့ သွားရောက်ရာမှာ၊ သူမရောက်ခင် မနက်ပိုင်းက မာန်အောင်မြို့တွင်းမှာ ဗုံးပေါက်ကွဲမှု ၃ ခု ဖြစ်ခဲ့ပါတယ်။

လက်လုပ်ဗုံးဖြစ်ပြီး အထိအခိုက်တော့ မရှိဘူးလို့ သိရပါတယ်။ မာန်အောင်မြို့ရောက်စဉ်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံဟာ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံဖွင့်ပွဲကို သွားခဲ့သလို ဒေသခံလူထုနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မာန်အောင်မြို့နယ် ခအုန်းမော်ကျေးရွာမှာ တည်ဆောက်ထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး solar ဓာတ်အားပေး စက်ရုံဖွင့်ပွဲကို တက်ရောက်တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီးဦးဝင်းမြင့်က ပြောပါတယ်။

“အဓိကလာရောက်တဲ့အကြောင်းအရင်းကတော့ မာန်အောင်ရဲ့မီးလင်းရေးအတွက် Solar System နဲ့ ကျနော်တို့ မီးအားသွင်းမဲ့ ဖွင့်ပွဲပေါ့နော်။ အဲဒီမီးဖွင့်ပွဲကိုသူက လာတာဖြစ်ပါတယ်။ တွေ့ဆုံပွဲလုပ်သွားတယ်။ မီးထွန်း ပွဲလုပ်ပြီးတော့ ဒုတိယအပိုင်းအစီစဉ်နဲ့တွေ့ဆုံပွဲလုပ်တယ်။”

ဒေါ်အောင်ဆန်းစုကြည် မာန်အောင်မြို့ကိုမရောက်မီ ဒီနေ့ နံနက်အစောပိုင်းမှာ မိုင်းသုံးလုံး ပေါက်ကွဲခဲ့တယ်လို့ စည်ပင်ဝန်ကြီးဦးဝင်းမြင့်ကပြောပါတယ်။

“ပေါက်ကွဲမှု အခြေအနေကတော့ ပုလင်းလေးနဲ့ အဲဒီမှာပေါက်တယ်လို့သိရပါတယ်။ ဘယ်လိုမျိုးပေါက်ကွဲတယ်ဆိုတာ ဒါတော့တိတိကျကျပြောဖို့ခက်တယ်။ လက်ပူးလက်ကြပ် မမိဘူးဆိုတော့ ဘယ်သူ့မှပြောလို့မရဘူး။”

မာန်အောင်ဟိုတယ်ကြားနဲ့ ငအင်းသုသာန်အနီးမှာ ဒီမနက်(၆)နာရီကျော် အချိန်မှာပုလင်းနဲ့လုပ်ထားတဲ့လက်လုပ်ဗုံး ပေါက်ကွဲမှု(၃)ကြိမ်ဖြစ်ပွားခဲ့ပေမဲ့ ထိခိုက်မှု တစုံတရာမရှိဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရဗိုလ်မှူးကြီးဝင်းဇော်ဦးကလဲ မာန်အောင်မြို့အတွင်းပေါက်ကွဲမှုဖြစ်ကြောင်းအတည်ပြုပြောပါတယ်။

“ဟုတ်တယ်ခင်ဗျာ။ မိုင်း(၃)လုံးကွဲတယ်ခင်ဗျာ။ မာန်အောင်မှာမိုင်း(၃)လုံးကွဲတယ်။ လူတော့ဘာမှမထိခိုက်ဘူး ပြောတယ်။

ပေါက်ကွဲမှုသုံးနေရာဖြစ်ပွားခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မာန်အောင်မြို့နယ်ခအုန်းမော်ကျေးရွာမှာ တည်ဆောက်ထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစက်ရုံ လျှပ်စစ်မီး ၂၄ နာရီထုတ်လွှတ်ပေး နိုင်မှုဖွင့်ပွဲအခမ်းအနားကိုတက်ရောက်အပြီး လူထုတွေ့ဆုံပွဲကိုလဲပြုလုပ်ခဲ့တာပါ။

ဆိုလာဓာတ်အားပေးစက်ရုံ ခန်းမမှာပြုလုပ်တဲ့တွေ့ဆုံမှုမှာ မာန်အောင်မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတင်ပြမှုတွေရှိနေတယ်လို့ ဒေသခံတဦးဖြစ်သူ ကိုသိန်းမြတ်စိုး ကအခုလိုပြောပါတယ်။

“မာန်အောင်လေယာဉ်ကွင်းကို ဒီထက်နဲနဲကြီးတဲ့လေယာဉ်ဆင်းလို့ရအောင် ဒါကိုဆောင်ရွက် ပေးပါဆိုပြီးတော့ တင်ပြ သွား တာရှိတယ်။ မာန်အောင်မြို့နဲ့စုပေါင်းတဲ့အိမ် ဆေးရုံတွေ ခွဲစိတ်ခန်းတွေ ဆိုတဲ့ကိစ္စတွေ တောင်းကြတယ်။ လမ်း တွေပြင်စရာတွေတောင်းတယ်။ သောက်ရေကောင်းကောင်း မရှိတဲ့နေရာတွေမှာ ကန်တွေတောင်းတာတို့ သူတို့ဒါတွေ လုပ်ပေးမယ်ဆိုပြီးတော့ သူကအဲဒီလို ကတိပေးတယ် ပြောသွားတယ်အဲဒီလို။”

ဒါ့အပြင် စစ်ရေးပဋိပက္ခတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်နည်းလမ်းနဲ့အဖြေမရှာဖို့ကိုလဲ ဒေါ်အောင် ဆန်းစုကြည်ကနေ ဒီကနေ့လူထုတွေ့ဆုံပွဲမှာတိုက်တွန်းခဲ့ကြောင်း ကိုသိန်းမြတ်စိုး ကပြောပါတယ်။

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်နေ ဆဲဖြစ်သလို ငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးမှုအခြေအနေကတော့ တိုးတက်မှုတစုံတရာ မရှိသေးပါဘူး။

ဒီဇင်ဘာ(၁၅)ရက်နေ့က ရခိုင်တပ်တော်AA အပါဝင် မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့နှင့် အစိုးရတို့အကြား တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပေမဲ့ နောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံဖို့သာ သဘောတူခဲ့ကြသလို တိကျတဲ့အဖြေမရရှိခဲ့ ပါဘူး။

ႏုိင္ကြန္းအိန္/VOA Burmese
https://burmese.voanews.com
အတိုင္ပင္ခံ မေရာက္မီအခ်ိန္ပိုင္း မာန္ေအာင္ၿမိဳ႔တြင္း ဗံုးသံုးလံုးေပါက္ကဲြ အတိုင္ပင္ခံ မေရာက္မီအခ်ိန္ပိုင္း မာန္ေအာင္ၿမိဳ႔တြင္း ဗံုးသံုးလံုးေပါက္ကဲြ Reviewed by THITHTOOLWIN on 01:49 Rating: 5
Powered by Blogger.