ဝိန္းေက်ာက္ရပ္ကြက္မွာ ေလထပ္အေဆာက္အဦးလုပ္ငန္းခြင္မွ လူတစ္ဦးျပဳတ္က်ေသဆုံး

(Zawgyi)⤵⤵⤵
တာခ်ီလိတ္၊ ဒီဇင္ဘာ ၈

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ ဝိန္းေက်ာက္ရပ္ကြက္ရွိ ေလးထပ္ကိုယ္ပိုင္မူလတန္းေက်ာင္းေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ ဒီကေန႔ ဒီဇင္ဘာလ (၈)ရက္ေန႔၊ မြန္းလြဲပိုင္းက အမ်ိဳးသား (၁)ဦးျပဳတ္က်ေသဆုံးခဲေၾကာင္း သိရပါတယ္္။

အဆိုပါျဖစ္စဥ္မွာ ကိုခင္ေမာင္သန္း (၄၂)ႏွစ္ ပါလွ်ံကြပ္သစ္ရပ္ကြက္ေနသူမွာ
ဒီကေန႔ မြန္းလြဲ(၁)နာရီခြဲအခ်ိန္ခန္႔က ဝိန္းေက်ာက္ရပ္ကြက္ရွိ ျမန္မာ/အဂၤလိပ္ကိုယ္ပိုင္မူလတန္းေက်ာင္းေဆာက္လုပ္ေရး လုပ္ငန္းခြင္လုပ္ကိုင္ေနရာမွေျမညီထပ္ပါ ေလးထပ္အေဆာက္အဦးအေပၚမွ ျပဳတ္က်ေသဆုံးခဲ့ေၾကာင္းသိရပါတယ္။

အခုေသဆုံးသူ ကိုခင္ေမာင္သန္း (၄၂)ႏွစ္ကို တာခ်ီလိတ္ခ႐ိုင္ျပည္သူေဆး႐ုံကို ပို႔ေဆာင္ခဲ့ၿပီး ျဖစ္စဥ္နဲ႔ပတ္သက္ကာ ရဲတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။

သတင္း-ဇင္လတ္(ေ႐ႊႀတိဂံ)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
---------------
(Unicode)⤵⤵⤵
ဝိန်းကျောက်ရပ်ကွက်မှာ လေထပ်အဆောက်အဦးလုပ်ငန်းခွင်မှ လူတစ်ဦးပြုတ်ကျသေဆုံး

တာချီလိတ်၊ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ လေးထပ်ကိုယ်ပိုင်မူလတန်းကျောင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဒီကနေ့ ဒီဇင်ဘာလ (၈)ရက်နေ့၊ မွန်းလွဲပိုင်းက အမျိုးသား (၁)ဦးပြုတ်ကျသေဆုံးခဲကြောင်း သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ ကိုခင်မောင်သန်း (၄၂)နှစ် ပါလျှံကွပ်သစ်ရပ်ကွက်နေသူမှာ
ဒီကနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်ခန့်က ဝိန်းကျောက်ရပ်ကွက်ရှိ မြန်မာ/အင်္ဂလိပ်ကိုယ်ပိုင်မူလတန်းကျောင်းဆောက်လုပ်ရေး လုပ်ငန်းခွင်လုပ်ကိုင်နေရာမှမြေညီထပ်ပါ လေးထပ်အဆောက်အဦးအပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်းသိရပါတယ်။

အခုသေဆုံးသူ ကိုခင်မောင်သန်း (၄၂)နှစ်ကို တာချီလိတ်ခရိုင်ပြည်သူဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဖြစ်စဉ်နဲ့ပတ်သက်ကာ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း-ဇင်လတ်(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဝိန္းေက်ာက္ရပ္ကြက္မွာ ေလထပ္အေဆာက္အဦးလုပ္ငန္းခြင္မွ လူတစ္ဦးျပဳတ္က်ေသဆုံး ဝိန္းေက်ာက္ရပ္ကြက္မွာ ေလထပ္အေဆာက္အဦးလုပ္ငန္းခြင္မွ လူတစ္ဦးျပဳတ္က်ေသဆုံး Reviewed by THITHTOOLWIN on 02:04 Rating: 5
Powered by Blogger.