မြန္ျပည္သစ္နဲ႔ တပ္ ညႇိႏႈိင္းမရေသးဘူးလို႔ဆို

 တိုက္ပြဲေၾကာင့္ ထိုင္းႏိုင္ငံဘက္ကို ထြက္ေျပးသြားတဲ့ ေဒသခံေတြ
(Zawgyi)⤵⤵⤵
ကရင္ျပည္နယ္ ဘုရားသုံးဆူအနီး ဂ်ပန္ေရတြင္းမွာ မြန္ျပည္သစ္ပါတီရဲ႕ လက္နက္ကိုင္တပ္ဖြဲ႕နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲျဖစ္ခဲ့ၿပီးေနာက္ ႏွစ္ဖက္ေတြ႕ဆုံ ညႇိႏႈိင္းခဲ့ေပမဲ့ သေဘာတူညီခ်က္ တစ္စုံတစ္ရာ မရေသးဘူးလို႔ မြန္ျပည္သစ္ ပါတီဘက္က ေျပာပါတယ္။

မြန္ျပည္သစ္ပါတီ႐ုံးမွာ လုပ္တဲ့ မီဒီယာေတြနဲ႔ ေတြ႕ဆုံပြဲမွာ မြန္ျပည္သစ္ပါတီ ျပည္တြင္း တာဝန္ခံ ႏိုင္ဝင္းလွက အခုလို ေျပာခဲ့တာပါ။

ၾကာအင္းဆိပ္ႀကီး ၿမိဳ႕နယ္ ဘုရားသုံးဆူၿမိဳ႕ အနီးက ဂ်ပန္ေရတြင္းမွာ ႏိုဝင္ဘာ ၂၇ ရက္ က မြန္ျပည္သစ္ပါတီရဲ႕ တပ္ဖြဲ႕ မြန္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ MNLA နဲ႔ တပ္မေတာ္ၾကား ျဖစ္ခဲ့တဲ့ တိုက္ပြဲေတြအတြက္ ႏွစ္ဖက္ ညႇိႏႈိင္းမႈေတြ လုပ္ေနတာ ျဖစ္ပါတယ္။

အဲဒီလို ေတြ႕ဆုံညႇိႏႈိင္းမႈကို မြန္ျပည္သစ္ပါတီက တာဝန္ရွိသူေတြနဲ႔ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ (ရတခ) က တာဝန္ရွိသူေတြ ဒီဇင္ဘာ ၂ ရက္ေန႔က ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ဒီအေျခအေနနဲ႔ ပတ္သက္ၿပီး "ေျပလည္ေအာင္ ညႇိႏႈိင္းေဆြးေႏြးၾကတာေပါ့။ သေဘာတူညီခ်က္ေတာ့ မရဘူး။ မရဘူးဆိုေပမဲ့ ႏွစ္ဖက္ ကိုယ္ျမင္တာေတြ ေျပာလို႔ရတာရွိတယ္" လို႔ မြန္ျပည္သစ္ပါတီ ျပည္တြင္း တာဝန္ခံ ႏိုင္ဝင္းလွက ေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားရာ ဂ်ပန္ေရတြင္းဟာ မြန္ျပည္သစ္ပါတီ ၂၀၁၂ ခုႏွစ္ကတည္းက ျပည္နယ္အဆင့္ အပစ္အခတ္ ရပ္စဲေရးသေဘာတူညီမႈ စာခ်ဳပ္ခ်ဳပ္ကတည္းက ပါဝင္ၿပီး ၂၀၁၈ မွာ ခ်ဳပ္ဆိုတဲ့ NCA စာခ်ဳပ္မွာလည္း ထပ္အတည္ျပဳထားတဲ့ တပ္ေနရာျဖစ္တယ္လို႔ မြန္ျပည္သစ္ စစ္ဦးစီးခ်ဳပ္ က ဘီဘီစီကို ေျပာထားပါတယ္။

"မြန္ျပည္သစ္ပါတီနဲ႔ တပ္ ၾကားထဲမွာေတာ့ ျပႆနာ ႀကီးႀကီးမားမား မရွိပါဘူး။ ေျဖရွင္းလို႔မရတဲ့ ကိစၥလည္း မရွိပါဘူး။ ျဖစ္ခဲ့တဲ့ကိစၥထဲမွာ JMCS တို႔ JMCU (ပစ္ခတ္တိုက္ခိုက္မႈေစာင့္ၾကည့္ေရးေကာ္မတီ )တို႔နဲ႔ ကြၽန္ေတာ္တို႔ ေဆြးေႏြးပါတယ္" လို႔ မြန္ျပည္သစ္ပါတီနဲ႔ ညႇိႏႈိင္းမႈေတြနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး အဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဘီဘီစီကို ေျပာပါတယ္။
ဓာတ္ပုံ မူပိုင္ Min Latt

"အဲဒီေနရာမွာ နည္းနည္းရႈပ္ေထြးမႈေတာ့ ရွိတယ္။ သူတို႔ဆီမွာ နယ္ေျမပိုင္းျခားမႈကေတာ့ အေသးစိတ္ေတာ့ မသိဘူး။ ဒါေၾကာင့္ ဒီဘက္ကလည္း အေၾကာင္းၾကားၿပီး သြားတာပဲ။ အေၾကာင္းၾကားၿပီး သြားတဲ့အခါ ဟိုဘက္ကလည္း နားလည္မႈ လြဲတာေပါ့ေလ။ အဆင့္ဆင့္ အေၾကာင္းၾကားမႈ ပ်က္ကြက္တယ္နဲ႔ တူပါတယ္" လို႔ ေျပာပါတယ္။

ေဆြးေႏြးေနတဲ့ အေၾကာင္းအရာနဲ႔ ပတ္သက္လို႔ ရတခ ဘက္က တင္ျပခ်က္ကို ေစာင့္ေနတုန္းပဲလို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ပစ္ခတ္မႈေတြေၾကာင့္ ႏိုဝင္ဘာ ၂၇ နဲ႔ ၂၈ ရက္မွာ ေဒသခံ ႐ြာသား ရာဂဏန္း ဝန္းက်င္ ထိုင္းႏိုင္ငံဘက္ကို ေျပးေရွာင္ခဲ့ပါတယ္။

ဒီဇင္ဘာလ ၃ ရက္ မနက္မွာေတာ့ ပစ္ခတ္သံ အနည္းငယ္ ၾကားရေပမယ့္ ဂ်ပန္ေရတြင္းနားက ႐ြာေတြကလြဲရင္ တျခား႐ြာက ေဒသခံေတြ ေနရပ္ကို ျပန္လာေနၾကၿပီလို႔ အဲဒီနားမွာ ေနထိုင္သူ ေဒသခံ တစ္ဦးက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
မွန်ပြည်သစ်နဲ့ တပ် ညှိနှိုင်းမရသေးဘူးလို့ဆို

Image caption တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဒေသခံတွေ

ကရင်ပြည်နယ် ဘုရားသုံးဆူအနီး ဂျပန်ရေတွင်းမှာ မွန်ပြည်သစ်ပါတီရဲ့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းခဲ့ပေမဲ့ သဘောတူညီချက် တစ်စုံတစ်ရာ မရသေးဘူးလို့ မွန်ပြည်သစ် ပါတီဘက်က ပြောပါတယ်။

မွန်ပြည်သစ်ပါတီရုံးမှာ လုပ်တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ မွန်ပြည်သစ်ပါတီ ပြည်တွင်း တာဝန်ခံ နိုင်ဝင်းလှက အခုလို ပြောခဲ့တာပါ။

ကြာအင်းဆိပ်ကြီး မြို့နယ် ဘုရားသုံးဆူမြို့ အနီးက ဂျပန်ရေတွင်းမှာ နိုဝင်ဘာ ၂၇ ရက် က မွန်ပြည်သစ်ပါတီရဲ့ တပ်ဖွဲ့ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် MNLA နဲ့ တပ်မတော်ကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွက် နှစ်ဖက် ညှိနှိုင်းမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

အဲဒီလို တွေ့ဆုံညှိနှိုင်းမှုကို မွန်ပြည်သစ်ပါတီက တာဝန်ရှိသူတွေနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) က တာဝန်ရှိသူတွေ ဒီဇင်ဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး "ပြေလည်အောင် ညှိနှိုင်းဆွေးနွေးကြတာပေါ့။ သဘောတူညီချက်တော့ မရဘူး။ မရဘူးဆိုပေမဲ့ နှစ်ဖက် ကိုယ်မြင်တာတွေ ပြောလို့ရတာရှိတယ်" လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်း တာဝန်ခံ နိုင်ဝင်းလှက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ ဂျပန်ရေတွင်းဟာ မွန်ပြည်သစ်ပါတီ ၂၀၁၂ ခုနှစ်ကတည်းက ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု စာချုပ်ချုပ်ကတည်းက ပါဝင်ပြီး ၂၀၁၈ မှာ ချုပ်ဆိုတဲ့ NCA စာချုပ်မှာလည်း ထပ်အတည်ပြုထားတဲ့ တပ်နေရာဖြစ်တယ်လို့ မွန်ပြည်သစ် စစ်ဦးစီးချုပ် က ဘီဘီစီကို ပြောထားပါတယ်။

"မွန်ပြည်သစ်ပါတီနဲ့ တပ် ကြားထဲမှာတော့ ပြဿနာ ကြီးကြီးမားမား မရှိပါဘူး။ ဖြေရှင်းလို့မရတဲ့ ကိစ္စလည်း မရှိပါဘူး။ ဖြစ်ခဲ့တဲ့ကိစ္စထဲမှာ JMCS တို့ JMCU (ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးကော်မတီ )တို့နဲ့ ကျွန်တော်တို့ ဆွေးနွေးပါတယ်" လို့ မွန်ပြည်သစ်ပါတီနဲ့ ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Min Latt

"အဲဒီနေရာမှာ နည်းနည်းရှုပ်ထွေးမှုတော့ ရှိတယ်။ သူတို့ဆီမှာ နယ်မြေပိုင်းခြားမှုကတော့ အသေးစိတ်တော့ မသိဘူး။ ဒါကြောင့် ဒီဘက်ကလည်း အကြောင်းကြားပြီး သွားတာပဲ။ အကြောင်းကြားပြီး သွားတဲ့အခါ ဟိုဘက်ကလည်း နားလည်မှု လွဲတာပေါ့လေ။ အဆင့်ဆင့် အကြောင်းကြားမှု ပျက်ကွက်တယ်နဲ့ တူပါတယ်" လို့ ပြောပါတယ်။

ဆွေးနွေးနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ ရတခ ဘက်က တင်ပြချက်ကို စောင့်နေတုန်းပဲလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပစ်ခတ်မှုတွေကြောင့် နိုဝင်ဘာ ၂၇ နဲ့ ၂၈ ရက်မှာ ဒေသခံ ရွာသား ရာဂဏန်း ဝန်းကျင် ထိုင်းနိုင်ငံဘက်ကို ပြေးရှောင်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၃ ရက် မနက်မှာတော့ ပစ်ခတ်သံ အနည်းငယ် ကြားရပေမယ့် ဂျပန်ရေတွင်းနားက ရွာတွေကလွဲရင် တခြားရွာက ဒေသခံတွေ နေရပ်ကို ပြန်လာနေကြပြီလို့ အဲဒီနားမှာ နေထိုင်သူ ဒေသခံ တစ်ဦးက ပြောပါတယ်။

BBC Burmese
https://www.bbc.com
မြန္ျပည္သစ္နဲ႔ တပ္ ညႇိႏႈိင္းမရေသးဘူးလို႔ဆို မြန္ျပည္သစ္နဲ႔ တပ္ ညႇိႏႈိင္းမရေသးဘူးလို႔ဆို Reviewed by THITHTOOLWIN on 06:14 Rating: 5
Powered by Blogger.