ကေလးမ်ား ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ျခင္း

(Zawgyi)⤵⤵⤵
ဒီတစ္ေခါက္ ေဆြးေႏြးေပးမွာကေတာ့ အခုလို ရာသီဥတု အကူးအေျပာင္းကာလေတြမွာ ကေလးငယ္ေတြမွာ ျဖစ္တတ္တဲ့ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါအေၾကာင္းပါ။

ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္တာက အဓိကအားျဖင့္ Rota virus – ႐ိုတာဗိုင္းရပ္စ္လို႔ေခၚတဲ့ ဗိုင္းရပ္စ္ တစ္မ်ိဳးေၾကာင့္ ျဖစ္ရတာပါ။ တျခားေသာ ဘက္တီးရီးယား၊ ကပ္ပါးေကာင္ေတြေၾကာင့္ ျဖစ္တာလည္း ရွိပါတယ္။ ဝမ္းပ်က္ေရာဂါပိုးဟာ မသန္႔တဲ့ အစားအစာကေန တစ္ဆင့္ကူးစက္တာ ျဖစ္ပါတယ္။

ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါျဖစ္တဲ့ ကေလးေတြမွာ ဝမ္းသြားတာအျပင္ ပ်ိဳ႕အန္ျခင္း၊ မ်က္တြင္းက်ျခင္း၊ ေရငတ္ျခင္း၊ ေရမေသာက္ႏိုင္ျခင္း၊ ဆီးထြက္နည္းျခင္းနဲ႔ မွိန္းျခင္း အစရွိတဲ့ အႏၲရာယ္လကၡဏာေတြ ျဖစ္လာတတ္ပါတယ္။ ဒါ့ေၾကာင့္ ၂၄ နာရီအတြင္း ဝမ္းေလွ်ာတာ ၃ ခါထက္ပိုရင္ တတ္ကြၽမ္းနားလည္တဲ့ ဆရာဝန္ဆီ သြားေရာက္ၿပီး အျမန္ဆုံး ကုသမႈ ခံယူသင့္ပါတယ္။

ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါမွာ လကၡဏာအလိုက္ ေရဓာတ္ဆုံးရႈံးမႈ အဆင့္ဆင့္ရွိပါတယ္။

၁။ ေရဓာတ္ဆုံးရႈံးမႈ မရွိျခင္း

ဒီအဆင့္မွာေတာ့ ေဆး႐ုံတက္ဖို႔မလိုပါဘူး။ အိမ္မွာပဲ ေစာင့္ၾကည္ၿပီးေတာ့ ကုသမႈအေနနဲ႔ ဆရာဝန္ရဲ႕ ၫႊန္ၾကားခ်က္ေသာက္ေဆးေတြ Folic acid နဲ႔ Zinc ဓာတ္ေတြ ေသာက္ရပါမယ္။ ပုံမွန္အတိုင္း အစားကို ထည့္ေကြၽးပါ။ ဒါ့အျပင္ ျဖစ္ႏိုင္သမွ် အရည္မ်ားမ်ား ေသာက္သုံးရပါမယ္။ အထူးသျဖင့္ ဓာတ္ဆား၊ ဆားခတ္ထားတဲ့ ေရသန္႔၊ စြပ္ျပဳတ္ရည္ေတြကို ေသာက္ရပါမယ္။ မေသာက္သင့္တဲ့ အရည္ေတြကေတာ့ အခ်ိဳရည္ေတြ၊ လက္ဖက္ရည္ေတြပဲ ျဖစ္ပါတယ္။ ေရဓာတ္နဲ႔ ဓာတ္ဆားျဖည့္ဖို႔ အတြက္ ဘီပီအိုင္ဓာတ္ဆားကို ေ႐ြးခ်ယ္သင့္ပါတယ္။

၂။ ဝမ္းေလွ်ာၿပီးေနာက္ ေရဓာတ္ဆုံးရႈံးမႈအနည္းငယ္ရွိျခင္း

အမ်ားအားျဖင့္ ေဆး႐ုံတင္ေလ့ ရွိပါတယ္။ ေသာက္ေဆးေတြနဲ႔ ဓာတ္ဆားရည္ေတြကို ဆရာဝန္ ၫႊန္ၾကားခ်က္အတိုင္း အတိအက်ေသာက္သုံးသင့္ပါတယ္။ ဒီအေျခအေနမွာေတာ့ ပုံမွန္အားျဖင့္ ေဆးသြင္းေလ့ မရွိပါဘူး။ အႏၲရာယ္ရွိတဲ့ လကၡဏာေတြကို ေစာင့္ၾကည့္ဖို႔ေတာ့ လိုအပ္ပါတယ္။

၃။ ဝမ္းေလွ်ာၿပီး ေရဓာတ္ဆုံးရႈံးမႈ အလြန္မ်ားျခင္း

အေရးေပၚအေျခအေနပါ။ ေဆး႐ုံတက္ဖို႔ လိုအပ္ပါတယ္။ ေသြးေၾကာရွာၿပီး ေဆးပုလင္းခ်ိတ္ရပါမယ္။ ကေလးမိဘေတြအေနနဲ႔ ဆရာဝန္ရဲ႕ လမ္းၫႊန္ကုသမႈကို အတိအက်လိုက္နာဖို႔ လိုအပ္ပါတယ္။

ဝမ္းမပ်က္ေအာင္ ဘယ္လိုကာကြယ္မလဲ

ကေလးေတြကို အသက္ ၆ လအထိ မိခင္ႏို႔တစ္မ်ိဳးတည္းပဲ တိုက္ပါ။ အသက္ ၆ လေက်ာ္မွသာ ျဖည့္စြက္စာေကြၽးသင့္ပါတယ္။

ကာကြယ္ေဆး ပုံမွန္ထိုးပါ

ေသာက္သုံးေရ ေရသန္႔သာ ေသာက္ပါ

အိမ္သာတက္ၿပီးခ်ိန္ ၊ အစာမစားခင္နဲ႔ အစာစားၿပီး လက္ကိုဆပ္ျပာနဲ႔ ေဆးပါ

အစားအစာကို ယင္ေကာင္ေတြ မနားေစဖို႔ ၊ အစာကို က်က္ေအာင္ခ်က္ဖို႔ သတိျပဳပါ

ယင္လုံအိမ္သာ အသုံးျပဳပါ

ေရးသားသူ Dr. Thiha Phyo Myint
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
----------
(Unicode)⤵⤵⤵
ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း

ဒီတစ်ခေါက် ဆွေးနွေးပေးမှာကတော့ အခုလို ရာသီဥတု အကူးအပြောင်းကာလတွေမှာ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်းပါ။

ဝမ်းပျက်ဝမ်းလျှောဖြစ်တာက အဓိကအားဖြင့် Rota virus – ရိုတာဗိုင်းရပ်စ်လို့ခေါ်တဲ့ ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်ရတာပါ။ တခြားသော ဘက်တီးရီးယား၊ ကပ်ပါးကောင်တွေကြောင့် ဖြစ်တာလည်း ရှိပါတယ်။ ဝမ်းပျက်ရောဂါပိုးဟာ မသန့်တဲ့ အစားအစာကနေ တစ်ဆင့်ကူးစက်တာ ဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တဲ့ ကလေးတွေမှာ ဝမ်းသွားတာအပြင် ပျို့အန်ခြင်း၊ မျက်တွင်းကျခြင်း၊ ရေငတ်ခြင်း၊ ရေမသောက်နိုင်ခြင်း၊ ဆီးထွက်နည်းခြင်းနဲ့ မှိန်းခြင်း အစရှိတဲ့ အန္တရာယ်လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် ၂၄ နာရီအတွင်း ဝမ်းလျှောတာ ၃ ခါထက်ပိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီ သွားရောက်ပြီး အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါမှာ လက္ခဏာအလိုက် ရေဓာတ်ဆုံးရှုံးမှု အဆင့်ဆင့်ရှိပါတယ်။

၁။ ရေဓာတ်ဆုံးရှုံးမှု မရှိခြင်း

ဒီအဆင့်မှာတော့ ဆေးရုံတက်ဖို့မလိုပါဘူး။ အိမ်မှာပဲ စောင့်ကြည်ပြီးတော့ ကုသမှုအနေနဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်သောက်ဆေးတွေ Folic acid နဲ့ Zinc ဓာတ်တွေ သောက်ရပါမယ်။ ပုံမှန်အတိုင်း အစားကို ထည့်ကျွေးပါ။ ဒါ့အပြင် ဖြစ်နိုင်သမျှ အရည်များများ သောက်သုံးရပါမယ်။ အထူးသဖြင့် ဓာတ်ဆား၊ ဆားခတ်ထားတဲ့ ရေသန့်၊ စွပ်ပြုတ်ရည်တွေကို သောက်ရပါမယ်။ မသောက်သင့်တဲ့ အရည်တွေကတော့ အချိုရည်တွေ၊ လက်ဖက်ရည်တွေပဲ ဖြစ်ပါတယ်။ ရေဓာတ်နဲ့ ဓာတ်ဆားဖြည့်ဖို့ အတွက် ဘီပီအိုင်ဓာတ်ဆားကို ရွေးချယ်သင့်ပါတယ်။

၂။ ဝမ်းလျှောပြီးနောက် ရေဓာတ်ဆုံးရှုံးမှုအနည်းငယ်ရှိခြင်း

အများအားဖြင့် ဆေးရုံတင်လေ့ ရှိပါတယ်။ သောက်ဆေးတွေနဲ့ ဓာတ်ဆားရည်တွေကို ဆရာဝန် ညွှန်ကြားချက်အတိုင်း အတိအကျသောက်သုံးသင့်ပါတယ်။ ဒီအခြေအနေမှာတော့ ပုံမှန်အားဖြင့် ဆေးသွင်းလေ့ မရှိပါဘူး။ အန္တရာယ်ရှိတဲ့ လက္ခဏာတွေကို စောင့်ကြည့်ဖို့တော့ လိုအပ်ပါတယ်။

၃။ ဝမ်းလျှောပြီး ရေဓာတ်ဆုံးရှုံးမှု အလွန်များခြင်း

အရေးပေါ်အခြေအနေပါ။ ဆေးရုံတက်ဖို့ လိုအပ်ပါတယ်။ သွေးကြောရှာပြီး ဆေးပုလင်းချိတ်ရပါမယ်။ ကလေးမိဘတွေအနေနဲ့ ဆရာဝန်ရဲ့ လမ်းညွှန်ကုသမှုကို အတိအကျလိုက်နာဖို့ လိုအပ်ပါတယ်။

ဝမ်းမပျက်အောင် ဘယ်လိုကာကွယ်မလဲ

ကလေးတွေကို အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းပဲ တိုက်ပါ။ အသက် ၆ လကျော်မှသာ ဖြည့်စွက်စာကျွေးသင့်ပါတယ်။

ကာကွယ်ဆေး ပုံမှန်ထိုးပါ

သောက်သုံးရေ ရေသန့်သာ သောက်ပါ

အိမ်သာတက်ပြီးချိန် ၊ အစာမစားခင်နဲ့ အစာစားပြီး လက်ကိုဆပ်ပြာနဲ့ ဆေးပါ

အစားအစာကို ယင်ကောင်တွေ မနားစေဖို့ ၊ အစာကို ကျက်အောင်ချက်ဖို့ သတိပြုပါ

ယင်လုံအိမ်သာ အသုံးပြုပါ

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ကေလးမ်ား ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ျခင္း ကေလးမ်ား ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ျခင္း Reviewed by THITHTOOLWIN on 23:26 Rating: 5
Powered by Blogger.