ေမာ္လၿမိဳင္က ေပ်ာက္ဆုံးသြားတဲ့ ဆရာဝန္သားအဖကို ဘယ္လို ျပန္ရွာေတြ႕ခဲ့လဲ

 ေပ်ာက္ဆုံးၿပီး ၁၉ ရက္ အၾကာမွာ ျပန္ေတြ႕
(Zawgyi)⤵⤵⤵
ေမာ္လၿမိဳင္ၿမိဳ႕က ေပ်ာက္ဆုံးသြားၿပီး ၁၉ ရက္အၾကာမွာ အတၱရံျမစ္ထဲက ေသဆုံးလ်က္ ျပန္ေတြ႕ခဲ့တဲ့ ဆရာဝန္သားအဖ ႏွစ္ဦးကို သူတို႔ သြားတဲ့ လမ္းက စီစီတီဗီေတြကို ေျခရာခံၿပီးေနာက္ ျမစ္ထဲကို ေရငုပ္သမားေတြနဲ႔ ရွာေဖြခဲ့ရာက ျပန္ေတြ႕ခဲ့တာ ျဖစ္တယ္လို႔ သူတို႔ကို ရွာေဖြရာမွ ပါခဲ့တဲ့ လူမႈကူညီေရး အဖြဲ႕ထံက သိရိပါတယ္။

"စီစီတီဗီေတြ ရွိေပမဲ့ တခ်ိဳ႕ေနရာေတြက စီစီတီဗီက မေပးဘူးေလ။ ေပးတဲ့ေနရာေတြကို လိုက္ၾကည့္ရင္းနဲ႔မွ တျဖည္းျဖည္း ကြင္းဆက္ မိသြားတာပါ။ ရဲေတြက ေရငုပ္သမားေတြကို ငွားၿပီး သူတို႔ စမ္းၾကည့္မယ္ေပါ့။ ဒီဘက္ကေတာ့ သူတို႔ အလားအလာ ရွိသလား ဆိုၿပီးေတာ့ေပါ့"

"ဒီမနက္က စၿပီး ေရငုပ္တာေပါ့။ စတာကေတာ့ ၇ နာရီခြဲက စတာပဲ။ ေတြ႕တာကေတာ့ ၁၀ နာရီ မတ္တင္းေလာက္က ကားကို စမ္းမိတယ္ေပါ့"

"အခုမွပဲ လုပ္ေနတုန္းဆိုေတာ့ ၿပီးစီးတဲ့ အခ်ိန္ေတာ့ မေရာက္ေသးဘူးေပါ့။ ကေလးအေလာင္းေရာ လူႀကီးအေလာင္းေရာ ႏွစ္ေလာင္းလုံးပဲ" လို႔ ဘယ္လို ရွာေဖြေတြ႕ခဲ့တယ္ ဆိုတာကို ေျပာပါတယ္။
 ေဆးခန္းပိတ္ၿပီး မိတ္ေဆြေတြနဲ႔ ေတြခဲ့ၿပီးေနာက္ ေပ်ာက္ဆုံးသြားခဲ့
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ ေဇယ်ာသီရိနယ္ေျမ၊ ျဗဟၼစိုရ္ေဆးခန္းက ေဒါက္တာေအးေဇာ္ထြန္းဟာ ၃ႏွစ္ခြဲအ႐ြယ္ သားငယ္နဲ႔အတူ ကားနဲ႔ထြက္သြားရာကေန ဒီဇင္ဘာ ၅ရက္ ကတည္းက ေပ်ာက္ဆုံးခဲ့တာျဖစ္ၿပီး ၁၉ ရက္အၾကာမွာမွ အတၱရံျမစ္ထဲကေန သူတို႔ရဲ႕ကားကို ရွာေဖြေတြ႕ရာက ဆယ္ယူႏိုင္ခဲ့တာ ျဖစ္ ပါတယ္။

သူတို႔သားအဖ ၂ဦးကို ေပ်ာက္ဆုံးသြားၿပီးေနာက္မွာ မိသားစုဝင္ေတြနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြဟာ ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားၿပီး ရဲတပ္ဖြဲ႕ဝင္ေတြအျပင္ လူမႈကယ္ဆယ္ေရးအဖြဲ႕ေတြကပါ ေနရာအႏွံ႔ လိုက္လံ ရွာေဖြခဲ့ေပမယ့္ ရက္အတန္ၾကာ ရွာမေတြ႕ခဲ့ပါဘူး။

ဒီဇင္ဘာ ၂၄ ရက္ေန႔ မနက္ပိုင္းမွာေတာ့ အတၱရံျမစ္ထဲမွာ သူတို႔ကို ျပန္လည္ေတြ႕ရွိခဲ့တယ္လို႔ ေမာ္လၿမိဳင္အေျခစိုက္ ဘိုဘိုဝင္း လူမႈကယ္ဆယ္ေရး အသင္းသားတစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

ေဒါက္တာေအးေဇာ္ထြန္းဟာ ဒီဇင္ဘာ ၅ ရက္ ည ၈နာရီ ေဆးခန္းပိတ္ခ်ိန္မွာ သူ႔ရဲ႕မိတ္ေဆြသုံးဦးနဲ႔ ေတြ႕ဖို႔ သားငယ္ကိုပါ ေခၚၿပီး ေနအိမ္ကေန ကားနဲ႔ ထြက္သြားခဲ့ရာက ည ၁၁ နာရီေနာက္ပိုင္းကစၿပီး မိသားစုက ဆက္သြယ္မရခဲ့ဘဲ အခုလို ေသဆုံးလ်က္ ျပန္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။
 မႈခင္းဆရာဝန္က စစ္ေဆးေနဆဲ

သူတို႔ ဘာေၾကာင့္ေသဆုံးခဲ့တယ္ဆိုတာကို မႈခင္းဆရာရဲ႕ စစ္ေဆးခ်က္ ထြက္လာၿပီးမွ အေျခအေနကို သိရမယ္လို႔ သူတို႔ရဲ႕မိတ္ေဆြ ေဒါက္တာမိုးသန္းထိုက္ေအာင္က ဘီဘီစီကို ေျပာပါတယ္။

"မႈခင္းဆရာဝန္က အေျဖမထြက္ေသးဘူးေလ။ ဘာေၾကာင့္ေသဆုံးတယ္ဆိုတာ ဘာမွ မထြက္ေသးဘူး။ ဘာလုပ္မလဲဆိုေတာ့ ေလာေလာဆယ္ေတာ့ ဘာ plan မွ မရွိေသးဘူးဗ်။ လုပ္သင့္လုပ္ထိုက္တာေတာ့ လုပ္သြားမွာေပါ့" လို႔ ေျပာပါတယ္။

"သူ႔ဘာသာသူ သဘာဝအတိုင္းဆို သဘာဝအတိုင္းေပါ့။ ေသြး႐ိုးသား႐ိုး ဟုတ္မဟုတ္ ကြၽန္ေတာ္တို႔ ေျပာလို႔ေတာ့ မရေသးဘူး အဲလိုေတြ ျဖစ္ေနတာ။ မနက္ျဖန္က် ရင္ခြဲစစ္ေဆးတဲ့ အေျဖသိၿပီးမွပဲ ရဲေတြပဲ လုပ္သြားလိမ့္မယ့္ ကိစၥလို႔ေတာ့ ကြၽန္ေတာ္တို႔ ေျပာလို႔ရတယ္ေပါ့" လို႔ ေျပာပါတယ္။

ေဒါက္တာေအးေဇာ္ထြန္းနဲ႔ အသက္ ၃ႏွစ္ခြဲအ႐ြယ္ သားျဖစ္သူတို႔ ဟာ သူတို႔စီးနင္းသြားတဲ့ကားနဲ႔အတူ ရက္အတန္ၾကာ ေပ်ာက္ဆုံးေနခဲ့တဲ့အေပၚ ေတြ႕ရွိသူေတြအေနနဲ႔ သတင္းေပးဖို႔ မိတ္ေဆြဆရာဝန္ေတြက ဆိုရွယ္ မီဒီယာကတဆင့္ ေဖာ္ျပအကူအညီေတာင္းခဲ့ရာက ေမာ္လၿမိဳင္ၿမိဳ႕က သာမကဘဲ တျခားၿမိဳ႕ ေတြမွာ ေနထိုင္သူေတြကပါ စိတ္ဝင္တစား ဝိုင္းဝန္းစုံစမ္း သတင္းေပး ေစာင့္ၾကည့္ခဲ့ၾကပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
မော်လမြိုင်က ပျောက်ဆုံးသွားတဲ့ ဆရာဝန်သားအဖကို ဘယ်လို ပြန်ရှာတွေ့ခဲ့လဲ

ဓာတ်ပုံ မူပိုင် Khettar Non
Image caption ပျောက်ဆုံးပြီး ၁၉ ရက် အကြာမှာ ပြန်တွေ့

မော်လမြိုင်မြို့က ပျောက်ဆုံးသွားပြီး ၁၉ ရက်အကြာမှာ အတ္တရံမြစ်ထဲက သေဆုံးလျက် ပြန်တွေ့ခဲ့တဲ့ ဆရာဝန်သားအဖ နှစ်ဦးကို သူတို့ သွားတဲ့ လမ်းက စီစီတီဗီတွေကို ခြေရာခံပြီးနောက် မြစ်ထဲကို ရေငုပ်သမားတွေနဲ့ ရှာဖွေခဲ့ရာက ပြန်တွေ့ခဲ့တာ ဖြစ်တယ်လို့ သူတို့ကို ရှာဖွေရာမှ ပါခဲ့တဲ့ လူမှုကူညီရေး အဖွဲ့ထံက သိရိပါတယ်။

"စီစီတီဗီတွေ ရှိပေမဲ့ တချို့နေရာတွေက စီစီတီဗီက မပေးဘူးလေ။ ပေးတဲ့နေရာတွေကို လိုက်ကြည့်ရင်းနဲ့မှ တဖြည်းဖြည်း ကွင်းဆက် မိသွားတာပါ။ ရဲတွေက ရေငုပ်သမားတွေကို ငှားပြီး သူတို့ စမ်းကြည့်မယ်ပေါ့။ ဒီဘက်ကတော့ သူတို့ အလားအလာ ရှိသလား ဆိုပြီးတော့ပေါ့"

"ဒီမနက်က စပြီး ရေငုပ်တာပေါ့။ စတာကတော့ ၇ နာရီခွဲက စတာပဲ။ တွေ့တာကတော့ ၁၀ နာရီ မတ်တင်းလောက်က ကားကို စမ်းမိတယ်ပေါ့"

"အခုမှပဲ လုပ်နေတုန်းဆိုတော့ ပြီးစီးတဲ့ အချိန်တော့ မရောက်သေးဘူးပေါ့။ ကလေးအလောင်းရော လူကြီးအလောင်းရော နှစ်လောင်းလုံးပဲ" လို့ ဘယ်လို ရှာဖွေတွေ့ခဲ့တယ် ဆိုတာကို ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Myint Soe
Image caption ဆေးခန်းပိတ်ပြီး မိတ်ဆွေတွေနဲ့ တွေခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာသီရိနယ်မြေ၊ ဗြဟ္မစိုရ်ဆေးခန်းက ဒေါက်တာအေးဇော်ထွန်းဟာ ၃နှစ်ခွဲအရွယ် သားငယ်နဲ့အတူ ကားနဲ့ထွက်သွားရာကနေ ဒီဇင်ဘာ ၅ရက် ကတည်းက ပျောက်ဆုံးခဲ့တာဖြစ်ပြီး ၁၉ ရက်အကြာမှာမှ အတ္တရံမြစ်ထဲကနေ သူတို့ရဲ့ကားကို ရှာဖွေတွေ့ရာက ဆယ်ယူနိုင်ခဲ့တာ ဖြစ် ပါတယ်။

သူတို့သားအဖ ၂ဦးကို ပျောက်ဆုံးသွားပြီးနောက်မှာ မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေဟာ ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ရဲတပ်ဖွဲ့ဝင်တွေအပြင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေကပါ နေရာအနှံ့ လိုက်လံ ရှာဖွေခဲ့ပေမယ့် ရက်အတန်ကြာ ရှာမတွေ့ခဲ့ပါဘူး။

ဒီဇင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းမှာတော့ အတ္တရံမြစ်ထဲမှာ သူတို့ကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ မော်လမြိုင်အခြေစိုက် ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေး အသင်းသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒေါက်တာအေးဇော်ထွန်းဟာ ဒီဇင်ဘာ ၅ ရက် ည ၈နာရီ ဆေးခန်းပိတ်ချိန်မှာ သူ့ရဲ့မိတ်ဆွေသုံးဦးနဲ့ တွေ့ဖို့ သားငယ်ကိုပါ ခေါ်ပြီး နေအိမ်ကနေ ကားနဲ့ ထွက်သွားခဲ့ရာက ည ၁၁ နာရီနောက်ပိုင်းကစပြီး မိသားစုက ဆက်သွယ်မရခဲ့ဘဲ အခုလို သေဆုံးလျက် ပြန်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Myint Soe
Image caption မှုခင်းဆရာဝန်က စစ်ဆေးနေဆဲ

သူတို့ ဘာကြောင့်သေဆုံးခဲ့တယ်ဆိုတာကို မှုခင်းဆရာရဲ့ စစ်ဆေးချက် ထွက်လာပြီးမှ အခြေအနေကို သိရမယ်လို့ သူတို့ရဲ့မိတ်ဆွေ ဒေါက်တာမိုးသန်းထိုက်အောင်က ဘီဘီစီကို ပြောပါတယ်။

"မှုခင်းဆရာဝန်က အဖြေမထွက်သေးဘူးလေ။ ဘာကြောင့်သေဆုံးတယ်ဆိုတာ ဘာမှ မထွက်သေးဘူး။ ဘာလုပ်မလဲဆိုတော့ လောလောဆယ်တော့ ဘာ plan မှ မရှိသေးဘူးဗျ။ လုပ်သင့်လုပ်ထိုက်တာတော့ လုပ်သွားမှာပေါ့" လို့ ပြောပါတယ်။

"သူ့ဘာသာသူ သဘာဝအတိုင်းဆို သဘာဝအတိုင်းပေါ့။ သွေးရိုးသားရိုး ဟုတ်မဟုတ် ကျွန်တော်တို့ ပြောလို့တော့ မရသေးဘူး အဲလိုတွေ ဖြစ်နေတာ။ မနက်ဖြန်ကျ ရင်ခွဲစစ်ဆေးတဲ့ အဖြေသိပြီးမှပဲ ရဲတွေပဲ လုပ်သွားလိမ့်မယ့် ကိစ္စလို့တော့ ကျွန်တော်တို့ ပြောလို့ရတယ်ပေါ့" လို့ ပြောပါတယ်။

ဒေါက်တာအေးဇော်ထွန်းနဲ့ အသက် ၃နှစ်ခွဲအရွယ် သားဖြစ်သူတို့ ဟာ သူတို့စီးနင်းသွားတဲ့ကားနဲ့အတူ ရက်အတန်ကြာ ပျောက်ဆုံးနေခဲ့တဲ့အပေါ် တွေ့ရှိသူတွေအနေနဲ့ သတင်းပေးဖို့ မိတ်ဆွေဆရာဝန်တွေက ဆိုရှယ် မီဒီယာကတဆင့် ဖော်ပြအကူအညီတောင်းခဲ့ရာက မော်လမြိုင်မြို့က သာမကဘဲ တခြားမြို့ တွေမှာ နေထိုင်သူတွေကပါ စိတ်ဝင်တစား ဝိုင်းဝန်းစုံစမ်း သတင်းပေး စောင့်ကြည့်ခဲ့ကြပါတယ်။

BBC Burmese
https://www.bbc.com
ေမာ္လၿမိဳင္က ေပ်ာက္ဆုံးသြားတဲ့ ဆရာဝန္သားအဖကို ဘယ္လို ျပန္ရွာေတြ႕ခဲ့လဲ ေမာ္လၿမိဳင္က ေပ်ာက္ဆုံးသြားတဲ့ ဆရာဝန္သားအဖကို ဘယ္လို ျပန္ရွာေတြ႕ခဲ့လဲ Reviewed by THITHTOOLWIN on 00:31 Rating: 5
Powered by Blogger.