ပဲခူးၿမိဳ႕တြင္ လူသတ္ၿပီး ပစၥည္းမ်ားယူေဆာင္သြားသူ ႏွစ္ဦးအား အမႈဖြင့္အေရးယူထား

(Zawgyi)⤵⤵⤵
ေနျပည္ေတာ္ ဒီဇင္ဘာ ၇

ပဲခူးတိုင္းေဒသႀကီး ပဲခူးၿမိဳ႕တြင္ လူသတ္ၿပီးပစၥည္းမ်ား ယူေဆာင္သြားသူ ႏွစ္ဦးအား အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ပဲခူးၿမိဳ႕ သနပ္ပင္ တန္းရပ္ကြက္ေန ဦးဝင္းထြဋ္ (၅၂ ႏွစ္)သည္ ဒီဇင္ဘာ ၅ ရက္ နံနက္ ၁၁ နာရီက ေနအိမ္မွ အင္းတေကာ္ ၿမိဳ႕ ေတာင္ႀကီးကြဲေက်း႐ြာရွိ ၎၏ ၿခံသို႔ ေမာ္ေတာ္ယာဥ္ျဖင့္ တစ္ဦး တည္းထြက္ခြာသြားရာမွ ျပန္လည္ ေရာက္ရွိလာျခင္း မရွိသျဖင့္ ပဲခူး ၿမိဳ႕မရဲစခန္း၌ လူေပ်ာက္အမွတ္စဥ္ (၇၅/၂၀၁၉)ျဖင့္ ေရးဖြင့္စုံစမ္းခဲ့ရာ ဒီဇင္ဘာ ၆ ရက္ နံနက္ ၅ နာရီခန႔္ တြင္ အဆိုပါၿခံေစာင့္တဲ၏ အေနာက္ ဘက္ ေပ ၂၀၀ ခန႔္အကြာ ဖြဲျပာပုံအနီး ၌ ဦးဝင္းထြဋ္အား ဦးေခါင္းေနာက္ေစ့၊ မ်က္ႏွာ၊ ရင္ဘတ္ေပါက္ၿပဲပြန္းပဲ့ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနၿပီး ၎ဝတ္ဆင္ထားသည့္ ပတၱျမား လက္စြပ္ တစ္ကြင္း(တန္ဖိုးေငြက်ပ္ သိန္း ၅၀)၊ I Phone 10 (တန္ဖိုး ေငြက်ပ္ ၁၈ သိန္း)၊ Samsung ဖုန္းတစ္လုံး (တန္ဖိုးေငြက်ပ္ ေျခာက္သိန္း)၊ လက္ပတ္နာရီ တစ္လုံး (တန္ဖိုး ေငြက်ပ္ ရွစ္သိန္း)ႏွင့္ Land Cruiser ယာဥ္မွာ ေပ်ာက္ဆုံးေနေၾကာင္း ေတြ႕ရွိ ရသည္။

ဖမ္းဆီးရမိ
ရဲတပ္ဖြဲ႕မွ အမႈအား စုံစမ္း စစ္ေဆးခဲ့ရာ အဆိုပါၿခံ၌ တပ္ဆင္ ထားသည့္ CCTV မွတ္တမ္းအရ ၿခံေစာင့္ျဖစ္သူ ေအးေဇာ္ထြန္း (၂၃ ႏွစ္)အား တုတ္တစ္ေခ်ာင္း ကိုင္ေဆာင္လ်က္ ၿခံအတြင္း မသကၤာ ဖြယ္ ေတြ႕ရွိရေၾကာင္းႏွင့္ ေသဆုံးသူ ၏ ေမာ္ေတာ္ယာဥ္မွာ ေထာက္ႀကံ့ တိုးဂိတ္ႏွင့္ သာယာဝတီတိုးဂိတ္ မ်ားအား ျဖတ္သန္းေမာင္းႏွင္သြား ေၾကာင္း သိရွိရသျဖင့္ လိုက္လံစုံစမ္း ရွာေဖြရာ ဒီဇင္ဘာ ၆ ရက္ ညေန ၅ နာရီခြဲတြင္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ သျပဳပင္ေက်း႐ြာအနီး၌ ေအးေဇာ္ ထြန္းအား ေမာ္ေတာ္ယာဥ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

အေရးယူေဆာင္႐ြက္
ျပစ္မႈက်ဴးလြန္သူ ေအးေဇာ္ထြန္း အား စစ္ေမးရာ ၎သည္ လြန္ခဲ့ေသာ တစ္ပတ္ခန႔္က ဦးဝင္းထြဋ္၏ၿခံတြင္ အေစာင့္အျဖစ္ လုပ္ကိုင္ခဲ့ေၾကာင္း၊ အခင္းျဖစ္သည့္ေန႔ ဦးဝင္းထြဋ္ ၿခံသို႔ ေရာက္ရွိလာခဲ့စဥ္ ယခင္ၿခံေစာင့္ လုပ္ကိုင္သူ ၎၏ အစ္ကိုဝမ္းကြဲ စန္းမ်ိဳးထြန္းပါ ႏွစ္ဦးတို႔ႏွင့္ စကား မ်ား ရန္ျဖစ္ေနစဥ္ ၎က သစ္သား တုတ္ျဖင့္ ႐ိုက္ႏွက္ခဲ့၍ ေသဆုံးသြား ေၾကာင္း၊ ၎ေနာက္ ေသဆုံးသူ၏ ပတၱျမားလက္စြပ္၊ လက္ကိုင္ဖုန္း ႏွစ္လုံးႏွင့္ ေမာ္ေတာ္ယာဥ္တို႔အား ယူေဆာင္၍ ႀကိဳ႕ပင္ေကာက္ၿမိဳ႕ဘက္ သို႔ ထြက္ခြာခဲ့ျခင္းျဖစ္ေၾကာင္း သိရွိ ရသျဖင့္ သက္ေသခံပစၥည္းမ်ား အား သိမ္းဆည္းကာ အမႈအား အင္းတေကာ္ နယ္ေျမရဲစခန္းက အေရးယူ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။

သတင္းစဥ္
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
--------------
(Unicode)⤵⤵⤵
ပဲခူးမြို့တွင် လူသတ်ပြီး ပစ္စည်းများယူဆောင်သွားသူ နှစ်ဦးအား အမှုဖွင့်အရေးယူထား

နေပြည်တော် ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် လူသတ်ပြီးပစ္စည်းများ ယူဆောင်သွားသူ နှစ်ဦးအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးမြို့ သနပ်ပင် တန်းရပ်ကွက်နေ ဦးဝင်းထွဋ် (၅၂ နှစ်)သည် ဒီဇင်ဘာ ၅ ရက် နံနက် ၁၁ နာရီက နေအိမ်မှ အင်းတကော် မြို့ တောင်ကြီးကွဲကျေးရွာရှိ ၎င်း၏ ခြံသို့ မော်တော်ယာဉ်ဖြင့် တစ်ဦး တည်းထွက်ခွာသွားရာမှ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် ပဲခူး မြို့မရဲစခန်း၌ လူပျောက်အမှတ်စဉ် (၇၅/၂၀၁၉)ဖြင့် ရေးဖွင့်စုံစမ်းခဲ့ရာ ဒီဇင်ဘာ ၆ ရက် နံနက် ၅ နာရီခန့် တွင် အဆိုပါခြံစောင့်တဲ၏ အနောက် ဘက် ပေ ၂၀၀ ခန့်အကွာ ဖွဲပြာပုံအနီး ၌ ဦးဝင်းထွဋ်အား ဦးခေါင်းနောက်စေ့၊ မျက်နှာ၊ ရင်ဘတ်ပေါက်ပြဲပွန်းပဲ့ ဒဏ်ရာများဖြင့် သေဆုံးနေပြီး ၎င်းဝတ်ဆင်ထားသည့် ပတ္တမြား လက်စွပ် တစ်ကွင်း(တန်ဖိုးငွေကျပ် သိန်း ၅၀)၊ I Phone 10 (တန်ဖိုး ငွေကျပ် ၁၈ သိန်း)၊ Samsung ဖုန်းတစ်လုံး (တန်ဖိုးငွေကျပ် ခြောက်သိန်း)၊ လက်ပတ်နာရီ တစ်လုံး (တန်ဖိုး ငွေကျပ် ရှစ်သိန်း)နှင့် Land Cruiser ယာဉ်မှာ ပျောက်ဆုံးနေကြောင်း တွေ့ရှိ ရသည်။

ဖမ်းဆီးရမိ
ရဲတပ်ဖွဲ့မှ အမှုအား စုံစမ်း စစ်ဆေးခဲ့ရာ အဆိုပါခြံ၌ တပ်ဆင် ထားသည့် CCTV မှတ်တမ်းအရ ခြံစောင့်ဖြစ်သူ အေးဇော်ထွန်း (၂၃ နှစ်)အား တုတ်တစ်ချောင်း ကိုင်ဆောင်လျက် ခြံအတွင်း မသင်္ကာ ဖွယ် တွေ့ရှိရကြောင်းနှင့် သေဆုံးသူ ၏ မော်တော်ယာဉ်မှာ ထောက်ကြံ့ တိုးဂိတ်နှင့် သာယာဝတီတိုးဂိတ် များအား ဖြတ်သန်းမောင်းနှင်သွား ကြောင်း သိရှိရသဖြင့် လိုက်လံစုံစမ်း ရှာဖွေရာ ဒီဇင်ဘာ ၆ ရက် ညနေ ၅ နာရီခွဲတွင် ကြို့ပင်ကောက်မြို့နယ် သပြုပင်ကျေးရွာအနီး၌ အေးဇော် ထွန်းအား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အရေးယူဆောင်ရွက်
ပြစ်မှုကျူးလွန်သူ အေးဇော်ထွန်း အား စစ်မေးရာ ၎င်းသည် လွန်ခဲ့သော တစ်ပတ်ခန့်က ဦးဝင်းထွဋ်၏ခြံတွင် အစောင့်အဖြစ် လုပ်ကိုင်ခဲ့ကြောင်း၊ အခင်းဖြစ်သည့်နေ့ ဦးဝင်းထွဋ် ခြံသို့ ရောက်ရှိလာခဲ့စဉ် ယခင်ခြံစောင့် လုပ်ကိုင်သူ ၎င်း၏ အစ်ကိုဝမ်းကွဲ စန်းမျိုးထွန်းပါ နှစ်ဦးတို့နှင့် စကား များ ရန်ဖြစ်နေစဉ် ၎င်းက သစ်သား တုတ်ဖြင့် ရိုက်နှက်ခဲ့၍ သေဆုံးသွား ကြောင်း၊ ၎င်းနောက် သေဆုံးသူ၏ ပတ္တမြားလက်စွပ်၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် မော်တော်ယာဉ်တို့အား ယူဆောင်၍ ကြို့ပင်ကောက်မြို့ဘက် သို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသဖြင့် သက်သေခံပစ္စည်းများ အား သိမ်းဆည်းကာ အမှုအား အင်းတကော် နယ်မြေရဲစခန်းက အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

သတင်းစဉ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပဲခူးၿမိဳ႕တြင္ လူသတ္ၿပီး ပစၥည္းမ်ားယူေဆာင္သြားသူ ႏွစ္ဦးအား အမႈဖြင့္အေရးယူထား ပဲခူးၿမိဳ႕တြင္ လူသတ္ၿပီး ပစၥည္းမ်ားယူေဆာင္သြားသူ ႏွစ္ဦးအား အမႈဖြင့္အေရးယူထား Reviewed by THITHTOOLWIN on 02:47 Rating: 5
Powered by Blogger.