AA စစ္ဦးစီးခ်ဳပ္ ၏ ဇနီး ႏွင့္ ကေလး၂ဦး ျမန္မာျပည္သို႔ ျပန္ပို႔မည္ မဟုတ္

(Zawgyi)⤵⤵⤵
ဒီဇင္ဘာ ၁၀၊၂၀၁၉

ရကၡိဳင္စစ္တပ္(AA) စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏုိင္ ၏ ဇနီး ႏွင့္ ကေလး ၂ဦး ကို ျမန္မာျပည္သို႔ျပန္ပို႔မည္ မဟုတ္ေၾကာင္း ထုိင္းႏုိင္ငံ ရဲတပ္ဖြဲ႔ က ေျပာၾကားသည္။

လြန္ခဲ့သည့္ ဒီဇင္ဘာ ၄ရက္ တြင္ ထုိင္းႏုိင္ငံ ခ်င္းမုိင္ၿမိဳ႕၊ လူဝင္မႈ ႀကီးၾကပ္ေရး ဌာန က AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ ၏ ဇနီး ေဒၚႏွင္းဇာျဖဴ ႏွင့္ အသက္ ၁၂ အရြယ္ သမီး ေစာျပည့္သွ်င္၊အသက္ ၁ႏွစ္ ေက်ာ္ သား ျမတ္လင္းဇံ တို႔ကို ႏုိင္ငံကူး လက္မွတ္ revoke (ရုပ္သိမ္း) ကို အသံုးျပဳသည့္ ဟုဆိုကာ ထုိင္းရဲမ်ားက ထိန္းသိမ္းထားျခင္းျဖစ္သည္။

ေဒၚႏွင္ဇာျဖဴ ႏွင့္ ကေလး ၂ဦးသည္ ယခင္တြင္ ထုိင္းႏုိင္ငံ မယ္ဆုိင္ မွ တဆင့္ ျမန္မာႏုိင္ငံ တာခ်ီလိတ္သို႔ ျပန္လည္ ပို႔ေဆာင္ရန္ စီစဥ္ခဲ့ေသာ္လည္း လက္ရွိမွာ ထုိင္း လူဝင္မႈ ႀကီးၾကပ္ေရး လုပ္ငန္းအရ စစ္ေဆးမႈ ျပဳလုပ္ကာ ေနရပ္ျပန္ပို႔မည္ မဟုတ္ေၾကာင္း ထုိင္း အာဏာပိုင္ နွင့္နီးစပ္သူက ေျပာသည္။

“AA က ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ရဲ့ အမ်ိိဳးသမီး နဲ႔ကေလး ၂ေယာက္ကို ျမန္မာျပည္ေတာ့ျပန္မပို႔ေတာ့ဘူး။ ႏိ္ုင္ငံကူး လက္မွတ္ ျပႆနာ ဆုိေတာ့ ထိုင္းမွာ တရားရင္ဆိုင္ရမယ္။ တရားရင္ဆုိင္ၿပီးရင္ ျမန္မာျပည္ ေနရပ္ကို ျပန္ပို႔တဲ့ အေလ့အထရွိတယ္။ ဒါေပမယ့္ သူတုိ႔ကို ျမန္မာျပည္ ကို ျပန္မပို႔ဘူး။ သူတုိ႔ ဘယ္ႏုိင္ငံကို သြားမယ္ဆုိတာကေတာ့ မသိေသးဘူး” ဟု ထိုင္းအာဏာပိုင္ႏွင့္ နီးစပ္သူ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

လက္ရွိမွာ ေဒၚႏွင္းဇာျဖဴ ကို ထိုင္းအာဏာပိုင္ မ်ားက မည္သည့္ေနရာတြင္ ထားရွိၿပီး၊ မည္သည့္ ေန႔ရက္တြင္ တရားရင္ဆုိင္ရမည္ကို လည္း မသိရွိေၾကာင္း လည္း ၎ က ေျပာသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
--------------
(Unicode)⤵⤵⤵
AA စစ်ဦးစီးချုပ် ၏ ဇနီး နှင့် ကလေး၂ဦး မြန်မာပြည်သို့ ပြန်ပို့မည် မဟုတ်

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဒီဇင်ဘာ ၁၀၊၂၀၁၉

ရက္ခိုင်စစ်တပ်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၏ ဇနီး နှင့် ကလေး ၂ဦး ကို မြန်မာပြည်သို့ပြန်ပို့မည် မဟုတ်ကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ က ပြောကြားသည်။

လွန်ခဲ့သည့် ဒီဇင်ဘာ ၄ရက် တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ လူဝင်မှု ကြီးကြပ်ရေး ဌာန က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၏ ဇနီး ဒေါ်နှင်းဇာဖြူ နှင့် အသက် ၁၂ အရွယ် သမီး စောပြည့်သျှင်၊အသက် ၁နှစ် ကျော် သား မြတ်လင်းဇံ တို့ကို နိုင်ငံကူး လက်မှတ် revoke (ရုပ်သိမ်း) ကို အသုံးပြုသည့် ဟုဆိုကာ ထိုင်းရဲများက ထိန်းသိမ်းထားခြင်းဖြစ်သည်။

ဒေါ်နှင်ဇာဖြူ နှင့် ကလေး ၂ဦးသည် ယခင်တွင် ထိုင်းနိုင်ငံ မယ်ဆိုင် မှ တဆင့် မြန်မာနိုင်ငံ တာချီလိတ်သို့ ပြန်လည် ပို့ဆောင်ရန် စီစဉ်ခဲ့သော်လည်း လက်ရှိမှာ ထိုင်း လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းအရ စစ်ဆေးမှု ပြုလုပ်ကာ နေရပ်ပြန်ပို့မည် မဟုတ်ကြောင်း ထိုင်း အာဏာပိုင် နှင့်နီးစပ်သူက ပြောသည်။

“AA က ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ အမျိုးသမီး နဲ့ကလေး ၂ယောက်ကို မြန်မာပြည်တော့ပြန်မပို့တော့ဘူး။ နိုင်ငံကူး လက်မှတ် ပြဿနာ ဆိုတော့ ထိုင်းမှာ တရားရင်ဆိုင်ရမယ်။ တရားရင်ဆိုင်ပြီးရင် မြန်မာပြည် နေရပ်ကို ပြန်ပို့တဲ့ အလေ့အထရှိတယ်။ ဒါပေမယ့် သူတို့ကို မြန်မာပြည် ကို ပြန်မပို့ဘူး။ သူတို့ ဘယ်နိုင်ငံကို သွားမယ်ဆိုတာကတော့ မသိသေးဘူး” ဟု ထိုင်းအာဏာပိုင်နှင့် နီးစပ်သူ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိမှာ ဒေါ်နှင်းဇာဖြူ ကို ထိုင်းအာဏာပိုင် များက မည်သည့်နေရာတွင် ထားရှိပြီး၊ မည်သည့် နေ့ရက်တွင် တရားရင်ဆိုင်ရမည်ကို လည်း မသိရှိကြောင်း လည်း ၎င်း က ပြောသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
AA စစ္ဦးစီးခ်ဳပ္ ၏ ဇနီး ႏွင့္ ကေလး၂ဦး ျမန္မာျပည္သို႔ ျပန္ပို႔မည္ မဟုတ္ AA စစ္ဦးစီးခ်ဳပ္ ၏ ဇနီး ႏွင့္ ကေလး၂ဦး ျမန္မာျပည္သို႔ ျပန္ပို႔မည္ မဟုတ္ Reviewed by THITHTOOLWIN on 23:11 Rating: 5
Powered by Blogger.