ေက်ာက္ေတာ္နဲ႔ေျမပုံတိုက္ပြဲမွာ ေဒသခံ ၁၀ ေယာက္ ဒဏ္ရာရ

လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့ၿပီး ဒဏ္ရာရခဲ့တဲ့ ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္ ကြၽဲကူးဆိပ္ေက်း႐ြာသားေတြကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕အဝင္နား ၿမိဳ႕တြင္းဧရိယာထဲမွာပါဝင္တဲ့ မဟာကံႀကီးရွင္ဘုရားမွာ ဒီေန႔မနက္က တိုက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ အရပ္သားေလးဦး ထိခိုက္ဒါဏ္ရာရရွိခဲ့ၿပီး ေက်ာက္ေတာ္ ေဆး႐ုံမွာေဆးကုသမႈ ခံယူေနရပါတယ္။

ထိခိုက္ဒဏ္ရာရသူေတြဟာ အမ်ိဳးသား သုံးေယာက္နဲ႔ အမ်ိဳးသမီး တစ္ေယာက္ ျဖစ္ၿပီး မ်က္ႏွာ၊ ေပါင္၊ နံ႐ိုးေတြမွာ ထိခိုက္ဒဏ္ရာရရွိခဲ့တာလို႔ သိရပါတယ္။

လက္နက္ႀကီးေပါက္ကြဲသံေတြလည္းၾကားရၿပီး ဘုရားထဲကေန ပစ္တဲ့ က်ည္ေတြ ထိမွန္ခဲ့တာလို႔ အမည္မေဖာ္လိုတဲ့  ေက်ာက္ေတာ္ၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

“ပစ္ခတ္မႈက ဘယ္လိုပုံစံျဖစ္တယ္လို႔ေတာ့ေျပာလို႔မရဘူး။ အဲ့ဒီကံႀကီးရွင္ဘုရားဖက္က ပစ္လိုက္တဲ့ က်ည္ေတြပဲလို႔ ေက်ာက္ေတာ္ၿမိဳ႕ေဒသခံေတြက သိထားၾကတယ္။ ဒီ ၉ နာရီခြဲေက်ာ္ေက်ာ္အခ်ိန္ဆိုေတာ့ ေပါက္ကြဲမႈျဖစ္လို႔ ရမ္းသမ္းပစ္လိုက္တာလားလို႔ အဲ့လိုထင္တယ္ဗ်။ လက္နက္ႀကီးလိုလိုဘာလိုလို ေပါက္ကြဲသံၾကားရၿပီး လက္နက္ငယ္အသံေတြ ထြက္လာတာပဲ။”

မဟာကံႀကီးရွင္ဘုရားဝင္းအတြင္း တပ္မေတာ္က ဒီဇင္ဘာ ၂၇ ရက္ေန႔ကတည္းက တပ္စြဲထားတာလို႔ ေဒသခံေတြက ေျပာပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ၿမိဳ႕လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ တပ္အဖြဲ႕ကို AA ဖက္က ပစ္ခတ္တာေၾကာင့္ ျပန္လည္ပစ္ခတ္တာလို႔ RFA ကိုေျပာပါတယ္။

“ထိခိုက္ဒါဏ္ရာ ရွိမရွိေတာ့မသိဘူးဗ်၊ ဘုရားမွာ ၿမိဳ႕လုံၿခဳံေရး တာဝန္ထမ္းေဆာင္ေနတာကို AA က ေနရာ သုံးခုကေန ပစ္တာ သူပစ္ကိုယ္ပစ္ျပန္ျပစ္တာပဲ ၿမိဳ႕ထဲမွာ လာပစ္တယ္ဆိုရင္ေတာ့ ဒီလိုပဲမွန္မွာပဲ။ ျဖစ္တာ နာရီဝက္ၾကာတယ္။”

မေန႔ညေနေလးနာရီေလာက္ကလည္း ေျမပုံၿမိဳ႕နယ္ ေယာေခ်ာင္းတံတားအနီးမွာ တပ္မေတာ္နဲ႔ AA တို႔ တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး ကြၽဲကူးဆိပ္ေက်း႐ြာက ေနအိမ္တစ္လုံးေပၚ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့ၿပီး ေဒသခံ ေျခာက္ဦးထိခိုက္ ဒဏ္ရာရရွိခဲ့ပါတယ္။

ႏွစ္ဘက္တိုက္ပြဲမွာ AA ပစ္လိုက္တဲ့က်ည္က ေက်း႐ြာအတြင္း က်ေရာက္ေပါက္ကြဲတာလို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။

ထိခိုက္ဒဏ္ရာရရွိသူေတြကို တပ္မေတာ္က ေခၚေဆာင္သြားၿပီး အမ္းၿမိဳ႕နယ္ တပ္မေတာ္ေဆး႐ုံမွာ ပို႔ေဆာင္ ကုသေပးထားတယ္လို႔ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္း က ေျပာပါတယ္။

"အေရးေပၚ ေဆးကုေပးတယ္ ေငြေၾကးေထာက္ပံ့တယ္ၿပီးေတာ့ တပ္မေတာ္ အမ္းစစ္ေဆး႐ုံကို ေခၚသြားတယ္လို႔ သိရတယ္။ နာေရးကူညီမႈအသင္းနဲ႔ လူနာေတြကို တင္ၿပီး အမ္းမွာအေျခစိုက္တဲ့ တပ္မေတာ္ေဆး႐ုံကိုေခၚသြားတယ္လို႔ ေနာက္ဆုံးသတင္းရတာပဲ။"

႐ြာထဲက်တဲ့ က်ည္ဟာ AA က ပစ္တဲ့ လက္နက္ႀကီးက်ည္လို႔ တပ္က သတင္းထုတ္ျပန္ထားေပမယ့္ AA ေျပာခြင့္ရသူ ခိုင္သုခကေတာ့ တပ္ဘက္က ပစ္လိုက္တဲ့ က်ည္လို႔ တုံ႔ျပန္ပါတယ္။

ဒီေန႔ ရေသ့ေတာင္ၿမိဳ႕နယ္ အငူေမာ္နားမွာလည္း တိုက္ပြဲ ျပင္းထန္ေနတယ္လို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲေတြေၾကာင့္ အရပ္သားေသဆုံးသူ ၈၀ ေက်ာ္ရွိေနၿပီး ထိခိုက္ဒဏ္ရာရရွိသူ ၁၂၀ ေက်ာ္ရွိေနၿပီလို႔ အရပ္ဘက္အဖြဲ႕ စာရင္းေတြအရ သိရပါတယ္။

RFA Burmese
https://www.rfa.org
---------
(Unicode)⤵⤵⤵
ကျောက်တော်နဲ့မြေပုံတိုက်ပွဲမှာ ဒေသခံ ၁၀ ယောက် ဒဏ်ရာရ

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရခဲ့တဲ့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကျွဲကူးဆိပ်ကျေးရွာသားတွေကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်နား မြို့တွင်းဧရိယာထဲမှာပါဝင်တဲ့ မဟာကံကြီးရှင်ဘုရားမှာ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရပ်သားလေးဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး ကျောက်တော် ဆေးရုံမှာဆေးကုသမှု ခံယူနေရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ပြီး မျက်နှာ၊ ပေါင်၊ နံရိုးတွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။

လက်နက်ကြီးပေါက်ကွဲသံတွေလည်းကြားရပြီး ဘုရားထဲကနေ ပစ်တဲ့ ကျည်တွေ ထိမှန်ခဲ့တာလို့ အမည်မဖော်လိုတဲ့  ကျောက်တော်မြို့ခံတစ်ဦးက ပြောပါတယ်။

“ပစ်ခတ်မှုက ဘယ်လိုပုံစံဖြစ်တယ်လို့တော့ပြောလို့မရဘူး။ အဲ့ဒီကံကြီးရှင်ဘုရားဖက်က ပစ်လိုက်တဲ့ ကျည်တွေပဲလို့ ကျောက်တော်မြို့ဒေသခံတွေက သိထားကြတယ်။ ဒီ ၉ နာရီခွဲကျော်ကျော်အချိန်ဆိုတော့ ပေါက်ကွဲမှုဖြစ်လို့ ရမ်းသမ်းပစ်လိုက်တာလားလို့ အဲ့လိုထင်တယ်ဗျ။ လက်နက်ကြီးလိုလိုဘာလိုလို ပေါက်ကွဲသံကြားရပြီး လက်နက်ငယ်အသံတွေ ထွက်လာတာပဲ။”

မဟာကံကြီးရှင်ဘုရားဝင်းအတွင်း တပ်မတော်က ဒီဇင်ဘာ ၂၇ ရက်နေ့ကတည်းက တပ်စွဲထားတာလို့ ဒေသခံတွေက ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မြို့လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်အဖွဲ့ကို AA ဖက်က ပစ်ခတ်တာကြောင့် ပြန်လည်ပစ်ခတ်တာလို့ RFA ကိုပြောပါတယ်။

“ထိခိုက်ဒါဏ်ရာ ရှိမရှိတော့မသိဘူးဗျ၊ ဘုရားမှာ မြို့လုံခြုံရေး တာဝန်ထမ်းဆောင်နေတာကို AA က နေရာ သုံးခုကနေ ပစ်တာ သူပစ်ကိုယ်ပစ်ပြန်ပြစ်တာပဲ မြို့ထဲမှာ လာပစ်တယ်ဆိုရင်တော့ ဒီလိုပဲမှန်မှာပဲ။ ဖြစ်တာ နာရီဝက်ကြာတယ်။”

မနေ့ညနေလေးနာရီလောက်ကလည်း မြေပုံမြို့နယ် ယောချောင်းတံတားအနီးမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကျွဲကူးဆိပ်ကျေးရွာက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ခြောက်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်ဘက်တိုက်ပွဲမှာ AA ပစ်လိုက်တဲ့ကျည်က ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို တပ်မတော်က ခေါ်ဆောင်သွားပြီး အမ်းမြို့နယ် တပ်မတော်ဆေးရုံမှာ ပို့ဆောင် ကုသပေးထားတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။

"အရေးပေါ် ဆေးကုပေးတယ် ငွေကြေးထောက်ပံ့တယ်ပြီးတော့ တပ်မတော် အမ်းစစ်ဆေးရုံကို ခေါ်သွားတယ်လို့ သိရတယ်။ နာရေးကူညီမှုအသင်းနဲ့ လူနာတွေကို တင်ပြီး အမ်းမှာအခြေစိုက်တဲ့ တပ်မတော်ဆေးရုံကိုခေါ်သွားတယ်လို့ နောက်ဆုံးသတင်းရတာပဲ။"

ရွာထဲကျတဲ့ ကျည်ဟာ AA က ပစ်တဲ့ လက်နက်ကြီးကျည်လို့ တပ်က သတင်းထုတ်ပြန်ထားပေမယ့် AA ပြောခွင့်ရသူ ခိုင်သုခကတော့ တပ်ဘက်က ပစ်လိုက်တဲ့ ကျည်လို့ တုံ့ပြန်ပါတယ်။

ဒီနေ့ ရသေ့တောင်မြို့နယ် အငူမော်နားမှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးသူ ၈၀ ကျော်ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂၀ ကျော်ရှိနေပြီလို့ အရပ်ဘက်အဖွဲ့ စာရင်းတွေအရ သိရပါတယ်။

RFA Burmese
https://www.rfa.org
ေက်ာက္ေတာ္နဲ႔ေျမပုံတိုက္ပြဲမွာ ေဒသခံ ၁၀ ေယာက္ ဒဏ္ရာရ ေက်ာက္ေတာ္နဲ႔ေျမပုံတိုက္ပြဲမွာ ေဒသခံ ၁၀ ေယာက္ ဒဏ္ရာရ Reviewed by THITHTOOLWIN on 03:39 Rating: 5
Powered by Blogger.