အိႏၵိယစက္႐ုံ မီးေလာင္မႈ လူ ၄၃ ဦးေသ

နယူးေဒလီရွိ စက္႐ုံ မီးေလာင္ၿပီးေနာက္ ျမင္ကြင္း။ (ဒီဇင္ဘာ ၈၊ ၂၀၁၉)

(Zawgyi / Unicode)

အိႏၵိယႏုိင္ငံၿမဳိ႕ေတာ္ နယူးေဒလီက စက္႐ုံတခုကုိ တနဂၤေႏြေန႔တုန္းက မီးေလာင္ကၽြမ္းတာေၾကာင့္ အနည္းဆုံး လူ ၄၃ ဦး ေသဆုံးသြားပါတယ္။ ဒါဟာ အႏွစ္ ၂၀ ေက်ာ္အတြင္း နယူးေဒလီၿမဳိ႕က အဆိုးဝါးဆုံး ေလာင္ကၽြမ္းမႈျဖစ္ပါတယ္။

ညဘက္ လူေတြအိပ္ေနခိ်န္မွာ မီးေလာင္ကၽြမ္းတာက တေၾကာင္း၊ စက္႐ုံရွိတဲ့ ေနရာထိေရာက္ဖို႔ လမ္းက်ဥ္းေလးေတြကို မီးသတ္ကားဝင္ဖုိ႔ အခက္အခဲ ရွိခဲ့တာက တေၾကာင္းေၾကာင့္ မီးသတ္သမားေတြ မီးစြယ္က်ဳိးေအာင္ အေတာ္ႀကဳိးပမ္းခဲ့ရတယ္လို႔ ဆိုပါတယ္။

နယူးေဒလီရဲ႕ အႀကီးဆုံး အိမ္သုံး လက္ကားပစၥည္းထုတ္ Sadar Bazaar မွာ လွ်ပ္စစ္ဝိုင္ယာကတဆင့္ မီးစတင္ေလာင္ကၽြမ္းခဲ့တာ ျဖစ္ပါတယ္။ အဲဒီရပ္ကြက္မွာ စက္႐ုံနဲ႔ ဆိုင္ေတြ၊ လူေနတိုက္ခန္းေတြၾကား လွ်ပ္စစ္ဝိုင္ယာႀကိဳးေတြ ႐ႈပ္ေထြးေနတာ ျဖစ္ပါတယ္။

ေလာေလာဆယ္ အေဆာက္အဦပိုင္ရွင္ကို ဖမ္းဆီးထားၿပီး စက္႐ုံမွာ မီးေဘးအႏၱရာယ္ ကင္းရွင္းလုံၿခဳံမႈရွိေအာင္ ေဆာင္ရြက္ထားျခင္း ရွိမရွိဆိုတာ ရဲေတြက စစ္ေဆးေနပါတယ္။

---------------------------------------

(Unicode)

အိန္ဒိယစက်ရုံ မီးလောင်မှု လူ ၄၃ ဦးသေ

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီက စက်ရုံတခုကို တနင်္ဂနွေနေ့တုန်းက မီးလောင်ကျွမ်းတာကြောင့် အနည်းဆုံး လူ ၄၃ ဦး သေဆုံးသွားပါတယ်။ ဒါဟာ အနှစ် ၂၀ ကျော်အတွင်း နယူးဒေလီမြို့က အဆိုးဝါးဆုံး လောင်ကျွမ်းမှုဖြစ်ပါတယ်။

ညဘက် လူတွေအိပ်နေချိန်မှာ မီးလောင်ကျွမ်းတာက တကြောင်း၊ စက်ရုံရှိတဲ့ နေရာထိရောက်ဖို့ လမ်းကျဉ်းလေးတွေကို မီးသတ်ကားဝင်ဖို့ အခက်အခဲ ရှိခဲ့တာက တကြောင်းကြောင့် မီးသတ်သမားတွေ မီးစွယ်ကျိုးအောင် အတော်ကြိုးပမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

နယူးဒေလီရဲ့ အကြီးဆုံး အိမ်သုံး လက်ကားပစ္စည်းထုတ် Sadar Bazaar မှာ လျှပ်စစ်ဝိုင်ယာကတဆင့် မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီရပ်ကွက်မှာ စက်ရုံနဲ့ ဆိုင်တွေ၊ လူနေတိုက်ခန်းတွေကြား လျှပ်စစ်ဝိုင်ယာကြိုးတွေ ရှုပ်ထွေးနေတာ ဖြစ်ပါတယ်။

လောလောဆယ် အဆောက်အဦပိုင်ရှင်ကို ဖမ်းဆီးထားပြီး စက်ရုံမှာ မီးဘေးအန္တရာယ် ကင်းရှင်းလုံခြုံမှုရှိအောင် ဆောင်ရွက်ထားခြင်း ရှိမရှိဆိုတာ ရဲတွေက စစ်ဆေးနေပါတယ်။

VOA Burmese
https://burmese.voanews.com
အိႏၵိယစက္႐ုံ မီးေလာင္မႈ လူ ၄၃ ဦးေသ အိႏၵိယစက္႐ုံ မီးေလာင္မႈ လူ ၄၃ ဦးေသ Reviewed by THITHTOOLWIN on 02:57 Rating: 5
Powered by Blogger.