လက္ပံေတာင္း ေၾကးနီစီမံကိန္းတြင္ တ႐ုတ္လုပ္သားတစ္ဦး က်င္းထဲျပဳတ္က် ေသဆုံး

(Zawgyi)⤵⤵⤵
ဆားလင္းႀကီး၊ ဒီဇင္ဘာ ၂၂

ဆားလင္းႀကီးၿမိဳ႕နယ္ရွိ ျမန္မာ-ဝမ္ေပါင္ကုမၸဏီ၏ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္း ေက်ာက္ထုတ္လုပ္ေရး က်င္းအတြင္း သံျဖတ္လုပ္ငန္းတာဝန္ခံ တ႐ုတ္ႏိုင္ငံသားတစ္ဦး ျပဳတ္က်ေသဆုံးမႈ ဒီဇင္ဘာ ၂၁ ရက္ညေနပိုင္းက ျဖစ္ခဲ့သည္။

ေၾကးနီစီမံကိန္းအတြင္း အနက္ ၁၈ ေပ ခန႔္ ရွိ ေက်ာက္ထုတ္လုပ္ေရးက်င္းေဟာင္းတြင္ ျပဳတ္က်ေသခဲ့ျခင္းျဖစ္ေၾကာင္း နယ္ေျမခံ ေညာင္ပင္ႀကီးရဲကင္းစခန္းမွ အတည္ျပဳသည္။

“ ေက်ာက္စလစ္ထုတ္တဲ့က်င္းပါ။ က်င္းကို အသုံးမျပဳေတာ့လို႔ က်င္းဝမွာရွိတဲ့ ပစၥည္းေတြ ျဖဳတ္ေနရင္း အရွိန္လြန္က်တာလို႔ သိရတယ္” ဟု ေညာင္ပင္ႀကီးရဲကင္းစခန္းမႉး ရဲအုပ္လႈိင္ဘြားကိုကိုက ယေန႔ဆက္သြယ္ေမးျမန္းမႈတြင္ေျပာသည္။

အသက္ ၄၅ ႏွစ္အ႐ြယ္ရွိ တ႐ုတ္ႏိုင္ငံသားမွာ ၂၀၁၉ ဒီဇင္ဘာ ၁၀ ရက္မွ ၂၀၂၀ မတ္ လ ၉ရက္အထိ ေနထိုင္ခြင့္ဗီဇာျဖင့္ လာေရာက္လုပ္ကိုင္သူျဖစ္သည္။

၎သည္ က်င္းဝရွိ သံေဘာင္ေပၚတြင္ သံျဖတ္လုပ္ငန္းမ်ား လုပ္ေဆာင္စဥ္ က်င္းအတြင္းျပဳတ္က်၍ ဘယ္ဘက္မ်က္ခုံး ဘယ္ဘက္ပါး စုတ္ၿပဲဒဏ္ရာ၊ ဘယ္ဘက္နားႏွင့္ ႏွာေခါင္းေသြးယို ဒဏ္ရာမ်ားရရွိသျဖင့္ မုံ႐ြာေဆး႐ုံႀကီးသို႔ ပို႔ေဆာင္စဥ္ လမ္း၌ ေသဆုံးခဲ့သည္။

ယင္းျဖစ္စဥ္အား ဆားလင္းႀကီးၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္ ၁၁/၂၀၁၉ ျဖင့္ အမႈေရးဖြင့္ကာ ဒုရဲမႉး ေအးမင္းသိန္းမွ စစ္ေဆးေဆာင္႐ြက္ေနသည္။

ေမာင္ေလးငယ္ငယ္
Monywa Gazette
https://www.facebook.com/monywagazette
-----------
(Unicode)⤵⤵⤵
လက်ပံတောင်း ကြေးနီစီမံကိန်းတွင် တရုတ်လုပ်သားတစ်ဦး ကျင်းထဲပြုတ်ကျ သေဆုံး

ဆားလင်းကြီး၊ ဒီဇင်ဘာ ၂၂

ဆားလင်းကြီးမြို့နယ်ရှိ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကျောက်ထုတ်လုပ်ရေး ကျင်းအတွင်း သံဖြတ်လုပ်ငန်းတာဝန်ခံ တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဒီဇင်ဘာ ၂၁ ရက်ညနေပိုင်းက ဖြစ်ခဲ့သည်။

ကြေးနီစီမံကိန်းအတွင်း အနက် ၁၈ ပေ ခန့် ရှိ ကျောက်ထုတ်လုပ်ရေးကျင်းဟောင်းတွင် ပြုတ်ကျသေခဲ့ခြင်းဖြစ်ကြောင်း နယ်မြေခံ ညောင်ပင်ကြီးရဲကင်းစခန်းမှ အတည်ပြုသည်။

“ ကျောက်စလစ်ထုတ်တဲ့ကျင်းပါ။ ကျင်းကို အသုံးမပြုတော့လို့ ကျင်းဝမှာရှိတဲ့ ပစ္စည်းတွေ ဖြုတ်နေရင်း အရှိန်လွန်ကျတာလို့ သိရတယ်” ဟု ညောင်ပင်ကြီးရဲကင်းစခန်းမှူး ရဲအုပ်လှိုင်ဘွားကိုကိုက ယနေ့ဆက်သွယ်မေးမြန်းမှုတွင်ပြောသည်။

အသက် ၄၅ နှစ်အရွယ်ရှိ တရုတ်နိုင်ငံသားမှာ ၂၀၁၉ ဒီဇင်ဘာ ၁၀ ရက်မှ ၂၀၂၀ မတ် လ ၉ရက်အထိ နေထိုင်ခွင့်ဗီဇာဖြင့် လာရောက်လုပ်ကိုင်သူဖြစ်သည်။

၎င်းသည် ကျင်းဝရှိ သံဘောင်ပေါ်တွင် သံဖြတ်လုပ်ငန်းများ လုပ်ဆောင်စဉ် ကျင်းအတွင်းပြုတ်ကျ၍ ဘယ်ဘက်မျက်ခုံး ဘယ်ဘက်ပါး စုတ်ပြဲဒဏ်ရာ၊ ဘယ်ဘက်နားနှင့် နှာခေါင်းသွေးယို ဒဏ်ရာများရရှိသဖြင့် မုံရွာဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးခဲ့သည်။

ယင်းဖြစ်စဉ်အား ဆားလင်းကြီးမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ် ၁၁/၂၀၁၉ ဖြင့် အမှုရေးဖွင့်ကာ ဒုရဲမှူး အေးမင်းသိန်းမှ စစ်ဆေးဆောင်ရွက်နေသည်။

Monywa Gazette
https://www.facebook.com/monywagazette
လက္ပံေတာင္း ေၾကးနီစီမံကိန္းတြင္ တ႐ုတ္လုပ္သားတစ္ဦး က်င္းထဲျပဳတ္က် ေသဆုံး လက္ပံေတာင္း ေၾကးနီစီမံကိန္းတြင္ တ႐ုတ္လုပ္သားတစ္ဦး က်င္းထဲျပဳတ္က် ေသဆုံး Reviewed by THITHTOOLWIN on 21:54 Rating: 5
Powered by Blogger.