တိုင္းရင္းသား ကိုယ္ပိုင္ျပ႒ာန္းခြင့္ ႏွစ္သစ္ကူးသ၀ဏ္လႊာမွာ KNU ေဖာ္ျပ

KNU ဥကၠ႒ ဗုိလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖုိး။

(Zawgyi / Unicode)

ဒီဇင္ဘာ ၂၆ ရက္ေန႔မွာ က်ေရာက္မယ့္ ကရင္အမ်ဳိးသားႏွစ္သစ္ကူးေန႔ အခါသမယအျဖစ္ ကရင္အမ်ဳိးသားအစည္းအ႐ုံး (KNU) က ေၾကညာခ်က္ ႀကိဳတင္ထုတ္ျပန္ရာမွာ ကရင္အမ်ဳိးသားအစည္းအ႐ုံး (KNU) အပါအ၀င္ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႔အစည္း တခ်ဳိ႕တုိ႔ဟာ လက္နက္ကုိင္ တုိက္ပြဲ၀င္ေနတဲ့ နည္းလမ္းကုိ ရပ္ဆုိင္းၿပီး အပစ္အခတ္ ရပ္စဲေရးအတြက္ အစုိးရနဲ႔ ႏုိင္ငံေရးနည္းလမ္္းအရ ေဆြးေႏြးလ်က္ရွိေၾကာင္း၊ ဒါေပမယ့္ အပစ္အခတ္ ရပ္စဲျခင္းဟာ ၿငိမ္းခ်မ္းေရးကုိ ဧကန္အမွန္ ရရွိျခင္းမဟုတ္ေၾကာင္း၊ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရး ရရွိေရးအတြက္ ကရင္အမ်ဳိးသားထုႀကီးအျပင္ ျပည္ေထာင္စုအတြင္း ေနထုိင္လ်က္ရွိတဲ့ လူမ်ဳိးတုိင္းကုိ ေလးစား အသိအမွတ္ျပဳၿပီး လြတ္လပ္မႈ၊ တန္းတူမႈအျပင္ ကုိယ္ပုိင္ျပ႒ာန္းခြင့္ အခြင့္အေရးေတြကုိ ရရွိတဲ့အခ်ိန္မွသာ ျဖစ္ႏုိင္မယ္လုိ႔ ေဖာ္ျပထားပါတယ္။

အဲဒီအခြင့္အေရးေတြကုိ ႏုိင္ငံေတာ္ဖြဲ႔စည္းပုံ အေျခခံဥပေဒမွာ အတိအလင္း ျပ႒ာန္းထားဖုိ႔ လုိအပ္ေၾကာင္း၊ အဲဒီလုိ ျပ႒ာန္းထားတဲ့ အေျခအေနကုိ ေရာက္မွသာလွ်င္ လူမ်ဳိးတမ်ဳိးနဲ႔ တမ်ဳိးအၾကား ျပန္လည္သင့္ျမတ္ျခင္းအျပင္ ျပည္တြင္းၿငိမ္းခ်မ္းေရးကုိလည္း ဧကန္အမွန္ ရရွိမွာျဖစ္တယ္လုိ႔ KNU ရဲ႕ ကရင္ႏွစ္သစ္ကူး ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

KNU အေနနဲ႔လည္း အဲဒီရည္ရြယ္ခ်က္အတုိင္း ဦးတည္ လုပ္ေဆာင္ေနေၾကာင္း၊ အဲဒီရည္မွန္းခ်က္ ေအာင္ျမင္ေရးအတြက္ ကရင္တုိင္းသားတုိင္းကလည္း က်ရာအခန္းက႑ကေန ပါ၀င္လုပ္ေဆာင္ၾကဖုိ႔ လုိအပ္ေၾကာင္း ေၾကညာခ်က္မွာ တုိက္တြန္းထားပါတယ္။

ကရင္အမ်ဳိးသားႏွစ္သစ္ကူးေန႔ဟာ ကရင္လူမ်ဳိးေတြရဲ႕ ယဥ္ေက်းမႈ ထုံးတမ္းအစဥ္အလာေတြထဲက ယဥ္ေက်းမႈရဲ႕ လကၡဏာရပ္တခုျဖစ္ၿပီး ကရင္အမ်ဳိးသားထုအၾကားမွာ အသိအမွတ္ျပဳ က်င္းပလာခဲ့တာ အခုဆုိရင္ ရာစုႏွစ္မ်ားစြာ ရွိလာၿပီျဖစ္ေၾကာင္းလည္း ဒီဇင္ဘာ ၂၆ ရက္ေန႔မွာ က်ေရာက္တဲ့ ၂၇၅၉ ႏွစ္ေျမာက္ ကရင္အမ်ဳိးသားႏွစ္သစ္ကူးေန႔အျဖစ္ ကရင္အမ်ဳိးသားအစည္းအ႐ုံး (KNU) ဥကၠ႒ ဗုိလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖုိးက ေပးပုိ႔တဲ့ သ၀ဏ္လႊာထဲမွာ ေဖာ္ျပထားပါတယ္။

---------------------------------

(Unicode)

တိုင်းရင်းသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှစ်သစ်ကူးသဝဏ်လွှာမှာ KNU ဖော်ပြ

ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကျရောက်မယ့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခါသမယအဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) က ကြေညာချက် ကြိုတင်ထုတ်ပြန်ရာမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့တို့ဟာ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ နည်းလမ်းကို ရပ်ဆိုင်းပြီး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနဲ့ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးလျက်ရှိကြောင်း၊ ဒါပေမယ့် အပစ်အခတ် ရပ်စဲခြင်းဟာ ငြိမ်းချမ်းရေးကို ဧကန်အမှန် ရရှိခြင်းမဟုတ်ကြောင်း၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် ကရင်အမျိုးသားထုကြီးအပြင် ပြည်ထောင်စုအတွင်း နေထိုင်လျက်ရှိတဲ့ လူမျိုးတိုင်းကို လေးစား အသိအမှတ်ပြုပြီး လွတ်လပ်မှု၊ တန်းတူမှုအပြင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေကို ရရှိတဲ့အချိန်မှသာ ဖြစ်နိုင်မယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအခွင့်အရေးတွေကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားဖို့ လိုအပ်ကြောင်း၊ အဲဒီလို ပြဋ္ဌာန်းထားတဲ့ အခြေအနေကို ရောက်မှသာလျှင် လူမျိုးတမျိုးနဲ့ တမျိုးအကြား ပြန်လည်သင့်မြတ်ခြင်းအပြင် ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း ဧကန်အမှန် ရရှိမှာဖြစ်တယ်လို့ KNU ရဲ့ ကရင်နှစ်သစ်ကူး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

KNU အနေနဲ့လည်း အဲဒီရည်ရွယ်ချက်အတိုင်း ဦးတည် လုပ်ဆောင်နေကြောင်း၊ အဲဒီရည်မှန်းချက် အောင်မြင်ရေးအတွက် ကရင်တိုင်းသားတိုင်းကလည်း ကျရာအခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဟာ ကရင်လူမျိုးတွေရဲ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေထဲက ယဉ်ကျေးမှုရဲ့ လက္ခဏာရပ်တခုဖြစ်ပြီး ကရင်အမျိုးသားထုအကြားမှာ အသိအမှတ်ပြု ကျင်းပလာခဲ့တာ အခုဆိုရင် ရာစုနှစ်များစွာ ရှိလာပြီဖြစ်ကြောင်းလည်း ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ ၂၇၅၉ နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

VOA Burmese
https://burmese.voanews.com
တိုင္းရင္းသား ကိုယ္ပိုင္ျပ႒ာန္းခြင့္ ႏွစ္သစ္ကူးသ၀ဏ္လႊာမွာ KNU ေဖာ္ျပ တိုင္းရင္းသား ကိုယ္ပိုင္ျပ႒ာန္းခြင့္ ႏွစ္သစ္ကူးသ၀ဏ္လႊာမွာ KNU ေဖာ္ျပ Reviewed by THITHTOOLWIN on 02:49 Rating: 5
Powered by Blogger.