ေတာင္ႀကီး အ.ထ.က(၅)ေက်ာင္းအတြင္းမွာ မူးယစ္ရမ္းကားတဲ့လူ(၂)ဦးကို ဖမ္းဆီးေထာင္ခ်ထားၿပီး ကေလးခိုးယူရန္ ႀကံစည္ျခင္းမဟုတ္ဟုဆို

(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ဒီဇင္ဘာ ၈

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေရေအးကြင္းရပ္ကြက္ရွိ အမွတ္(၅) အေျခခံပညာအထက္တန္းေက်ာင္းအတြင္းကို ဝင္ေရာက္ၿပီး မူးယစ္ရမ္းကားတဲ့ လူ(၂)ဦးကို ဖမ္းဆီးၿပီး တရားစြဲဆိုေထာင္ခ်ထားကာ လူမႈကြန္ယက္ေပၚမွာ ပ်ံ႕ႏွံ႔ေနသကဲ့သို႔ ကေလးခိုးယူရန္ ႀကံစည္ျခင္းမဟုတ္ဘူးလို႔ ေတာင္ႀကီးနယ္ေျမရဲစခန္းမွ ဒုရဲအုပ္ေအးခ်ိဳက ေျပာပါတယ္။

ေတာင္ႀကီးၿမိဳ႕နယ္၊ ေရေအးကြင္းရပ္ကြက္ရွိ အမွတ္(၅) အေျခခံပညာအထက္တန္းေက်ာင္းအတြင္းကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၄ရက္က ေဝဟန္ျမင့္(ခ)သဲသဲ၊ ၃၇ႏွစ္၊ (ဘ)ဦးျမင့္ေအာင္၊ မဂၤလာဦးရပ္ကြက္ေနထိုင္သူနဲ႔ ေဇယ်ာ၊ ၃၉ႏွစ္၊ (ဘ)ဦးေအာင္၊ မဂၤလာဦးရပ္ကြက္ေနထိုင္သူတို႔က မူးယစ္ေသစာေသာက္စားၿပီး ဝင္ေရာက္ခဲ့တာျဖစ္ၿပီး ကေလးခိုးယူရန္ႀကံစည္တယ္လို႔ လူမႈကြန္ယက္ေပၚမွာ ပ်ံ႕ႏွံ႔ခဲ့တာ ျဖစ္ပါတယ္။

“သူတို႔ႏွစ္ေယာက္က မူးၿပီးဝင္တာေပါ့။ သူတို႔က အရင္က အဲဒီေက်ာင္းက ေက်ာင္းသားေဟာင္းေတြပါ။ အဲေန႔က ေက်ာင္းထဲမွာ ဘင္ခရာတီးေနတာကို ျမင္တဲ့အတြက္ တံခါးကလည္းဖြင့္ထားတာဆိုေတာ့ မူးေနတဲ့စိတ္နဲ႔ ဝင္အားေပးတာပါ။ ေနာက္ၿပီးေတာ့ မူးေနတာဆိုေတာ့ ကေလေတြဘာမွားတယ္၊ ညာမွားတယ္ဆိုၿပီး ေတာင္ေျပာေျမာက္ေျပာ ေလွ်ာက္ေျပာတာေပါ့။ ကေလးခိုးဖို႔ ႀကံစည္တယ္ဆိုတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္အခုလိုေခတ္ကာလမွာ ဒီေကာင္ေတြက မလုပ္သင့္တဲ့ကိစၥကို လုပ္လိုက္တာေပါ့။ ကိုယ့္နယ္ထဲမွာဆိုေပမယ့္ လက္ရွိအေျခအေနကိုေတာ့ စဥ္းစားသင့္တာေပါ့”လို႔ ဒုရဲအုပ္ေအးခ်ိဳက ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။

အဲဒီလို မူးယစ္ရမ္းကားမႈေၾကာင့္ ေဝဟန္ျမင့္(ခ)သဲသဲနဲ႔ ေဇယ်ာတို႔ ႏွစ္ဦးကို ေတာင္ႀကီး နယ္ေျမရဲစခန္းမွာ ရဲအက္-ဥပေဒပုဒ္မ(၄၇)အရ ဒုရဲအုပ္ေအးခ်ိဳမွ တရားလိုျပဳလုပ္ တိုင္တန္းခဲ့ၿပီး အမႈကို ေတာင္ႀကီးၿမိဳ႕နယ္တရား႐ုံးမွာ ဒီဇင္ဘာလ(၇)ရက္မွာ ေထာင္ဒဏ္(၇)ရက္ က်ခံေစရန္ အမိန႔္ခ်မွတ္လိုက္ၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။

“အစ္မတို႔ကေတာ့ ေတာ္ေတာ္ေလးကို စိုးရိမ္သြားတာေပါ့။ ဆရာမႀကီးအေနနဲ႔ကလည္း ေက်ာင္းသားမိဘေတြကို အစည္းအေဝးေခၚၿပီး ဒီကိစၥက ဒီလိုျဖစ္သြားတယ္။ လုံၿခဳံေရးတင္းၾကပ္ဖို႔အတြက္ ဘယ္လိုေဆာင္႐ြက္ၾကမလဲ။ ေက်ာင္းသားမိဘေတြနဲ႔ ဘယ္လိုပူးေပါင္းလုပ္ေဆာင္သင့္တယ္ဆိုတာမ်ိဳးေလးေတြ လုပ္ေပးေစခ်င္တာေပါ့။ ဒါမွမဟုတ္ ဒီကိစၥကို ထုတ္ျပန္ေၾကျငာေပးတာမ်ိဳးျဖစ္ျဖစ္ေပါ့။ ဒီလိုကိစၥမ်ိဳးေတြက ထပ္ျဖစ္မလာႏိုင္ဘူးလို႔ ဘယ္သူမွ အာမမခံႏိုင္ဘူးေလ”လို႔ ေက်ာင္းသားမိဘတစ္ဦးက ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။

အဆိုပါျဖစ္စဥ္ကို ကေလးခိုးယူရန္ႀကံစည္တယ္ဟုဆိုကာ လူမႈကြန္ယက္ေပၚမွာ ပ်ံ႕ႏွံ႔ေနမႈေၾကာင့္ ေက်ာင္းသားမိဘေတြက စိုးရိမ္လ်က္ရွိေနၾကတဲ့အတြက္ ေတာင္ႀကီးၿမိဳ႕ေပၚရွိ စာသင္ေက်ာင္း အေတာ္မ်ားမ်ားတြင္ နယ္ထိန္းတပ္ဖြဲ႕ဝင္ေတြကို အရပ္ဝတ္နဲ႔ ကင္းလွည့္ေစာင့္ၾကည့္ကာ ေက်ာင္းသား/ေက်ာင္းသူေတြရဲ႕ လုံၿခဳံေရးကို ေစာင့္ၾကည့္ေပးလ်က္ရွိတယ္လို႔လည္း ဒုရဲအုပ္ေအးခ်ိဳက ေျပာပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-----------------
(Unicode)⤵⤵⤵
တောင်ကြီး အ.ထ.က(၅)ကျောင်းအတွင်းမှာ မူးယစ်ရမ်းကားတဲ့လူ(၂)ဦးကို ဖမ်းဆီးထောင်ချထားပြီး ကလေးခိုးယူရန် ကြံစည်ခြင်းမဟုတ်ဟုဆို

တောင်ကြီး၊ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေအေးကွင်းရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းအတွင်းကို ဝင်ရောက်ပြီး မူးယစ်ရမ်းကားတဲ့ လူ(၂)ဦးကို ဖမ်းဆီးပြီး တရားစွဲဆိုထောင်ချထားကာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေသကဲ့သို့ ကလေးခိုးယူရန် ကြံစည်ခြင်းမဟုတ်ဘူးလို့ တောင်ကြီးနယ်မြေရဲစခန်းမှ ဒုရဲအုပ်အေးချိုက ပြောပါတယ်။

တောင်ကြီးမြို့နယ်၊ ရေအေးကွင်းရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းအတွင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ရက်က ဝေဟန်မြင့်(ခ)သဲသဲ၊ ၃၇နှစ်၊ (ဘ)ဦးမြင့်အောင်၊ မင်္ဂလာဦးရပ်ကွက်နေထိုင်သူနဲ့ ဇေယျာ၊ ၃၉နှစ်၊ (ဘ)ဦးအောင်၊ မင်္ဂလာဦးရပ်ကွက်နေထိုင်သူတို့က မူးယစ်သေစာသောက်စားပြီး ဝင်ရောက်ခဲ့တာဖြစ်ပြီး ကလေးခိုးယူရန်ကြံစည်တယ်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

“သူတို့နှစ်ယောက်က မူးပြီးဝင်တာပေါ့။ သူတို့က အရင်က အဲဒီကျောင်းက ကျောင်းသားဟောင်းတွေပါ။ အဲနေ့က ကျောင်းထဲမှာ ဘင်ခရာတီးနေတာကို မြင်တဲ့အတွက် တံခါးကလည်းဖွင့်ထားတာဆိုတော့ မူးနေတဲ့စိတ်နဲ့ ဝင်အားပေးတာပါ။ နောက်ပြီးတော့ မူးနေတာဆိုတော့ ကလေတွေဘာမှားတယ်၊ ညာမှားတယ်ဆိုပြီး တောင်ပြောမြောက်ပြော လျှောက်ပြောတာပေါ့။ ကလေးခိုးဖို့ ကြံစည်တယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်အခုလိုခေတ်ကာလမှာ ဒီကောင်တွေက မလုပ်သင့်တဲ့ကိစ္စကို လုပ်လိုက်တာပေါ့။ ကိုယ့်နယ်ထဲမှာဆိုပေမယ့် လက်ရှိအခြေအနေကိုတော့ စဉ်းစားသင့်တာပေါ့”လို့ ဒုရဲအုပ်အေးချိုက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

အဲဒီလို မူးယစ်ရမ်းကားမှုကြောင့် ဝေဟန်မြင့်(ခ)သဲသဲနဲ့ ဇေယျာတို့ နှစ်ဦးကို တောင်ကြီး နယ်မြေရဲစခန်းမှာ ရဲအက်-ဥပဒေပုဒ်မ(၄၇)အရ ဒုရဲအုပ်အေးချိုမှ တရားလိုပြုလုပ် တိုင်တန်းခဲ့ပြီး အမှုကို တောင်ကြီးမြို့နယ်တရားရုံးမှာ ဒီဇင်ဘာလ(၇)ရက်မှာ ထောင်ဒဏ်(၇)ရက် ကျခံစေရန် အမိန့်ချမှတ်လိုက်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

“အစ်မတို့ကတော့ တော်တော်လေးကို စိုးရိမ်သွားတာပေါ့။ ဆရာမကြီးအနေနဲ့ကလည်း ကျောင်းသားမိဘတွေကို အစည်းအဝေးခေါ်ပြီး ဒီကိစ္စက ဒီလိုဖြစ်သွားတယ်။ လုံခြုံရေးတင်းကြပ်ဖို့အတွက် ဘယ်လိုဆောင်ရွက်ကြမလဲ။ ကျောင်းသားမိဘတွေနဲ့ ဘယ်လိုပူးပေါင်းလုပ်ဆောင်သင့်တယ်ဆိုတာမျိုးလေးတွေ လုပ်ပေးစေချင်တာပေါ့။ ဒါမှမဟုတ် ဒီကိစ္စကို ထုတ်ပြန်ကြေငြာပေးတာမျိုးဖြစ်ဖြစ်ပေါ့။ ဒီလိုကိစ္စမျိုးတွေက ထပ်ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူးလေ”လို့ ကျောင်းသားမိဘတစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

အဆိုပါဖြစ်စဉ်ကို ကလေးခိုးယူရန်ကြံစည်တယ်ဟုဆိုကာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေမှုကြောင့် ကျောင်းသားမိဘတွေက စိုးရိမ်လျက်ရှိနေကြတဲ့အတွက် တောင်ကြီးမြို့ပေါ်ရှိ စာသင်ကျောင်း အတော်များများတွင် နယ်ထိန်းတပ်ဖွဲ့ဝင်တွေကို အရပ်ဝတ်နဲ့ ကင်းလှည့်စောင့်ကြည့်ကာ ကျောင်းသား/ကျောင်းသူတွေရဲ့ လုံခြုံရေးကို စောင့်ကြည့်ပေးလျက်ရှိတယ်လို့လည်း ဒုရဲအုပ်အေးချိုက ပြောပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေတာင္ႀကီး အ.ထ.က(၅)ေက်ာင္းအတြင္းမွာ မူးယစ္ရမ္းကားတဲ့လူ(၂)ဦးကို ဖမ္းဆီးေထာင္ခ်ထားၿပီး ကေလးခိုးယူရန္ ႀကံစည္ျခင္းမဟုတ္ဟုဆို ေတာင္ႀကီး အ.ထ.က(၅)ေက်ာင္းအတြင္းမွာ မူးယစ္ရမ္းကားတဲ့လူ(၂)ဦးကို ဖမ္းဆီးေထာင္ခ်ထားၿပီး ကေလးခိုးယူရန္ ႀကံစည္ျခင္းမဟုတ္ဟုဆို Reviewed by THITHTOOLWIN on 02:07 Rating: 5
Powered by Blogger.