အိုင္စီေဂ် တရားသူႀကီးေတြ ဘယ္သူေတြလဲ

အဆုံးအျဖတ္မဲေပးႏိုင္တဲ့ အိုင္စီေဂ် ဥကၠ႒
(Zawgyi)⤵⤵⤵
"ကြၽႏ္ုပ္ကို ေပးအပ္ထားေသာ တာဝန္ေတြ နဲ႔ တရားသူႀကီး အာဏာကို ႐ိုးသားေျဖာင့္မတ္စြာ၊ သစၥာရွိစြာ၊ ဘက္မလိုက္ဘဲ ေကာင္းမြန္ေသခ်ာစြာ ထမ္းေဆာင္ပါမယ္လို႔ အေလးအနက္ ေၾကညာပါတယ္"

ဒါက ကုလသမဂၢ ႏိုင္ငံတကာ တရား႐ုံး အိုင္စီေဂ်မွာ တာဝန္ထမ္းေဆာင္တဲ့ တရားသူႀကီးေတြ တရား႐ုံးမွာ က်ိန္ဆို ေၾကညာရတဲ့ စကားပါ။

ဒီတရားသူႀကီးေတြဟာ ႏိုင္ငံတကာ တရား႐ုံးမွာ တရားစီရင္တဲ့အခါ သူတို႔ႏိုင္ငံေတြကို ကိုယ္စားမျပဳဘဲ လြတ္လပ္တဲ့ တရားသူႀကီးေတြ အျဖစ္ တာဝန္ထမ္းေဆာင္ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ တရားသူႀကီးေတြဟာ ယဥ္ေက်းတဲ့လူ႔အသိုင္းအဝိုင္း ပုံစံနဲ႔ ကမာၻ႔ ဥပေဒ စည္းမ်ဥ္းစည္းကမ္းေတြကို ခ်မွတ္ျပ႒ာန္းေပးတဲ့ တရား႐ုံးအေနနဲ႔ ရပ္တည္ ဆုံးျဖတ္ၾကရမယ့္ သူေတြ ျဖစ္ပါတယ္။

အေနာက္အာဖရိက ႏိုင္ငံ ဂမ္ဘီယာက ျမန္မာႏိုင္ငံဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈ အေပၚ မတားဆီးႏိုင္ဘူး၊ ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္း သေဘာတူ စာခ်ဳပ္ကို မလိုက္နာဘူးဆိုၿပီး စြပ္စြဲထားတာနဲ႔ ပတ္သက္ၿပီး ဒီဇင္ဘာ ၁၀ ရက္ကေန ၁၂ မွာ နယ္သာလန္ႏိုင္ငံ သည္ဟိဂ္ၿမိဳ႕က ႏိုင္ငံတကာ တရား႐ုံး အိုင္စီေဂ်မွာ စတင္ ၾကားနာေတာ့မွာ ျဖစ္ပါတယ္။

ဒီေတာ့ သူတို႔ေတြဟာ ဘယ္သူေတြပါလဲ။ သူတို႔ကို ဘယ္လို ခန႔္ထားၾကသလဲ။
တရားသူႀကီးေတြက ဘယ္သူေတြလဲ

ႏိုင္ငံတကာ တရား႐ုံး အိုင္စီေဂ်ကို တရားသူႀကီး ၁၅ ဦးနဲ႔ ဖြဲ႕စည္းထားပါတယ္။

လက္ရွိ ဥကၠဌကေတာ့ ဆိုမာလီယာ ႏိုင္ငံသား အဘဒ္ဒူကာဝီ အာမက္ ယူႏြတ္ ျဖစ္ပါတယ္။ သူက အိုင္စီေဂ်မွာ ဒုကၠ႒ အျဖစ္လည္း တာဝန္ ထမ္းေဆာင္ခဲ့ ဖူးပါတယ္။

သူဟာ မိခင္ ဆိုမာလီ ဘာသာစကားအပါအဝင္ ဘာသာစကား ငါးမ်ိဳးတတ္ကြၽမ္းသူ ျဖစ္ပါတယ္။

ဥကၠ႒ဟာ တရား႐ုံးရဲ႕ အစည္းအေဝးေတြ အားလုံးကို တက္ေရာက္ရၿပီး လုပ္ငန္းေတြကို ဦးေဆာင္ၫႊန္ၾကားရပါတယ္။
ဥကၠ႒နဲ႔ ဒုကၠဌကို အဖြဲ႕ဝင္ တရားသူႀကီးေတြကပဲ လွ်ိဳ႕ဝွက္မဲေပး စနစ္နဲ႔ သုံးႏွစ္ တစ္ႀကိမ္ ေ႐ြး

တရားစီရင္ ၾကားနာမႈေတြ၊ အဆုံးအျဖတ္မဲေတြ ေပးစဥ္ အဖြဲ႕ဝင္ တရားသူႀကီးေတြရဲ႕ မဲေတြ ႏွစ္ဖက္ အညီအမွ်ျဖစ္ေနတဲ့အခါ ဥကၠ႒က အဆုံးအျဖတ္ မဲေပးရပါတယ္။

ဒီတရားသူႀကီးေတြဟာ ႏိုင္ငံတကာ တကၠသိုလ္ေတြက ဥပေဒပညာ ပါရဂူဘြဲ႕ရေတြ၊ ႏိုင္ငံတကာ ဥပေဒ ပညာနဲ႔ သက္ဆိုင္တဲ့ လုပ္ငန္းေတြမွာ လုပ္ခဲ့သူေတြ၊ ဥပေဒေက်ာင္းေတြက ပါေမာကၡေတြ၊ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြနဲ႔ သက္ဆိုင္ရာ ႏိုင္ငံ အစိုးရေတြရဲ႕ ဥပေဒ ဆိုင္ရာ လုပ္ငန္းေတြမွာ လုပ္ကိုင္ခဲ့သူေတြ ျဖစ္ၾကပါတယ္။

အိုင္စီေဂ် တရားသူႀကီး အဖြဲ႕မွာ အမ်ိဳးသား ၁၂ ဦးနဲ႔ ဒုကၠ႒ အပါအဝင္ အမ်ိဳးသမီး သုံးဦး ပါဝင္ပါတယ္။

ဒုကၠ႒ကေတာ့ တ႐ုတ္ႏိုင္ငံက ႐ႊဲ႕ဟန္ခ်င္း ျဖစ္ပါတယ္။ သူကေတာ့ တ႐ုတ္အစိုးရရဲ႕ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွာလည္း တာဝန္ ထမ္းေဆာင္ဖူး သူျဖစ္ပါတယ္။

ဥကၠ႒နဲ႔ ဒုကၠ႒ တို႔ကို အဖြဲ႕ဝင္ တရားသူႀကီးေတြကပဲ လွ်ိဳ႕ဝွက္မဲေပး စနစ္နဲ႔ သုံးႏွစ္ တစ္ႀကိမ္ ေ႐ြးခ်ယ္ေပးပါတယ္။

က်န္တဲ့ တရားသူႀကီးေတြကေတာ့ ဆလိုဗက္ကီးယား၊ ျပင္သစ္၊ ေမာ္႐ိုကို၊ ဘရာဇီး၊ အေမရိကန္၊ အီတလီ၊ ယူဂန္ဒါ၊ အိႏၵိယ၊ ဂ်ေမကာ၊ ၾသစေၾတးလ်၊ ႐ုရွား၊ လက္ဘႏြန္နဲ႔ ဂ်ပန္ ႏိုင္ငံတို႔က ျဖစ္ပါတယ္။

ဒီတရား႐ုံးရဲ႕ ႐ုံးသုံးဘာသာစကားကေတာ့ အဂၤလိပ္နဲ႔ ျပင္သစ္ဘာသာပါ။

အိုင္စီေဂ်က တရားသူႀကီးေတြကို ကိုးႏွစ္သက္တမ္း ေ႐ြးေကာက္ခန႔္ထားတာ ျဖစ္ပါတယ္။ သူတို႔ကို ေ႐ြးခ်ယ္ေပးလိုက္တာကေတာ့ ကုလသမဂၢ အေထြေထြ ညီလာခံနဲ႔ လုံၿခဳံေရးေကာင္စီတို႔က ျဖစ္ပါတယ္။

အေ႐ြးခံရဖို႔ဆိုရင္ ဒီအဖြဲ႕အစည္း ႏွစ္ခုစလုံးကေန မဲအမ်ားစုနဲ႔ ေ႐ြးခ်ယ္ခံရဖို႔ လိုပါတယ္။

ဒီတရား႐ုံးမွာ တရားသူႀကီးေတြ ေ႐ြးတဲ့အခါ တရား႐ုံး ပုံမွန္ ဆက္တိုက္ လည္ပတ္ေန ႏိုင္ေအာင္အတြက္ တရားသုံးႀကီး သုံးပုံ တစ္ပုံကို သုံးႏွစ္ခါ ေ႐ြးခ်ယ္ပါတယ္။ တရားသူႀကီးေတြဟာ ေနာက္တစ္ႀကိမ္ထပ္ ေ႐ြးေကာက္ခံခြင့္လည္း ရွိပါတယ္။

အေ႐ြးခ်ယ္ခံမယ့္ တရားသူႀကီးေတြဟာ ကိုယ့္က်င့္တရား ေကာင္းမြန္သူေတြ၊ သက္ဆိုင္ရာ ႏိုင္ငံေတြက တရားေရး လုပ္ငန္းေတြမွာ အဆင့္ျမင့္ တာဝန္ ထမ္းေဆာင္ဖူးသူေတြ နဲ႔ ႏိုင္ငံတကာ ဥပေဒ ပညာကို ႏွံ႔စပ္သူေတြ ျဖစ္ဖို႔ လိုအပ္ပါတယ္။

ဒါ့အျပင္ တရား သူႀကီး အဖြဲ႕မွာ တစ္ႏိုင္ငံတည္းက တရားသူႀကီး ႏွစ္ေယာက္ကို ခန႔္ထားခြင့္ မရွိပါဘူး။
ကုလသမဂၢ လုံၿခဳံေရးေကာင္စီ အၿမဲတမ္းအဖြဲ႕ဝင္ ႏိုင္ငံေတြက တရားသူႀကီးေတြ တစ္ေယာက္စီ ပါဝင္ပါတယ္။

သူတို႔ လြတ္လပ္စြာ စီရင္ဆုံးျဖတ္ႏိုင္ဖို႔ အတြက္လည္း တရားသူႀကီး တစ္ေယာက္ေယာက္ဟာ တာဝန္ထမ္းေဆာင္ႏိုင္စြမ္းမရွိဘူးလို႔ တျခားအဖြဲ႕ဝင္ တရားသူႀကီးေတြက တညီတၫြတ္တည္း ဆုံးျဖတ္တာကလြဲလို႔ ဘယ္တရားသူႀကီးကိုမွ ရာထူးက ျဖဳတ္ခ်ပိုင္ခြင့္မရွိပါဘူး။
ဘယ္ႏိုင္ငံေတြက တရားသူႀကီးေတြကို ေ႐ြးသလဲ

အိုင္စီေဂ်မွာ တရားသူႀကီးေတြကို ပထဝီ အေနအထားအရ ခြဲျခားထားၿပီး အာဖရိက ႏိုင္ငံေတြက တရားသူႀကီး သုံးေယာက္၊ လက္တင္ အေမရိကားနဲ႔ ကာေရဘီယန္ႏိုင္ငံေတြက ႏွစ္ေယာက္၊ အာရွက သုံးေယာက္၊ အေနာက္ဥေရာပနဲ႔ အေနာက္ႏိုင္ငံေတြက ငါးေယာက္၊ အေရွ႕ဥေရာပက ႏွစ္ေယာက္ ထားရွိရမွာ ျဖစ္ပါတယ္။

ဘယ္ႏိုင္ငံရယ္လို႔ အတိအက် ေနရာတစ္ေနရာ ပုံေသမေပးေပမဲ့ လက္ေတြ႕မွာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီ အၿမဲတမ္းအဖြဲ႕ဝင္ ႏိုင္ငံေတြက တရားသူႀကီးေတြ တစ္ေယာက္စီ ပါဝင္ပါတယ္။

တရားစီရင္မႈတစ္ခုမွာ အဖြဲ႕ဝင္ ႏိုင္ငံတစ္ႏိုင္ငံက တရားသူႀကီး တစ္ဦး မပါႏိုင္ဘူးဆိုရင္ အဲဒီ ႏိုင္ငံက ယာယီ အစားထိုး တရားသူႀကီး တစ္ေယာက္ကို ထားရွိႏိုင္ပါတယ္။ ဒီတရားသူႀကီးက တျခားႏိုင္ငံဘယ္ႏိုင္ငံက တရားသူႀကီးကို မဆိုခန႔္ထားႏိုင္ၿပီး သူက တျခား အဖြဲ႕ဝင္ တရားသူႀကီးေတြလိုပဲ အခြင့္ေရး အျပည့္အဝ ရရွိပါတယ္။

ႏိုင္ငံတကာက တရားသူႀကီးေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ဒီတရား႐ုံးဟာ တရားေရး ကိစၥေတြအတြက္ ကမာၻ႔တရား႐ုံး အျဖစ္ ထူးထူးျခားျခား ရပ္တည္ေနတဲ့ အဖြဲ႕အစည္းလို႔ ဆိုပါတယ္။ သူရဲ႕ အဆုံးအျဖတ္ေပးမႈ၊ ထင္ျမင္ယူဆမႈနဲ႔ စည္းမ်ဥ္းအမိန႔္ေတြနဲ႔ အဲဒီလို ရပ္တည္ေနတယ္လို႔ ဆိုပါတယ္။

အဲဒီတရားသူႀကီးေတြဟာ ဒီတရား႐ုံးရဲ႕ အဓိက ရည္႐ြယ္ခ်က္ျဖစ္တဲ့ ကမာၻ႔ႏိုင္ငံေတြရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးကို ထိန္းသိမ္းေစာင့္ေရွာက္ၿပီး ပိုအားေကာင္းေအာင္ လုပ္ဖို႔ ဆိုတဲ့ တာဝန္ကို ေအာင္ျမင္ဖို႔ တာဝန္ရွိသူေတြ ျဖစ္ၾကပါတယ္။

BBC Burmese
https://www.bbc.com
------------------
(Unicode)⤵⤵⤵
အိုင်စီဂျေ တရားသူကြီးတွေ ဘယ်သူတွေလဲ

ဓာတ်ပုံ မူပိုင် ICJ
Image caption အဆုံးအဖြတ်မဲပေးနိုင်တဲ့ အိုင်စီဂျေ ဥက္ကဋ္ဌ

"ကျွန်ုပ်ကို ပေးအပ်ထားသော တာဝန်တွေ နဲ့ တရားသူကြီး အာဏာကို ရိုးသားဖြောင့်မတ်စွာ၊ သစ္စာရှိစွာ၊ ဘက်မလိုက်ဘဲ ကောင်းမွန်သေချာစွာ ထမ်းဆောင်ပါမယ်လို့ အလေးအနက် ကြေညာပါတယ်"

ဒါက ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး အိုင်စီဂျေမှာ တာဝန်ထမ်းဆောင်တဲ့ တရားသူကြီးတွေ တရားရုံးမှာ ကျိန်ဆို ကြေညာရတဲ့ စကားပါ။

ဒီတရားသူကြီးတွေဟာ နိုင်ငံတကာ တရားရုံးမှာ တရားစီရင်တဲ့အခါ သူတို့နိုင်ငံတွေကို ကိုယ်စားမပြုဘဲ လွတ်လပ်တဲ့ တရားသူကြီးတွေ အဖြစ် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရားသူကြီးတွေဟာ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်း ပုံစံနဲ့ ကမ္ဘာ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ပြဋ္ဌာန်းပေးတဲ့ တရားရုံးအနေနဲ့ ရပ်တည် ဆုံးဖြတ်ကြရမယ့် သူတွေ ဖြစ်ပါတယ်။

အနောက်အာဖရိက နိုင်ငံ ဂမ်ဘီယာက မြန်မာနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်မှု အပေါ် မတားဆီးနိုင်ဘူး၊ ဂျီနိုဆိုက် ကွန်ဗင်းရှင်း သဘောတူ စာချုပ်ကို မလိုက်နာဘူးဆိုပြီး စွပ်စွဲထားတာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ မှာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က နိုင်ငံတကာ တရားရုံး အိုင်စီဂျေမှာ စတင် ကြားနာတော့မှာ ဖြစ်ပါတယ်။

ဒီတော့ သူတို့တွေဟာ ဘယ်သူတွေပါလဲ။ သူတို့ကို ဘယ်လို ခန့်ထားကြသလဲ။
တရားသူကြီးတွေက ဘယ်သူတွေလဲ

နိုင်ငံတကာ တရားရုံး အိုင်စီဂျေကို တရားသူကြီး ၁၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

လက်ရှိ ဥက္ကဌကတော့ ဆိုမာလီယာ နိုင်ငံသား အဘဒ်ဒူကာဝီ အာမက် ယူနွတ် ဖြစ်ပါတယ်။ သူက အိုင်စီဂျေမှာ ဒုက္ကဋ္ဌ အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ ဖူးပါတယ်။

သူဟာ မိခင် ဆိုမာလီ ဘာသာစကားအပါအဝင် ဘာသာစကား ငါးမျိုးတတ်ကျွမ်းသူ ဖြစ်ပါတယ်။

ဥက္ကဋ္ဌဟာ တရားရုံးရဲ့ အစည်းအဝေးတွေ အားလုံးကို တက်ရောက်ရပြီး လုပ်ငန်းတွေကို ဦးဆောင်ညွှန်ကြားရပါတယ်။
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဥက္ကဋ္ဌနဲ့ ဒုက္ကဌကို အဖွဲ့ဝင် တရားသူကြီးတွေကပဲ လျှို့ဝှက်မဲပေး စနစ်နဲ့ သုံးနှစ် တစ်ကြိမ် ရွေး

တရားစီရင် ကြားနာမှုတွေ၊ အဆုံးအဖြတ်မဲတွေ ပေးစဉ် အဖွဲ့ဝင် တရားသူကြီးတွေရဲ့ မဲတွေ နှစ်ဖက် အညီအမျှဖြစ်နေတဲ့အခါ ဥက္ကဋ္ဌက အဆုံးအဖြတ် မဲပေးရပါတယ်။

ဒီတရားသူကြီးတွေဟာ နိုင်ငံတကာ တက္ကသိုလ်တွေက ဥပဒေပညာ ပါရဂူဘွဲ့ရတွေ၊ နိုင်ငံတကာ ဥပဒေ ပညာနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ လုပ်ခဲ့သူတွေ၊ ဥပဒေကျောင်းတွေက ပါမောက္ခတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ နိုင်ငံ အစိုးရတွေရဲ့ ဥပဒေ ဆိုင်ရာ လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့သူတွေ ဖြစ်ကြပါတယ်။

အိုင်စီဂျေ တရားသူကြီး အဖွဲ့မှာ အမျိုးသား ၁၂ ဦးနဲ့ ဒုက္ကဋ္ဌ အပါအဝင် အမျိုးသမီး သုံးဦး ပါဝင်ပါတယ်။

ဒုက္ကဋ္ဌကတော့ တရုတ်နိုင်ငံက ရွှဲ့ဟန်ချင်း ဖြစ်ပါတယ်။ သူကတော့ တရုတ်အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာလည်း တာဝန် ထမ်းဆောင်ဖူး သူဖြစ်ပါတယ်။

ဥက္ကဋ္ဌနဲ့ ဒုက္ကဋ္ဌ တို့ကို အဖွဲ့ဝင် တရားသူကြီးတွေကပဲ လျှို့ဝှက်မဲပေး စနစ်နဲ့ သုံးနှစ် တစ်ကြိမ် ရွေးချယ်ပေးပါတယ်။

ကျန်တဲ့ တရားသူကြီးတွေကတော့ ဆလိုဗက်ကီးယား၊ ပြင်သစ်၊ မော်ရိုကို၊ ဘရာဇီး၊ အမေရိကန်၊ အီတလီ၊ ယူဂန်ဒါ၊ အိန္ဒိယ၊ ဂျမေကာ၊ သြစတြေးလျ၊ ရုရှား၊ လက်ဘနွန်နဲ့ ဂျပန် နိုင်ငံတို့က ဖြစ်ပါတယ်။

ဒီတရားရုံးရဲ့ ရုံးသုံးဘာသာစကားကတော့ အင်္ဂလိပ်နဲ့ ပြင်သစ်ဘာသာပါ။
အိုင်စီဂျေ တရားသူကြီးတွေကို ဘယ်လို ရွေးချယ်ခန့်ထားသလဲ
ဓာတ်ပုံ မူပိုင် ICJ
Image caption ဒုဥက္ကဋ္ဌ တရားသူကြီး

အိုင်စီဂျေက တရားသူကြီးတွေကို ကိုးနှစ်သက်တမ်း ရွေးကောက်ခန့်ထားတာ ဖြစ်ပါတယ်။ သူတို့ကို ရွေးချယ်ပေးလိုက်တာကတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့ လုံခြုံရေးကောင်စီတို့က ဖြစ်ပါတယ်။

အရွေးခံရဖို့ဆိုရင် ဒီအဖွဲ့အစည်း နှစ်ခုစလုံးကနေ မဲအများစုနဲ့ ရွေးချယ်ခံရဖို့ လိုပါတယ်။

ဒီတရားရုံးမှာ တရားသူကြီးတွေ ရွေးတဲ့အခါ တရားရုံး ပုံမှန် ဆက်တိုက် လည်ပတ်နေ နိုင်အောင်အတွက် တရားသုံးကြီး သုံးပုံ တစ်ပုံကို သုံးနှစ်ခါ ရွေးချယ်ပါတယ်။ တရားသူကြီးတွေဟာ နောက်တစ်ကြိမ်ထပ် ရွေးကောက်ခံခွင့်လည်း ရှိပါတယ်။

အရွေးချယ်ခံမယ့် တရားသူကြီးတွေဟာ ကိုယ့်ကျင့်တရား ကောင်းမွန်သူတွေ၊ သက်ဆိုင်ရာ နိုင်ငံတွေက တရားရေး လုပ်ငန်းတွေမှာ အဆင့်မြင့် တာဝန် ထမ်းဆောင်ဖူးသူတွေ နဲ့ နိုင်ငံတကာ ဥပဒေ ပညာကို နှံ့စပ်သူတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် တရား သူကြီး အဖွဲ့မှာ တစ်နိုင်ငံတည်းက တရားသူကြီး နှစ်ယောက်ကို ခန့်ထားခွင့် မရှိပါဘူး။
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေက တရားသူကြီးတွေ တစ်ယောက်စီ ပါဝင်ပါတယ်။

သူတို့ လွတ်လပ်စွာ စီရင်ဆုံးဖြတ်နိုင်ဖို့ အတွက်လည်း တရားသူကြီး တစ်ယောက်ယောက်ဟာ တာဝန်ထမ်းဆောင်နိုင်စွမ်းမရှိဘူးလို့ တခြားအဖွဲ့ဝင် တရားသူကြီးတွေက တညီတညွတ်တည်း ဆုံးဖြတ်တာကလွဲလို့ ဘယ်တရားသူကြီးကိုမှ ရာထူးက ဖြုတ်ချပိုင်ခွင့်မရှိပါဘူး။
ဘယ်နိုင်ငံတွေက တရားသူကြီးတွေကို ရွေးသလဲ

အိုင်စီဂျေမှာ တရားသူကြီးတွေကို ပထဝီ အနေအထားအရ ခွဲခြားထားပြီး အာဖရိက နိုင်ငံတွေက တရားသူကြီး သုံးယောက်၊ လက်တင် အမေရိကားနဲ့ ကာရေဘီယန်နိုင်ငံတွေက နှစ်ယောက်၊ အာရှက သုံးယောက်၊ အနောက်ဥရောပနဲ့ အနောက်နိုင်ငံတွေက ငါးယောက်၊ အရှေ့ဥရောပက နှစ်ယောက် ထားရှိရမှာ ဖြစ်ပါတယ်။

ဘယ်နိုင်ငံရယ်လို့ အတိအကျ နေရာတစ်နေရာ ပုံသေမပေးပေမဲ့ လက်တွေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေက တရားသူကြီးတွေ တစ်ယောက်စီ ပါဝင်ပါတယ်။

တရားစီရင်မှုတစ်ခုမှာ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက တရားသူကြီး တစ်ဦး မပါနိုင်ဘူးဆိုရင် အဲဒီ နိုင်ငံက ယာယီ အစားထိုး တရားသူကြီး တစ်ယောက်ကို ထားရှိနိုင်ပါတယ်။ ဒီတရားသူကြီးက တခြားနိုင်ငံဘယ်နိုင်ငံက တရားသူကြီးကို မဆိုခန့်ထားနိုင်ပြီး သူက တခြား အဖွဲ့ဝင် တရားသူကြီးတွေလိုပဲ အခွင့်ရေး အပြည့်အဝ ရရှိပါတယ်။

နိုင်ငံတကာက တရားသူကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီတရားရုံးဟာ တရားရေး ကိစ္စတွေအတွက် ကမ္ဘာ့တရားရုံး အဖြစ် ထူးထူးခြားခြား ရပ်တည်နေတဲ့ အဖွဲ့အစည်းလို့ ဆိုပါတယ်။ သူရဲ့ အဆုံးအဖြတ်ပေးမှု၊ ထင်မြင်ယူဆမှုနဲ့ စည်းမျဉ်းအမိန့်တွေနဲ့ အဲဒီလို ရပ်တည်နေတယ်လို့ ဆိုပါတယ်။

အဲဒီတရားသူကြီးတွေဟာ ဒီတရားရုံးရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ပြီး ပိုအားကောင်းအောင် လုပ်ဖို့ ဆိုတဲ့ တာဝန်ကို အောင်မြင်ဖို့ တာဝန်ရှိသူတွေ ဖြစ်ကြပါတယ်။

BBC Burmese
https://www.bbc.com
အိုင္စီေဂ် တရားသူႀကီးေတြ ဘယ္သူေတြလဲ အိုင္စီေဂ် တရားသူႀကီးေတြ ဘယ္သူေတြလဲ Reviewed by THITHTOOLWIN on 06:19 Rating: 5
Powered by Blogger.