ကေလးအေရျပားေျခာက္ေသြ႕မႈကို ကာကြယ္ျခင္းျဖင့္ ရရွိႏိုင္မယ့္ အက်ိဳးေက်းဇူး (၆) ခ်က္

(Zawgyi)⤵⤵⤵
ေမြးကင္းစကေလးငယ္ေတြနဲ႔ ကေလးေတြမွာလည္း လူႀကီးေတြမွာျဖစ္သလို အေရျပား ေျခာက္တာမ်ိဳးေတြ ျဖစ္ေပၚခံစားရႏိုင္ပါတယ္။ ကေလးေတြရဲ႕ အေရျပားက ႏူးညံ့ၿပီး ထိခိုက္လြယ္သလို ပိုၿပီးေတာ့လည္း ေျခာက္ေသြ႕လြယ္ပါတယ္။

အေရျပားေျခာက္ေသြ႕မႈေၾကာင့္ ျဖစ္တဲ့ျပႆနာေတြကလည္း ပိုဆိုးတတ္ပါတယ္။ ကေလးရဲ႕ အေရျပားကို မေျခာက္ေသြ႕ေအာင္ထိန္းသိမ္းေပးဖို႔က မိဘေတြအေနနဲ႔ ေမ့မထားသင့္တဲ့ အခ်က္တစ္ခုပါ။ ဒီတစ္ခါေတာ့ ကေလးအေရျပားကို မေျခာက္ေသြ႕ေအာင္ ေစာင့္ေရွာက္ေပးတာကေန ဘယ္လိုမ်ိဳး အက်ိဳးေက်းဇူးေတြ ရရွိႏိုင္မလဲဆိုတာကို ေျပာျပေပးမယ္ေနာ္။

ကေလးငယ္ေတြရဲ႕ အေရျပားဟာ အရမ္းပူလြန္း၊ ေအးလြန္းတဲ့ ရာသီဥတုအေျခအေနနဲ႔ ျပင္ပေလေတြေၾကာင့္ ေျခာက္ေသြ႕ႏိုင္သလို အခန္းတြင္း အပူခ်ိန္ျပင္းလြန္းရင္လည္း ေျခာက္ေသြ႕ တတ္ပါတယ္။

ကေလးက ေျခာက္ေသြ႕လြယ္တဲ့ အသားအေရကို ပိုင္ဆိုင္ထားရင္ေတာ့ ေဖေဖ ေမေမေတြအေနနဲ႔ ပိုၿပီးဂ႐ုစိုက္ေပးဖို႔ လိုပါလိမ့္မယ္။

အေရျပားမေျခာက္ေသြ႕ေအာင္ ဘာလို႔ကာကြယ္သင့္တာလဲ

ကေလးငယ္မွာ အေရျပားေျခာက္ေသြ႕တဲ့အခါ ေနာက္ဆက္တြဲ အေရျပားျပႆနာေတြျဖစ္တဲ့ ယားယံတာ၊ အေရျပားအဖတ္ကြာတာ၊ Eczema (ႏွင္းခူ) နဲ႔ Ichthyosis လို႔ေခၚတဲ့ မ်ိဳး႐ိုးလိုက္တဲ့ အေရျပားျပႆနာကို ခံစားရႏိုင္ပါတယ္။ အေရျပားေျခာက္ေသြ႕တဲ့အခါ ယားယံၿပီး ကေလးက လက္သည္းနဲ႔ ကုတ္ျခစ္မိမယ္ဆိုရင္လည္း အေရျပားမွာ အနာတရျဖစ္တာနဲ႔ မေပ်ာက္ေတာ့တဲ့ အမာ႐ြတ္ေတြ ထင္က်န္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

အေရျပားေျခာက္ေသြ႕ေနတယ္ဆိုတာကို သိႏိုင္တဲ့လကၡဏာမ်ား

ထိလိုက္ရင္ ခက္ၾကမ္းၾကမ္းျဖစ္ေနတာ
အေရျပားအေပၚယံလႊာေတြကြာတာ
အေရျပားေပၚမွာ အဖတ္ေလးေတြျဖစ္ေနတာ
အေရျပားယားယံတာ
အေရျပားမွာ အက္ေၾကာင္းရာလိုမ်ိဳးျဖစ္ေနတာ
လက္သည္းနဲ႔ကုတ္တဲ့အခါမ်ိဳးမွာ အျဖဴေရာင္အစင္းျဖစ္ၿပီးက်န္ေနတာ

ဘာေတြက အေရျပားေျခာက္ေသြ႕တာကိုျဖစ္ေစႏိုင္တာလဲ

အခ်ိဳ႕ကေလးငယ္ေတြကေတာ့ ေမြးကင္းစကတည္းက အေရျပားေျခာက္ေသြ႕လာတာပါ။

ကေလးေတြကို အေရျပားေျခာက္ေသြ႕ေစႏိုင္တဲ့ အေၾကာင္းအရာေတြကေတာ့ –

ရာသီဥတုေျခာက္ေသြ႕လြန္းတာ
ေအးလြန္းတာ
အပူခ်ိန္ျပင္းလြန္းတာ
ေရအၾကာႀကီးခ်ိဳးေပးတာ
အျပင္းစားဆပ္ျပာေတြသုံးတာ
ျပင္ပေလနဲ႔ အခ်ိန္ၾကာျမင့္စြာ ထိေတြ႕ေစတာ
ပင္လယ္ေရလိုမ်ိဳး ဆားပါတဲ့ေရနဲ႔ထိေတြ႕ေစတာ
ကလိုရင္းသုံးထားတဲ့ေရနဲ႔ထိေတြ႕ေစတာ

အေရျပားမေျခာက္ေသြ႕ေအာင္ ထိန္းသိမ္းေပးရင္ ဘာအက်ိဳးေက်းဇူးေတြရရွိႏိုင္မလဲ

(၁) Ichthyosis ကိုသက္သာေစႏိုင္ျခင္း

အေရျပားအေပၚယံ အဖတ္ေလးေတြကြာက်တာပါ။ မ်ိဳး႐ိုးရွိတဲ့ကေလးေတြမွာ အျဖစ္မ်ားပါတယ္။ အေရျပားယားယံေျခာက္ေသြ႕ၿပီး အဖတ္ေလးေတြ ကြာက်တာမ်ိဳးပါ။ အေရျပားကို မေျခာက္ေသြ႕ေအာင္ ထိန္းသိမ္းေပးမယ္ဆိုရင္ ကေလးရဲ႕ ichthyosis ေရာဂါလကၡဏာကို သက္သာေစ မွာလည္း ျဖစ္ပါတယ္။

(၂) Eczema (ႏွင္းခူ) သက္သာေစႏိုင္ျခင္း

အေရျပားေျခာက္ေသြ႕တဲ့အခါ Eczema (ႏွင္းခူ) လိုမ်ိဳးအေရျပားျပႆနာကို ခံစားရႏိုင္ပါတယ္။ ႏွင္းခူျဖစ္တဲ့အခါ ကေလးရဲ႕အေရျပားက နီရဲၿပီး ယားယံတဲ့အကြက္ေတြ ျဖစ္ေနတတ္ၿပီး မိတ္နဲ႔ ခပ္ဆင္ဆင္တူတတ္ပါတယ္။

(၃) အေရျပားကြာတာကို ကင္းေဝးေစႏိုင္ျခင္း

အေရျပားကို မေျခာက္ေသြ႕ေအာင္ အစိုဓာတ္ထိန္းထားတဲ့အခါ အေရျပားေျခာက္ေသြ႕တာေၾကာင့္ ျဖစ္တဲ့ အေပၚယံအေရျပားကြာက်တာမ်ိဳးကိုမျဖစ္ေအာင္ ကာကြယ္ၿပီးသား ျဖစ္မွာျဖစ္ပါတယ္။ ကေလးရဲ႕ ခႏၶာကိုယ္အစိတ္အပိုင္းေတြမွာျဖစ္တဲ့ အေရျပားကြာက်တာမ်ိဳးကို ကင္းေဝးေစမွာလည္း ျဖစ္ပါတယ္။

(၄) အေရျပားယားယံမႈကို မျဖစ္ေစႏိုင္ျခင္း

ကေလးေတာ္ေတာ္မ်ားမ်ားက အေရျပားေျခာက္ေသြ႕ယားယံတာမ်ိဳး ခံစားၾကရပါတယ္။ အေရျပား ေျခာက္ေသြ႕မႈက ယားယံမႈကို ပိုျဖစ္ေစႏိုင္ပါတယ္။ အေရျပားယားယံတဲ့အခါ ကေလးက ကုတ္ဖဲ့မိရာကေန အနာေတြျဖစ္တာနဲ႔ အေရျပားေပၚမွာ အမာ႐ြတ္ေတြထင္က်န္ခဲ့တာလိုမ်ိဳး ေနာက္ဆက္တြဲ အေရျပားျပႆနာေတြ ခံစားရႏိုင္ပါတယ္။ အေရျပားကို မေျခာက္ေသြ႕ေအာင္ ဂ႐ုစိုက္ေပးျခင္းက ဒီျပႆနာေတြကေန ကင္းေဝေစႏိုင္မွာပါ။

(၅) အေရျပားအနာျဖစ္ျခင္း ကင္းေစႏိုင္ျခင္း

အေရျပားမွာ အနာေတြျဖစ္ရတဲ့အေၾကာင္းအရင္းက အေရျပားေျခာက္ေသြ႕ၾကမ္းတမ္းတာေၾကာင့္ပါ။ အေရျပားေျခာက္ေသြ႕ၾကမ္းတမ္းတာရဲ႕ေနာက္မွာ အေရျပားကြဲအက္တာ၊ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာနဲ႔ ပိုးဝင္ကူးစက္တာမ်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။ အေရျပားမွာ လိုအပ္တဲ့ေရဓာတ္နဲ႔ အဆီျပည့္ဝေနမယ္ ဆိုရင္ေတာ့ ဒီလိုမ်ိဳးအေရျပားျပႆနာေတြကို ေခါက္ထားႏိုင္မွာ အေသအခ်ာပါပဲ။

(၆) အသားအေရေခ်ာေမြ႕ေစႏိုင္ျခင္း

အေရျပားကို ငယ္စဥ္ကတည္းက ေသခ်ာထိန္းသိမ္းေပးမွာ အ႐ြယ္ေရာက္လာတဲ့အခါ ကေလးရဲ႕ အသားအေရက ေခ်ာေမြ႕ေနမွာပါ။ ဒါေၾကာင့္ ငယ္စဥ္ကတည္းက ကေလးရဲ႕ အေရျပားကို ေျခာက္ေသြ႕မႈကင္းၿပီး ႏူးညံ့စိုေျပေနေစဖို႔ ေသေသခ်ာခ်ာ ထိန္းသိမ္းထားဖို႔လိုပါမယ္။ ဒါေၾကာင့္ ကေလးကိုေခ်ာေမြ႕တဲ့ အသားအေရပိုင္ရွင္ျဖစ္ေစဖို႔ ငယ္စဥ္ကတည္းက ေျခာက္ေသြ႕မႈ ကင္းေအာင္ ေစာင့္ေရွာက္ေပးဖို႔လိုပါတယ္။

အသားအေရေျခာက္ေသြ႕တဲ့ ကေလးငယ္ကို ဘယ္လိုေစာင့္ေရွာက္မႈေပးမလဲ

ေရခ်ိဳးရင္ ဆပ္ျပာမသုံးေပးပါနဲ႔
အေပ်ာ့စားဆပ္ျပာမ်ိဳးကိုပဲေ႐ြးသုံးေပးပါ
ရနံ႔ေတြပါတဲ့ေပါင္ဒါေတြ မသုံးေပးပါနဲ႔
ကေလးအဝတ္ေတြကို အျပင္းစားဆပ္ျပာမႈန္႔ေတြသုံးၿပီး မေလွ်ာ္ပါနဲ႔
ေရအၾကာႀကီးခ်ိဳးေပးတာကိုေရွာင္ပါ
ေရခ်ိဳးၿပီးတိုင္း moisturiser သုံးေပးပါ
ကေလးကို ေရဓာတ္လုံေလာက္ေအာင္ထားပါ
မိခင္ႏို႔လုံေလာက္ေအာင္ တိုက္ေကြၽးပါ
ေနပူရွိန္ျပင္းျပင္းနဲ႔ေပးမထိပါနဲ႔
ေျခာက္ေသြ႕တဲ့ျပင္ပေလထုကေနကာကြယ္ေပးပါ
ကေလးအခန္းထဲမွာ စိုထိုင္းမႈထိန္းစက္ဖြင့္ေပးထားပါ

ေရးသားသူ Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
(Unicode)⤵⤵⤵
ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့်
ရရှိနိုင်မယ့် အကျိုးကျေးဇူး (၆) ချက်

မွေးကင်းစကလေးငယ်တွေနဲ့ ကလေးတွေမှာလည်း လူကြီးတွေမှာဖြစ်သလို အရေပြား ခြောက်တာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကလေးတွေရဲ့ အရေပြားက နူးညံ့ပြီး ထိခိုက်လွယ်သလို ပိုပြီးတော့လည်း ခြောက်သွေ့လွယ်ပါတယ်။

အရေပြားခြောက်သွေ့မှုကြောင့် ဖြစ်တဲ့ပြဿနာတွေကလည်း ပိုဆိုးတတ်ပါတယ်။ ကလေးရဲ့ အရေပြားကို မခြောက်သွေ့အောင်ထိန်းသိမ်းပေးဖို့က မိဘတွေအနေနဲ့ မေ့မထားသင့်တဲ့ အချက်တစ်ခုပါ။ ဒီတစ်ခါတော့ ကလေးအရေပြားကို မခြောက်သွေ့အောင် စောင့်ရှောက်ပေးတာကနေ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြပေးမယ်နော်။

ကလေးငယ်တွေရဲ့ အရေပြားဟာ အရမ်းပူလွန်း၊ အေးလွန်းတဲ့ ရာသီဥတုအခြေအနေနဲ့ ပြင်ပလေတွေကြောင့် ခြောက်သွေ့နိုင်သလို အခန်းတွင်း အပူချိန်ပြင်းလွန်းရင်လည်း ခြောက်သွေ့ တတ်ပါတယ်။

ကလေးက ခြောက်သွေ့လွယ်တဲ့ အသားအရေကို ပိုင်ဆိုင်ထားရင်တော့ ဖေဖေ မေမေတွေအနေနဲ့ ပိုပြီးဂရုစိုက်ပေးဖို့ လိုပါလိမ့်မယ်။

အရေပြားမခြောက်သွေ့အောင် ဘာလို့ကာကွယ်သင့်တာလဲ

ကလေးငယ်မှာ အရေပြားခြောက်သွေ့တဲ့အခါ နောက်ဆက်တွဲ အရေပြားပြဿနာတွေဖြစ်တဲ့ ယားယံတာ၊ အရေပြားအဖတ်ကွာတာ၊ Eczema (နှင်းခူ) နဲ့ Ichthyosis လို့ခေါ်တဲ့ မျိုးရိုးလိုက်တဲ့ အရေပြားပြဿနာကို ခံစားရနိုင်ပါတယ်။ အရေပြားခြောက်သွေ့တဲ့အခါ ယားယံပြီး ကလေးက လက်သည်းနဲ့ ကုတ်ခြစ်မိမယ်ဆိုရင်လည်း အရေပြားမှာ အနာတရဖြစ်တာနဲ့ မပျောက်တော့တဲ့ အမာရွတ်တွေ ထင်ကျန်တာမျိုး ဖြစ်နိုင်ပါတယ်။

အရေပြားခြောက်သွေ့နေတယ်ဆိုတာကို သိနိုင်တဲ့လက္ခဏာများ

ထိလိုက်ရင် ခက်ကြမ်းကြမ်းဖြစ်နေတာ
အရေပြားအပေါ်ယံလွှာတွေကွာတာ
အရေပြားပေါ်မှာ အဖတ်လေးတွေဖြစ်နေတာ
အရေပြားယားယံတာ
အရေပြားမှာ အက်ကြောင်းရာလိုမျိုးဖြစ်နေတာ
လက်သည်းနဲ့ကုတ်တဲ့အခါမျိုးမှာ အဖြူရောင်အစင်းဖြစ်ပြီးကျန်နေတာ

ဘာတွေက အရေပြားခြောက်သွေ့တာကိုဖြစ်စေနိုင်တာလဲ

အချို့ကလေးငယ်တွေကတော့ မွေးကင်းစကတည်းက အရေပြားခြောက်သွေ့လာတာပါ။

ကလေးတွေကို အရေပြားခြောက်သွေ့စေနိုင်တဲ့ အကြောင်းအရာတွေကတော့ –

ရာသီဥတုခြောက်သွေ့လွန်းတာ
အေးလွန်းတာ
အပူချိန်ပြင်းလွန်းတာ
ရေအကြာကြီးချိုးပေးတာ
အပြင်းစားဆပ်ပြာတွေသုံးတာ
ပြင်ပလေနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့စေတာ
ပင်လယ်ရေလိုမျိုး ဆားပါတဲ့ရေနဲ့ထိတွေ့စေတာ
ကလိုရင်းသုံးထားတဲ့ရေနဲ့ထိတွေ့စေတာ

အရေပြားမခြောက်သွေ့အောင် ထိန်းသိမ်းပေးရင် ဘာအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

(၁) Ichthyosis ကိုသက်သာစေနိုင်ခြင်း

အရေပြားအပေါ်ယံ အဖတ်လေးတွေကွာကျတာပါ။ မျိုးရိုးရှိတဲ့ကလေးတွေမှာ အဖြစ်များပါတယ်။ အရေပြားယားယံခြောက်သွေ့ပြီး အဖတ်လေးတွေ ကွာကျတာမျိုးပါ။ အရေပြားကို မခြောက်သွေ့အောင် ထိန်းသိမ်းပေးမယ်ဆိုရင် ကလေးရဲ့ ichthyosis ရောဂါလက္ခဏာကို သက်သာစေ မှာလည်း ဖြစ်ပါတယ်။

(၂) Eczema (နှင်းခူ) သက်သာစေနိုင်ခြင်း

အရေပြားခြောက်သွေ့တဲ့အခါ Eczema (နှင်းခူ) လိုမျိုးအရေပြားပြဿနာကို ခံစားရနိုင်ပါတယ်။ နှင်းခူဖြစ်တဲ့အခါ ကလေးရဲ့အရေပြားက နီရဲပြီး ယားယံတဲ့အကွက်တွေ ဖြစ်နေတတ်ပြီး မိတ်နဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။

(၃) အရေပြားကွာတာကို ကင်းဝေးစေနိုင်ခြင်း

အရေပြားကို မခြောက်သွေ့အောင် အစိုဓာတ်ထိန်းထားတဲ့အခါ အရေပြားခြောက်သွေ့တာကြောင့် ဖြစ်တဲ့ အပေါ်ယံအရေပြားကွာကျတာမျိုးကိုမဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်မှာဖြစ်ပါတယ်။ ကလေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာဖြစ်တဲ့ အရေပြားကွာကျတာမျိုးကို ကင်းဝေးစေမှာလည်း ဖြစ်ပါတယ်။

(၄) အရေပြားယားယံမှုကို မဖြစ်စေနိုင်ခြင်း

ကလေးတော်တော်များများက အရေပြားခြောက်သွေ့ယားယံတာမျိုး ခံစားကြရပါတယ်။ အရေပြား ခြောက်သွေ့မှုက ယားယံမှုကို ပိုဖြစ်စေနိုင်ပါတယ်။ အရေပြားယားယံတဲ့အခါ ကလေးက ကုတ်ဖဲ့မိရာကနေ အနာတွေဖြစ်တာနဲ့ အရေပြားပေါ်မှာ အမာရွတ်တွေထင်ကျန်ခဲ့တာလိုမျိုး နောက်ဆက်တွဲ အရေပြားပြဿနာတွေ ခံစားရနိုင်ပါတယ်။ အရေပြားကို မခြောက်သွေ့အောင် ဂရုစိုက်ပေးခြင်းက ဒီပြဿနာတွေကနေ ကင်းဝေစေနိုင်မှာပါ။

(၅) အရေပြားအနာဖြစ်ခြင်း ကင်းစေနိုင်ခြင်း

အရေပြားမှာ အနာတွေဖြစ်ရတဲ့အကြောင်းအရင်းက အရေပြားခြောက်သွေ့ကြမ်းတမ်းတာကြောင့်ပါ။ အရေပြားခြောက်သွေ့ကြမ်းတမ်းတာရဲ့နောက်မှာ အရေပြားကွဲအက်တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ ပိုးဝင်ကူးစက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အရေပြားမှာ လိုအပ်တဲ့ရေဓာတ်နဲ့ အဆီပြည့်ဝနေမယ် ဆိုရင်တော့ ဒီလိုမျိုးအရေပြားပြဿနာတွေကို ခေါက်ထားနိုင်မှာ အသေအချာပါပဲ။

(၆) အသားအရေချောမွေ့စေနိုင်ခြင်း

အရေပြားကို ငယ်စဉ်ကတည်းက သေချာထိန်းသိမ်းပေးမှာ အရွယ်ရောက်လာတဲ့အခါ ကလေးရဲ့ အသားအရေက ချောမွေ့နေမှာပါ။ ဒါကြောင့် ငယ်စဉ်ကတည်းက ကလေးရဲ့ အရေပြားကို ခြောက်သွေ့မှုကင်းပြီး နူးညံ့စိုပြေနေစေဖို့ သေသေချာချာ ထိန်းသိမ်းထားဖို့လိုပါမယ်။ ဒါကြောင့် ကလေးကိုချောမွေ့တဲ့ အသားအရေပိုင်ရှင်ဖြစ်စေဖို့ ငယ်စဉ်ကတည်းက ခြောက်သွေ့မှု ကင်းအောင် စောင့်ရှောက်ပေးဖို့လိုပါတယ်။

အသားအရေခြောက်သွေ့တဲ့ ကလေးငယ်ကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

ရေချိုးရင် ဆပ်ပြာမသုံးပေးပါနဲ့
အပျော့စားဆပ်ပြာမျိုးကိုပဲရွေးသုံးပေးပါ
ရနံ့တွေပါတဲ့ပေါင်ဒါတွေ မသုံးပေးပါနဲ့
ကလေးအဝတ်တွေကို အပြင်းစားဆပ်ပြာမှုန့်တွေသုံးပြီး မလျှော်ပါနဲ့
ရေအကြာကြီးချိုးပေးတာကိုရှောင်ပါ
ရေချိုးပြီးတိုင်း moisturiser သုံးပေးပါ
ကလေးကို ရေဓာတ်လုံလောက်အောင်ထားပါ
မိခင်နို့လုံလောက်အောင် တိုက်ကျွေးပါ
နေပူရှိန်ပြင်းပြင်းနဲ့ပေးမထိပါနဲ့
ခြောက်သွေ့တဲ့ပြင်ပလေထုကနေကာကွယ်ပေးပါ
ကလေးအခန်းထဲမှာ စိုထိုင်းမှုထိန်းစက်ဖွင့်ပေးထားပါ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ကေလးအေရျပားေျခာက္ေသြ႕မႈကို ကာကြယ္ျခင္းျဖင့္ ရရွိႏိုင္မယ့္ အက်ိဳးေက်းဇူး (၆) ခ်က္ ကေလးအေရျပားေျခာက္ေသြ႕မႈကို ကာကြယ္ျခင္းျဖင့္ ရရွိႏိုင္မယ့္ အက်ိဳးေက်းဇူး (၆) ခ်က္ Reviewed by THITHTOOLWIN on 23:16 Rating: 5
Powered by Blogger.