ဖိလစ္ပိုင္ႏိုင္ငံ၌ တိုင္ဖြန္းမုန္တိုင္းေၾကာင့္ ေသဆုံးသူ ၁၁ ဦးထိရွိလာ

ဖိလစ္ပိုင္ႏိုင္ငံ၌ ကမ္မူရီတိုင္ဖြန္းမုန္တိုင္း ဝင္ေရာက္တိုက္ခတ္စဥ္(ဓာတ္ပုံ-အင္တာနက္)
(Zawgyi)⤵⤵⤵
မနီလာ ၊ ဒီဇင္ဘာ ၄ ရက္(ဆင္ဟြာ)

ဖိလစ္ပိုင္ႏိုင္ငံ၌ ဒီဇင္ဘာ ၂ ရက္မွစတင္ကာ တိုင္ဖြန္းမုန္တိုင္းအရွိန္ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းျခင္း ႏွင့္ ေလျပင္းတိုက္ခတ္ျခင္းတို႔ေၾကာင့္ အနည္းဆုံး လူ ၁၁ ဦးေသဆုံးခဲ့ရၿပီးျဖစ္ေၾကာင္း ၊ မုန္တိုင္းလမ္းေၾကာင္းတစ္ေလွ်ာက္ ဖိလစ္ပိုင္ႏိုင္ငံ Luzonကြၽန္းေတာင္ပိုင္းျပည္နယ္မ်ား ၊ ႏိုင္ငံအလယ္ပိုင္း Samar ျပည္နယ္ တို႔တြင္ အပ်က္အစီးမ်ားစြာ ျဖစ္ေပၚခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဒီဇင္ဘာ ၄ ရက္တြင္ ေျပာၾကားခဲ့သည္။



တိုင္ဖြန္းမုန္တိုင္း ကမ္မူရီ (Kammuri)သည္ အင္အားအလြန္ျပင္းထန္ေသာ မုတ္သုံမုန္တိုင္းအျဖစ္မွ ယေန႔ဒီဇင္ဘာ ၄ ရက္ နံနက္ပိုင္းတြင္ အားေလ်ာ့လာခဲ့ေၾကာင္း ဖိလစ္ပိုင္ႏိုင္ငံေလထု၊ ပထဝီေျမျပင္ႏွင့္မိုးေလဝသဗ်ဴ႐ို(PAGASA) ၏ခန႔္မွန္းခ်က္အရ သိရသည္။

ေဒသစံေတာ္ခ်ိန္ ယေန႔နံနက္ ၄ နာရီတြင္ ထုတ္ျပန္ေသာ PAGASA ၏ ေၾကညာခ်က္၌ ကမ္မူရီသည္ ေတာင္တ႐ုတ္ပင္လယ္ကို ဦးတည္၍ ေလတိုက္ႏႈန္း တစ္နာရီ ၂၀ ကီလိုမီတာျဖင့္ အေနာက္ေျမာက္အရပ္သို႔ ဆက္လက္ေ႐ႊ႕လ်ားေနေၾကာင္း ေဖာ္ျပထားသည္။

ကမ္မူရီမုန္တိုင္းသည္ Batangas ျပည္နယ္ Ambulong ၿမိဳ႕အေနာက္ဘက္တြင္ ေလတိုက္ႏႈန္း တစ္နာရီ ၁၀၀ ကီလိုမီတာမွ ၁၂၅ ကီလိုမီတာအထိ ျမင့္တက္ၿပီး မုန္တိုင္းဗဟိုခ်က္ေနရာတြင္ ေလတိုက္ႏႈန္းတစ္နာရီ ၂၅၅ ကီလိုမီတာအထိ ရွိခဲ့ေၾကာင္း PAGASA က ဆိုသည္။

တိုင္ဖြန္းမုန္တိုင္းေၾကာင့္ေသဆုံးသူ ၁၁ ဦးထိရွိခဲ့ေၾကာင္း ယင္းတို႔အနက္ Camarines Sur ျပည္နယ္မွ သုံးဦး ၊ Sorsogon ျပည္နယ္မွ ၂ ဦး ၊ အေရွ႕Mindoro ျပည္နယ္မွ ၄ ဦး ၊ Marinduque ျပည္နယ္မွ ၁ ဦး ႏွင့္ Leyte ျပည္နယ္မွ ၁ ဦး အသီးသီးျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကဆိုသည္။

ေသဆုံးရျခင္းအေၾကာင္းအရင္းမ်ားမွာ ဓာတ္လိုက္ျခင္း ၊ သစ္ပင္သစ္ကိုင္း ပိမိျခင္း ႏွင့္ ႐ုတ္တရက္ ႏွလုံးခုန္ရပ္သြားျခင္းတို႔ ျဖင့္ေၾကာင္း ရဲတပ္ဖြဲ႕က ဆက္လက္ေျပာၾကားခဲ့သည္။

ဖိလစ္ပိုင္ႏိုင္ငံ သဘာဝေဘးအႏၲရာယ္ေလွ်ာ့ခ်ေရး ႏွင့္ စီမံခန႔္ခြဲမႈေကာင္စီ(NDRRMC) အမႈေဆာင္ၫႊန္ၾကားေရးလည္းျဖစ္သူ ကာကြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး Ricardo Jalad က Luzon အလယ္ပိုင္း ၊ Bicol ေဒသ ၊ အေရွ႕ဖ်ား Visayas ႏွင့္ အေနာက္ေတာင္ပိုင္း Tagalog ေဒသမ်ားတြင္ ကမ္မူရီမုန္တိုင္းဒဏ္သင့္ ျပည္သူ ၅၀၀,၀၀၀ နီးပါးရွိေၾကာင္း ဆိုသည္။

တိုင္ဖြန္းမုန္တိုင္းေၾကာင့္ ေသဆုံးသူဦးေရကို NDRRMC က ထုတ္ျပန္ခဲ့ျခင္း မရွိေသးေပ။ ၎ေဒသမ်ားတြင္ ကမ္မူရီမုန္တိုင္းေၾကာင့္ ေနအိမ္ ၃၈ လုံးပ်က္စီးသြားေၾကာင္း ၊ နယ္ေျမ ၈ ခုေရနစ္ျမဳပ္သြားေၾကာင္း ႏွင့္ နယ္ေျမေပါင္း ၂၀၃ ခုတြင္ လွ်ပ္စစ္မီးျပတ္ေတာက္သြားေၾကာင္း Jalad က ေျပာၾကားခဲ့သည္။

“ လမ္းပိုင္း စုစုေပါင္း ၁၈ ခုနဲ႔ တံတား ၃ စင္း ကမ္မူရီ ဒဏ္ခံလိုက္ရတယ္လို႔ စာရင္းရပါတယ္၊ အဲဒီထဲက လမ္းပိုင္း ၁၂ ခုနဲ႔ တံတား ၃ စင္းကေတာ့ အခုခ်ိန္ထိ ျဖတ္သန္းသြားလာလို႔မရေသးပါဘူး” ဟု Jalad က ဆိုသည္။

ျပည္တြင္းေလေၾကာင္း ခရီးစဥ္ ၃၂၉ ခု ႏွင့္ ႏိုင္ငံတကာေလေၾကာင္းခရီးစဥ္ ၁၉၂ ခု ဖ်က္သိမ္းခဲ့ရေၾကာင္း Ninoy Aquino ႏိုင္ငံတကာေလဆိပ္ကို ေလဆိပ္အာဏာပိုင္မ်ားက ဒီဇင္ဘာ ၃ ရက္ ေဒသစံေတာ္ခ်ိန္ နံနက္ ၁၁ နာရီမွ ည ၁၁ နာရီထိ ၁၂ နာရီၾကာ ပိတ္ထားခဲ့ရေၾကာင္း ၎က ဆိုသည္။

ထို႔ျပင္ တိုင္ဖြန္းမုန္တိုင္းေၾကာင့္ ေရလမ္းခရီးသည္ ၃,၃၃၀ ဦး ၊ ကုန္တင္ေသတၱာ ၇၈၉ ခု ၊ သေဘၤာ ၂၈ စင္း ႏွင့္ ကူးတို႔ေလွ ၃၄ စင္းတို႔ ခရီးစဥ္မ်ားကို  ရပ္နားထားရေၾကာင္း Jalad က ဆိုသည္။

ၿမိဳ႕ငယ္ေပါင္း ၈၆၅ ၿမိဳ႕ ႏွင့္ ၿမိဳ႕ႀကီးေပါင္း ၂၃၁ ၿမိဳ႕တြင္ လုပ္ကိုင္ေနၾကာသည့္ ဝန္ထမ္းႏွင့္အလုပ္သမားမ်ား ၎တို႔၏ အလုပ္ ရပ္နားထားေၾကာင္း ဆိုသည္။ ကမ္မူရီသည္ ယခုႏွစ္တြင္ ဖိလစ္ပိုင္ႏိုင္ငံသို႔ ဝင္ေရာက္တိုက္ခတ္ေသာ အလုံး၂၀ ေျမာက္ တိုင္ဖြန္းမုန္တိုင္းျဖစ္ေၾကာင္း သိရသည္။

ပ်မ္းမွ်အားျဖင့္ ဖိလစ္ပိုင္ႏိုင္ငံသည္ ႏွစ္စဥ္ တိုင္ဖြန္းမုန္တိုင္းဒဏ္ အလုံး ၂၀ ခန႔္ ႏွစ္စဥ္ခံရေၾကာင္း ႏွင့္ ယင္းတို႔အနက္အခ်ိဳ႕မွာ အင္အားအလြန္ျပင္းထန္၍ အပ်က္အစီးမ်ားျဖစ္ေပၚေၾကာင္း သိရသည္။

ဖိလစ္ပိုင္ႏိုင္ငံတြင္ မိုးတြင္းကာလအထူးသျဖင့္ မုန္တိုင္းတိုက္ခတ္ခ်ိန္တြင္ ေျမၿပိဳမႈ ႏွင့္ ေရႀကီးမႈမ်ား အၿမဲလိုလို ႀကဳံေတြ႕ခဲ့ရသည္။

၂၀၁၃ ခုႏွစ္ ႏိုဝင္ဘာလတြင္ ဖိလစ္ပိုင္ႏိုင္ငံအလယ္ပိုင္း၌ တိုက္ခတ္ခဲ့ေသာ စူပါတိုင္ဖြန္းမုန္တိုင္း Haiyan ေၾကာင့္ လူေပါင္း ၆,၃၀၀ ေသဆုံးခဲ့ရသည္။ အဆိုပါ Haiyan မုန္တိုင္းေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံ၏ ျပည္တြင္းအသားတင္ထုတ္လုပ္မႈတန္ဖိုး(GDP) ၏ ၄ဒသမ၇ ရာခိုင္ႏႈန္း (သို႔မဟုတ္) ခန႔္မွန္းေျခအေမရိကန္ေဒၚလာ ၁၂ဒသမ၉ ဘီလီယံ ဆုံးရႈံးမႈျဖစ္ေပၚခဲ့ေၾကာင္း ကမာၻ႔ဘဏ္က ဆိုသည္။

(Xinhua)
http://www.xinhuamyanmar.com
------------------
(Unicode)⤵⤵⤵
ဖိလစ်ပိုင်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၁ ဦးထိရှိလာ

ဖိလစ်ပိုင်နိုင်ငံ၌ ကမ်မူရီတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်စဉ်(ဓာတ်ပုံ-အင်တာနက်)

 မနီလာ ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ ဒီဇင်ဘာ ၂ ရက်မှစတင်ကာ တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် အနည်းဆုံး လူ ၁၁ ဦးသေဆုံးခဲ့ရပြီးဖြစ်ကြောင်း ၊ မုန်တိုင်းလမ်းကြောင်းတစ်လျှောက် ဖိလစ်ပိုင်နိုင်ငံ Luzonကျွန်းတောင်ပိုင်းပြည်နယ်များ ၊ နိုင်ငံအလယ်ပိုင်း Samar ပြည်နယ် တို့တွင် အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း ကမ်မူရီ (Kammuri)သည် အင်အားအလွန်ပြင်းထန်သော မုတ်သုံမုန်တိုင်းအဖြစ်မှ ယနေ့ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် အားလျော့လာခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံလေထု၊ ပထဝီမြေပြင်နှင့်မိုးလေဝသဗျူရို(PAGASA) ၏ခန့်မှန်းချက်အရ သိရသည်။

ဒေသစံတော်ချိန် ယနေ့နံနက် ၄ နာရီတွင် ထုတ်ပြန်သော PAGASA ၏ ကြေညာချက်၌ ကမ်မူရီသည် တောင်တရုတ်ပင်လယ်ကို ဦးတည်၍ လေတိုက်နှုန်း တစ်နာရီ ၂၀ ကီလိုမီတာဖြင့် အနောက်မြောက်အရပ်သို့ ဆက်လက်ရွှေ့လျားနေကြောင်း ဖော်ပြထားသည်။

ကမ်မူရီမုန်တိုင်းသည် Batangas ပြည်နယ် Ambulong မြို့အနောက်ဘက်တွင် လေတိုက်နှုန်း တစ်နာရီ ၁၀၀ ကီလိုမီတာမှ ၁၂၅ ကီလိုမီတာအထိ မြင့်တက်ပြီး မုန်တိုင်းဗဟိုချက်နေရာတွင် လေတိုက်နှုန်းတစ်နာရီ ၂၅၅ ကီလိုမီတာအထိ ရှိခဲ့ကြောင်း PAGASA က ဆိုသည်။

တိုင်ဖွန်းမုန်တိုင်းကြောင့်သေဆုံးသူ ၁၁ ဦးထိရှိခဲ့ကြောင်း ယင်းတို့အနက် Camarines Sur ပြည်နယ်မှ သုံးဦး ၊ Sorsogon ပြည်နယ်မှ ၂ ဦး ၊ အရှေ့Mindoro ပြည်နယ်မှ ၄ ဦး ၊ Marinduque ပြည်နယ်မှ ၁ ဦး နှင့် Leyte ပြည်နယ်မှ ၁ ဦး အသီးသီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

သေဆုံးရခြင်းအကြောင်းအရင်းများမှာ ဓာတ်လိုက်ခြင်း ၊ သစ်ပင်သစ်ကိုင်း ပိမိခြင်း နှင့် ရုတ်တရက် နှလုံးခုန်ရပ်သွားခြင်းတို့ ဖြင့်ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ သဘာဝဘေးအန္တရာယ်လျှော့ချရေး နှင့် စီမံခန့်ခွဲမှုကောင်စီ(NDRRMC) အမှုဆောင်ညွှန်ကြားရေးလည်းဖြစ်သူ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ricardo Jalad က Luzon အလယ်ပိုင်း ၊ Bicol ဒေသ ၊ အရှေ့ဖျား Visayas နှင့် အနောက်တောင်ပိုင်း Tagalog ဒေသများတွင် ကမ်မူရီမုန်တိုင်းဒဏ်သင့် ပြည်သူ ၅၀၀,၀၀၀ နီးပါးရှိကြောင်း ဆိုသည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူဦးရေကို NDRRMC က ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။ ၎င်းဒေသများတွင် ကမ်မူရီမုန်တိုင်းကြောင့် နေအိမ် ၃၈ လုံးပျက်စီးသွားကြောင်း ၊ နယ်မြေ ၈ ခုရေနစ်မြုပ်သွားကြောင်း နှင့် နယ်မြေပေါင်း ၂၀၃ ခုတွင် လျှပ်စစ်မီးပြတ်တောက်သွားကြောင်း Jalad က ပြောကြားခဲ့သည်။

“ လမ်းပိုင်း စုစုပေါင်း ၁၈ ခုနဲ့ တံတား ၃ စင်း ကမ်မူရီ ဒဏ်ခံလိုက်ရတယ်လို့ စာရင်းရပါတယ်၊ အဲဒီထဲက လမ်းပိုင်း ၁၂ ခုနဲ့ တံတား ၃ စင်းကတော့ အခုချိန်ထိ ဖြတ်သန်းသွားလာလို့မရသေးပါဘူး” ဟု Jalad က ဆိုသည်။

ပြည်တွင်းလေကြောင်း ခရီးစဉ် ၃၂၉ ခု နှင့် နိုင်ငံတကာလေကြောင်းခရီးစဉ် ၁၉၂ ခု ဖျက်သိမ်းခဲ့ရကြောင်း Ninoy Aquino နိုင်ငံတကာလေဆိပ်ကို လေဆိပ်အာဏာပိုင်များက ဒီဇင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီမှ ည ၁၁ နာရီထိ ၁၂ နာရီကြာ ပိတ်ထားခဲ့ရကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် တိုင်ဖွန်းမုန်တိုင်းကြောင့် ရေလမ်းခရီးသည် ၃,၃၃၀ ဦး ၊ ကုန်တင်သေတ္တာ ၇၈၉ ခု ၊ သင်္ဘော ၂၈ စင်း နှင့် ကူးတို့လှေ ၃၄ စင်းတို့ ခရီးစဉ်များကို  ရပ်နားထားရကြောင်း Jalad က ဆိုသည်။

မြို့ငယ်ပေါင်း ၈၆၅ မြို့ နှင့် မြို့ကြီးပေါင်း ၂၃၁ မြို့တွင် လုပ်ကိုင်နေကြာသည့် ဝန်ထမ်းနှင့်အလုပ်သမားများ ၎င်းတို့၏ အလုပ် ရပ်နားထားကြောင်း ဆိုသည်။ ကမ်မူရီသည် ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်သော အလုံး၂၀ မြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်ကြောင်း သိရသည်။

ပျမ်းမျှအားဖြင့် ဖိလစ်ပိုင်နိုင်ငံသည် နှစ်စဉ် တိုင်ဖွန်းမုန်တိုင်းဒဏ် အလုံး ၂၀ ခန့် နှစ်စဉ်ခံရကြောင်း နှင့် ယင်းတို့အနက်အချို့မှာ အင်အားအလွန်ပြင်းထန်၍ အပျက်အစီးများဖြစ်ပေါ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် မိုးတွင်းကာလအထူးသဖြင့် မုန်တိုင်းတိုက်ခတ်ချိန်တွင် မြေပြိုမှု နှင့် ရေကြီးမှုများ အမြဲလိုလို ကြုံတွေ့ခဲ့ရသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း၌ တိုက်ခတ်ခဲ့သော စူပါတိုင်ဖွန်းမုန်တိုင်း Haiyan ကြောင့် လူပေါင်း ၆,၃၀၀ သေဆုံးခဲ့ရသည်။ အဆိုပါ Haiyan မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) ၏ ၄ဒသမ၇ ရာခိုင်နှုန်း (သို့မဟုတ်) ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၁၂ဒသမ၉ ဘီလီယံ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
ဖိလစ္ပိုင္ႏိုင္ငံ၌ တိုင္ဖြန္းမုန္တိုင္းေၾကာင့္ ေသဆုံးသူ ၁၁ ဦးထိရွိလာ ဖိလစ္ပိုင္ႏိုင္ငံ၌ တိုင္ဖြန္းမုန္တိုင္းေၾကာင့္ ေသဆုံးသူ ၁၁ ဦးထိရွိလာ Reviewed by THITHTOOLWIN on 04:02 Rating: 5
Powered by Blogger.