အိုင္စီေဂ်မွာ အတိုင္ပင္ခံကို ႏိုင္ငံတကာေရာက္ ျမန္မာ ၂၅၀ ေလာက္ ဝန္းရံၾကမယ္

ဝန္းရံသူေတြ ရန္ကုန္ေလဆိပ္ကေန နယ္သာလန္ႏိုင္ငံကို ထြက္ခြာသြားၾကၿပီ
(Zawgyi)⤵⤵⤵
အျပည္ျပည္ဆိုင္ရာ တရား႐ုံး အိုင္စီေဂ်မွာ သြားေရာက္ ရင္ဆိုင္မယ့္ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံတကာေရာက္ ျမန္မာ ၂၅၀ နီးပါး လာေရာက္ ဝန္းရံဖို႔ ရွိေနတယ္လို႔ ယူေကႏိုင္ငံက ဦးေဆာင္စီစဥ္သူ တစ္ဦး ျဖစ္တဲ့ မပိုးျဖဴသန႔္က ဘီဘီစီကို ေျပာပါတယ္။

နယ္သာလန္မွာ ေထာက္ခံပြဲအတြက္ လူ၂၅၀ အေရအတြက္နဲ႔ တရားဝင္ ခြင့္ျပဳမိန႔္ ေလွ်ာက္ထားၿပီး ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

အဓိကကေတာ့ ဝန္းရံသူေတြဟာ ဒီဇင္ဘာလ ၁၁ ရက္နဲ႔ ၁၂ ရက္ေန႔ကို အဓိက ဝန္းရံၾကဖို႔ ရွိၿပီး မနက္ေစာေစာ ေဒၚေအာင္ဆန္းစုၾကည္ မလာခင္ တရား႐ုံးေရွ႕မွာ သြားေစာင့္ၾကမယ္၊ တရား႐ုံးမွာလည္း ျမန္မာ အမ်ားစုက ဝင္ နားေထာင္ၾကဖို႔ စီစဥ္ထားတယ္လို႔ ဆိုပါတယ္။

 ေနျပည္ေတာ္ကေန အထူးေလယာဥ္နဲ႔ ထိုင္းႏိုင္ငံ ဘန္ေကာက္ကေန တဆင့္ နယ္သာလန္ႏိုင္ငံကို ေဒၚေအာင္ဆန္းစုၾကည္ ထြက္ခြာ
ျမန္မာႏိုင္ငံက လာေရာက္ ဝန္းရံသူ အခ်ိဳ႕ကေတာ့ ဒီဇင္ဘာလ ၈ ရက္ေန႔က ရန္ကုန္ေလဆိပ္ကေန နယ္သာလန္ႏိုင္ငံကို ထြက္ခြာသြားၾကၿပီ ျဖစ္ပါတယ္။

အဲဒီထဲမွာ အႏုပညာနယ္ပယ္၊ တရားဥပေဒေရးရာ နယ္ပယ္၊ ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူေတြ အပါအဝင္ ဆိုရွယ္မီဒီယာမွာ လူသိ ထင္ရွားတဲ့ လူစုစုေပါင္း အေယာက္၂၀ ေက်ာ္ ပါဝင္တယ္လို႔ သိရပါတယ္။

နယ္သာလန္ႏိုင္ငံ ေရာက္ရင္ေတာ့ နယ္သာလန္ေရာက္ ျမန္မာေတြနဲ႔ ပူးေပါင္းသြားမယ္လို႔ သိရပါတယ္။

ဥေရာပေရာက္ ျမန္မာေတြကေတာ့ စုစုေပါင္း ၂၅၀ ေလာက္ ဝန္းရံမွာ ျဖစ္ၿပီး စုစုေပါင္းလူ ၃၀၀ ေလာက္ ျဖစ္သြားႏိုင္တယ္လို႔လည္း မပိုးျဖဴသန႔္ က ေျပာပါတယ္။

ဥေရာပ ကေန နယ္သာလန္ကို လာေရာက္ၾကသူေတြထဲမွာ ဥေရာပမွာ ပညာသင္ေနၾကတဲ့ ေက်ာင္းသား ေက်ာင္းသူေတြ၊ အလုပ္ လုပ္ေနၾကသူေတြ အမ်ားစု ပါတယ္လို႔လည္း မပိုးျဖဴသန႔္က ေျပာပါတယ္။

နယ္သာလန္ႏိုင္ငံက အိုင္စီေဂ် တရား႐ုံးထဲမွာ ျမန္မာေတြ ဝင္နားေထာင္မွာ ျဖစ္သလို အျပင္မွာလည္း ႏိုင္ငံေတာ္ အလံေတြကိုင္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာပါေစ၊ အသက္ရွည္ပါေစ၊ ေႂကြးေၾကာ္ဖို႔ စီစဥ္ထားသလို ဗီႏိုင္းေတြ၊ ပိုစတာေတြ ကိုင္ၿပီး ဝန္းရံဖို႔ ရွိတယ္လို႔ မပိုးျဖဴသန္႔္က ေျပာပါတယ္။

စတင္ ထြက္ခြာတဲ့ ေန႔မွာပဲ ျမန္မာႏိုင္ငံအႏွံ႔က ၿမိဳ႕ ၇ ၿမိဳ႕ထက္ မနည္းမွာ ေထာက္ခံပြဲေတြ လုပ္ခဲ့ၾက
ရခိုင္ျပည္နယ္က လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္ၿပီး ဂမ္ဘီယာႏိုင္ငံက ဦးေဆာင္ တရားစြဲဆိုထားတဲ့ ကိစၥကို ျမန္မာဘက္က ဒီဇင္ဘာလ ၁၀ ရက္ကေန ၁၂ ရက္အထိ တုံ႔ျပန္ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

အိုင္စီေဂ် မွာ တရားရင္ဆိုင္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေနျပည္ေတာ္ကေန အထူးေလယာဥ္နဲ႔ ထိုင္းႏိုင္ငံ ဘန္ေကာက္ကေန တဆင့္ နယ္သာလန္ႏိုင္ငံကို ထြက္ခြာသြားတယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးက သတင္း ထုတ္ျပန္ထားပါတယ္။

စတင္ ထြက္ခြာတဲ့ေန႔မွာပဲ ျမန္မာႏိုင္ငံအႏွံ႔က ၿမိဳ႕ ၇ ၿမိဳ႕ထက္ မနည္းမွာ ေဒၚေအာင္ဆန္းစုၾကည္ ကို ဝန္းရံ ေထာက္ခံပြဲေတြ လုပ္ခဲ့ၾကပါတယ္။

BBC Burmese
https://www.bbc.com
------------------------
(Unicode)⤵⤵⤵
အိုင်စီဂျေမှာ အတိုင်ပင်ခံကို နိုင်ငံတကာရောက် မြန်မာ ၂၅၀ လောက် ဝန်းရံကြမယ်

ဓာတ်ပုံ မူပိုင် Mg Mg Aye FB
Image caption ဝန်းရံသူတွေ ရန်ကုန်လေဆိပ်ကနေ နယ်သာလန်နိုင်ငံကို ထွက်ခွာသွားကြပြီ

အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေမှာ သွားရောက် ရင်ဆိုင်မယ့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာရောက် မြန်မာ ၂၅၀ နီးပါး လာရောက် ဝန်းရံဖို့ ရှိနေတယ်လို့ ယူကေနိုင်ငံက ဦးဆောင်စီစဉ်သူ တစ်ဦး ဖြစ်တဲ့ မပိုးဖြူသန့်က ဘီဘီစီကို ပြောပါတယ်။

နယ်သာလန်မှာ ထောက်ခံပွဲအတွက် လူ၂၅၀ အရေအတွက်နဲ့ တရားဝင် ခွင့်ပြုမိန့် လျှောက်ထားပြီး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အဓိကကတော့ ဝန်းရံသူတွေဟာ ဒီဇင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့ကို အဓိက ဝန်းရံကြဖို့ ရှိပြီး မနက်စောစော ဒေါ်အောင်ဆန်းစုကြည် မလာခင် တရားရုံးရှေ့မှာ သွားစောင့်ကြမယ်၊ တရားရုံးမှာလည်း မြန်မာ အများစုက ဝင် နားထောင်ကြဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Myanmar state counsellor office
Image caption နေပြည်တော်ကနေ အထူးလေယာဉ်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ တဆင့် နယ်သာလန်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာ

မြန်မာနိုင်ငံက လာရောက် ဝန်းရံသူ အချို့ကတော့ ဒီဇင်ဘာလ ၈ ရက်နေ့က ရန်ကုန်လေဆိပ်ကနေ နယ်သာလန်နိုင်ငံကို ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။

အဲဒီထဲမှာ အနုပညာနယ်ပယ်၊ တရားဥပဒေရေးရာ နယ်ပယ်၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အပါအဝင် ဆိုရှယ်မီဒီယာမှာ လူသိ ထင်ရှားတဲ့ လူစုစုပေါင်း အယောက်၂၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

နယ်သာလန်နိုင်ငံ ရောက်ရင်တော့ နယ်သာလန်ရောက် မြန်မာတွေနဲ့ ပူးပေါင်းသွားမယ်လို့ သိရပါတယ်။

ဥရောပရောက် မြန်မာတွေကတော့ စုစုပေါင်း ၂၅၀ လောက် ဝန်းရံမှာ ဖြစ်ပြီး စုစုပေါင်းလူ ၃၀၀ လောက် ဖြစ်သွားနိုင်တယ်လို့လည်း မပိုးဖြူသန့် က ပြောပါတယ်။

ဥရောပ ကနေ နယ်သာလန်ကို လာရောက်ကြသူတွေထဲမှာ ဥရောပမှာ ပညာသင်နေကြတဲ့ ကျောင်းသား ကျောင်းသူတွေ၊ အလုပ် လုပ်နေကြသူတွေ အများစု ပါတယ်လို့လည်း မပိုးဖြူသန့်က ပြောပါတယ်။

နယ်သာလန်နိုင်ငံက အိုင်စီဂျေ တရားရုံးထဲမှာ မြန်မာတွေ ဝင်နားထောင်မှာ ဖြစ်သလို အပြင်မှာလည်း နိုင်ငံတော် အလံတွေကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ အသက်ရှည်ပါစေ၊ ကြွေးကြော်ဖို့ စီစဉ်ထားသလို ဗီနိုင်းတွေ၊ ပိုစတာတွေ ကိုင်ပြီး ဝန်းရံဖို့ ရှိတယ်လို့ မပိုးဖြူသန့်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption စတင် ထွက်ခွာတဲ့ နေ့မှာပဲ မြန်မာနိုင်ငံအနှံ့က မြို့ ၇ မြို့ထက် မနည်းမှာ ထောက်ခံပွဲတွေ လုပ်ခဲ့ကြ

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက ဦးဆောင် တရားစွဲဆိုထားတဲ့ ကိစ္စကို မြန်မာဘက်က ဒီဇင်ဘာလ ၁၀ ရက်ကနေ ၁၂ ရက်အထိ တုံ့ပြန် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

အိုင်စီဂျေ မှာ တရားရင်ဆိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကနေ အထူးလေယာဉ်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ တဆင့် နယ်သာလန်နိုင်ငံကို ထွက်ခွာသွားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

စတင် ထွက်ခွာတဲ့နေ့မှာပဲ မြန်မာနိုင်ငံအနှံ့က မြို့ ၇ မြို့ထက် မနည်းမှာ ဒေါ်အောင်ဆန်းစုကြည် ကို ဝန်းရံ ထောက်ခံပွဲတွေ လုပ်ခဲ့ကြပါတယ်။

BBC Burmese
https://www.bbc.com
အိုင္စီေဂ်မွာ အတိုင္ပင္ခံကို ႏိုင္ငံတကာေရာက္ ျမန္မာ ၂၅၀ ေလာက္ ဝန္းရံၾကမယ္ အိုင္စီေဂ်မွာ အတိုင္ပင္ခံကို ႏိုင္ငံတကာေရာက္ ျမန္မာ ၂၅၀ ေလာက္ ဝန္းရံၾကမယ္ Reviewed by THITHTOOLWIN on 02:34 Rating: 5
Powered by Blogger.