ေကာ့ေသာင္းမွာဖမ္းမိတဲ့ မြတ္စလင္ေတြကို ေနရပ္ျပန္ပို႔မည္

တနသၤာရီတိုင္းေဒသႀကီး ေကာ့ေသာင္းၿမိဳ႕အနီး ပင္လယ္ျပင္မွာ ဖမ္းဆီးမိခဲ့တဲ့ မြတ္စလင္ ၁၇၀ ေက်ာ္ လိုက္ပါလာတဲ့ စက္ေလွကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ဘဂၤလားေဒ့ရွ္နယ္စပ္ဒုကၡသည္စခန္းေတြ၊ စစ္ေတြနဲ႔ ရခိုင္ျပည္နယ္ရွိ ဒုကၡသည္စခန္းေတြမွာရွိတဲ့ ႐ိုဟင္ဂ်ာ မြတ္စလင္ေတြဟာ ကုန္းလမ္းေရလမ္းေတြကေလ ျပည္တြင္းထဲ၊ ဒါမွမဟုတ္ မေလးရွားနဲ႔ ထိုင္းႏိုင္ငံေတြကို ထြက္ေျပးတာေတြရွိပါတယ္။

ဒီလိုထြက္ေျပးလာသူေတြကို အေထာက္အထားမပါဘဲ ခရီးသြားလို႔ဆိုၿပီး လဝက ဥပေဒေတြနဲ႔ ဖမ္းဆီးေထာင္ခ်ခဲ့သလို တခ်ိဳ႕ကို ေနရပ္ျပန္ပို႔ခဲ့ပါတယ္။

မၾကာေသးခင္က တနသၤာရီတိုင္းေဒသႀကီး ေကာ့ေသာင္းၿမိဳ႕နယ္အနီး ပင္လယ္ျပင္ကေန ဖမ္းမိတဲ့ မြတ္စလင္ေတြကိုေတာ့ အမႈဖြင့္တာေတြမလုပ္ဘဲ ေနရပ္ျပန္ပို႔ဖို႔ ျပည္ေထာင္စုအစိုးရက ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။

တနသၤာရီတိုင္း လူ႔ဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းျမစ္ဝန္ႀကီး ဦးေက်ာ္မင္းကို RFA က ဆက္သြယ္ေမးျမန္းရာမွာေတာ့ ---

    ခုေလာေလာဆယ္အေနအထားအရေတာ့ ဇာဒတ္ႀကီးမွာပဲ ရွိေသးတယ္

“ခုေလာေလာဆယ္အေနအထားအရေတာ့ ဇာဒတ္ႀကီးမွာပဲ ရွိေသးတယ္၊ တပ္မေတာ္စက္ေလွနဲ႔ ျပန္ပို႔မယ္လို႔ေတာ့ က်ေနာ္တို႔သိထားတယ္၊ ဒါေပမဲ့ ျပန္ပို႔ဖို႔ အမိန႔္ကို ေစာင့္ဆိုင္းေနတယ္၊ ဒီရက္ပိုင္းအတြင္းမွာ ျပန္ပို႔မယ္လို႔ေတာ့ သိထားပါတယ္၊ အမိန႔္ကိုပဲ ေစာင့္ေနပါတယ္”

သူတို႔ဟာ ဒီဇင္ဘာ ၁၅ ရက္ေန႔က ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္စခန္းကေန ထြက္ေျပးလာသူေတြ အပါအဝင္ လူေပါင္း ၁၇၀ ေက်ာ္လိုက္ပါလာတဲ့ စက္ေလွကို ေကာ့ေသာင္းၿမိဳ႕နဲ႔ ေရမိုင္ ၁၅၀ ေက်ာ္ေလာက္အကြာမွာ တပ္မေတာ္ စစ္ေရယာဥ္က ဖမ္းဆီးခဲ့တာလို႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာထားပါတယ္။

အဲဒီထဲမွာ  အမ်ိဳးသား ၈၂ ဦး၊ အမ်ိဳးသမီး ၆၉ ဦး၊ လူငယ္အမ်ိဳးသား ၃ ဦး၊ အမ်ိဳးသမီး ၁၉ ဦး၊ စက္ေလွေမာင္းသမားနဲ႔ အလုပ္သမား ၇ ဦး ပါဝင္ပါတယ္။

သူတို႔ေတြကို တပ္မေတာ္ေရတပ္ အေျခစိုက္တဲ့ ဇာဒတ္ႀကီးကြၽန္းမွာ ထိန္းသိမ္းထားၿပီး ဘယ္ေန႔ျပန္ပို႔မယ္ ဆိုတာေတာ့ မသိေသးပါဘူး။

“ေလာေလာဆယ္ စစ္ေဆးၿပီးသြားၿပီဗ်၊ စစ္ေဆးၿပီး ေလာေလာဆယ္ ဇာဒတ္ငယ္နားမွာပဲ ရွိတယ္၊ က်ေနာ္တို႔ တိုင္းေဒသႀကီးအစိုးရကေန အထက္ကိုတင္ျပထားၿပီး လက္ရွိအေနထားအရ အမိန႔္ကိုေစာင့္ဆိုင္းဆဲပဲ ရွိေနေသးတယ္၊ လႊဲေျပာင္းတာေတြ၊ ျပန္လႊတ္တာေတြ၊ ထြက္ခြာလာတဲ့ေနရာေတြကို ျပန္ပို႔တာေတြ ဒါေတြက အမိန႔္ေတြ ဘာမွမလာေသးဘူး၊ ေလာေလာဆယ္ အဲနားမွာပဲ ရွိေသးတယ္”

ကမ္း႐ိုးတန္းစစ္ဌာခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး သန႔္ဇင္ဦး ေျပာသြားတာပါ။

ဒီအထဲမွာ စစ္ေတြၿမိဳ႕ ဒုကၡသည္စခန္းေတြမွာ ေနထိုင္သူေတြလည္း ပါဝင္တာေၾကာင့္ စစ္ေတြကိုျပန္ပို႔မယ့္ အစီအစဥ္ရွိတယ္လို႔ သိရပါတယ္။

ထြက္ေျပးလာတဲ့ဒုကၡသည္ေတြကို အေရးမယူဘဲ အခုလိုျပန္ပို႔ဖို႔ စီစဥ္တာဟာ ေကာင္းမြန္တဲ့လုပ္ရပ္လို႔ အစၥလာမ္ဘာသာေရးေခါင္းေဆာင္လည္းျဖစ္ ကိုဖီအာနန္ေကာ္မရွင္ အဖြဲ႕ဝင္ေဟာင္းလည္း ျဖစ္တဲ့ ဦးေအးလြင္ကေျပာပါတယ္။

“ဒါကတိုးတက္မႈလို႔ ေျပာရမွာေပါ့ေနာ္၊ ဒုကၡသည္ေတြဟာ ဒုကၡေရာက္ေနတဲ့ၾကားက သူတို႔ေနထိုင္ရတဲ့အေနအထားေတြ၊ ေသမထူး ေနမထူးျဖစ္ေနလို႔ ဒီေလာက္အသက္စြန႔္ၿပီးေတာ့ စခန္းေတြကေန ထြက္ခြာလာတဲ့သူေတြေလ၊ အဲဒုကၡသည္ေတြကို ထပ္ၿပီး အျပစ္ေပးဦးမယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလးကို လူသားခ်င္း မစာနာရာေရာက္တယ္၊ အရင္အဖြဲ႕ေတြတုန္းက ေထာင္ေတြခ်တာမ်ိဳးေတြ ဘာေတြ ရွိခဲ့တယ္၊ အခုေတာ့ ေထာင္ေတြ ဘာေတြမခ်ဘဲ သူတို႔လာတဲ့ေနရာကို ျပန္ပို႔မယ္ဆိုေတာ့ ေကာင္းတဲ့ေျခလွမ္းတစ္ခုလို႔ က်ေနာ္က ဝမ္းသာပါတယ္၊ ႀကိဳဆိုပါတယ္”

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ခိုလႈံေနတဲ့ ဒုကၡသည္ေတြဟာ ပြင့္လင္းရာသီေတြမွာ ထိုင္းနဲ႔ မေလးရွားႏိုင္ငံေတြကို ကုန္းလမ္း၊ ေရလမ္းေတြကေန သြားေရာက္ဖို႔ ႀကိဳးစားတတ္ၾကၿပီး လူကုန္ကူးခံရႏိုင္တဲ့ အေျခအေနေတြရွိေနေၾကာင္း ႏိုင္ငံတကာ လူ႔အခြင့္အေရးလႈပ္ရွားေနတဲ့ အဖြဲ႕ေတြက ေျပာပါတယ္။

ဒီလိုေနရပ္မွာ အဆင္မေျပလို႔ ထြက္ေျပးလာသူေတြကို မူလေနရပ္ျပန္ပို႔တာ မျဖစ္သင့္ဘဲ သူတို႔သြားခ်င္တဲ့ေနရာသြားဖို႔ အေထာက္အထား ထုတ္ေပးတာမ်ိဳးေတြ လုပ္ေပးသင့္တယ္လို႔ လူ႔အခြင့္ေရးလႈပ္ရွားသူ Fortify Rights အဖြဲ႕က ကိုနစ္ကီဒိုင္းမြန္းက ေျပာပါတယ္။

“သူတို႔ရဲ႕ မူရင္းေနရာကိုပဲ ျပန္ပို႔မယ္ဆိုတာကလည္း လူ႔အခြင့္ေရး ခ်ိဳးေဖာက္မႈေတြပဲျဖစ္တယ္၊ အစိုးရက အမွန္တကယ္ဆို တာဝန္ယူၿပီးေတာ့ ဒီလူေတြကို ဘယ္လိုမ်ိဳး ေနရာျပန္ခ်ေပးမလဲ၊ သူတို႔မေနခ်င္တဲ့ေနရာကို မေနေစဘဲ သူတို႔ တစ္ႏိုင္ငံကိုသြားမယ္ဆိုရင္လည္း ႏိုင္ငံကူးလက္မွတ္ေတြ ထုတ္ေပးတာမ်ိဳး၊ လူေမွာင္ခိုကူးခံရတယ္ဆိုရင္လည္း လူေမွာင္ခိုကူးတဲ့လူေတြကို အေရးယူၿပီးေတာ့ ကူးခံရတဲ့ဒုကၡသည္ေတြကို ဘယ္လိုကုစားေပးမလဲဆိုတာမ်ိဳးေတြ လုပ္ေပးဖို႔လိုတယ္”

ရခိုင္ျပည္နယ္မွာ ၂၀၁၂ ပဋိပကၡေတြ ျဖစ္ၿပီးေနာက္ပိုင္း မြတ္စလင္ေတြကို ဒုကၡသည္စခန္းေတြမွာဘဲ ထားၿပီး လြတ္လပ္စြာ သြားလာခြင့္မေပးတာေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးသူေတြ တျဖည္းျဖည္း မ်ားလာၿပီး ဖမ္းဆီးေထာင္ခ်ခံရတာေတြလည္း အမ်ားႀကီးရွိပါတယ္။

ရခိုင္ျပည္နယ္ကေန ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ထြက္ေျပးသြားတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ခုႏွစ္သိန္းေက်ာ္ရွိေနၿပီး ျပန္လည္ေခၚယူႏိုင္ေရးအတြက္ အစိုးရအေနနဲ႔ ၂၀၁၈ ခုႏွစ္က စတင္ေဆာင္႐ြက္ခဲ့ရာမွာ လက္ရွိအခ်ိန္အထိ တရားဝင္ျပန္လာသူ မရွိေသးပါဘူး။ ျမန္မာအစိုးရရဲ႕ ထုတ္ျပန္ခ်က္ေတြမွာေတာ့ မိမိသေဘာဆႏၵအရ ျပန္လာသူ အနည္းငယ္ရွိေနေၾကာင္း ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵
ကော့သောင်းမှာဖမ်းမိတဲ့ မွတ်စလင်တွေကို နေရပ်ပြန်ပို့မည်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့အနီး ပင်လယ်ပြင်မှာ ဖမ်းဆီးမိခဲ့တဲ့ မွတ်စလင် ၁၇၀ ကျော် လိုက်ပါလာတဲ့ စက်လှေကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒုက္ခသည်စခန်းတွေ၊ စစ်တွေနဲ့ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေဟာ ကုန်းလမ်းရေလမ်းတွေကလေ ပြည်တွင်းထဲ၊ ဒါမှမဟုတ် မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို ထွက်ပြေးတာတွေရှိပါတယ်။

ဒီလိုထွက်ပြေးလာသူတွေကို အထောက်အထားမပါဘဲ ခရီးသွားလို့ဆိုပြီး လဝက ဥပဒေတွေနဲ့ ဖမ်းဆီးထောင်ချခဲ့သလို တချို့ကို နေရပ်ပြန်ပို့ခဲ့ပါတယ်။

မကြာသေးခင်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အနီး ပင်လယ်ပြင်ကနေ ဖမ်းမိတဲ့ မွတ်စလင်တွေကိုတော့ အမှုဖွင့်တာတွေမလုပ်ဘဲ နေရပ်ပြန်ပို့ဖို့ ပြည်ထောင်စုအစိုးရက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း လူ့ဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးကျော်မင်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ---

    ခုလောလောဆယ်အနေအထားအရတော့ ဇာဒတ်ကြီးမှာပဲ ရှိသေးတယ်

“ခုလောလောဆယ်အနေအထားအရတော့ ဇာဒတ်ကြီးမှာပဲ ရှိသေးတယ်၊ တပ်မတော်စက်လှေနဲ့ ပြန်ပို့မယ်လို့တော့ ကျနော်တို့သိထားတယ်၊ ဒါပေမဲ့ ပြန်ပို့ဖို့ အမိန့်ကို စောင့်ဆိုင်းနေတယ်၊ ဒီရက်ပိုင်းအတွင်းမှာ ပြန်ပို့မယ်လို့တော့ သိထားပါတယ်၊ အမိန့်ကိုပဲ စောင့်နေပါတယ်”

သူတို့ဟာ ဒီဇင်ဘာ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ထွက်ပြေးလာသူတွေ အပါအဝင် လူပေါင်း ၁၇၀ ကျော်လိုက်ပါလာတဲ့ စက်လှေကို ကော့သောင်းမြို့နဲ့ ရေမိုင် ၁၅၀ ကျော်လောက်အကွာမှာ တပ်မတော် စစ်ရေယာဉ်က ဖမ်းဆီးခဲ့တာလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

အဲဒီထဲမှာ  အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၆၉ ဦး၊ လူငယ်အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၉ ဦး၊ စက်လှေမောင်းသမားနဲ့ အလုပ်သမား ၇ ဦး ပါဝင်ပါတယ်။

သူတို့တွေကို တပ်မတော်ရေတပ် အခြေစိုက်တဲ့ ဇာဒတ်ကြီးကျွန်းမှာ ထိန်းသိမ်းထားပြီး ဘယ်နေ့ပြန်ပို့မယ် ဆိုတာတော့ မသိသေးပါဘူး။

“လောလောဆယ် စစ်ဆေးပြီးသွားပြီဗျ၊ စစ်ဆေးပြီး လောလောဆယ် ဇာဒတ်ငယ်နားမှာပဲ ရှိတယ်၊ ကျနော်တို့ တိုင်းဒေသကြီးအစိုးရကနေ အထက်ကိုတင်ပြထားပြီး လက်ရှိအနေထားအရ အမိန့်ကိုစောင့်ဆိုင်းဆဲပဲ ရှိနေသေးတယ်၊ လွှဲပြောင်းတာတွေ၊ ပြန်လွှတ်တာတွေ၊ ထွက်ခွာလာတဲ့နေရာတွေကို ပြန်ပို့တာတွေ ဒါတွေက အမိန့်တွေ ဘာမှမလာသေးဘူး၊ လောလောဆယ် အဲနားမှာပဲ ရှိသေးတယ်”

ကမ်းရိုးတန်းစစ်ဌာချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦး ပြောသွားတာပါ။

ဒီအထဲမှာ စစ်တွေမြို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေလည်း ပါဝင်တာကြောင့် စစ်တွေကိုပြန်ပို့မယ့် အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

ထွက်ပြေးလာတဲ့ဒုက္ခသည်တွေကို အရေးမယူဘဲ အခုလိုပြန်ပို့ဖို့ စီစဉ်တာဟာ ကောင်းမွန်တဲ့လုပ်ရပ်လို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်လည်းဖြစ် ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်ဟောင်းလည်း ဖြစ်တဲ့ ဦးအေးလွင်ကပြောပါတယ်။

“ဒါကတိုးတက်မှုလို့ ပြောရမှာပေါ့နော်၊ ဒုက္ခသည်တွေဟာ ဒုက္ခရောက်နေတဲ့ကြားက သူတို့နေထိုင်ရတဲ့အနေအထားတွေ၊ သေမထူး နေမထူးဖြစ်နေလို့ ဒီလောက်အသက်စွန့်ပြီးတော့ စခန်းတွေကနေ ထွက်ခွာလာတဲ့သူတွေလေ၊ အဲဒုက္ခသည်တွေကို ထပ်ပြီး အပြစ်ပေးဦးမယ်ဆိုရင်တော့ တော်တော်လေးကို လူသားချင်း မစာနာရာရောက်တယ်၊ အရင်အဖွဲ့တွေတုန်းက ထောင်တွေချတာမျိုးတွေ ဘာတွေ ရှိခဲ့တယ်၊ အခုတော့ ထောင်တွေ ဘာတွေမချဘဲ သူတို့လာတဲ့နေရာကို ပြန်ပို့မယ်ဆိုတော့ ကောင်းတဲ့ခြေလှမ်းတစ်ခုလို့ ကျနော်က ဝမ်းသာပါတယ်၊ ကြိုဆိုပါတယ်”

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေဟာ ပွင့်လင်းရာသီတွေမှာ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို ကုန်းလမ်း၊ ရေလမ်းတွေကနေ သွားရောက်ဖို့ ကြိုးစားတတ်ကြပြီး လူကုန်ကူးခံရနိုင်တဲ့ အခြေအနေတွေရှိနေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒီလိုနေရပ်မှာ အဆင်မပြေလို့ ထွက်ပြေးလာသူတွေကို မူလနေရပ်ပြန်ပို့တာ မဖြစ်သင့်ဘဲ သူတို့သွားချင်တဲ့နေရာသွားဖို့ အထောက်အထား ထုတ်ပေးတာမျိုးတွေ လုပ်ပေးသင့်တယ်လို့ လူ့အခွင့်ရေးလှုပ်ရှားသူ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

“သူတို့ရဲ့ မူရင်းနေရာကိုပဲ ပြန်ပို့မယ်ဆိုတာကလည်း လူ့အခွင့်ရေး ချိုးဖောက်မှုတွေပဲဖြစ်တယ်၊ အစိုးရက အမှန်တကယ်ဆို တာဝန်ယူပြီးတော့ ဒီလူတွေကို ဘယ်လိုမျိုး နေရာပြန်ချပေးမလဲ၊ သူတို့မနေချင်တဲ့နေရာကို မနေစေဘဲ သူတို့ တစ်နိုင်ငံကိုသွားမယ်ဆိုရင်လည်း နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတာမျိုး၊ လူမှောင်ခိုကူးခံရတယ်ဆိုရင်လည်း လူမှောင်ခိုကူးတဲ့လူတွေကို အရေးယူပြီးတော့ ကူးခံရတဲ့ဒုက္ခသည်တွေကို ဘယ်လိုကုစားပေးမလဲဆိုတာမျိုးတွေ လုပ်ပေးဖို့လိုတယ်”

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ပဋိပက္ခတွေ ဖြစ်ပြီးနောက်ပိုင်း မွတ်စလင်တွေကို ဒုက္ခသည်စခန်းတွေမှာဘဲ ထားပြီး လွတ်လပ်စွာ သွားလာခွင့်မပေးတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူတွေ တဖြည်းဖြည်း များလာပြီး ဖမ်းဆီးထောင်ချခံရတာတွေလည်း အများကြီးရှိပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ခုနှစ်သိန်းကျော်ရှိနေပြီး ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ရာမှာ လက်ရှိအချိန်အထိ တရားဝင်ပြန်လာသူ မရှိသေးပါဘူး။ မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာတော့ မိမိသဘောဆန္ဒအရ ပြန်လာသူ အနည်းငယ်ရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
ေကာ့ေသာင္းမွာဖမ္းမိတဲ့ မြတ္စလင္ေတြကို ေနရပ္ျပန္ပို႔မည္ ေကာ့ေသာင္းမွာဖမ္းမိတဲ့ မြတ္စလင္ေတြကို ေနရပ္ျပန္ပို႔မည္ Reviewed by THITHTOOLWIN on 23:13 Rating: 5
Powered by Blogger.