ယံုၾကည္မႈ ျပန္တည္ေဆာက္ဖို႔ တိုင္းရင္းလူငယ္ေတြ ေတာင္းဆို

ပင္လုံစာခ်ဳပ္ ခ်ဳပ္္ဆုိသည့္ ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္ အခမ္းအနားက်င္းပစဥ္ တက္ေရာက္လာသည့္ တုိင္းရင္းသားမ်ား။

(Zawgyi / Unicode)

ျပည္သူလူထုက ေရြးခ်ယ္တင္ေျမႇာက္လိုက္တဲ့ NLD အစိုးရအေနနဲ႔ ၂၀၁၉ ခုႏွစ္အတြင္း တုိင္းရင္းသား ျပည္သူေတြအေပၚ တာဝန္ပ်က္ကြက္ မ်က္ကြယ္ျပဳမႈေတြကို သင္ခန္းစာယူၿပီး လာမယ့္ ၂၀၂၀ မွာ အထူးသျဖင့္ တုိင္းရင္းသားေတြရဲ႕ ယံုၾကည္မႈကို ျပန္တည္ေဆာက္ႏုိင္မယ္ဆိုရင္ ႏိုင္ငံအနာဂတ္အတြက္ အလားအလာေကာင္းေတြ ရႏိုင္မယ္လို႔ ျပည္တြင္းၿငိမ္းခ်မ္းေရး လႈပ္ရွားေနတဲ့ တုိင္းရင္းသားလူငယ္တခ်ိဳ႕က ေမွ်ာ္လင့္ပါတယ္။ မၾကာခင္ရက္ပိုင္းမွာပဲ ၂၀၁၉ ႏွစ္ကုန္လို႔ ၂၀၂၀ ႏွစ္သစ္ကူးခ်ိန္ ေရာက္ေတာ့မွာ ျဖစ္ေပမယ့္လို႔ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းၿငိမ္းခ်မ္းေရး အလားအလာ၊ စစ္မီးၿငိမ္းေရး၊ ၿငိမ္းခ်မ္းေရး ေမွ်ာ္လင့္ခ်က္ကေတာ့ ေမွးမွိန္ေနဆဲပဲလို႔ တိုင္းရင္းသားလူငယ္ေတြက ေျပာပါတယ္။

၂၀၁၉ ခုႏွစ္ထဲ ျမန္မာႏုိင္ငံမွာ အစိုးရအေပၚ သံုးသပ္ခ်က္၊ ျပည္တြင္းၿငိမ္းခ်မ္းေရး ႀကိဳးပမ္းမႈေတြဟာ ဘယ္ေလာက္ ခရီးေပါက္ခဲ့ပါသလဲ၊ လာမယ့္ ၂၀၂၀ ႏွစ္သစ္မွာ ျမန္မာျပည္ႀကီး ၿငိမ္းခ်မ္းႏုိင္ဖို႔ ေရွ႕ဆက္ဖုိ႔ ဘာေတြလုပ္ဖုိ႔ လုိေနေသးသလဲ ဆုိတာေတြကုိေတာ့ တိုင္းရင္းသားလူငယ္တခ်ိဳ႕ရဲ႕ သံုးသပ္ခ်က္အျမင္ေတြကို မဆုမြန္က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

၂၀၁၉ ႏွစ္ဆန္းပုိင္းကတည္းကစလို႔ ျမန္မာႏုိင္ငံတဝွမ္း အထူးသျဖင့္ ရခိုင္၊ ရွမ္းေျမာက္နဲ႔ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္ စတဲ့ တုိင္းရင္းေဒသေတြမွာ ရခုိင္လက္နက္ကုိင္အဖဲြ႔ အပါအဝင္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ေတြ၊ အပစ္ရပ္ လက္မွတ္မထိုးထားရေသးတဲ့ တိုင္းရင္းသား လက္နက္ကိုင္တပ္ေတြနဲ႔ အစိုးရစစ္တပ္တို႔ၾကား တုိက္ပြဲေတြက အျပင္းအထန္ ျဖစ္ေနဆဲပါ။ ဒီလို တင္းမာေနဆဲ စစ္ေရးပဋိပကၡေတြ ေလ်ာ့ပါးေစေရး ျပည္တြင္းစစ္မီးၿငိမ္းေရးနဲ႔ တုိင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႔ေတြနဲ႔ အစိုးရ၊ တပ္မေတာ္တို႔ၾကား တႏိုင္ငံလံုး အတိုင္းအတာနဲ႔ အပစ္အခတ္ရပ္စဲေရး ႀကိဳးပမ္းမႈေတြကေတာ့ ယံုၾကည္မႈ တည္ေဆာက္ႏုိင္ျခင္း မရွိဘဲ စိန္ေခၚမႈေတြ ရွိေနဆဲမို႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ရပ္တန္႔ေနရတာပါ။

ဒီလို ၂၀၁၉ ခုႏွစ္အတြင္းမွာ ႀကံဳခဲ့ရတဲ့ တုိင္းျပည္တြင္း ႏုိင္ငံေရးစိန္ေခၚမႈေတြ၊ စစ္ေရးပဋိပကၡေတြ၊ စီးပြားေရး အက်ပ္အတည္းေတြ စတဲ့ လူထုႀကံဳေနရတဲ့ အခက္အခဲေတြကုိ သင္ခန္းစာယူၿပီး ၂၀၂၀ မွာ တုိင္းရင္းသား ျပည္သူလူထုရဲ႕ ယံုၾကည္မႈ ျပန္လည္တည္ေဆာက္ပါလို႔ တုိင္းရင္းသားလူငယ္တခ်ိဳ႕က တုိက္တြန္းပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း ကရင္နီလူထု ကရင္နီလူငယ္ေတြၾကား ျပည္နယ္အစိုးရနဲ႔ အတုိက္ခံေတြ မ်ားစြာျဖစ္ခဲ့ရတဲ့ ကယားျပည္နယ္က ကရင္နီျပည္ ေတာင္သူလယ္သမားသမဂၢ ဥကၠ႒ ခူးသူရယ္ကေတာ့ လူထုအေပၚ မ်က္ကြယ္ျပဳမႈေတြကို သင္ခန္းစာယူေပးပါလို႔ ဆိုပါတယ္။

“၂၀၁၉ မွာ ျဖစ္ပ်က္ခဲ့တဲ့ ႏုိင္ငံေရး အျဖစ္အပ်က္ေတြေရာ၊ လူမႈေရး အျဖစ္အပ်က္ေတြေရာ ႏုိင္ငံတကာက တရားစြဲဆုိလာတဲ့အေပၚမွာ အမ်ားႀကီး ထိခုိက္လာတယ္။ ဆုိလုိတာက ၂၀၁၉ ျဖစ္စဥ္ကုိၾကည့္ေတာ့ ႏုိင္ငံေရးအရမွာလည္း NLD အစုိးရအေနနဲ႔ ျပည္သူလူထုအေပၚ တာဝန္ပ်က္ကြက္တာေတြ အမ်ားႀကီး ေတြ႔ရတယ္။ ဒီဟာေတြကို သင္ခန္းစာယူၿပီးေတာ့ ျပည္သူလူထုေတြကုိ မ်က္ႏွာမူၿပီးေတာ့ တန္ဖုိးထားမယ္၊ အသိအမွတ္ျပဳ ေလးစားၾကမယ္၊ တုိင္းရင္းသားေတြရဲ႕ ျဖစ္တည္မႈကို ေလးစားၾကမယ္၊ ၿပီးေတာ့ အခ်င္းခ်င္း အျပန္အလွန္ နားလည္မႈေတြ၊ အျပန္အလွန္ ယုံၾကည္မႈေတြ၊ ေလးစားမႈေတြ ရွိလာရင္ေတာ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းမွာလည္း အမ်ားႀကီး အေထာက္အကူ ျပဳလာမယ္လို႔ ေမွ်ာ္လင့္တယ္။”

ကခ်င္စစ္မီးၿငိမ္းေရးနဲ႔ စစ္ေျပးဒုကၡသည္ေတြအေရး လႈပ္ရွားသူ ကခ်င္တမ်ိဳးသားလံုးဆိုင္ရာ လူငယ္သမဂၢရဲ႕ ဥကၠ႒ျဖစ္သူ Lum Zaung ကလည္း တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ အစိုးရ တပ္မေတာ္တို႔ၾကား နုိင္ငံေရးစကားဝိုင္းေတြ ေဆြးေႏြးႏုိင္မယ္၊ ယံုၾကည္မႈ တည္ေဆာက္ႏိုင္မယ္ ဆုိရင္ေတာ့ ၂၀၂၀ အတြက္ ၿငိမ္းခ်မ္းေရး အလားအလာ ေကာင္းႏိုင္တယ္လို႔ ေမွ်ာ္လင့္ပါတယ္။

“၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲမွာ ျပည္သူလူထုေတြက အင္မတန္မွ ယုံၾကည္မႈ အျပည့္နဲ႔ အေျခခံ လူ႔အခြင့္အေရးျဖစ္တဲ့ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိမႈေတြ၊ ေဒသမွာ အမွန္တကယ္ ျဖစ္ပ်က္ ရင္ဆုိင္ေနရတဲ့ အေျခအေန မွန္ေတြကုိ ႏုိင္ငံေတာ္အစုိးရ ေခါင္းေဆာင္ေတြ အားလုံး သိဖိုအတြက္ တင္ျပခဲ့တဲ့ အရာေတြထဲမွာ အမွန္တကယ္ ႏုိင္ငံေတာ္အစုိးရ အေနနဲ႔ကေတာ့ ၂၀၁၉ ခုႏွစ္မွာက အမွန္တကယ္ ေဆာင္ရြက္ႏုိင္တဲ့ တာဝန္ယူ တာဝန္ခံမႈ အျပည့္ရွိတာက အင္မတန္မွ နည္းတဲ့ဟာ က်ေနာ္တို႔ ေတြ႔ရတယ္။ ဘာျဖစ္လို႔လဲဆုိရင္ ၂၀၁၉ မွာ ႏုိင္ငံေတာ္အစုိးရကေန တရားစြဲဆုိၿပီးမွ ဒီလိုမ်ဳိး လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိမႈေတြကို အေရးယူ ႏွိပ္ကြပ္တဲ့သဏၭာန္ ရွိေနတာကေတာ့ ယေန႔အခ်ိန္အထိ ျဖစ္ေနပါတယ္။ အဲဒါကတခုေပါ့။

“ေဒသခံေတြရဲ႕ ထုတ္ေဖာ္ေျပာဆုိမႈေတြကုိ ႏွိပ္ကြပ္ အေရးယူတဲ့ဟာေတြ၊ ေထာင္ခ်တဲ့ဟာေတြက အင္မတန္မွ ဆုိးဝါးတဲ့လုပ္ရပ္လို႔ က်ေနာ္တုိ႔က NLD အစုိးရ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ဦးေဆာင္တဲ့၊ ၿငိမ္းခ်မ္းေရးဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ ကုိယ္တုိင္ ဦးေဆာင္တဲ့ အစုိးရလက္ထက္မွာ ဒီလိုမ်ဳိးေတြ ျဖစ္ခဲ့တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔က အင္မတန္မွ ဝမ္းနည္းမိတယ္။ ဒါေၾကာင့္ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆုိ ေရးသား ထုတ္ေဝ လႈပ္ရွားမႈေပါ့၊ ဒီလိုမ်ဳိး ၿငိမ္းခ်မ္းစြာ လုပ္ေဆာင္မႈေတြကုိ ႏုိင္ငံေတာ္အစုိးရက ႏွိပ္ကြပ္မႈေတြ မလုပ္ေဆာင္ဖို႔အတြက္လည္း က်ေနာ္တုိ႔က ေမွ်ာ္လင့္ပါတယ္။”

တုိက္ပြဲေတြ ျပင္းထန္ေနဆဲျဖစ္ၿပီး စစ္ေရးပဋိပကၡေတြ တင္းမာေနတဲ့ ရခုိင္ျပည္နယ္ အပါအဝင္ တုိင္းရင္းေဒသေတြက စစ္မီးေတြၿငိမ္းဖို႔၊ ေနာက္ ႏွစ္သစ္ကူး တိုင္းျပည္ရဲ႕ အနာဂတ္အတြက္ အစိုးရဘက္ကလည္း အားနည္းခ်က္ အားသာခ်က္ေတြကို ျပန္သံုးသပ္သင့္တယ္၊ ႏုိင္ငံတကာဘက္ကလည္း အျပဳသေဘာေဆာင္တဲ့ ခ်ဥ္းကပ္မႈေတြနဲ႔ ပံ့ပိုးသင့္တယ္လို႔ သံုးသပ္သူကေတာ့ ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ံုး (REC) က အတြင္းေရးမွဴး ကိုေဇာ္ေဇာ္ထြန္း ျဖစ္ပါတယ္။

“၂၀၁၀ မွာ တက္လာတဲ့ ဦးသိန္းစိန္အစိုးရ လက္ထက္မွာကတည္းက ၿငိမ္္းခ်မ္းေရး ေဖာ္ေဆာင္မႈေတြကို သူတုိ႔ ပုံစံအသြင္တမ်ဳိးနဲ႔ ႀကိဳးစားေဖာ္ေဆာင္တာကုိ ေတြ႔ရတယ္။ အမ်ားႀကီးလည္း ေမွ်ာ္လင့္ၾကတယ္။ ဒါေပမယ့္ ေကာင္းေသာ အလားအလာနဲ႔ စထြက္လာတဲ့ ၿငိမ္းခ်မ္းေရးက ၂၀၁၅ ေနာက္ပုိင္း NLD အစုိးရ တက္လာၿပီး ေနာက္ပုိင္းမွာက်ေတာ့ ေမွ်ာ္လင့္ထားသလုိ ျဖစ္မလာဘဲနဲ႔ ျပန္ၿပီးေတာ့ ဆင္းသြားသလို ျဖစ္တာေပါ့ေလ။ ဒီေနရာမွာ က်ေနာ္တို႔ သတိေပးခ်င္တာကေတာ့ ႏုိင္ငံေရးအရ မ႐ုိးသားမႈေတြကိုလည္း ေတြ႔တယ္။ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေနတဲ့ အေနအထားမွာ မေက်နပ္ခ်က္ေတြလည္း ရွိေနေသးတယ္။ ဆုိေတာ့ တုိင္းရင္းသားအေရး အယူအဆေတြ အကဲြအၿပဲေတြက အရမ္းကုိ မ်ားခဲ့တဲ့အခါက်ေတာ့ ဒီအက်ဳိးဆက္ေတြ ဒီခံစားခ်က္ေတြက ရွိေနၾကတုန္းပဲဆုိတဲ့ အမွတ္လကၡဏာေတြေပါ့ဗ်ာ။ ဒီလို အက်ဥ္းအက်ပ္ေတြကုိ ေဆာင္ၾကဥ္းႏုိင္မယ့္ ေခါင္းေဆာင္ပုိင္းေတြ လုိလာမယ္။ ေနာက္ၿပီးေတာ့မွ ဒီေနရာမွာ တပ္မေတာ္ရဲ႕ အခန္းက႑ကိုလည္း ေျပာခ်င္တယ္။ အကုန္လုံး ျဖစ္ေစခ်င္တဲ့ ပုံစံမ်ဳိးကုိ ဘယ္လိုေဖာ္ေဆာင္သြားမလဲ ဆုိတဲ့ ခ်ဥ္းကပ္ပုံမ်ဳိးနဲ႔ သြားရမယ္လို႔ ထင္ပါတယ္။ အင္အားႀကီးတဲ့အတြက္ေၾကာင့္ ပိုၿပီးေတာ့ လုပ္ပိုင္ခြင့္အာဏာကို ယူထားမယ္ဆုိတဲ့ စဥ္းစားခ်က္ကို ေျဖေလွ်ာ့ၿပီးေတာ့ တုိင္းရင္းသားေတြဘက္ကလည္း ကိုယ္ေတြျဖစ္ခ်င္တဲ့ အေနအထားေပၚမွာ စိတ္ရွည္သည္းခံၿပီးေတာ့ စဥ္းစားႏုိင္ဖို႔ေတာ့ လုိတာေပါ့ေလ။”

မၾကာခင္ရက္ပိုင္းမွာပဲ ၂၀၁၉ ႏွစ္ကုန္လို႔ ၂၀၂၀ ႏွစ္သစ္ကူးခ်ိန္ ေရာက္ေတာ့မွာ ျဖစ္ေပမယ့္လို႔ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းၿငိမ္းခ်မ္းေရး အလားအလာ စစ္မီးၿငိမ္းေရးနဲ႔ စစ္ေျပးဒုကၡသည္ေတြ တေန႔တျခား မ်ားျပားလာေနတဲ့ တိုင္းျပည္ရဲ႕ အနာဂတ္အေပၚ တုိင္းရင္းသားျပည္သူလူထုက ရတက္မေအးျဖစ္ေနၿပီး လာမယ့္ ၂၀၂၀ မွာ စစ္မွန္တဲ့ၿငိမ္းခ်မ္းေရး တည္ေဆာက္ႏိုင္ဖို႔ ခုိင္မာတဲ့ ယံုၾကည္မႈေတြနဲ႔ ႏိုင္ငံေရးစကားဝိုင္းေတြ ေဆြးေႏြးႏိုင္ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၾကတာ ျဖစ္ပါတယ္။

----------------------------------

(Unicode)

ယုံကြည်မှု ပြန်တည်ဆောက်ဖို့ တိုင်းရင်းလူငယ်တွေ တောင်းဆို

ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ NLD အစိုးရအနေနဲ့ ၂၀၁၉ ခုနှစ်အတွင်း တိုင်းရင်းသား ပြည်သူတွေအပေါ် တာဝန်ပျက်ကွက် မျက်ကွယ်ပြုမှုတွေကို သင်ခန်းစာယူပြီး လာမယ့် ၂၀၂၀ မှာ အထူးသဖြင့် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ပြန်တည်ဆောက်နိုင်မယ်ဆိုရင် နိုင်ငံအနာဂတ်အတွက် အလားအလာကောင်းတွေ ရနိုင်မယ်လို့ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားနေတဲ့ တိုင်းရင်းသားလူငယ်တချို့က မျှော်လင့်ပါတယ်။ မကြာခင်ရက်ပိုင်းမှာပဲ ၂၀၁၉ နှစ်ကုန်လို့ ၂၀၂၀ နှစ်သစ်ကူးချိန် ရောက်တော့မှာ ဖြစ်ပေမယ့်လို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး အလားအလာ၊ စစ်မီးငြိမ်းရေး၊ ငြိမ်းချမ်းရေး မျှော်လင့်ချက်ကတော့ မှေးမှိန်နေဆဲပဲလို့ တိုင်းရင်းသားလူငယ်တွေက ပြောပါတယ်။

၂၀၁၉ ခုနှစ်ထဲ မြန်မာနိုင်ငံမှာ အစိုးရအပေါ် သုံးသပ်ချက်၊ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေဟာ ဘယ်လောက် ခရီးပေါက်ခဲ့ပါသလဲ၊ လာမယ့် ၂၀၂၀ နှစ်သစ်မှာ မြန်မာပြည်ကြီး ငြိမ်းချမ်းနိုင်ဖို့ ရှေ့ဆက်ဖို့ ဘာတွေလုပ်ဖို့ လိုနေသေးသလဲ ဆိုတာတွေကိုတော့ တိုင်းရင်းသားလူငယ်တချို့ရဲ့ သုံးသပ်ချက်အမြင်တွေကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

၂၀၁၉ နှစ်ဆန်းပိုင်းကတည်းကစလို့ မြန်မာနိုင်ငံတဝှမ်း အထူးသဖြင့် ရခိုင်၊ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ် စတဲ့ တိုင်းရင်းဒေသတွေမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ၊ အပစ်ရပ် လက်မှတ်မထိုးထားရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ အစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေက အပြင်းအထန် ဖြစ်နေဆဲပါ။ ဒီလို တင်းမာနေဆဲ စစ်ရေးပဋိပက္ခတွေ လျော့ပါးစေရေး ပြည်တွင်းစစ်မီးငြိမ်းရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်တို့ကြား တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေကတော့ ယုံကြည်မှု တည်ဆောက်နိုင်ခြင်း မရှိဘဲ စိန်ခေါ်မှုတွေ ရှိနေဆဲမို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်နေရတာပါ။

ဒီလို ၂၀၁၉ ခုနှစ်အတွင်းမှာ ကြုံခဲ့ရတဲ့ တိုင်းပြည်တွင်း နိုင်ငံရေးစိန်ခေါ်မှုတွေ၊ စစ်ရေးပဋိပက္ခတွေ၊ စီးပွားရေး အကျပ်အတည်းတွေ စတဲ့ လူထုကြုံနေရတဲ့ အခက်အခဲတွေကို သင်ခန်းစာယူပြီး ၂၀၂၀ မှာ တိုင်းရင်းသား ပြည်သူလူထုရဲ့ ယုံကြည်မှု ပြန်လည်တည်ဆောက်ပါလို့ တိုင်းရင်းသားလူငယ်တချို့က တိုက်တွန်းပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ကရင်နီလူထု ကရင်နီလူငယ်တွေကြား ပြည်နယ်အစိုးရနဲ့ အတိုက်ခံတွေ များစွာဖြစ်ခဲ့ရတဲ့ ကယားပြည်နယ်က ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးသူရယ်ကတော့ လူထုအပေါ် မျက်ကွယ်ပြုမှုတွေကို သင်ခန်းစာယူပေးပါလို့ ဆိုပါတယ်။

“၂၀၁၉ မှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး အဖြစ်အပျက်တွေရော၊ လူမှုရေး အဖြစ်အပျက်တွေရော နိုင်ငံတကာက တရားစွဲဆိုလာတဲ့အပေါ်မှာ အများကြီး ထိခိုက်လာတယ်။ ဆိုလိုတာက ၂၀၁၉ ဖြစ်စဉ်ကိုကြည့်တော့ နိုင်ငံရေးအရမှာလည်း NLD အစိုးရအနေနဲ့ ပြည်သူလူထုအပေါ် တာဝန်ပျက်ကွက်တာတွေ အများကြီး တွေ့ရတယ်။ ဒီဟာတွေကို သင်ခန်းစာယူပြီးတော့ ပြည်သူလူထုတွေကို မျက်နှာမူပြီးတော့ တန်ဖိုးထားမယ်၊ အသိအမှတ်ပြု လေးစားကြမယ်၊ တိုင်းရင်းသားတွေရဲ့ ဖြစ်တည်မှုကို လေးစားကြမယ်၊ ပြီးတော့ အချင်းချင်း အပြန်အလှန် နားလည်မှုတွေ၊ အပြန်အလှန် ယုံကြည်မှုတွေ၊ လေးစားမှုတွေ ရှိလာရင်တော့ ငြိမ်းချမ်းရေး လုပ်ငန်းမှာလည်း အများကြီး အထောက်အကူ ပြုလာမယ်လို့ မျှော်လင့်တယ်။”

ကချင်စစ်မီးငြိမ်းရေးနဲ့ စစ်ပြေးဒုက္ခသည်တွေအရေး လှုပ်ရှားသူ ကချင်တမျိုးသားလုံးဆိုင်ရာ လူငယ်သမဂ္ဂရဲ့ ဥက္ကဋ္ဌဖြစ်သူ Lum Zaung ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ တပ်မတော်တို့ကြား နိုင်ငံရေးစကားဝိုင်းတွေ ဆွေးနွေးနိုင်မယ်၊ ယုံကြည်မှု တည်ဆောက်နိုင်မယ် ဆိုရင်တော့ ၂၀၂၀ အတွက် ငြိမ်းချမ်းရေး အလားအလာ ကောင်းနိုင်တယ်လို့ မျှော်လင့်ပါတယ်။

“၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူလူထုတွေက အင်မတန်မှ ယုံကြည်မှုအပြည့်နဲ့ အခြေခံ လူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေ၊ ဒေသမှာ အမှန်တကယ် ဖြစ်ပျက် ရင်ဆိုင်နေရတဲ့ အခြေအနေ မှန်တွေကို နိုင်ငံတော်အစိုးရ ခေါင်းဆောင်တွေ အားလုံး သိဖိုအတွက် တင်ပြခဲ့တဲ့ အရာတွေထဲမှာ အမှန်တကယ် နိုင်ငံတော်အစိုးရ အနေနဲ့ကတော့ ၂၀၁၉ ခုနှစ်မှာက အမှန်တကယ် ဆောင်ရွက်နိုင်တဲ့ တာဝန်ယူ တာဝန်ခံမှု အပြည့်ရှိတာက အင်မတန်မှ နည်းတဲ့ဟာ ကျနော်တို့ တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် ၂၀၁၉ မှာ နိုင်ငံတော်အစိုးရကနေ တရားစွဲဆိုပြီးမှ ဒီလိုမျိုး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို အရေးယူ နှိပ်ကွပ်တဲ့သဏ္ဌာန် ရှိနေတာကတော့ ယနေ့အချိန်အထိ ဖြစ်နေပါတယ်။ အဲဒါကတခုပေါ့။

“ဒေသခံတွေရဲ့ ထုတ်ဖော်ပြောဆိုမှုတွေကို နှိပ်ကွပ် အရေးယူတဲ့ဟာတွေ၊ ထောင်ချတဲ့ဟာတွေက အင်မတန်မှဆိုးဝါးတဲ့လုပ်ရပ်လို့ ကျနော်တို့က NLD အစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့၊ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဒီလိုမျိုးတွေ ဖြစ်ခဲ့တဲ့အတွက်ကြောင့် ကျနော်တို့က အင်မတန်မှ ဝမ်းနည်းမိတယ်။ ဒါကြောင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသား ထုတ်ဝေ လှုပ်ရှားမှုပေါ့၊ ဒီလိုမျိုး ငြိမ်းချမ်းစွာ လုပ်ဆောင်မှုတွေကို နိုင်ငံတော်အစိုးရက နှိပ်ကွပ်မှုတွေ မလုပ်ဆောင်ဖို့အတွက်လည်း ကျနော်တို့က မျှော်လင့်ပါတယ်။”

တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ရေးပဋိပက္ခတွေ တင်းမာနေတဲ့ ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းဒေသတွေက စစ်မီးတွေငြိမ်းဖို့၊ နောက် နှစ်သစ်ကူး တိုင်းပြည်ရဲ့ အနာဂတ်အတွက် အစိုးရဘက်ကလည်း အားနည်းချက် အားသာချက်တွေကို ပြန်သုံးသပ်သင့်တယ်၊ နိုင်ငံတကာဘက်ကလည်း အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ ပံ့ပိုးသင့်တယ်လို့ သုံးသပ်သူကတော့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း ဖြစ်ပါတယ်။

“၂၀၁၀ မှာ တက်လာတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာကတည်းက ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို သူတို့ ပုံစံအသွင်တမျိုးနဲ့ ကြိုးစားဖော်ဆောင်တာကို တွေ့ရတယ်။ အများကြီးလည်း မျှော်လင့်ကြတယ်။ ဒါပေမယ့် ကောင်းသော အလားအလာနဲ့ စထွက်လာတဲ့ ငြိမ်းချမ်းရေးက ၂၀၁၅ နောက်ပိုင်း NLD အစိုးရ တက်လာပြီး နောက်ပိုင်းမှာကျတော့ မျှော်လင့်ထားသလို ဖြစ်မလာဘဲနဲ့ ပြန်ပြီးတော့ ဆင်းသွားသလို ဖြစ်တာပေါ့လေ။ ဒီနေရာမှာ ကျနော်တို့ သတိပေးချင်တာကတော့ နိုင်ငံရေးအရ မရိုးသားမှုတွေကိုလည်း တွေ့တယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အနေအထားမှာ မကျေနပ်ချက်တွေလည်း ရှိနေသေးတယ်။ ဆိုတော့ တိုင်းရင်းသားအရေး အယူအဆတွေ အကွဲအပြဲတွေက အရမ်းကို များခဲ့တဲ့အခါကျတော့ ဒီအကျိုးဆက်တွေ ဒီခံစားချက်တွေက ရှိနေကြတုန်းပဲဆိုတဲ့ အမှတ်လက္ခဏာတွေပေါ့ဗျာ။ ဒီလို အကျဉ်းအကျပ်တွေကို ဆောင်ကြဉ်းနိုင်မယ့် ခေါင်းဆောင်ပိုင်းတွေ လိုလာမယ်။ နောက်ပြီးတော့မှ ဒီနေရာမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုလည်း ပြောချင်တယ်။ အကုန်လုံး ဖြစ်စေချင်တဲ့ ပုံစံမျိုးကို ဘယ်လိုဖော်ဆောင်သွားမလဲ ဆိုတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ သွားရမယ်လို့ ထင်ပါတယ်။ အင်အားကြီးတဲ့အတွက်ကြောင့် ပိုပြီးတော့ လုပ်ပိုင်ခွင့်အာဏာကို ယူထားမယ်ဆိုတဲ့ စဉ်းစားချက်ကို ဖြေလျှော့ပြီးတော့ တိုင်းရင်းသားတွေဘက်ကလည်း ကိုယ်တွေဖြစ်ချင်တဲ့ အနေအထားပေါ်မှာ စိတ်ရှည်သည်းခံပြီးတော့ စဉ်းစားနိုင်ဖို့တော့ လိုတာပေါ့လေ။”

မကြာခင်ရက်ပိုင်းမှာပဲ ၂၀၁၉ နှစ်ကုန်လို့ ၂၀၂၀ နှစ်သစ်ကူးချိန် ရောက်တော့မှာ ဖြစ်ပေမယ့်လို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး အလားအလာ စစ်မီးငြိမ်းရေးနဲ့ စစ်ပြေးဒုက္ခသည်တွေ တနေ့တခြား များပြားလာနေတဲ့ တိုင်းပြည်ရဲ့ အနာဂတ်အပေါ် တိုင်းရင်းသားပြည်သူလူထုက ရတက်မအေးဖြစ်နေပြီး လာမယ့် ၂၀၂၀ မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ခိုင်မာတဲ့ ယုံကြည်မှုတွေနဲ့ နိုင်ငံရေးစကားဝိုင်းတွေ ဆွေးနွေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

မဆုမြန္ /VOA Burmese
https://burmese.voanews.com
ယံုၾကည္မႈ ျပန္တည္ေဆာက္ဖို႔ တိုင္းရင္းလူငယ္ေတြ ေတာင္းဆို ယံုၾကည္မႈ ျပန္တည္ေဆာက္ဖို႔ တိုင္းရင္းလူငယ္ေတြ ေတာင္းဆို Reviewed by THITHTOOLWIN on 03:41 Rating: 5
Powered by Blogger.