ဘဂၤလားေဒ့ရွ္ ျပည္ပအလုပ္အကိုင္ရွာေဖြေရးကုမၸဏီ ၁၆၆ ခု ပိတ္ခံရ

ဘဂၤလားေဒ့ရွ္ အလုပ္သမား ေတြကို အလုပ္ရွင္က လိင္ေစာ္ကားမႈနဲ႔ ႏွိပ္စက္ညႇဥ္းပန္းမႈေတြ က်ဴးလြန္ေၾကာင္း သတင္းေတြ ထြက္ေပၚလာ

(Zawgyi/ Unicode)

ေဆာ္ဒီ အာေရးဘီယားႏုိင္ငံမွာ သြားေရာက္ အလုပ္လုပ္ေနတဲ့ ဘဂၤလားေဒ့ရွ္ အလုပ္သမား ေတြကို အလုပ္ရွင္က လိင္ေစာ္ကားမႈနဲ႔ ႏွိပ္စက္ညႇဥ္းပန္းမႈေတြ က်ဴးလြန္ေၾကာင္း သတင္းေတြ ထြက္ေပၚလာအၿပီး ဘဂၤလားေဒ့ရွ္ အလုပ္အကိုင္ ရွာေဖြစုေဆာင္းေရး ကုမၸဏီ ၁၆၆ ခုကို ပိတ္ပစ္ခဲ့ေၾကာင္း ဘဂၤလားေဒ့ရွ္အစိုးရက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္အစိုးရရဲ႕ အဆိုအရ ၁၉၉၁ ခုႏွစ္ကစလို႔ ဘဂၤလားေဒ့ရွ္ အမ်ဳိးသမီးအလုပ္သမား ၃၀၀,၀၀၀ ေလာက္ဟာ အိမ္တြင္းအလုပ္သမေတြအျဖစ္ အလုပ္လုပ္ဖို႔ ဘဂ္လားေဒ့ရွ္ႏုိင္ငံကို သြားေရာက္ခဲ့ၾကပါတယ္။

ဒါေပမဲ့ အဲဒီအလုပ္သမားတခ်ဳိ႕ မၾကာေသးမီလေတြက ဘဂၤလာေဒ့ရွ္ႏုိင္ငံကို ျပန္ေရာက္လာ ၿပီးေနာက္ လိင္ေစာ္ကားမႈနဲ႔ ႏွိပ္စက္ ညွဥ္းပန္းမႈ စြပ္စြဲခ်က္ေတြ ထြက္ေပၚခဲ့သလို တစ္ခ်ိဳ႕ အလုပ္အကိုင္ ရွာေဖြေရးကုမၸဏီေတြက သူတို႔ကို လိင္ကၽြန္ေတြအျဖစ္ ေရာင္းစားခဲ့တယ္ ဆိုတဲ့ စြပ္စြဲခ်က္ေတြလည္း ထြက္ေပၚလာခဲ့ေၾကာင္း AFP သတင္းမွာ ပါရွိခဲ့ပါတယ္။

ျပီးခဲ့တဲ့လကေတာ့ ဘဂၤလားေဒ့ရွ္ အမ်ိဳးသမီး အလုပ္သမားတစ္ေယာက္ လွ်ိဳ႕၀ွက္ ဖမ္းယူ ရုိက္ကူးခဲ့တဲ့ ဗီဒီယိုကို လူမႈ မီဒီယာေတြမွာ အၾကိမ္ ရာေထာင္ခ်ီ ျဖန္႔ေ၀ခဲ့ျပီးတဲ့ေနာက္ ဆႏၵျပမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ အစိုးရ ေျပာခြင့္ရ Munirus Saleheen က အလုပ္အကိုင္ ရွာေဖြေရး ကုမၸဏီေတြအေနနဲ႔ အလုပ္သမားေတြကို အကာအကြယ္ ေပးဖို႔ ပ်က္ကြက္တာေၾကာင့္ အခုလို ပိတ္ခဲ့တာလို႔ ေျပာပါတယ္။

.....................

ဘင်္ဂလားဒေ့ရှ် ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ ၁၆၆ ခု ပိတ်ခံရ

(Unicode)

ဆော်ဒီ အာရေးဘီယားနိုင်ငံမှာ သွားရောက် အလုပ်လုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် အလုပ်သမား တွေကို အလုပ်ရှင်က လိင်စော်ကားမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ကျူးလွန်ကြောင်း သတင်းတွေ ထွက်ပေါ်လာအပြီး ဘင်္ဂလားဒေ့ရှ် အလုပ်အကိုင် ရှာဖွေစုဆောင်းရေး ကုမ္ပဏီ ၁၆၆ ခုကို ပိတ်ပစ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အဆိုအရ ၁၉၉၁ ခုနှစ်ကစလို့ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးအလုပ်သမား ၃၀၀,၀၀၀ လောက်ဟာ အိမ်တွင်းအလုပ်သမတွေအဖြစ် အလုပ်လုပ်ဖို့ ဘဂ်လားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီအလုပ်သမားတချို့ မကြာသေးမီလတွေက ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ပြန်ရောက်လာ ပြီးနောက် လိင်စော်ကားမှုနဲ့ နှိပ်စက် ညှဉ်းပန်းမှု စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့သလို တစ်ချို့ အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီတွေက သူတို့ကို လိင်ကျွန်တွေအဖြစ် ရောင်းစားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်လာခဲ့ကြောင်း AFP သတင်းမှာ ပါရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့လကတော့ ဘင်္ဂလားဒေ့ရှ် အမျိုးသမီး အလုပ်သမားတစ်ယောက် လျှို့ဝှက် ဖမ်းယူ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုကို လူမှု မီဒီယာတွေမှာ အကြိမ် ရာထောင်ချီ ဖြန့်ဝေခဲ့ပြီးတဲ့နောက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ ပြောခွင့်ရ Munirus Saleheen က အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတွေအနေနဲ့ အလုပ်သမားတွေကို အကာအကွယ် ပေးဖို့ ပျက်ကွက်တာကြောင့် အခုလို ပိတ်ခဲ့တာလို့ ပြောပါတယ်။

 VOA Burmese
https://burmese.voanews.com
ဘဂၤလားေဒ့ရွ္ ျပည္ပအလုပ္အကိုင္ရွာေဖြေရးကုမၸဏီ ၁၆၆ ခု ပိတ္ခံရ ဘဂၤလားေဒ့ရွ္ ျပည္ပအလုပ္အကိုင္ရွာေဖြေရးကုမၸဏီ ၁၆၆ ခု ပိတ္ခံရ Reviewed by THITHTOOLWIN on 06:12 Rating: 5
Powered by Blogger.