ရဲအဖြဲ႕ရဲ႕ ဗစ္တိုးရီးယားအမႈ ေျပာဆိုခ်က္ကို အရပ္ဘက္အဖြဲ႕ေတြ ကန႔္ကြက္

ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ၂၀၁၉ ဒီဇင္ဘာ ၁၉ ရက္ေန႔က ေနျပည္ေတာ္မွာ သတင္းစာရွင္းလင္းစဥ္ / Photo: Thet Su Aung/RFA
(Zawgyi)⤵⤵⤵
ဒီဇင္ဘာ ၁၉ ရက္ေန႔က က်င္းပတဲ့ ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က ဗစ္တိုးရီးယားကေလးငယ္ရဲ႕ အမည္၊ မိခင္အမည္၊ ေနရပ္လိပ္စာ၊ အလုပ္အကိုင္ေတြကို ေရးသားေဖာ္ျပထားတဲ့ အမႈဖြင့္တိုင္ၾကားခ်က္ အေထာက္အထားကို ဓါတ္ပုံေတြနဲ႔တစ္ကြ ေဖာ္ျပခဲ့ပါတယ္။

သတင္းမီဒီယာေတြက တိုက္႐ိုက္ထုတ္လြင့္ျပသခ်ိန္မွာ အဲဒီအခ်က္အလက္ေတြဟာ ေဖာ္ျပ ပါရွိသြားတာျဖစ္ၿပီး ရဲဇာနည္ေဖ့ဘြတ္ စာမ်က္ႏွာမွာလည္း အဲဒီအခ်က္အလက္ေတြကို ေဖာ္ျပထားခဲ့တာျဖစ္ပါတယ္။

ကေလးေတြကို ကာကြယ္ေစာင့္ေရွာက္ရမယ္ဆိုတာ လူတိုင္း ကိုယ္က်င့္သီလ စာရိတၱပိုင္းဆိုင္ရာ ေစာင့္ထိန္းရမယ့္ကိစၥ ျဖစ္တယ္လို႔ Equality Myanmar က ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္း က ေျပာပါတယ္။

“ကေလးေတြကို ကာကြယ္ေစာင့္ေရွာက္ေပးရမယ္ဆိုတာ လူတိုင္းရဲ႕ အက်င့္စာရိတၱပိုင္းဆိုင္ရာ ျဖစ္ပါတယ္။ အခုလို တရားဝင္က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ သူ႔ရဲ႕ အေၾကာင္းအရာေတြ ေဖာ္ထုတ္လိုက္တဲ့ကိစၥက လူ႔က်င့္ဝတ္နဲ႔ ပီသတဲ့သူဆို မလုပ္ေဆာင္သင့္တဲ့ကိစၥ၊ ဒါက ထိန္းသိမ္းရမယ့္ ကာကြယ္ရမယ့္ ကိစၥ။ ဘယ္ေလာက္ထိ တရားဥပေဒနဲ႔ ပတ္သက္လို႔ သတင္းတိက်မႈအက်ိဳးရွိေပမယ့္ ကေလးအေပၚမွာ ထိခိုက္ႏိုင္တဲ့ ဆိုးက်ိဳးက ပိုမ်ားတယ္။ ဒါက ေျပာမယ္ဆိုရင္ ႏိုင္ငံတကာ စာခ်ဳပ္မွာပါတဲ့ ကေလးအခြင့္အေရး ခ်ိဳးေဖာက္မႈကို ထိခိုက္တာျဖစ္တယ္၊ အဲဒီကိစၥျဖစ္လာရင္ သက္ဆိုင္ရာႏိုင္ငံက လိုအပ္သလို ကိုင္တြယ္ေျဖရွင္းရမွာ ျဖစ္ပါတယ္။”

အဲဒီလိုရဲတပ္ဖြဲ႕ရဲ႕ ေဖာ္ျပခ်က္ေတြအေပၚ  ရႈတ္ခ်ေၾကာင္းနဲ႔ အစိုးရအဖြဲ႕အေနနဲ႔ အေရးယူေပးဖို႔  မေကြးတိုင္းေဒသႀကီးက မေကြးတိုင္း အမ်ိဳးသမီးသမဂၢ၊ ၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႕အစည္း (မေကြး)၊ မေကြးတိုင္းေဒသႀကီးေတာင္သူလယ္သမားသမဂၢ၊ ေရစႀကိဳၿမိဳ႕နယ္ လူငယ္ကြန္ရက္၊ ျပည္သူ႔လူမႈဘဝျမႇင့္တင္ေရးအဖြဲ႕ စတဲ့ အရပ္ဖက္အဖြဲ႕အစည္း ၃၃ ဖြဲ႕က ေၾကညာခ်က္ ထုတ္ျပန္ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။

ေၾကညာခ်က္ထုတ္ျပန္လိုက္တဲ့ မေကြးအရပ္ဖက္အဖြဲ႕အစည္းေတြရဲ႕ ကိုယ္စားလွယ္ ဦးမ်ိဳးျမင့္ဦးက တရားဥပေဒစိုးမိုးေရးလုပ္ေဆာင္ေပးရတဲ့အဖြဲ႕က ဒီလိုလုပ္တာဟာ ျပည္သူေတြနဲ႔အဖြဲ႕အစည္းၾကား ယုံၾကည္မႈေပ်ာက္ေနတာကို ပိုဆိုးလာေစတယ္လို႔ေျပာပါတယ္။

“တရားဥပေဒစိုးမိုးေရးကို ျပည္သူေတြအတြက္ အဓိက ေဖာ္ေဆာင္းေပးေနတဲ့အဖြဲ႕အစည္းက ဒီလိုမ်ိဳးျဖစ္တယ္ဆိုတာ ျပည္သူေတြအတြက္ လုံၿခဳံစိတ္ခ်မႈမရွိဘူး၊ ယုံၾကည္မႈေပ်ာက္တယ္ဆိုတာေတြ ျဖစ္တယ္။ တိုင္းျပည္တည္ေဆာင္ေရး ဒီမိုကေရစီထူေထာင္တဲ့ အခါမွာလည္း အဟန႔္အတားေတြျဖစ္တယ္ လူထုပူးေပါင္းပါဝင္မႈနဲ႔ လူထုနဲ႔ အစိုးရၾကားမွာလည္း ယုံၾကည္မႈေတြ ေလွ်ာ့က်ေစတယ္။”

တည္ဆဲကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒ အခန္း၂၅၊ ပုဒ္မ ၉၆ (ဃ) အရ ျပစ္မႈက်ဴးလြန္ေၾကာင္း စြပ္စြဲခံရတဲ့ ကေလးသူငယ္နဲ႔ သက္ေသအျဖစ္ပါဝင္တဲ့ ကေလးသူငယ္တို႔ကို ဘယ္သူဘယ္ဝါျဖစ္ေၾကာင္း မႈခင္းသတင္းအခ်က္အလက္ရယူတာ၊ ထည့္သြင္းေၾကညာတာ၊ ကေလးငယ္ကိုဓါတ္ပုံ႐ိုက္တာ၊ သတင္းစာ၊ မဂၢဇင္းဂ်ာနယ္နဲ႔စာအုပ္စာတမ္းေတြမွာ ထည့္သြင္းတာ၊ ျဖန႔္ခ်ီတာ၊ အသုံးျပဳတာမလုပ္ရ သို႔မဟုတ္ ေရဒီယို႐ုပ္ျမင္သံၾကား လူမႈဆက္သြယ္ေရးနည္းလမ္းေတြမွာ ထုတ္လြင့္ျခင္းမျပဳရလို႔ ျပဌာန္းထားတာျဖစ္ပါတယ္။

အဲဒီျပဌာန္းခ်က္ကို ရဲတပ္ဖြဲ႕အရာရွိေတြနဲ႔ ရဲဇာနည္ ေဖ့စ္ဘြတ္စာမ်က္ႏွာက ခ်ိဳးေဖာက္ခဲ့တာလို႔ ေၾကညာခ်က္မွာထုတ္ျပန္ထားပါတယ္။

ရဲတပ္ဖြဲ႕ရဲ႕ ေဖာ္ျပခ်က္ဟာ မေတာ္တဆလုပ္ရပ္ မဟုတ္ေၾကာင္းနဲ႔ ရဲတပ္ဖြဲ႕အေနနဲ႔ အဲဒီလုပ္ရပ္အေပၚ ျပည္သူကို ေတာင္းပန္သင့္တယ္ လို႔ ရဲတပ္ဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္တဲ့ ကိုျမတ္သူဟိန္းက ေျပာပါတယ္။

“သူခိုးတို႔ ဘာတို႔ေတာင္ မိၿပီး မီဒီယာကေန သတင္းစာက ဂ်ာနယ္က တင္ရင္ေတာင္ မ်က္ႏွာဖ်က္ၿပီး တင္ရတယ္ ဒါလူ႔အခြင့္အေရးပဲေလ၊ သူ႔ရဲ႕ ဂုဏ္သိကၡာဆိုတာ ရွိေသးတယ္၊ အဲ့က်င့္ဝတ္ကို လိုက္နာရမယ္ေလ။ ဒါကိစၥကို ဒီလိုေျပာလိုက္တယ္ဆိုတာက က်င့္ဝတ္ကို လုံးဝခ်ိဳးေဖာက္လိုက္တယ္လို႔ပဲ ယူဆတယ္။ မထင္မွတ္ဘဲ ေျပာထြက္သြားတယ္လို႔ သတ္မွတ္လို႔မရဘူး။ ရဲမႉးခ်ဳပ္အဆင့္ လူႀကီးတစ္ေယာက္က ဒီလိုေျပာထြက္တယ္ဆိုတာ အမႈမဲ့အမွတ္မဲ့ ေျပာထြက္တယ္လို႔ က်ေနာ္က လက္မခံဘူး။ တာဝန္ယူမႈ၊ တာဝန္ခံမႈ ရွိသင့္တယ္ ေတာင္းပန္သင့္တယ္ေပါ့။”

သတင္းစာရွင္းလင္းပြဲအၿပီးမွာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ရဲ႕  ထုတ္ေဖာ္ေျပာၾကားခ်က္ကို မေက်နပ္တဲ့အေၾကာင္း လူမႈကြန္ယက္ စာမ်က္ႏွာေပၚ ပ်ံ႕ႏွံလာခဲ့ၿပီး ရဲတပ္ဖြဲ႕ကို အေရးယူေပးဖို႔ ေျပာဆိုခ်က္ေတြလည္း ရွိလာပါတယ္။

အဲဒီေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ တာဝန္ရွိသူေတြကို RFA က ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ျပန္လည္ေျဖၾကားတာမရွိပါဘူး။

အခုျဖစ္ရပ္ဟာ ရဲအရာရွိေတြ လုပ္တာျဖစ္လို႔ တစ္ျခားပုဒ္မနဲ႔ အေရးယူႏိုင္ျခင္းမရွိဘဲ ရဲစည္းကမ္း ထိန္းသိမ္းေရးဥပေဒနဲ႔ အေရးယူေဆာင္႐ြက္ရမွာျဖစ္တယ္လို႔ သိရပါတယ္။

ရဲစည္းကမ္ထိန္းသိမ္းေရး ဥပေဒအရဆိုရင္ ပုဒ္မ ၂၂ အရ စနစ္တက်မရွိျခင္း (မိမိလုပ္ငန္းတာဝန္အေပၚ စနစ္တက်ေဆာင္႐ြက္တာမရွိျခင္း) နဲ႔ အေရးယူႏိုင္ၿပီး ျပစ္ဒဏ္ကေတာ့ အမ်ိဳးမ်ိဳးျဖစ္ႏိုင္တယ္လို႔ ရဲတပ္ဖြဲ႕ဝင္ေဟာင္း ကိုျမတ္သူဟိန္းက ေျပာပါတယ္။

မနက္ျဖန္ ဒီဇင္ဘာ ၂၃ ရက္ေန႔မွာ ဗစ္တိုးရီးယားအတြက္ တရားမွ်တမႈတိုက္ပြဲဆိုၿပီး ရန္ကုန္ၿမိဳ႕၊ ဗႏၶဳလပန္းၿခံမွာ လူစုဆႏၵျပဖို႔ စီစဥ္ေနၾကၿပီး မႏၲေလးၿမိဳ႕မွာ ဒီဇင္ဘာ ၂၄ ရက္ေန႔မွာ ဆႏၵျပသြားဖို႔ရွိတယ္လို႔လည္း သိရပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ရဲအဖွဲ့ရဲ့ ဗစ်တိုးရီးယားအမှု ပြောဆိုချက်ကို အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၂၀၁၉ ဒီဇင်ဘာ ၁၉ ရက်နေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းစဉ် / Photo: Thet Su Aung/RFA

ဒီဇင်ဘာ ၁၉ ရက်နေ့က ကျင်းပတဲ့ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဗစ်တိုးရီးယားကလေးငယ်ရဲ့ အမည်၊ မိခင်အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်တွေကို ရေးသားဖော်ပြထားတဲ့ အမှုဖွင့်တိုင်ကြားချက် အထောက်အထားကို ဓါတ်ပုံတွေနဲ့တစ်ကွ ဖော်ပြခဲ့ပါတယ်။

သတင်းမီဒီယာတွေက တိုက်ရိုက်ထုတ်လွင့်ပြသချိန်မှာ အဲဒီအချက်အလက်တွေဟာ ဖော်ပြ ပါရှိသွားတာဖြစ်ပြီး ရဲဇာနည်ဖေ့ဘွတ် စာမျက်နှာမှာလည်း အဲဒီအချက်အလက်တွေကို ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

ကလေးတွေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာ လူတိုင်း ကိုယ်ကျင့်သီလ စာရိတ္တပိုင်းဆိုင်ရာ စောင့်ထိန်းရမယ့်ကိစ္စ ဖြစ်တယ်လို့ Equality Myanmar က ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။

“ကလေးတွေကို ကာကွယ်စောင့်ရှောက်ပေးရမယ်ဆိုတာ လူတိုင်းရဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ဖြစ်ပါတယ်။ အခုလို တရားဝင်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့ အကြောင်းအရာတွေ ဖော်ထုတ်လိုက်တဲ့ကိစ္စက လူ့ကျင့်ဝတ်နဲ့ ပီသတဲ့သူဆို မလုပ်ဆောင်သင့်တဲ့ကိစ္စ၊ ဒါက ထိန်းသိမ်းရမယ့် ကာကွယ်ရမယ့် ကိစ္စ။ ဘယ်လောက်ထိ တရားဥပဒေနဲ့ ပတ်သက်လို့ သတင်းတိကျမှုအကျိုးရှိပေမယ့် ကလေးအပေါ်မှာ ထိခိုက်နိုင်တဲ့ ဆိုးကျိုးက ပိုများတယ်။ ဒါက ပြောမယ်ဆိုရင် နိုင်ငံတကာ စာချုပ်မှာပါတဲ့ ကလေးအခွင့်အရေး ချိုးဖောက်မှုကို ထိခိုက်တာဖြစ်တယ်၊ အဲဒီကိစ္စဖြစ်လာရင် သက်ဆိုင်ရာနိုင်ငံက လိုအပ်သလို ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။”

အဲဒီလိုရဲတပ်ဖွဲ့ရဲ့ ဖော်ပြချက်တွေအပေါ်  ရှုတ်ချကြောင်းနဲ့ အစိုးရအဖွဲ့အနေနဲ့ အရေးယူပေးဖို့  မကွေးတိုင်းဒေသကြီးက မကွေးတိုင်း အမျိုးသမီးသမဂ္ဂ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း (မကွေး)၊ မကွေးတိုင်းဒေသကြီးတောင်သူလယ်သမားသမဂ္ဂ၊ ရေစကြိုမြို့နယ် လူငယ်ကွန်ရက်၊ ပြည်သူ့လူမှုဘဝမြှင့်တင်ရေးအဖွဲ့ စတဲ့ အရပ်ဖက်အဖွဲ့အစည်း ၃၃ ဖွဲ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ကြေညာချက်ထုတ်ပြန်လိုက်တဲ့ မကွေးအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ် ဦးမျိုးမြင့်ဦးက တရားဥပဒေစိုးမိုးရေးလုပ်ဆောင်ပေးရတဲ့အဖွဲ့က ဒီလိုလုပ်တာဟာ ပြည်သူတွေနဲ့အဖွဲ့အစည်းကြား ယုံကြည်မှုပျောက်နေတာကို ပိုဆိုးလာစေတယ်လို့ပြောပါတယ်။

“တရားဥပဒေစိုးမိုးရေးကို ပြည်သူတွေအတွက် အဓိက ဖော်ဆောင်းပေးနေတဲ့အဖွဲ့အစည်းက ဒီလိုမျိုးဖြစ်တယ်ဆိုတာ ပြည်သူတွေအတွက် လုံခြုံစိတ်ချမှုမရှိဘူး၊ ယုံကြည်မှုပျောက်တယ်ဆိုတာတွေ ဖြစ်တယ်။ တိုင်းပြည်တည်ဆောင်ရေး ဒီမိုကရေစီထူထောင်တဲ့ အခါမှာလည်း အဟန့်အတားတွေဖြစ်တယ် လူထုပူးပေါင်းပါဝင်မှုနဲ့ လူထုနဲ့ အစိုးရကြားမှာလည်း ယုံကြည်မှုတွေ လျှော့ကျစေတယ်။”

တည်ဆဲကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အခန်း၂၅၊ ပုဒ်မ ၉၆ (ဃ) အရ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရတဲ့ ကလေးသူငယ်နဲ့ သက်သေအဖြစ်ပါဝင်တဲ့ ကလေးသူငယ်တို့ကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း မှုခင်းသတင်းအချက်အလက်ရယူတာ၊ ထည့်သွင်းကြေညာတာ၊ ကလေးငယ်ကိုဓါတ်ပုံရိုက်တာ၊ သတင်းစာ၊ မဂ္ဂဇင်းဂျာနယ်နဲ့စာအုပ်စာတမ်းတွေမှာ ထည့်သွင်းတာ၊ ဖြန့်ချီတာ၊ အသုံးပြုတာမလုပ်ရ သို့မဟုတ် ရေဒီယိုရုပ်မြင်သံကြား လူမှုဆက်သွယ်ရေးနည်းလမ်းတွေမှာ ထုတ်လွင့်ခြင်းမပြုရလို့ ပြဌာန်းထားတာဖြစ်ပါတယ်။

အဲဒီပြဌာန်းချက်ကို ရဲတပ်ဖွဲ့အရာရှိတွေနဲ့ ရဲဇာနည် ဖေ့စ်ဘွတ်စာမျက်နှာက ချိုးဖောက်ခဲ့တာလို့ ကြေညာချက်မှာထုတ်ပြန်ထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ဖော်ပြချက်ဟာ မတော်တဆလုပ်ရပ် မဟုတ်ကြောင်းနဲ့ ရဲတပ်ဖွဲ့အနေနဲ့ အဲဒီလုပ်ရပ်အပေါ် ပြည်သူကို တောင်းပန်သင့်တယ် လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ကိုမြတ်သူဟိန်းက ပြောပါတယ်။

“သူခိုးတို့ ဘာတို့တောင် မိပြီး မီဒီယာကနေ သတင်းစာက ဂျာနယ်က တင်ရင်တောင် မျက်နှာဖျက်ပြီး တင်ရတယ် ဒါလူ့အခွင့်အရေးပဲလေ၊ သူ့ရဲ့ ဂုဏ်သိက္ခာဆိုတာ ရှိသေးတယ်၊ အဲ့ကျင့်ဝတ်ကို လိုက်နာရမယ်လေ။ ဒါကိစ္စကို ဒီလိုပြောလိုက်တယ်ဆိုတာက ကျင့်ဝတ်ကို လုံးဝချိုးဖောက်လိုက်တယ်လို့ပဲ ယူဆတယ်။ မထင်မှတ်ဘဲ ပြောထွက်သွားတယ်လို့ သတ်မှတ်လို့မရဘူး။ ရဲမှူးချုပ်အဆင့် လူကြီးတစ်ယောက်က ဒီလိုပြောထွက်တယ်ဆိုတာ အမှုမဲ့အမှတ်မဲ့ ပြောထွက်တယ်လို့ ကျနော်က လက်မခံဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသင့်တယ် တောင်းပန်သင့်တယ်ပေါ့။”

သတင်းစာရှင်းလင်းပွဲအပြီးမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့  ထုတ်ဖော်ပြောကြားချက်ကို မကျေနပ်တဲ့အကြောင်း လူမှုကွန်ယက် စာမျက်နှာပေါ် ပျံ့နှံလာခဲ့ပြီး ရဲတပ်ဖွဲ့ကို အရေးယူပေးဖို့ ပြောဆိုချက်တွေလည်း ရှိလာပါတယ်။

အဲဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။

အခုဖြစ်ရပ်ဟာ ရဲအရာရှိတွေ လုပ်တာဖြစ်လို့ တစ်ခြားပုဒ်မနဲ့ အရေးယူနိုင်ခြင်းမရှိဘဲ ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ရဲစည်းကမ်ထိန်းသိမ်းရေး ဥပဒေအရဆိုရင် ပုဒ်မ ၂၂ အရ စနစ်တကျမရှိခြင်း (မိမိလုပ်ငန်းတာဝန်အပေါ် စနစ်တကျဆောင်ရွက်တာမရှိခြင်း) နဲ့ အရေးယူနိုင်ပြီး ပြစ်ဒဏ်ကတော့ အမျိုးမျိုးဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်း ကိုမြတ်သူဟိန်းက ပြောပါတယ်။

မနက်ဖြန် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ဗစ်တိုးရီးယားအတွက် တရားမျှတမှုတိုက်ပွဲဆိုပြီး ရန်ကုန်မြို့၊ ဗန္ဓုလပန်းခြံမှာ လူစုဆန္ဒပြဖို့ စီစဉ်နေကြပြီး မန္တလေးမြို့မှာ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဆန္ဒပြသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.rfa.org
ရဲအဖြဲ႕ရဲ႕ ဗစ္တိုးရီးယားအမႈ ေျပာဆိုခ်က္ကို အရပ္ဘက္အဖြဲ႕ေတြ ကန႔္ကြက္ ရဲအဖြဲ႕ရဲ႕ ဗစ္တိုးရီးယားအမႈ ေျပာဆိုခ်က္ကို အရပ္ဘက္အဖြဲ႕ေတြ ကန႔္ကြက္ Reviewed by THITHTOOLWIN on 23:10 Rating: 5
Powered by Blogger.