ဘူးသီးေတာင္ လ၀က အရာရွိ ၃ ဦး ဖမ္းဆီးခံရ


(Zawgyi/Unicode)

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေတာင္ဘဇာစခန္းမွာ တာ၀န္ထမ္းေဆာင္ေနတဲ့ လ၀က လက္ေထာက္ညႊန္ၾကား ေရးမွဴးတဦး လက္ေထာက္အရာရွိ ႏွစ္ဦးအေပါင္း ၃ ဦးကို အမည္မသိ လက္နက္ကိုင္အဖြဲ႕ တခုကေန မေန႕က ဖမ္းဆီး သြားခဲ့တယ္လို႕ ျပည္နယ္လ၀က တာ၀န္ရွိသူေတြက အတည္ျပဳေျပာပါတယ္။

ဘယ္အဖြဲ႕ ဖမ္းဆီးသြားတယ္ဆိုတာ အတည္မျပဴနိုင္ေသးေပမဲ့ AA ရခိုင္လက္နက္ကိုင္ အဖြဲ႕ကေတာ့ ဒီျဖစ္စဥ္ကို ေမးျမန္းထားဆဲလို႕ဆိုပါတယ္။ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ထားပါတယ္။

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ ေတာင္ဘဇာနယ္ေျမစခန္းမွာတာဝန္က်တဲ့ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႕ ျပည္သူ႕အင္အားဝန္ႀကီးဌာနက လဝက အရာရွိ ၃ဦးကို ဒီဇင္ဘာလ ၂၄ ရက္ေန႕ ညေနပိုင္းမွာ အမည္မသိ လက္နက္ ကိုင္အဖြဲ႕တခုကေန ဖမ္းဆီးသြားေၾကာင္း ရခုိင္ျပည္နယ္ လ၀က ဦးစီးမွဴးညႊန္ၾကားေရးမွဴး ဦးေအာင္မင္းကေျပာပါတယ္။

“အဲတာေတာ့ ဟုတ္ပါတယ္။ ဘူးသီးေတာင္ကေနၿပီးေတာ့ ေတာင္ဘဇာကို သြားတဲ့အသြားမွာ အဖမ္းခံရတာပါ။ က်ေနာ္တို႕ဟိုကေန လမ္းမွာေခၚသြားတာေပါ့။ တာ၀န္က်တဲ့ေနရာကိုသြားတာ။ ေျပာင္းလာတာ မဟုတ္ဘူး။ သူကေနမေကာင္း လို႕ခြင့္ယူသြားၿပီးေတာ့ ေဆးကု၊ ေဆးကုၿပီးေတာ့ ျပန္အလာ ျပန္လာတဲ့အရာရွိပါ။ တင္မ်ိဳးေအာင္ပါ။ လက္ေထာက္ ညႊန္ၾကားေရးမွဴး။ ေနာက္က်န္တဲ့ ႏွစ္ေယာက္ကေတာ့ အငယ္ပါဗ်။ လက္ေထာက္ လ၀က ႏွစ္ေယာက္။”

ဖမ္းဆီးခံရသူေတြကေတာ့ လဝက လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးတင္မ်ိဳးေအာင္၊ လဝက လက္ေထာက္ဦးစီးမွဴး ဦးမ်ိဳး ေဆြဦးနဲ႕ လက္ေထာက္လဝက ဦးစီးမွဴး ဦးေအာင္ၿဖိဳးေက်ာ္တို႔ သံုးဦးျဖစ္ေၾကာင္း သူကဆိုပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္မဲဆႏၵနယ္က အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံက လ၀ကအရာရွိ ၃ ဦး လိုက္ပါလာတဲ့ စက္ေလွ ဘူးသီးေတာင္ၿမိဳ႕ကအထြက္ ေက်ာက္ရစ္ရြာဘက္မွာ အဖမ္းခံရတာလို႔ ေျပာပါတယ္။

“ေတာင္ဘဇာကေန သူ႕လက္ေအာက္ငယ္သား ႏွစ္ေယာက္က လာၿပီးေတာ့ ဘူးသီးေတာင္မွာ လာႀကိဳတယ္။ သူတို႔ ေတာင္ဘဇာကို ညေန ၂ နာရီ၊ ၃ နာရီေလာက္ဆို ေတာင္ဘဇာဘက္ကို စက္ေလွနဲ႕ထြက္သြားတယ္။ ဘူးသီးေတာင္နဲ႕ ႏွစ္မိုင္ သုံးမိုင္ရွိမယ္ထင္တယ္။ အဲဒီသံရွည္ရြာနဲ႕ ေက်ာက္ရစ္ရြာဆိုတာ ရြာႏွစ္ရြာရွိတယ္။ အဲဒီအနားကေန ေခၚသြားတယ္ လို႕ေျပာတယ္။ အဲဒီေနရာက ရဲကေန အဲဒီေျမကိုမပိုင္ဘူး။ နယ္ျခားေစာင့္ပဲပိုင္တယ္။”

စက္ေလွမွာ ခရီးသည္ စုစုေပါင္း ၁၈ ဦး ပါရွိၿပီး အမည္မသိလက္နက္ကိုင္အဖြဲ႕ကေန လဝက အရာရွိ ၃ ဦးကို ဖမ္းဆီး ၿပီးစက္ေလွကိုေတာ့ ျပန္လႊတ္ေပးခဲ့ပါတယ္။

နိုင္ငံ၀န္ထမ္းေတြ အခုလို အဖမ္းခံရတဲ့ျဖစ္စဥ္အေပၚ ရခုိင္ျပည္နယ္ လ၀ကဦးစီးမွဴးညႊန္ၾကားေရးမႈး ဦးေအာင္မင္းက အခုလိုေျပာပါတယ္။

“က်ေနာ္တို႕ကေတာ့ ၀န္ထမ္းျဖစ္တာနဲ႕အညီ တာ၀န္က်ရာ တာ၀န္ေပးတာသြားရတယ္။ ဒီအေပၚမွာေတာ့ဗ်ာ ဘာ ဘဲျဖစ္ျဖစ္ အသက္အႏၱရာယ္ ၿခိမ္းေျခာက္တာမ်ိဳးေတာ့ မရွိေစခ်င္တာပါ။ ေနာက္အခုလိုမ်ိဳး ဖမ္းတာမ်ိဳးလည္း မရွိေစခ်င္ဘူးေပါ့ဗ်ာ။ ဒါပါပဲ။”

ဖမ္းဆီးထားတဲ့အဖြဲ႕ဟာ AA ရခိုင္လက္နက္ကိုင္အဖြဲ႕ကလို႔ ေဒသခံေတြက ယူဆေျပာဆိုေနၾကေပမဲ့ AA ေျပာခြင့္ရ ခိုင္သုခ ကေတာ့ ဒီျဖစ္စဥ္ကို ေမးျမန္းထားဆဲလို႕ဆိုပါတယ္။

“အဲဒီဥစၥာေတာ့ အင္တာနက္ေပၚမွာေတာ့ က်ေနာ္တို႕လဲ ေတြ႕တယ္။ က်ေနာ္ အဲဒီမွာ က်ေနာ္တို႕ရံုးခ်ဳပ္ကို လွမ္းျပီးေတာ့ ေမးထားတယ္ဗ်။ က်ေနာ္ဆီကို မျပန္လာေသးဘူး။”

လဝက အရာရွိ ၃ ဦး အဖမ္းဆီးခံရေၾကာင္း အတည္ျပဳခ်က္ ရရွိေပမဲ့ ဘယ္အဖြဲ႕က ဖမ္းဆီးသြားတယ္ဆိုတာ တိတိ က်က် ထုတ္ေဖာ္ ေျပာဆိုျခင္း မရွိေသးပါဘူး။

ရခိုင္ျပည္နယ္မွာ လက္ရွိျဖစ္ပြားေနတဲ့ တိုက္ပြဲကာလတြင္း ဌာနဆိုင္ရာဝန္ထမ္းေတြ ဖမ္းဆီးမႈတြခံေနရသလို အရပ္ သားေတြကလဲ AA အဖြဲ႕နဲ႕ဆက္စပ္တယ္ဆိုၿပီး ဖမ္းဆီးခံရမႈေတြကလည္း မ်ားျပားေနပါတယ္။

မေန႕ကလဲ ရခိုင္ျပည္နယ္မင္းျပားၿမိဳ႕နယ္ အိုးပုံေတာင္ရြာအနီး ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ဆင္အိုးခ်ိဳင္ရြာနဲ႕ ပလက္၀ၿမိဳ႕နယ္ နံုးဘူးရြာဘက္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕ အၾကားတိုက္ပြဲျဖစ္ခဲ့တယ္လို႕ AAေျပာခြင့္ရ ခိုင္သုခ ကေျပာပါတယ္။


....................

ဘူးသီးတောင် လဝက အရာရှိ ၃ဦး ဖမ်းဆီးခံရ

(Unicode)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ လဝက လက်ထောက်ညွှန်ကြား ရေးမှူးတဦး လက်ထောက်အရာရှိ နှစ်ဦးအပေါင်း ၃ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့ တခုကနေ မနေ့က ဖမ်းဆီး သွားခဲ့တယ်လို့ ပြည်နယ်လဝက တာဝန်ရှိသူတွေက အတည်ပြုပြောပါတယ်။

ဘယ်အဖွဲ့ ဖမ်းဆီးသွားတယ်ဆိုတာ အတည်မပြူနိုင်သေးပေမဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ကတော့ ဒီဖြစ်စဉ်ကို မေးမြန်းထားဆဲလို့ဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ဘဇာနယ်မြေစခန်းမှာတာဝန်ကျတဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက လဝက အရာရှိ ၃ဦးကို ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းမှာ အမည်မသိ လက်နက် ကိုင်အဖွဲ့တခုကနေ ဖမ်းဆီးသွားကြောင်း ရခိုင်ပြည်နယ် လဝက ဦးစီးမှူးညွှန်ကြားရေးမှူး ဦးအောင်မင်းကပြောပါတယ်။

“အဲတာတော့ ဟုတ်ပါတယ်။ ဘူးသီးတောင်ကနေပြီးတော့ တောင်ဘဇာကို သွားတဲ့အသွားမှာ အဖမ်းခံရတာပါ။ ကျနော်တို့ဟိုကနေ လမ်းမှာခေါ်သွားတာပေါ့။ တာဝန်ကျတဲ့နေရာကိုသွားတာ။ ပြောင်းလာတာ မဟုတ်ဘူး။ သူကနေမကောင်း လို့ခွင့်ယူသွားပြီးတော့ ဆေးကု၊ ဆေးကုပြီးတော့ ပြန်အလာ ပြန်လာတဲ့အရာရှိပါ။ တင်မျိုးအောင်ပါ။ လက်ထောက် ညွှန် ကြားရေးမှူး။ နောက်ကျန်တဲ့ နှစ်ယောက်ကတော့ အငယ်ပါဗျ။ လက်ထောက် လဝက နှစ်ယောက်။”

ဖမ်းဆီးခံရသူတွေကတော့ လဝက လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်၊ လဝက လက်ထောက်ဦးစီးမှူး ဦးမျိုး ဆွေဦးနဲ့ လက်ထောက်လဝက ဦးစီးမှူး ဦးအောင်ဖြိုးကျော်တို့ သုံးဦးဖြစ်ကြောင်း သူကဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက လဝကအရာရှိ ၃ ဦး လိုက်ပါလာတဲ့ စက်လှေ ဘူးသီးတောင်မြို့ကအထွက် ကျောက်ရစ်ရွာဘက်မှာ အဖမ်းခံရတာလို့ ပြောပါတယ်။

“တောင်ဘဇာကနေ သူ့လက်အောက်ငယ်သား နှစ်ယောက်က လာပြီးတော့ ဘူးသီးတောင်မှာ လာကြိုတယ်။ သူတို့ တောင်ဘဇာကို ညနေ ၂ နာရီ၊ ၃ နာရီလောက်ဆို တောင်ဘဇာဘက်ကို စက်လှေနဲ့ထွက်သွားတယ်။ ဘူးသီးတောင်နဲ့ နှစ်မိုင် သုံးမိုင်ရှိမယ်ထင်တယ်။ အဲဒီသံရှည်ရွာနဲ့ ကျောက်ရစ်ရွာဆိုတာ ရွာနှစ်ရွာရှိတယ်။ အဲဒီအနားကနေ ခေါ်သွားတယ် လို့ပြောတယ်။ အဲဒီနေရာက ရဲကနေ အဲဒီမြေကိုမပိုင်ဘူး။ နယ်ခြားစောင့်ပဲပိုင်တယ်။”

စက်လှေမှာ ခရီးသည် စုစုပေါင်း ၁၈ ဦး ပါရှိပြီး အမည်မသိလက်နက်ကိုင်အဖွဲ့ကနေ လဝက အရာရှိ ၃ ဦးကို ဖမ်းဆီး ပြီးစက်လှေကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

နိုင်ငံဝန်ထမ်းတွေ အခုလို အဖမ်းခံရတဲ့ဖြစ်စဉ်အပေါ် ရခိုင်ပြည်နယ် လဝကဦးစီးမှူးညွှန်ကြားရေးမှုး ဦးအောင်မင်းက အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ ဝန်ထမ်းဖြစ်တာနဲ့အညီ တာဝန်ကျရာ တာဝန်ပေးတာသွားရတယ်။ ဒီအပေါ်မှာတော့ဗျာ ဘာ ဘဲဖြစ်ဖြစ် အသက်အန္တရာယ် ခြိမ်းခြောက်တာမျိုးတော့ မရှိစေချင်တာပါ။ နောက်အခုလိုမျိုး ဖမ်းတာမျိုးလည်း မရှိစေချင်ဘူးပေါ့ဗျာ။ ဒါပါပဲ။”

ဖမ်းဆီးထားတဲ့အဖွဲ့ဟာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကလို့ ဒေသခံတွေက ယူဆပြောဆိုနေကြပေမဲ့ AA ပြောခွင့်ရ ခိုင်သုခ ကတော့ ဒီဖြစ်စဉ်ကို မေးမြန်းထားဆဲလို့ဆိုပါတယ်။

“အဲဒီဥစ္စာတော့ အင်တာနက်ပေါ်မှာတော့ ကျနော်တို့လဲ တွေ့တယ်။ ကျနော် အဲဒီမှာ ကျနော်တို့ရုံးချုပ်ကို လှမ်းပြီးတော့ မေးထားတယ်ဗျ။ ကျနော်ဆီကို မပြန်လာသေးဘူး။”

လဝက အရာရှိ ၃ ဦး အဖမ်းဆီးခံရကြောင်း အတည်ပြုချက် ရရှိပေမဲ့ ဘယ်အဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတာ တိတိ ကျကျ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲကာလတွင်း ဌာနဆိုင်ရာဝန်ထမ်းတွေ ဖမ်းဆီးမှုတွေခံနေရသလို အရပ် သားတွေကလဲ AA အဖွဲ့နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရမှုတွေကလည်း များပြားနေပါတယ်။

မနေ့ကလဲ ရခိုင်ပြည်နယ်မင်းပြားမြို့နယ် အိုးပုံတောင်ရွာအနီး ကျောက်တော်မြို့နယ်၊ ဆင်အိုးချိုင်ရွာနဲ့ ပလက်ဝမြို့နယ် နုံးဘူးရွာဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ အကြားတိုက်ပွဲဖြစ်ခဲ့တယ်လို့ AAပြောခွင့်ရ ခိုင်သုခ ကပြောပါတယ်။

ႏုိင္ကြန္းအိန္/VOA Burmese
https://burmese.voanews.com
ဘူးသီးေတာင္ လ၀က အရာရွိ ၃ ဦး ဖမ္းဆီးခံရ ဘူးသီးေတာင္ လ၀က အရာရွိ ၃ ဦး ဖမ္းဆီးခံရ Reviewed by THITHTOOLWIN on 00:51 Rating: 5
Powered by Blogger.