နယူးဇီလန္မီးေတာင္ ႐ုတ္တရက္ေပါက္ကြဲမႈ ၅ ဦးထက္မနည္းေသဆုံး

နယူးဇီလန္မီးေတာင္ ႐ုတ္တရက္ေပါက္ကြဲမႈ ၅ ဦးထက္မနည္းေသဆုံး

(Zawgyi/Unicode)

New Zealand ႏိုင္ငံက မီးေတာင္႐ွင္ျဖစ္တဲ့ White Island မီးေတာင္ကၽြန္းမွာ ဒီကေန႔ ေန႔လည္ပိုင္းက ႐ုတ္တရက္ မီးေတာင္ေပါက္ကြဲခဲ့လို႔ ၅ ေယာက္ထက္မနည္း ေသဆံုးၿပီး ၂၀ ေလာက္ ထိခိုက္ဒဏ္ရာ ရသြားပါတယ္။

ႏိုင္ငံရဲ႕ အဓိက ကၽြန္းႀကီး ၁ ခုျဖစ္တဲ့ North Island ကၽြန္းႀကီးရဲ႕ကမ္းလြန္မွာ White Island မီးေတာင္တည္႐ွိတာျဖစ္ၿပီး မီးေတာင္ မေပါက္ခင္ မီးေတာင္ဝနားအထိ ကမာၻလွည့္ခရီးသည္ တခ်ဳိ႕သြားၾကည့္ခဲ့ၾကတာပါ။

ေပ်ာက္ဆံုးေနသူတခ်ဳိ႕႐ွိေနေသးတာမို႔ ေသဆံုးသူတိုးလာႏိုင္တယ္လို႔ New Zealand ဒုရဲမင္းႀကီး John Tims က Wellington ၿမိဳ႕ေတာ္မွာလုပ္တဲ့ သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ မီးေတာင္ေပါက္တဲ့ ကၽြန္းေပၚမွာ ဘယ္ႏွေယာက္ အတိအက် ႐ွိတယ္ဆိုတာ မေျပာႏိုင္ေပမဲ့ ၁၀ ဂဏန္းေလာက္ ႐ွိမယ္လို႔ ခန္႔မွန္းေၾကာင္း ဒုရဲခ်ဳပ္ Tims ကေျပာပါတယ္။

ႏိုင္ငံတကာက ကမာၻလွည့္ ခရီးသည္ေတြျဖစ္ၾကၿပီး တခ်ဳိ႕က Royal Caribbean သေဘၤာလိုင္းရဲ႕ Ovation of the Seas ဇိမ္ခံသေဘၤာႀကီးေပၚက ဧည့္သည္ေတြျဖစ္ၾကတယ္လို႔ ေျပာပါတယ္။

ရဲနဲ႔ကူညီကယ္ဆယ္ေရးေတြအေနနဲ႔ အဲဒီေနရာသြားဖုိ႔ အႏၱရာယ္႐ွိေနဆဲျဖစ္တယ္လို႔ ဒုရဲမင္ႀကီးက ေျပာပါတယ္။

အသက္ေဘးကလြတ္လာသူ ၁၈ ေယာက္မွာ အမ်ားစုက ထိခိုက္ဒဏ္ရာေတြ ရခဲ့ၾကၿပီး တခ်ဳိ႕ကမီးေလာင္ဒဏ္ရာ ဆိုးဆိုးဝါးဝါး ရထားၾကပါတယ္။ သူတုိ႔ကို အဲဒီေဒသမွာ႐ွိတဲ့ ေဆး႐ံုေတြမွာ ကုသေပးေနပါတယ္။

Whakaari လို႔ ေဒသခံေတြေခၚၾကတဲ့ White Island မီးေတာင္ကၽြန္းေပၚမွာ မီးေတာင္ေပါက္ခ်ိန္က လူ ၅၀ ေလာက္ ႐ွိမယ္လို႔ အေရးေပၚကယ္ဆယ္ေရး တာဝန္႐ွိသူေတြကေတာ့ ေျပာပါတယ္။

North Island ကၽြန္းရဲ႕ အေ႐ွ႕ဘက္ ကီလိုမီတာ ၅၀ ေလာက္မွာတည္႐ွိတဲ့ ေတာင္ Pacific သမုဒၵရာထဲက White Island မီးေတာင္႐ွင္ႀကီးဟာ ပင္လယ္ထဲကေန ထိုးထြက္ေနတဲ့ ကၽြန္းႀကီးတခုလိုျဖစ္ေနၿပီး ကမာၻလွည့္ခရီးသည္ေတြ အသြားမ်ားၾကတဲ့ ေနရာတခု ျဖစ္ပါတယ္။

[Unicode Version]

နယူးဇီလန်မီးတောင်ရုတ်တရက်ပေါက်ကွဲမှု ၅ ဦးထက်မနည်းသေဆုံး

New Zealand နိုင်ငံက မီးတောင်ရှင်ဖြစ်တဲ့ White Island မီးတောင်ကျွန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ရုတ်တရက် မီးတောင်ပေါက်ကွဲခဲ့လို့ ၅ ယောက်ထက်မနည်း သေဆုံးပြီး ၂၀ လောက် ထိခိုက်ဒဏ်ရာ ရသွားပါတယ်။

နိုင်ငံရဲ့ အဓိက ကျွန်းကြီး ၁ ခုဖြစ်တဲ့ North Island ကျွန်းကြီးရဲ့ကမ်းလွန်မှာ White Island မီးတောင်တည်ရှိတာဖြစ်ပြီး မီးတောင် မပေါက်ခင် မီးတောင်ဝနားအထိ ကမ္ဘာလှည့်ခရီးသည် တချို့သွားကြည့်ခဲ့ကြတာပါ။

ပျောက်ဆုံးနေသူတချို့ရှိနေသေးတာမို့ သေဆုံးသူတိုးလာနိုင်တယ်လို့ New Zealand ဒုရဲမင်းကြီး John Tims က Wellington မြို့တော်မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မီးတောင်ပေါက်တဲ့ ကျွန်းပေါ်မှာ ဘယ်နှယောက် အတိအကျ ရှိတယ်ဆိုတာ မပြောနိုင်ပေမဲ့ ၁၀ ဂဏန်းလောက် ရှိမယ်လို့ ခန့်မှန်းကြောင်း ဒုရဲချုပ် Tims ကပြောပါတယ်။

နိုင်ငံတကာက ကမ္ဘာလှည့် ခရီးသည်တွေဖြစ်ကြပြီး တချို့က Royal Caribbean သင်္ဘောလိုင်းရဲ့ Ovation of the Seas ဇိမ်ခံသင်္ဘောကြီးပေါ်က ဧည့်သည်တွေဖြစ်ကြတယ်လို့ ပြောပါတယ်။

ရဲနဲ့ကူညီကယ်ဆယ်ရေးတွေအနေနဲ့ အဲဒီနေရာသွားဖို့ အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ ဒုရဲမင်ကြီးက ပြောပါတယ်။

အသက်ဘေးကလွတ်လာသူ ၁၈ ယောက်မှာ အများစုက ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပြီး တချို့ကမီးလောင်ဒဏ်ရာ ဆိုးဆိုးဝါးဝါး ရထားကြပါတယ်။ သူတို့ကို အဲဒီဒေသမှာရှိတဲ့ ဆေးရုံတွေမှာ ကုသပေးနေပါတယ်။

Whakaari လို့ ဒေသခံတွေခေါ်ကြတဲ့ White Island မီးတောင်ကျွန်းပေါ်မှာ မီးတောင်ပေါက်ချိန်က လူ ၅၀ လောက် ရှိမယ်လို့ အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူတွေကတော့ ပြောပါတယ်။

North Island ကျွန်းရဲ့ အရှေ့ဘက် ကီလိုမီတာ ၅၀ လောက်မှာတည်ရှိတဲ့ တောင် Pacific သမုဒ္ဒရာထဲက White Island မီးတောင်ရှင်ကြီးဟာ ပင်လယ်ထဲကနေ ထိုးထွက်နေတဲ့ ကျွန်းကြီးတခုလိုဖြစ်နေပြီး ကမ္ဘာလှည့်ခရီးသည်တွေ အသွားများကြတဲ့ နေရာတခု ဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com
နယူးဇီလန္မီးေတာင္ ႐ုတ္တရက္ေပါက္ကြဲမႈ ၅ ဦးထက္မနည္းေသဆုံး နယူးဇီလန္မီးေတာင္ ႐ုတ္တရက္ေပါက္ကြဲမႈ ၅ ဦးထက္မနည္းေသဆုံး Reviewed by THITHTOOLWIN on 02:58 Rating: 5
Powered by Blogger.