ေအာင္ရဲေထြးအမႈ စြပ္စြဲခံ ၃ ဦးကို ပုဒ္မေျပာင္းၿပီး က်ပ္ သိန္း ၃၀၀ နဲ႔ အာမခံေပး

 ေအာင္ရဲေထြး ေသဆုံးမႈႏွင့္ပတ္သတ္ၿပီး (၃) ဦးကို ၂၀၁၈ ဇန္နဝါရီလ (၁၈) ရက္ေန႔က သဃၤန္းကြၽန္းၿမိဳ႕နယ္တရား႐ုံးတြင္ ဒုတိယအႀကိမ္ ႐ုံးထုတ္ခဲ့စဥ္
(Zawgyi)⤵⤵⤵
ထိုးႀကိတ္ ကန္ေက်ာက္ခံရတဲ့ ဒဏ္ရာေတြေၾကာင့္ ေသဆုံးခဲ့ရတဲ့ သ႐ုပ္ေဆာင္ ေအာင္ရဲေထြး အမႈမွာ သံသယတရားခံ ၃ ဦးျဖစ္တဲ့ သားႀကီး (ခ) သန္းထြဋ္ေအာင္၊ ျပည့္ၿဖိဳးေအာင္ (ခ) ေအာင္ေလး၊ ေက်ာ္ေဇာ္ဟန္ (ခ) ေက်ာ္ေဇာ တို႔ကို ေငြက်ပ္ သိန္း ၃၀၀ နဲ႔ ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးက ဒီဇင္ဘာလ ၂၄ ရက္ေန႔ ႐ုံးခ်ိန္းမွာ အာမခံေပးလိုက္ပါတယ္။

"တစ္ဦးကို သိန္း ၁၀၀ စီနဲ႔ ၃ ေယာက္အတြက္ စုစုေပါင္း ေငြက်ပ္ သိန္း ၃၀၀ နဲ႔ အာမခံေပးလိုက္တယ္" လို႔ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံး ျပန္ၾကားေရးအရာရွိ ဦးေက်ာ္စိုးက တရား႐ုံးအမိန႔္အၿပီးမွာ မီဒီယာေတြကို ေျပာခဲ့ပါတယ္။

 ေသဆုံးခဲ့တဲ့ သ႐ုပ္ေဆာင္ ေအာင္ရဲေထြး

သ႐ုပ္ေဆာင္ ေအာင္ရဲေထြးဟာ ၂၀၁၇ ဒီဇင္ဘာ ၁၃ ရက္ေန႔က The One Entertainment Park မွာ ျပဳလုပ္ခဲ့တဲ့ ႏွစ္သစ္ကူးေဖ်ာ္ေျဖပြဲညမွာ သူ႔ကို လူတစုက ဝိုင္းဝန္ ထိုးႀကိတ္၊ သံထိပ္ဖူးရွိတဲ့ ဖိနပ္နဲ႔ကန္၊ Vodka ပုလင္းနဲ႔ ႐ိုက္ႏွက္ခဲ့တာျဖစ္ၿပီး အဲ့ဒီဒဏ္ရာေတြေၾကာင့္ ရန္ကုန္ေဆး႐ုံႀကီးမွာ ကြယ္လြန္ခဲ့ပါတယ္။

ဒီေနာက္ေတာ့ အုပ္စုဖြဲ႕ ႐ိုက္ႏွက္ခဲ့သူ ၃ ဦးက ရဲစခန္းမွာ လာေရာက္အဖမ္းခဲ့ပါတယ္။

ဒါေပမဲ့လည္း အမႈကို အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးက ၆ လ ၾကာ စစ္ေဆးခဲ့ၿပီးေနာက္ စြပ္စြဲခံရသူေတြကို ပုဒ္မ ၄၉၄ (က) အရ အမႈေက်ေအးေပးလိုက္တယ္ဆိုၿပီး သံသယတရားခံေတြကို ျပန္လႊတ္ေပးခဲ့တာမို႔ ေဝဖန္မႈေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚလာခဲ့ပါတယ္။

ေအာင္ရဲေထြးကို ထိုးႀကိတ္ ကန္ေက်ာက္ခဲ့သူ ၃ ဦးကို အစတုန္းကေတာ့ လူသတ္မႈ၊ လူသတ္ရန္အားေပး ကူညီမႈ ပုဒ္မေတြနဲ႔ တရားစြဲထားခဲ့ေပမယ့္ ဒီဇင္ဘာ ၁၃ ရက္ေန႔မွာေတာ့ တရား႐ုံးက မူလအမိန႔္ေတြကို ပယ္ဖ်က္ၿပီး အျပင္းအထန္ နာက်င္ေစမႈ ပုဒ္မ ၃၂၅ နဲ႔ ေျပာင္းလဲ စြဲခ်က္တင္ဖို႔ အမိန႔္ခ်မွတ္ခဲ့ပါတယ္။

"နာက်င္ေစမႈက အာမခံေပးလို႔ရတဲ့ ပုဒ္မေလ၊ ခံဝန္ခိုင္လုံဆိုရင္ ေပးရမွာပဲ၊ အာမခံေပးႏိုင္တဲ့အမႈ အာမခံေပးတာပဲ ျဖစ္တယ္" လို႔ သံသယတရားခံ တစ္ဦးရဲ႕ ေရွ႕ေန ဦးခ်စ္ကိုကိုက ဘီဘီစီကို ေျပာပါတယ္။

အဲ့ဒီေနာက္ အမႈစစ္ေဆးရာမွာပါတဲ့ ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္ ဦးဟန္ထူး၊ တိုင္းေဒသႀကီး ဥပေဒအရာရွိ ဦးသိန္းေဇာ္၊ အေရွ႕ပိုင္းခ႐ိုင္ ဥပေဒအရာရွိ ဦးကိုကိုေလး၊ ဒုတိယခ႐ိုင္ ဥပေဒအရာရွိ ေဒၚသစ္သစ္ခင္၊ ခ႐ိုင္တရားသူႀကီး ဦးေအာင္ၾကည္နဲ႔ ေ႐ႊပါကၠံနယ္ေျမစခန္းမႉး (ယခင္ သုဝဏၰနယ္ေျမ စခန္းမႉး) ရဲအုပ္ ခ်စ္ကိုကို တို႔ ၆ ဦးဟာ စြပ္စြဲခံရသူေတြရဲ႕ မိသားစုထံက လာဘ္ယူခဲ့တယ္ဆိုၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က ထုတ္ျပန္ခဲ့ပါတယ္။

ဒီေနာက္ ၂၀၁၈ စက္တင္ဘာ ၂၅ ရက္ေန႔ကတည္းက တိုင္းေဒသႀကီးတရားလႊတ္ေတာ္႐ုံးမွာ စတင္ စြဲဆိုခဲ့ပါတယ္။

"၆ ဦးလုံးကို တရားစြဲတင္ဖို႔ လႊဲေပးလိုက္ၿပီးပါၿပီ၊ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္႐ုံးမွာ စစ္ေဆးဆဲ အေျခအေနပဲ ရွိပါေသးတယ္" လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္ အဖြဲ႕ဝင္ ဦးေက်ာ္စိုးက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
---------
(Unicode)⤵⤵⤵
အောင်ရဲထွေးအမှု စွပ်စွဲခံ ၃ ဦးကို ပုဒ်မပြောင်းပြီး ကျပ် သိန်း ၃၀၀ နဲ့ အာမခံပေး

ဓာတ်ပုံ မူပိုင် Hein Nay Zaw / Myanmar Pressphoto Agency
Image caption အောင်ရဲထွေး သေဆုံးမှုနှင့်ပတ်သတ်ပြီး (၃) ဦးကို ၂၀၁၈ ဇန်နဝါရီလ (၁၈) ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့စဉ်

ထိုးကြိတ် ကန်ကျောက်ခံရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရတဲ့ သရုပ်ဆောင် အောင်ရဲထွေး အမှုမှာ သံသယတရားခံ ၃ ဦးဖြစ်တဲ့ သားကြီး (ခ) သန်းထွဋ်အောင်၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇော်ဟန် (ခ) ကျော်ဇော တို့ကို ငွေကျပ် သိန်း ၃၀၀ နဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့ ရုံးချိန်းမှာ အာမခံပေးလိုက်ပါတယ်။

"တစ်ဦးကို သိန်း ၁၀၀ စီနဲ့ ၃ ယောက်အတွက် စုစုပေါင်း ငွေကျပ် သိန်း ၃၀၀ နဲ့ အာမခံပေးလိုက်တယ်" လို့ အရှေ့ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဦးကျော်စိုးက တရားရုံးအမိန့်အပြီးမှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Aung Yell Htwe Facebook
Image caption သေဆုံးခဲ့တဲ့ သရုပ်ဆောင် အောင်ရဲထွေး

သရုပ်ဆောင် အောင်ရဲထွေးဟာ ၂၀၁၇ ဒီဇင်ဘာ ၁၃ ရက်နေ့က The One Entertainment Park မှာ ပြုလုပ်ခဲ့တဲ့ နှစ်သစ်ကူးဖျော်ဖြေပွဲညမှာ သူ့ကို လူတစုက ဝိုင်းဝန် ထိုးကြိတ်၊ သံထိပ်ဖူးရှိတဲ့ ဖိနပ်နဲ့ကန်၊ Vodka ပုလင်းနဲ့ ရိုက်နှက်ခဲ့တာဖြစ်ပြီး အဲ့ဒီဒဏ်ရာတွေကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

ဒီနောက်တော့ အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သူ ၃ ဦးက ရဲစခန်းမှာ လာရောက်အဖမ်းခဲ့ပါတယ်။

ဒါပေမဲ့လည်း အမှုကို အရှေ့ပိုင်းခရိုင်တရားရုံးက ၆ လ ကြာ စစ်ဆေးခဲ့ပြီးနောက် စွပ်စွဲခံရသူတွေကို ပုဒ်မ ၄၉၄ (က) အရ အမှုကျေအေးပေးလိုက်တယ်ဆိုပြီး သံသယတရားခံတွေကို ပြန်လွှတ်ပေးခဲ့တာမို့ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။

အောင်ရဲထွေးကို ထိုးကြိတ် ကန်ကျောက်ခဲ့သူ ၃ ဦးကို အစတုန်းကတော့ လူသတ်မှု၊ လူသတ်ရန်အားပေး ကူညီမှု ပုဒ်မတွေနဲ့ တရားစွဲထားခဲ့ပေမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့မှာတော့ တရားရုံးက မူလအမိန့်တွေကို ပယ်ဖျက်ပြီး အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅ နဲ့ ပြောင်းလဲ စွဲချက်တင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

"နာကျင်စေမှုက အာမခံပေးလို့ရတဲ့ ပုဒ်မလေ၊ ခံဝန်ခိုင်လုံဆိုရင် ပေးရမှာပဲ၊ အာမခံပေးနိုင်တဲ့အမှု အာမခံပေးတာပဲ ဖြစ်တယ်" လို့ သံသယတရားခံ တစ်ဦးရဲ့ ရှေ့နေ ဦးချစ်ကိုကိုက ဘီဘီစီကို ပြောပါတယ်။

အဲ့ဒီနောက် အမှုစစ်ဆေးရာမှာပါတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ခရိုင်တရားသူကြီး ဦးအောင်ကြည်နဲ့ ရွှေပါက္ကံနယ်မြေစခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေ စခန်းမှူး) ရဲအုပ် ချစ်ကိုကို တို့ ၆ ဦးဟာ စွပ်စွဲခံရသူတွေရဲ့ မိသားစုထံက လာဘ်ယူခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီနောက် ၂၀၁၈ စက်တင်ဘာ ၂၅ ရက်နေ့ကတည်းက တိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှာ စတင် စွဲဆိုခဲ့ပါတယ်။

"၆ ဦးလုံးကို တရားစွဲတင်ဖို့ လွှဲပေးလိုက်ပြီးပါပြီ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ စစ်ဆေးဆဲ အခြေအနေပဲ ရှိပါသေးတယ်" လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုးက ပြောပါတယ်။

BBC Burmese
https://www.bbc.com
ေအာင္ရဲေထြးအမႈ စြပ္စြဲခံ ၃ ဦးကို ပုဒ္မေျပာင္းၿပီး က်ပ္ သိန္း ၃၀၀ နဲ႔ အာမခံေပး ေအာင္ရဲေထြးအမႈ စြပ္စြဲခံ ၃ ဦးကို ပုဒ္မေျပာင္းၿပီး က်ပ္ သိန္း ၃၀၀ နဲ႔ အာမခံေပး Reviewed by THITHTOOLWIN on 00:35 Rating: 5
Powered by Blogger.