လူမ်ိဳးတုံးရွင္းလင္းရာေရာက္တဲ့လုပ္ရပ္ေတြ က်ဴးလြန္ေနဆဲပဲလို႔ Fortify Rights ထုတ္ျပန္

White Card ေခၚ ယာယီသက္ေသခံ လက္မွတ္မ်ား ၂ဝ၁၅ မတ္လ ၃၁ ရက္ေန႔တြင္ သက္တမ္းကုန္ဆုံးေၾကာင္း သမၼတဦးသိန္းစိန္အစိုးရက ေၾကညာၿပီးေနာက္ White Card ျပန္လည္အပ္ႏွံၿပီးေၾကာင္း သက္ေသခံလက္မွတ္ ကိုင္ေဆာင္ထားသည့္ ႐ိုဟင္ဂ်ာတစ္ဦး။
(Zawgyi)⤵⤵⤵
႐ိုဟင္ဂ်ာ မြတ္စလင္ေတြအေပၚ လူမ်ိဳးတုံးရွင္းလင္းရာေရာက္တဲ့ လုပ္ရပ္ေတြ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ စြဲဆိုခ်က္နဲ႔ ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံက အျပည္ျပည္ဆိုင္ရာ တရား႐ုံး ICJ မွာ တရားစြဲဆိုထားေပမယ့္ ရခိုင္ျပည္ နယ္ေျမာက္ပိုင္း ဘူးသီးေတာင္မွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာေတြ ဆက္လက္က်ဴးလြန္ေနတယ္လို႔ Fortify Rights အဖြဲ႕က မေန႔က ထုတ္ျပန္ပါတယ္။

လက္ရွိမွာ ျမန္မာႏိုင္ငံဟာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာမြတ္စလင္ေတြကို လူမ်ိဳးတုံးရွင္းလင္းတာေတြ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ အျပည္ျပည္ဆိုင္ရာ တရား႐ုံး ICJ မွာ အမႈဖြင့္တိုင္ၾကားခံထားရခ်ိန္ပါ။

ဒါေပမဲ့လည္း ျမန္မာအစိုးရနဲ႔ တပ္မေတာ္သားေတြဟာ ႐ိုဟင္ဂ်ာေတြအေပၚမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာေတြ ဆက္လက္က်ဴးလြန္ေနတဲ့ အေထာက္အထားေတြ ရရွိေနဆဲပဲလို႔ ထိုင္းႏိုင္ငံအေျခစိုက္ လူ႔အခြင့္အေရးအဖြဲ႕တစ္ဖြဲ႕ ျဖစ္တဲ့ Fortify Rights အဖြဲ႕က ထုတ္ျပန္ထားပါတယ္။

အခုလိုအခ်ိန္မွာပဲ ဘူးသီးေတာင္ၿမိဳ႕နယ္က ႐ိုဟင္ဂ်ာမြတ္စလင္ေတြအေပၚ တပ္မေတာ္နဲ႔ နယ္ျခားေစာင့္ တပ္ေတြက က်ဴးလြန္တာေတြဟာ ေကာင္းတဲ့လကၡဏာေတြ မဟုတ္တဲ့အတြက္ ရပ္တန႔္ဖို႔လိုတယ္လို႔ Fortify  Rights အဖြဲ႕ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး ကြၽမ္းက်င္သူ ကိုနစ္ကီဒိုင္းမြန္းက ေျပာပါတယ္။

“လြတ္လပ္စြာသြားလာခြင့္ကို ကန႔္သတ္ခ်ဳပ္ခ်ယ္တာရယ္၊ အတင္းအဓမၼေစခိုင္းတဲ့ကိစၥေတြရယ္ ခုလက္တေလာေတြ႕ေန ရတာေပါ့၊ လူ႔အခြင့္ေရး ခ်ိဳးေဖာက္မႈေတြ၊ က်ဴးလြန္မႈေတြက အရင္ျဖစ္ခဲ့တဲ့ ျပႆနာေတြကိုေပါ့၊ ခုလက္ရွိထိ ဆက္ၿပီးက်ဴး လြန္ေနတယ္ဆိုတဲ့ အေထာက္အထားမ်ိဳးေတြ ဆက္တိုက္ေတြေန ရတာက အစိုးရေသာ္လည္းေကာင္း၊ စစ္တပ္ေသာ္လည္းေကာင္း၊ ေကာင္းတဲ့အလားအလာေတာ့ မဟုတ္ဘူး၊ ဒီကိစၥရပ္ေတြက ဘယ္ကိုသြားမလဲဆိုရင္ ICJ မွာရွိတဲ့ အေျခအေနနဲ႔ကို အစိုးရ အတြက္ ပိုၿပီးေတာ့ဆိုးသြားေစတဲ့ အေျခအေနျဖစ္ေနတယ္”

ၿပီးခဲ့တဲ့ရက္ပိုင္းက ရခိုင္ျပည္နယ္မွာ ႐ိုဟင္ဂ်ာ ၁၂ ဦးကို Fortify Rights အဖြဲ႕က ေတြ႕ဆုံေမးျမန္းခဲ့ရာမွာ ၿပီးခဲ့တဲ့ စက္တင္ဘာလအတြင္း ဘူးသီးေတာင္ၿမိဳ႕နယ္မွာ ျမန္မာ့တပ္မေတာ္နဲ႔ နယ္ျခားေစာင့္တပ္ေတြရဲ႕ အဓမၼ ခိုင္းေစမႈ ခုႏွစ္မႈ ရွိခဲ့ေၾကာင္း၊ အဲဒီၿမိဳ႕နယ္က သေျပေတာ႐ြာမွာလည္း အမ်ိဳးသားနဲ႔ ကေလးေတြ စုစုေပါင္း လူ ၃၀ ကို အဓမၼခိုင္းေစဖို႔ ထိန္းသိမ္းထားေၾကာင္း၊ သူတို႔ရဲ႕ ပိုင္ဆိုင္မႈေတြ လုယက္သိမ္းဆည္းခံခဲ့ရၿပီး၊ အစားအစာနဲ႔ ေရလည္း ျဖတ္ေတာက္ခံရေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ႐ိုဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္တာေတြရွိတယ္လို႔ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပါတီ အတြင္းေရးမႉး ကိုေက်ာ္စိုးေအာင္က ေျပာပါတယ္။

“အခုထိ လူ႔အခြင့္ေရး ခ်ိဳးေဖာက္ေနဆဲဆိုတာ ေသခ်ာတယ္၊ က်ေနာ္တို႔ နယ္ေျမေတြကို ေမးျမန္းလိုက္ေတာ့ အဲအေနထားေတြရွိေနတယ္၊ ဒါေပမဲ့ အရင္ေလာက္ေတာ့ မဆိုးဘူးေပါ့ေနာ္၊ တျဖည္းျဖည္းနဲ႔ေတာ့ ေျပာင္းလည္းမႈရွိလာတယ္၊ အစိုးရနဲ႔ သက္ဆိုင္ရာ လုံၿခဳံေရးတာဝန္ယူထားသူေတြက လူ႔အခြင့္ေရး ခ်ိဳးေထာက္တာေတြက ထင္သာျမင္သာရွိေနတာေပါ့”

ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေ႐ႊ ကေတာ့ ရခိုင္ျပည္နယ္မွာ မြတ္စလင္ေတြကိုသာမက ရခိုင္ေတြအပါအဝင္ အားလုံးဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံေနရတယ္လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ေဒသခံေတြဟာ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္ခြာ ထြက္ေျပးေနရတာေတြ၊ လက္နက္ႀကီး ပစ္ခတ္တာေတြအပါအဝင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရတာေတြ အမ်ားအျပားရွိတယ္လို႔ ဦးေအာင္ေသာင္းေ႐ႊက ေျပာပါတယ္။

“လူ႔အခြင့္ေရး ခ်ိဳးေဖာက္ခံရတာေတြက အစၥလာမ္ေတြခ်ည္း မဟုတ္ဘူး၊ ရခိုင္ေတြမွာလည္းရွိတယ္၊ တိုင္းရင္းသားေတြ အကုန္လုံးေပ့ါ၊ အဲရခိုင္ျပည္နယ္ တစ္ျပည္လုံးေပါ့၊ အကုန္လုံး ခ်ိဳးေဖာက္ခံေနရတာပဲ၊ စစ္ျဖစ္တဲ့ေနရာမွာ ႏိုင္ငံတကာက အကူညီေပးေနတာေတြကို တားျမစ္တာေတြရွိတယ္ ဒါလည္း လူ႔အခြင့္ေရး ခ်ိဳးေဖာက္ခံေနရတာပဲ”

ဘူးသီးေတာင္ၿမိဳ႕နယ္မွာ လူ႔အခြင့္ေရး ခ်ိဳးေဖာက္ခံရတာေတြ ရွိတယ္ဆိုတာနဲ႔ပတ္သက္လို႔ အစၥလာမ္ဘာသာေရးေခါင္းေဆာင္ ဦးေအးလြင္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့

“က်ေနာ္စိတ္ထင္ေတာ့ အေပၚနဲ႔ေအာက္က ခ်ိန္ဆက္မႈက သိပ္မညီေသးဘူးလား မသိဘူး၊ က်ေနာ္ေတာ့ အခိုင္အလုံ မသိဘူးေလ၊ သို႔ေသာ္လည္း အေပၚနဲ႔ေအာက္ အခ်ိတ္အဆက္ မညီတဲ့အတြက္ ေတာ္ေတာ္ေလးကို တိုင္းျပည္နာမည္ပ်က္ ရတာေတြ ရွိပါတယ္ေလ၊ ေသခ်ာစုံစမ္းၿပီး ဒါေတြကို အျမန္ဆုံး ရပ္ဆိုင္းဖို႔ လိုအပ္ပါတယ္”

တပ္မေတာ္က ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ အဓမၼေစခိုင္းတာေတြ ရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ပတ္သက္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာန ခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို ဆက္သြယ္ေမးျမန္းရာ မွာေတာ့ အခုလို ျငင္းဆိုပါတယ္။

“အဲဒါေတာ့ မဟုတ္ပါဘူးဗ်၊ ဒါပဲ ေျပာခ်င္ပါတယ္၊ က်ေနာ္လည္း အလုပ္ရႈပ္ေနလို႔ေနာ္”

ICJ မွာ ဂမ္ဘီယာႏိုင္ငံက အမႈဖြင့္တိုင္ၾကားခ်က္ေတြကို ခုခံေခ်ပဖို႔ ျမန္မာအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီေန႔ နယ္သာလန္ႏိုင္ငံကို ထြက္ခြာသြားၿပီျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
---------------------
(Unicode)⤵⤵⤵
လူမျိုးတုံးရှင်းလင်းရာရောက်တဲ့လုပ်ရပ်တွေ ကျူးလွန်နေဆဲပဲလို့ Fortify Rights ထုတ်ပြန်
ကျော်လွင်ဦး

White Card ခေါ် ယာယီသက်သေခံ လက်မှတ်များ ၂ဝ၁၅ မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးကြောင်း သမ္မတဦးသိန်းစိန်အစိုးရက ကြေညာပြီးနောက် White Card ပြန်လည်အပ်နှံပြီးကြောင်း သက်သေခံလက်မှတ် ကိုင်ဆောင်ထားသည့် ရိုဟင်ဂျာတစ်ဦး။
Screenshot: Fortify Rights

ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံးရှင်းလင်းရာရောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားပေမယ့် ရခိုင်ပြည် နယ်မြောက်ပိုင်း ဘူးသီးတောင်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဆက်လက်ကျူးလွန်နေတယ်လို့ Fortify Rights အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုံးရှင်းလင်းတာတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှုဖွင့်တိုင်ကြားခံထားရချိန်ပါ။

ဒါပေမဲ့လည်း မြန်မာအစိုးရနဲ့ တပ်မတော်သားတွေဟာ ရိုဟင်ဂျာတွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဆက်လက်ကျူးလွန်နေတဲ့ အထောက်အထားတွေ ရရှိနေဆဲပဲလို့ ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Fortify Rights အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခုလိုအချိန်မှာပဲ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် တပ်မတော်နဲ့ နယ်ခြားစောင့် တပ်တွေက ကျူးလွန်တာတွေဟာ ကောင်းတဲ့လက္ခဏာတွေ မဟုတ်တဲ့အတွက် ရပ်တန့်ဖို့လိုတယ်လို့ Fortify  Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

“လွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ်ချုပ်ချယ်တာရယ်၊ အတင်းအဓမ္မစေခိုင်းတဲ့ကိစ္စတွေရယ် ခုလက်တလောတွေ့နေ ရတာပေါ့၊ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ၊ ကျူးလွန်မှုတွေက အရင်ဖြစ်ခဲ့တဲ့ ပြဿနာတွေကိုပေါ့၊ ခုလက်ရှိထိ ဆက်ပြီးကျူး လွန်နေတယ်ဆိုတဲ့ အထောက်အထားမျိုးတွေ ဆက်တိုက်တွေနေ ရတာက အစိုးရသော်လည်းကောင်း၊ စစ်တပ်သော်လည်းကောင်း၊ ကောင်းတဲ့အလားအလာတော့ မဟုတ်ဘူး၊ ဒီကိစ္စရပ်တွေက ဘယ်ကိုသွားမလဲဆိုရင် ICJ မှာရှိတဲ့ အခြေအနေနဲ့ကို အစိုးရ အတွက် ပိုပြီးတော့ဆိုးသွားစေတဲ့ အခြေအနေဖြစ်နေတယ်”

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ၁၂ ဦးကို Fortify Rights အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဘူးသီးတောင်မြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ အဓမ္မ ခိုင်းစေမှု ခုနှစ်မှု ရှိခဲ့ကြောင်း၊ အဲဒီမြို့နယ်က သပြေတောရွာမှာလည်း အမျိုးသားနဲ့ ကလေးတွေ စုစုပေါင်း လူ ၃၀ ကို အဓမ္မခိုင်းစေဖို့ ထိန်းသိမ်းထားကြောင်း၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ လုယက်သိမ်းဆည်းခံခဲ့ရပြီး၊ အစားအစာနဲ့ ရေလည်း ဖြတ်တောက်ခံရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေရှိတယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ အတွင်းရေးမှူး ကိုကျော်စိုးအောင်က ပြောပါတယ်။

“အခုထိ လူ့အခွင့်ရေး ချိုးဖောက်နေဆဲဆိုတာ သေချာတယ်၊ ကျနော်တို့ နယ်မြေတွေကို မေးမြန်းလိုက်တော့ အဲအနေထားတွေရှိနေတယ်၊ ဒါပေမဲ့ အရင်လောက်တော့ မဆိုးဘူးပေါ့နော်၊ တဖြည်းဖြည်းနဲ့တော့ ပြောင်းလည်းမှုရှိလာတယ်၊ အစိုးရနဲ့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ယူထားသူတွေက လူ့အခွင့်ရေး ချိုးထောက်တာတွေက ထင်သာမြင်သာရှိနေတာပေါ့”

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ ကတော့ ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကိုသာမက ရခိုင်တွေအပါအဝင် အားလုံးဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် နေရပ်စွန်ခွာ ထွက်ပြေးနေရတာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ အများအပြားရှိတယ်လို့ ဦးအောင်သောင်းရွှေက ပြောပါတယ်။

“လူ့အခွင့်ရေး ချိုးဖောက်ခံရတာတွေက အစ္စလာမ်တွေချည်း မဟုတ်ဘူး၊ ရခိုင်တွေမှာလည်းရှိတယ်၊ တိုင်းရင်းသားတွေ အကုန်လုံးပေ့ါ၊ အဲရခိုင်ပြည်နယ် တစ်ပြည်လုံးပေါ့၊ အကုန်လုံး ချိုးဖောက်ခံနေရတာပဲ၊ စစ်ဖြစ်တဲ့နေရာမှာ နိုင်ငံတကာက အကူညီပေးနေတာတွေကို တားမြစ်တာတွေရှိတယ် ဒါလည်း လူ့အခွင့်ရေး ချိုးဖောက်ခံနေရတာပဲ”

ဘူးသီးတောင်မြို့နယ်မှာ လူ့အခွင့်ရေး ချိုးဖောက်ခံရတာတွေ ရှိတယ်ဆိုတာနဲ့ပတ်သက်လို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဦးအေးလွင်ကို ဆက်သွယ်မေးမြန်းရာမှာတော့

“ကျနော်စိတ်ထင်တော့ အပေါ်နဲ့အောက်က ချိန်ဆက်မှုက သိပ်မညီသေးဘူးလား မသိဘူး၊ ကျနော်တော့ အခိုင်အလုံ မသိဘူးလေ၊ သို့သော်လည်း အပေါ်နဲ့အောက် အချိတ်အဆက် မညီတဲ့အတွက် တော်တော်လေးကို တိုင်းပြည်နာမည်ပျက် ရတာတွေ ရှိပါတယ်လေ၊ သေချာစုံစမ်းပြီး ဒါတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့ လိုအပ်ပါတယ်”

တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အဓမ္မစေခိုင်းတာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာ မှာတော့ အခုလို ငြင်းဆိုပါတယ်။

“အဲဒါတော့ မဟုတ်ပါဘူးဗျ၊ ဒါပဲ ပြောချင်ပါတယ်၊ ကျနော်လည်း အလုပ်ရှုပ်နေလို့နော်”

ICJ မှာ ဂမ်ဘီယာနိုင်ငံက အမှုဖွင့်တိုင်ကြားချက်တွေကို ခုခံချေပဖို့ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ နယ်သာလန်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
လူမ်ိဳးတုံးရွင္းလင္းရာေရာက္တဲ့လုပ္ရပ္ေတြ က်ဴးလြန္ေနဆဲပဲလို႔ Fortify Rights ထုတ္ျပန္ လူမ်ိဳးတုံးရွင္းလင္းရာေရာက္တဲ့လုပ္ရပ္ေတြ က်ဴးလြန္ေနဆဲပဲလို႔ Fortify Rights ထုတ္ျပန္ Reviewed by THITHTOOLWIN on 23:33 Rating: 5
Powered by Blogger.