ၾကားျဖတ္အစီအမံၾကားနာမႈ - ျမန္မာနဲ႔ ဂမ္ဘီယာအမႈ အိုင္စီေဂ်မွာ ဘာေတြလုပ္မွာလဲ

 နယ္သာလန္ ႏိုင္ငံ သည္ဟိတ္ဂ္ၿမိဳ႕ ကို ေရာက္ရွိလာတဲ့ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္
(Zawgyi)⤵⤵⤵
ျမန္မာက လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ဂ်ီႏိုဆိုက္ ကြန္ဗန္းရွင္းကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ဂမ္ဘီယာ ႏိုင္ငံက စြပ္စြဲထားၿပီး ၾကားျဖတ္အစီအမံ အမိန႔္ေတြ ခ်မွတ္ေပးဖို႔ ေတာင္းဆိုထားတာကို နယ္သာလန္ ႏိုင္ငံ သည္ဟိဂ္ၿမိဳ႕ ႏိုင္ငံတကာ တရား႐ုံး ICJ မွာ ဒီဇင္ဘာ ၁၀ ရက္က ၁၂ မွာ ၾကားနာမွာ ျဖစ္ပါတယ္။

ၾကားျဖတ္အစီအမံၾကားနာမႈဆိုတာဘာလဲ။ ဘာေတြလုပ္ေဆာင္တာလဲ။ ဒီၾကားနာမႈကေန အမိန႔္ခ်မွတ္ေပးႏိုင္သလား။ ဒီအမိန႔္ေတြကို အျငင္းပြား ႏိုင္ငံေတြက လိုက္နာဖို႔ လိုသလား စတာေတြကို ဒီေဆာင္းပါးမွာ အတိုခ်ဳပ္ ဖတ္ရႈႏိုင္ပါတယ္။
၁။ ျမန္မာအေပၚ ဂမ္ဘီယာဘက္က စြပ္စြဲခ်က္ေတြက ဘာလဲ

ဂမ္ဘီယာဘက္က ေျပာတာက ဂမ္ဘီယာဟာ ျမန္မာနဲ႔ အျငင္းပြားမႈ ရွိေနတယ္ဆိုၿပီး အိုင္စီေဂ်မွာ တင္ထားပါတယ္။

အဲဒီအျငင္းပြားမႈဆိုတာက ႏွစ္ႏိုင္ငံစလုံးက လူမ်ိဳးတုံးသတ္ျဖတ္မႈ ကာကြယ္ေရးနဲ႔ အျပစ္ေပးေရးဆိုင္ရာ ႏိုင္ငံတကာ ကြန္ဗင္းရွင္းမွာ အဖြဲ႕ဝင္ေတြျဖစ္ၿပီး ျမန္မာဘက္က ဒီကြန္ဗင္းရွင္း သေဘာတူစာခ်ဳပ္ကို လိုက္နာမႈ၊ အဓိပၸာယ္ဖြင့္ဆိုမႈနဲ႔ ပတ္သက္ၿပီး ႏွစ္ႏိုင္ငံၾကား အျငင္းပြားစရာျဖစ္တယ္လို႔ ေလွ်ာက္ထားထားပါတယ္။

ဂမ္ဘီယာဘက္က ေလွ်ာက္လဲခ်က္က ၂ ခုျဖစ္ပါတယ္။

ပထမတစ္ခုကေတာ့ ျမန္မာတပ္မေတာ္ဟာ ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုံးသတ္ျဖတ္မႈ လုပ္တယ္လို႔ စြပ္စြဲတာပါ။

ဒုတိယတစ္ခုကေတာ့ အဲဒီလို လူမ်ိဳးတုံးသတ္ျဖတ္မႈ အႏၲရာယ္က ဆက္ရွိေနလို႔ ဆိုၿပီး provisional measures လို႔ေခၚတဲ့ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ေတြ ျမန္မာဘက္က လုပ္ေဆာင္ေအာင္ အိုင္စီေဂ်က အမိန႔္ထုတ္ျပန္ေပးဖို႔ ေလွ်ာက္ထားတာ ျဖစ္ပါတယ္။

အခု ဒီဇင္ဘာ ၁၀ ရက္ကေန ၁၂ ရက္အထိ ၾကားနာမႈေတြက လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုတာကို စစ္မွာမဟုတ္ေသးဘဲ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ေတြ အတြက္ပဲ ၾကားနာမွာ ျဖစ္ပါတယ္။
 အဘူဘာကာ တမ္ဘာဒူးဟာ ရဝမ္ဒါ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ႏိုင္ငံတကာ ခုံ႐ုံးမွာ ေရွ႕ေနတစ္ဦးအျဖစ္ ေဆာင္႐ြက္ခဲ့ပါတယ္။

၂ ။ ဂမ္ဘီယာက ဘယ္လို ၾကားျဖတ္ စီမံေဆာင္႐ြက္ခ်က္ေတြ လုပ္ေပးဖို႔ ေတာင္းဆိုထားသလဲ

ဂမ္ဘီယာက ေတာင္းဆိုထားတာက အၾကမ္းဖက္ သတ္ျဖတ္မႈေတြရွိရင္ ဆက္မလုပ္ဖို႔နဲ႔ သက္ေသအခ်က္အလက္ အေထာက္အထားေတြကို မဖ်က္ဆီးဘဲ ထိန္းသိမ္းထားဖို႔ ျဖစ္ပါတယ္။

ဒါ့အျပင္ တရား႐ုံးက စစ္ေဆးရင္း ေတြ႕ရွိလာတဲ့ အခ်က္ေတြအရ လိုအပ္သတဲ့ ၾကားျဖတ္ စီမံေဆာင္႐ြက္ခ်က္ေတြ ခ်ထားေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။

တရား႐ုံးက ၾကားျဖတ္အစီအမံ ခ်မွတ္လိုက္ရင္ ေလးလအတြင္း သက္ဆိုင္ရာႏိုင္ငံက အေရးယူ လိုက္နာ ေဆာင္႐ြက္ဖို႔လည္း ပါပါတယ္။

ICJ အမႈကိုေတာ့ ျမန္မာ ပယ္ခ်လို႔ မရ၊ ရင္ဆိုင္ ေျဖရွင္းရမယ္။

၃။ ၾကားျဖတ္စီမံ ေဆာင္႐ြက္ခ်က္ဆိုတာ ဘာေတြလဲ။

ၾကားျဖတ္စီမံ ေဆာင္႐ြက္ခ်က္ဆိုတာ တရား႐ုံးက အမႈႀကီး တစ္ခုလုံးကို အၿပီးသတ္ မဆုံးျဖတ္ခင္မွာ အျငင္းပြားတဲ့ ႏိုင္ငံေတြကို လိုက္နာ ေဆာင္႐ြက္ဖို႔ တရား႐ုံးက ထုတ္ဆင့္ေပးတဲ့ အမိန႔္ေတြ ျဖစ္ပါတယ္။

တရား႐ုံးက အေျခအေန ႏွစ္ခုအရ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ အမိန႔္ေတြ ခ်ႏိုင္တဲ့ အာဏာရွိပါတယ္။

၁- အေျခအေနအရ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ ခ်ဖို႔လိုအပ္တယ္လို႔ တရား႐ုံးက ယူဆတဲ့အခါ

၂-အမႈႀကီး တစ္ခုလုံးကို အၿပီးသတ္ အမိန႔္ခ် မဆုံးျဖတ္ႏိုင္ေသးခ်ိန္

တို႔ျဖစ္ပါတယ္။
 ျမန္မာျပည္ထဲ စစ္ဆင္ေရး ရပ္တန္႔ေရး ယာယီအမိန္႔ ထုတ္ရမလား ICJ တရားသူႀကီးေတြ ဆုံးျဖတ္မယ္
၄။ ဒီ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ အမႈလုပ္ငန္းစဥ္က ဘာေတြ ရွိလဲ

အျငင္းပြားတဲ့သက္ဆိုင္ရာ ႏိုင္ငံေတြက တရား႐ုံးက ၾကားနာေနစဥ္အတြင္း စာနဲ႔ေရးသားၿပီး ၾကားျဖတ္အစီအမံေတြ ေတာင္းဆိုႏိုင္ ပါတယ္။

ၾကားျဖတ္အစီအမံ လုပ္ေပးဖို႔ မူလေတာင္းဆိုခ်က္အတိုင္း မဟုတ္ဘဲ တရား႐ုံးက တျခား ၾကားျဖတ္အစီအမံေတြ ခ်ေကာင္း ခ်မွတ္ႏိုင္ပါတယ္။

တကယ္လို႔ ၾကားျဖတ္ အစီအမံလုပ္ေပးဖို႔ ေတာင္းဆိုတာကို တရား႐ုံးက ျငင္းပယ္တယ္ဆိုရင္ မူလ ေတာင္းဆိုတဲ့ ႏိုင္ငံက အခ်က္အလက္ အသစ္ေတြနဲ႔ ေတာင္းဆိုခ်က္ အသစ္ ထပ္ေတာင္းဆိုႏိုင္ပါတယ္။

အမႈႀကီး တစ္ခုလုံး မၿပီးခင္မွာ ၾကားျဖတ္အစီအမံေတြ ျပန္႐ုပ္သိမ္းတာ၊ ျပန္ျပင္ဆင္တာေတြကို တရား႐ုံးက အခ်ိန္မေ႐ြးလုပ္ႏိုင္ပါတယ္။

ဒီလို ၾကားျဖတ္အစီအမံ အမိန႔္ေတြ ခ်မွတ္ ႏိုင္ဖို႔ သက္ဆိုင္ရာ ႏိုင္ငံေတြဆီက သတင္းအခ်က္အလက္ေတြကို တရား႐ုံးက ေတာင္းဆိုႏိုင္တယ္ စတာေတြ ျဖစ္ပါတယ္။
၅။ ၾကားျဖတ္ အစီအမံ အမိန႔္ခ်ဖို႔ ဘယ္အခ်က္ေတြကို ထည့္သြင္း စဥ္းစားသလဲ

- ဥပေဒ ခ်ိဳးေဖာက္တယ္လို႔ ထင္ရွားတဲ့ ေကာက္ခ်က္ ခ်ႏိုင္တာ

-ျဖစ္ႏိုင္ေျခရွိတာ

-တရား႐ုံးက စီရင္ဆုံးျဖတ္ေနဆဲမွာ အမႈထဲက တစ္စုံတစ္ရာကို အမွန္တကယ္ အႏၲရာယ္က်ေရာက္အံ့ဆဲဆဲျဖစ္ေနတာ

- ၾကားျဖတ္အစီအမံ ေတာင္းဆိုသူက ၾကားျဖတ္အစီအမံ ေတာင္းဆိုဖို႔ ပတ္သက္ဆက္ႏႊယ္မႈ ရွိတာ ေတြကို ထည့္သြင္းစဥ္းစားပါတယ္။
၆။ ဒီအမိန႔္တစ္ခုခု ခ်ရင္ သက္ဆိုင္ရာႏိုင္ငံေတြက လိုက္နာဖို႔ လိုလား။

တရား႐ုံးက အမိန႔္တစ္စုံတစ္ရာ ခ်မွတ္ခဲ့ရင္ အျငင္းပြား ႏိုင္ငံေတြက ဒီအမိန႔္ေတြကို လိုက္နာေဆာင္႐ြက္ ဖို႔လိုပါတယ္။

အဲဒီလို အေကာင္ထည္မေဖာ္ဘူး ဆိုရင္ေတာ့ ကုလသမဂၢ လုံၿခဳံေရး ေကာင္စီဆီကို မွတ္ခ်က္ေပးဖို႔ အကူအညီေတာင္းခံႏိုင္ပါတယ္။
၇။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အခန္းက႑က ဘာလဲ။

ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာ ႏိုင္ငံဘက္က ဒီအမႈကို ေျဖရွင္းတဲ့ အဖြဲ႕ကို ဦးေဆာင္ၿပီး တရား႐ုံးမွာ ရင္ဆိုင္မွာပါ။

အမ်ားျပည္သူ နားေထာင္ႏိုင္တဲ့ တရား႐ုံးမွာ အစိုးရ ကိုယ္စား ခုခံေခ်ပတာ လုပ္ႏိုင္မွာပါ။

ဒီလို ေျဖရွင္းတဲ့အခါ အစိုးရကို ကိုယ္စားျပဳတဲ့အဖြဲ႕ကို အေထာက္အကူေပးဖို႔ နဲ႔ အဲဒီအဖြဲ႕ကို ကိုယ္စားျပဳၿပီး ခုခံေခ်ပမယ့္ ဥပေဒ အႀကံေပးေတြ၊ ေရွ႕ေနေတြက ေဆာင္႐ြက္ပါတယ္။

BBC Burmese
https://www.bbc.com
-----------------
(Unicode)⤵⤵⤵
ကြားဖြတ်အစီအမံကြားနာမှု - မြန်မာနဲ့ ဂမ်ဘီယာအမှု အိုင်စီဂျေမှာ ဘာတွေလုပ်မှာလဲ

    လွန်ခဲ့သော ၁ နာရီက

ဒီစာမျက်နှာ Facebook
ဒီစာမျက်နှာ Messenger
ဒီစာမျက်နှာ Twitter
ဒီစာမျက်နှာ အီးမေးလ်

    ဝေမျှပါ

ဓာတ်ပုံ မူပိုင် Mynanmar State counsellor Office
Image caption နယ်သာလန် နိုင်ငံ သည်ဟိတ်ဂ်မြို့ ကို ရောက်ရှိလာတဲ့နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်

မြန်မာက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာ နိုင်ငံက စွပ်စွဲထားပြီး ကြားဖြတ်အစီအမံ အမိန့်တွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့ နိုင်ငံတကာ တရားရုံး ICJ မှာ ဒီဇင်ဘာ ၁၀ ရက်က ၁၂ မှာ ကြားနာမှာ ဖြစ်ပါတယ်။

ကြားဖြတ်အစီအမံကြားနာမှုဆိုတာဘာလဲ။ ဘာတွေလုပ်ဆောင်တာလဲ။ ဒီကြားနာမှုကနေ အမိန့်ချမှတ်ပေးနိုင်သလား။ ဒီအမိန့်တွေကို အငြင်းပွား နိုင်ငံတွေက လိုက်နာဖို့ လိုသလား စတာတွေကို ဒီဆောင်းပါးမှာ အတိုချုပ် ဖတ်ရှုနိုင်ပါတယ်။
၁။ မြန်မာအပေါ် ဂမ်ဘီယာဘက်က စွပ်စွဲချက်တွေက ဘာလဲ

ဂမ်ဘီယာဘက်က ပြောတာက ဂမ်ဘီယာဟာ မြန်မာနဲ့ အငြင်းပွားမှု ရှိနေတယ်ဆိုပြီး အိုင်စီဂျေမှာ တင်ထားပါတယ်။

အဲဒီအငြင်းပွားမှုဆိုတာက နှစ်နိုင်ငံစလုံးက လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ နိုင်ငံတကာ ကွန်ဗင်းရှင်းမှာ အဖွဲ့ဝင်တွေဖြစ်ပြီး မြန်မာဘက်က ဒီကွန်ဗင်းရှင်း သဘောတူစာချုပ်ကို လိုက်နာမှု၊ အဓိပ္ပာယ်ဖွင့်ဆိုမှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား အငြင်းပွားစရာဖြစ်တယ်လို့ လျှောက်ထားထားပါတယ်။

ဂမ်ဘီယာဘက်က လျှောက်လဲချက်က ၂ ခုဖြစ်ပါတယ်။

ပထမတစ်ခုကတော့ မြန်မာတပ်မတော်ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု လုပ်တယ်လို့ စွပ်စွဲတာပါ။

ဒုတိယတစ်ခုကတော့ အဲဒီလို လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ်က ဆက်ရှိနေလို့ ဆိုပြီး provisional measures လို့ခေါ်တဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ မြန်မာဘက်က လုပ်ဆောင်အောင် အိုင်စီဂျေက အမိန့်ထုတ်ပြန်ပေးဖို့ လျှောက်ထားတာ ဖြစ်ပါတယ်။

အခု ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ ကြားနာမှုတွေက လူမျိုးတုံးသတ်ဖြတ်မှုဆိုတာကို စစ်မှာမဟုတ်သေးဘဲ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ အတွက်ပဲ ကြားနာမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အဘူဘာကာ တမ်ဘာဒူးဟာ ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ ခုံရုံးမှာ ရှေ့နေတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
၂ ။ ဂမ်ဘီယာက ဘယ်လို ကြားဖြတ် စီမံဆောင်ရွက်ချက်တွေ လုပ်ပေးဖို့ တောင်းဆိုထားသလဲ

ဂမ်ဘီယာက တောင်းဆိုထားတာက အကြမ်းဖက် သတ်ဖြတ်မှုတွေရှိရင် ဆက်မလုပ်ဖို့နဲ့ သက်သေအချက်အလက် အထောက်အထားတွေကို မဖျက်ဆီးဘဲ ထိန်းသိမ်းထားဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် တရားရုံးက စစ်ဆေးရင်း တွေ့ရှိလာတဲ့ အချက်တွေအရ လိုအပ်သတဲ့ ကြားဖြတ် စီမံဆောင်ရွက်ချက်တွေ ချထားပေးဖို့လည်း တောင်းဆိုထားပါတယ်။

တရားရုံးက ကြားဖြတ်အစီအမံ ချမှတ်လိုက်ရင် လေးလအတွင်း သက်ဆိုင်ရာနိုင်ငံက အရေးယူ လိုက်နာ ဆောင်ရွက်ဖို့လည်း ပါပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ICJ အမှုကိုတော့ မြန်မာ ပယ်ချလို့ မရ၊ ရင်ဆိုင် ဖြေရှင်းရမယ်။
၃။ ကြားဖြတ်စီမံ ဆောင်ရွက်ချက်ဆိုတာ ဘာတွေလဲ။

ကြားဖြတ်စီမံ ဆောင်ရွက်ချက်ဆိုတာ တရားရုံးက အမှုကြီး တစ်ခုလုံးကို အပြီးသတ် မဆုံးဖြတ်ခင်မှာ အငြင်းပွားတဲ့ နိုင်ငံတွေကို လိုက်နာ ဆောင်ရွက်ဖို့ တရားရုံးက ထုတ်ဆင့်ပေးတဲ့ အမိန့်တွေ ဖြစ်ပါတယ်။

တရားရုံးက အခြေအနေ နှစ်ခုအရ ကြားဖြတ်စီမံဆောင်ရွက်ချက် အမိန့်တွေ ချနိုင်တဲ့ အာဏာရှိပါတယ်။

၁- အခြေအနေအရ ကြားဖြတ်စီမံဆောင်ရွက်ချက် ချဖို့လိုအပ်တယ်လို့ တရားရုံးက ယူဆတဲ့အခါ

၂-အမှုကြီး တစ်ခုလုံးကို အပြီးသတ် အမိန့်ချ မဆုံးဖြတ်နိုင်သေးချိန်

တို့ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာပြည်ထဲ စစ်ဆင်ရေး ရပ်တန့်ရေး ယာယီအမိန့် ထုတ်ရမလား ICJ တရားသူကြီးတွေ ဆုံးဖြတ်မယ်
၄။ ဒီ ကြားဖြတ်စီမံဆောင်ရွက်ချက် အမှုလုပ်ငန်းစဉ်က ဘာတွေ ရှိလဲ

အငြင်းပွားတဲ့သက်ဆိုင်ရာ နိုင်ငံတွေက တရားရုံးက ကြားနာနေစဉ်အတွင်း စာနဲ့ရေးသားပြီး ကြားဖြတ်အစီအမံတွေ တောင်းဆိုနိုင် ပါတယ်။

ကြားဖြတ်အစီအမံ လုပ်ပေးဖို့ မူလတောင်းဆိုချက်အတိုင်း မဟုတ်ဘဲ တရားရုံးက တခြား ကြားဖြတ်အစီအမံတွေ ချကောင်း ချမှတ်နိုင်ပါတယ်။

တကယ်လို့ ကြားဖြတ် အစီအမံလုပ်ပေးဖို့ တောင်းဆိုတာကို တရားရုံးက ငြင်းပယ်တယ်ဆိုရင် မူလ တောင်းဆိုတဲ့ နိုင်ငံက အချက်အလက် အသစ်တွေနဲ့ တောင်းဆိုချက် အသစ် ထပ်တောင်းဆိုနိုင်ပါတယ်။

အမှုကြီး တစ်ခုလုံး မပြီးခင်မှာ ကြားဖြတ်အစီအမံတွေ ပြန်ရုပ်သိမ်းတာ၊ ပြန်ပြင်ဆင်တာတွေကို တရားရုံးက အချိန်မရွေးလုပ်နိုင်ပါတယ်။

ဒီလို ကြားဖြတ်အစီအမံ အမိန့်တွေ ချမှတ် နိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံတွေဆီက သတင်းအချက်အလက်တွေကို တရားရုံးက တောင်းဆိုနိုင်တယ် စတာတွေ ဖြစ်ပါတယ်။
၅။ ကြားဖြတ် အစီအမံ အမိန့်ချဖို့ ဘယ်အချက်တွေကို ထည့်သွင်း စဉ်းစားသလဲ

- ဥပဒေ ချိုးဖောက်တယ်လို့ ထင်ရှားတဲ့ ကောက်ချက် ချနိုင်တာ

-ဖြစ်နိုင်ခြေရှိတာ

-တရားရုံးက စီရင်ဆုံးဖြတ်နေဆဲမှာ အမှုထဲက တစ်စုံတစ်ရာကို အမှန်တကယ် အန္တရာယ်ကျရောက်အံ့ဆဲဆဲဖြစ်နေတာ

- ကြားဖြတ်အစီအမံ တောင်းဆိုသူက ကြားဖြတ်အစီအမံ တောင်းဆိုဖို့ ပတ်သက်ဆက်နွှယ်မှု ရှိတာ တွေကို ထည့်သွင်းစဉ်းစားပါတယ်။
၆။ ဒီအမိန့်တစ်ခုခု ချရင် သက်ဆိုင်ရာနိုင်ငံတွေက လိုက်နာဖို့ လိုလား။

တရားရုံးက အမိန့်တစ်စုံတစ်ရာ ချမှတ်ခဲ့ရင် အငြင်းပွား နိုင်ငံတွေက ဒီအမိန့်တွေကို လိုက်နာဆောင်ရွက် ဖို့လိုပါတယ်။

အဲဒီလို အကောင်ထည်မဖော်ဘူး ဆိုရင်တော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဆီကို မှတ်ချက်ပေးဖို့ အကူအညီတောင်းခံနိုင်ပါတယ်။
၇။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍက ဘာလဲ။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံဘက်က ဒီအမှုကို ဖြေရှင်းတဲ့ အဖွဲ့ကို ဦးဆောင်ပြီး တရားရုံးမှာ ရင်ဆိုင်မှာပါ။

အများပြည်သူ နားထောင်နိုင်တဲ့ တရားရုံးမှာ အစိုးရ ကိုယ်စား ခုခံချေပတာ လုပ်နိုင်မှာပါ။

ဒီလို ဖြေရှင်းတဲ့အခါ အစိုးရကို ကိုယ်စားပြုတဲ့အဖွဲ့ကို အထောက်အကူပေးဖို့ နဲ့ အဲဒီအဖွဲ့ကို ကိုယ်စားပြုပြီး ခုခံချေပမယ့် ဥပဒေ အကြံပေးတွေ၊ ရှေ့နေတွေက ဆောင်ရွက်ပါတယ်။

BBC Burmese
https://www.bbc.com
ၾကားျဖတ္အစီအမံၾကားနာမႈ - ျမန္မာနဲ႔ ဂမ္ဘီယာအမႈ အိုင္စီေဂ်မွာ ဘာေတြလုပ္မွာလဲ ၾကားျဖတ္အစီအမံၾကားနာမႈ - ျမန္မာနဲ႔ ဂမ္ဘီယာအမႈ အိုင္စီေဂ်မွာ ဘာေတြလုပ္မွာလဲ Reviewed by THITHTOOLWIN on 02:54 Rating: 5
Powered by Blogger.