ဗစ္တုိးရီးယားအမႈ စစ္ေဆးတဲ့အခါ ေနာက္ကြယ္ကႀကိဳးကုိင္တာ၊ ထိန္းခ်ဳပ္တာ မရွိဘူးလုိ႔ ရဲတပ္ဖြဲ႕ေျပာ

(Zawgyi)⤵⤵⤵
ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၉

ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္းက အသက္ သံုးႏွစ္ မျပည့္ေသးတဲ့ မူႀကိဳေက်ာင္းသူေလး ဗစ္တုိးရီးယားရဲ႕ အမႈနဲ႔ပတ္သက္ၿပီး စစ္ေဆးမႈေတြ ျပဳလုပ္တဲ့အခါမွာ ေနာက္ကြယ္က ႀကိဳးကုိင္တာ ထိန္းခ်ဳပ္တာ မရွိဘူးလုိ႔ ရဲမွဴးႀကီး မင္းဟန္က ေျပာဆိုလိုက္ပါတယ္။

ဒီကေန႔ ဒီဇင္ဘာလ ၁၉ ရက္ေန႔ ေနျပည္ေတာ္ရွိ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဌာနခ်ဳပ္မွာ ျပဳလုပ္တဲ့ ဗစ္တုိးရီးယားအမႈနဲ႔ ပတ္သက္ၿပီး ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ရဲမွဴးႀကီး မင္းဟန္က မီဒီယာေတြရဲ႕ ေမးျမန္းခ်က္မွာ ထည့္သြင္းေျပာခဲ့တာပါ။

“ အခုရွင္းျပတာသည္ တစ္ခုမွလုပ္လု႔ပ္ႀကံဖန္တီးထားတာမရွိပါဘူး။ ရုိးရုိးသားသားနဲ႔ပဲ ဒီအမႈကုိစုံစမ္းေဖာ္ထုတ္ေနတာပါ။ ရဲတပ္ဖြဲ႕အေနနဲ႔ အမႈမွန္ေပၚေပါက္ေရးသည္ ကြ်န္ေတာ္တုိ႔ရဲတပ္ဖြဲ႔ တာ၀န္ပဲဲျဖစ္တယ္ ၊ အမႈမွန္ ေပၚေပါက္ဖို႔ အလုိရွိဆုံးရဲတပ္ဖြဲ႕က ကြ်န္ေတာ္တို႔ရဲတပ္ဖြဲ႕ပါပဲ ၊ အတတ္ႏုိင္ဆုံး ဒီျဖစ္စဥ္ ကုိေျဖာင့္ေျဖာင့္ တန္းတန္း ပဲေလွ်ာက္တယ္ ၊ ဘယ္သူကမွ ေနာက္ကႀကိဳးကုိင္တာ ထိန္းခ်ဳပ္တာ လုံး၀ မရွိပါဘူး ၊ မႈခင္း တပ္ဖြဲ႕စစ္တယ္ မႈခင္းတပ္ဖြဲ႕သြားၾကည့္လြတ္လြတ္လပ္လပ္ပဲ ေဆာင္ရြက္တာ ဌာနခ်ဳပ္က ေတာင္ လုံး၀ ခ်ဳပ္ကုိ္င္တာမရွိပါဘူး၊ ဒါကေတာ့ ကြ်န္ေတာ္ ရဲရဲ၀့ံ၀ံ့ ေျပာရဲပါတယ္လုိ႔” ရဲမွဴးႀကီး မင္းဟန္က ေျပာပါတယ္။

ဒါအ့ျပင္ ဗစ္တုိးရီးယားအမႈနဲ႔ပတ္သက္ၿပီး သံသယ တရားခံ ေအာင္ႀကီးကုိ မေန႔က ေနျပည္ေတ္ာရွိ ဒကၡိဏ ခရုိင္ တရားရုံးက တရားရွင္လႊတ္ေပးခဲ့တဲ့အေပၚမွာလည္း သူတုိ႔အေနနဲ႔ အ့ံႀသမိတယ္လို႔ ေျပာပါတယ္။

“ အမႈတည္ေဆာက္လုိ႔အားေကာင္းပါတယ္ဆုိတဲ့ သက္မဲ့သက္ေသေတြက်န္ရစ္သားႀကီးကုိ “၀ုန္း” ဆုိမေန႔က လႊတ္လိုက္ေတာ့ ကုိယ္တုိ႔တရားဥပေဒနဲ႔ပတ္သက္တဲ့အဖြဲ႕အစည္းအားလုံး မေန႔က ေတာ္ေတာ္ အံ့ၾသသြားၾကတယ္ ၊ တရားရုံးရဲ႕ဆုံးျဖတ္ခ်က္ကုိေတာ္ေတာ္အံ့ၾသသြားတယ္လုိ႔” ရဲမွဴးခ်ဳပ္ စုိးႏုိင္ဦးက ဆုိပါတယ္။

အဲဒီအမႈနဲ႔ပတ္သက္ၿပီး တရားလုိျပသက္ေသ ၁၉ ဦးစစ္ေဆးမႈအၿပီးမွာ ကနဦးစစ္ေဆးခ်က္အရ သံသယ တရားခံ ေအာင္ႀကီးက ျပစ္မႈမက်ဳးလြန္ခဲ့ဘူးလုိ႔ ေပၚေပါက္တဲ့အတြက္ ရာဇ၀တ္က်င့္ထုံး ပုဒ္မ ၂၅၃/ ၂ အရ လႊတ္ေပးခဲ့တာ ျဖစ္ပါတယ္။

ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သက္ၿပီး ရဲတပ္ဖြဲ႔ က တာဝန္ရွိသူေတြကို တာဝန္ယူမႈ တာဝန္ခံမႈ အျပည့္အဝရွိဖို႔ ႏိုင္ငံေတာ္သမၼတနဲ႔ ႏုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က သတိေပးထားတယ္လို႔ သမၼတ႐ုံး ေျပာေရး ဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက အခုႏွစ္ ၾသဂုတ္လ ၂ရက္ေန႔က ျပဳလုပ္တဲ့ သမၼတအိမ္ေတာ္ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာၾကားထားပါတယ္။

ဆုသီရိစံ
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
ဗစ်တိုးရီးယားအမှု စစ်ဆေးတဲ့အခါ နောက်ကွယ်ကကြိုးကိုင်တာ၊ ထိန်းချုပ်တာ မရှိဘူးလို့ ရဲတပ်ဖွဲ့ပြော

နေပြည်တော်၊ ဒီဇင်ဘာ ၁၉

နေပြည်တော် Wisdom Hill မူကြိုကျောင်းက အသက် သုံးနှစ် မပြည့်သေးတဲ့ မူကြိုကျောင်းသူလေး ဗစ်တိုးရီးယားရဲ့ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာ နောက်ကွယ်က ကြိုးကိုင်တာ ထိန်းချုပ်တာ မရှိဘူးလို့ ရဲမှူးကြီး မင်းဟန်က ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှာ ပြုလုပ်တဲ့ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲမှူးကြီး မင်းဟန်က မီဒီယာတွေရဲ့ မေးမြန်းချက်မှာ ထည့်သွင်းပြောခဲ့တာပါ။

“ အခုရှင်းပြတာသည် တစ်ခုမှလုပ်လု့ပ်ကြံဖန်တီးထားတာမရှိပါဘူး။ ရိုးရိုးသားသားနဲ့ပဲ ဒီအမှုကိုစုံစမ်းဖော်ထုတ်နေတာပါ။ ရဲတပ်ဖွဲ့အနေနဲ့ အမှုမှန်ပေါ်ပေါက်ရေးသည် ကျွန်တော်တို့ရဲတပ်ဖွဲ့ တာဝန်ပဲဖြစ်တယ် ၊ အမှုမှန် ပေါ်ပေါက်ဖို့ အလိုရှိဆုံးရဲတပ်ဖွဲ့က ကျွန်တော်တို့ရဲတပ်ဖွဲ့ပါပဲ ၊ အတတ်နိုင်ဆုံး ဒီဖြစ်စဉ် ကိုဖြောင့်ဖြောင့် တန်းတန်း ပဲလျှောက်တယ် ၊ ဘယ်သူကမှ နောက်ကကြိုးကိုင်တာ ထိန်းချုပ်တာ လုံး၀ မရှိပါဘူး ၊ မှုခင်း တပ်ဖွဲ့စစ်တယ် မှုခင်းတပ်ဖွဲ့သွားကြည့်လွတ်လွတ်လပ်လပ်ပဲ ဆောင်ရွက်တာ ဌာနချုပ်က တောင် လုံး၀ ချုပ်ကိုင်တာမရှိပါဘူး၊ ဒါကတော့ ကျွန်တော် ရဲရဲဝံ့ဝံ့ ပြောရဲပါတယ်လို့” ရဲမှူးကြီး မင်းဟန်က ပြောပါတယ်။

ဒါအ့ပြင် ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး သံသယ တရားခံ အောင်ကြီးကို မနေ့က နေပြည်တေ်ာရှိ ဒက္ခိဏ ခရိုင် တရားရုံးက တရားရှင်လွှတ်ပေးခဲ့တဲ့အပေါ်မှာလည်း သူတို့အနေနဲ့ အံ့သြမိတယ်လို့ ပြောပါတယ်။

“ အမှုတည်ဆောက်လို့အားကောင်းပါတယ်ဆိုတဲ့ သက်မဲ့သက်သေတွေကျန်ရစ်သားကြီးကို “ဝုန်း” ဆိုမနေ့က လွှတ်လိုက်တော့ ကိုယ်တို့တရားဥပဒေနဲ့ပတ်သက်တဲ့အဖွဲ့အစည်းအားလုံး မနေ့က တော်တော် အံ့သြသွားကြတယ် ၊ တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုတော်တော်အံ့သြသွားတယ်လို့” ရဲမှူးချုပ် စိုးနိုင်ဦးက ဆိုပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေ ၁၉ ဦးစစ်ဆေးမှုအပြီးမှာ ကနဦးစစ်ဆေးချက်အရ သံသယ တရားခံ အောင်ကြီးက ပြစ်မှုမကျုးလွန်ခဲ့ဘူးလို့ ပေါ်ပေါက်တဲ့အတွက် ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၂၅၃/ ၂ အရ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ က တာဝန်ရှိသူတွေကို တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိဖို့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သတိပေးထားတယ်လို့ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုနှစ် သြဂုတ်လ ၂ရက်နေ့က ပြုလုပ်တဲ့ သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ဆုသီရိစံ
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဗစ္တုိးရီးယားအမႈ စစ္ေဆးတဲ့အခါ ေနာက္ကြယ္ကႀကိဳးကုိင္တာ၊ ထိန္းခ်ဳပ္တာ မရွိဘူးလုိ႔ ရဲတပ္ဖြဲ႕ေျပာ ဗစ္တုိးရီးယားအမႈ စစ္ေဆးတဲ့အခါ ေနာက္ကြယ္ကႀကိဳးကုိင္တာ၊ ထိန္းခ်ဳပ္တာ မရွိဘူးလုိ႔ ရဲတပ္ဖြဲ႕ေျပာ Reviewed by THITHTOOLWIN on 01:53 Rating: 5
Powered by Blogger.