ေျမာက္ဦးနဲ႔ပလက္၀ အပါအဝင္ တိုင္းနဲ႔ျပည္နယ္၅ခုက ၿမိဳ႕နယ္အခ်ိဳ႕ကို ႏိုင္ငံျခားသားသြားလာခြင့္ပိတ္

 ျပည္ပခရီးသြားေတြကိုဆြဲေဆာင္ရာေဒသတစ္ခုျဖစ္ခဲ့တဲ့ေျမာက္ဦးကို လုံၿခဳံေရးအရ သြားလာခြင့္ပိတ္
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံအတြင္းက ႏိုင္ငံျခားသားခရီးသြားေတြအလာမ်ားတဲ့ေနရာတစ္ခုျဖစ္ခဲ့တဲ့ ေျမာက္ဦးေဒသ အပါအဝင္ ရခိုင္၊ခ်င္း၊ရွမ္း၊ရန္ကုန္နဲ႔ကခ်င္ျပည္နယ္အတြင္းကၿမိဳ႕နယ္ အခ်ိဳ႕ကို ႏိုင္ငံျခားသားသြားလာခြင့္ကို လုံၿခဳံေရးအရ ကန႔္သတ္ပိတ္ပင္ထား ေၾကာင္း ဟိုတယ္နဲ႔ခရီးသြားလာေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

ႏိုင္ငံျခားသား သြားလာခြင့္မရွိတဲ့ေဒသေတြထဲမွာ မင္းျပား၊ ပုဏၰားကြၽန္း၊ ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕နဲ႔ ရန္ကုန္တိုင္းေဒသႀကီးက ကိုကိုးကြၽန္း၊ ရွမ္းျပည္နယ္အေရွ႕ပိုင္းက ၿမိဳ႕နယ္ ၉ခုနဲ႔ ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕အတြင္းက ေက်း႐ြာအခ်ိဳ႕ပါဝင္ပါတယ္။

' ' ေဒသလုံၿခဳံေရးအရ သြားလာခြင့္မရွိဘူးဆိုတဲ့ေနရာေတြကို ျပည္ထဲေရးဌာနက စာရင္းျပဳစုၿပီး ထုတ္ေပး တာျဖစ္တယ္။ ကြၽန္ေတာ္တို႔ ဝန္ႀကီးဌာနက ခရီးသြားကုမၸဏီေတြ၊ ႏိုင္ငံျခားသားဧည့္ေတြသိေအာင္ ျပန္ၿပီး အသိေပးထုတ္ျပန္တာပဲျဖစ္တယ္'' လို႔ ဟိုတယ္နဲ႔ခရီးသြားလာေရးလုပ္ငန္းဆိုင္ရာ ႀကီးၾကပ္မႈဌာနခြဲ ၫႊန္ၾကားေရးမႉး ဦးမ်ိဳးဝင္းၫႊန႔္က ဘီဘီစီကိုေျပာျပပါတယ္။

အခုကန႔္သတ္လိုက္တဲ့ေဒသေတြထဲမွာ ရခိုင္ျပည္နယ္ထဲက ေျမာက္ဦး၊ မင္းျပား၊ ပုဏၰားကြၽန္းနဲ႔ ခ်င္း ျပည္နယ္က ပလက္ဝၿမိဳ႕နယ္ေတြမွာ ျမန္မာ့တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ (ေအေအ)တို႔အၾကား အျပန္အလွန္တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ေဒသေတြလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၆ ရက္ေန႔တုံးက သီေပါၿမိဳ႕နယ္အတြင္းမွာ ေျမျမဳပ္မိုင္းထိၿပီး ဂ်ာမနီႏိုင္ငံသားတစ္ဦး အသက္ေသဆုံးခဲ့ရပါတယ္။

ဂ်ာမနီႏိုင္ငံသားတစ္ဦးေသဆုံးၿပီးေနာက္ ဒီဇင္ဘာ ၆ရက္ေန႔မွာ ႏိုင္ငံျခားသား သြားလာခြင့္မရွိတဲ့ ေဒသေတြကို ျပန္လည္ထုတ္ျပန္လာခဲ့ပါတယ္။

အဓိကက ျပည္ထဲေရးကကန႔္သတ္ထားတဲ့စာရင္းထဲမွာပါတဲ့ သြားလာခြင့္မရွိတဲ့ ေဒသေတြကို တစ္စုတစ္စည္းတည္း သိႏိုင္ေအာင္ ထပ္တိုးေဒသေတြကိုပါထည့္သြင္းၿပီး ေဖာ္ျပေပးခဲ့တာျဖစ္တယ္လို႔ ဟိုတယ္နဲ႔ခရီးသြားလာေရးဝန္ႀကီးဌာန သတင္းနဲ႔ျပန္ၾကားေရးဌာနက ၫႊန္ၾကားေရးမႉးဦးခင္ေမာင္စိုး ကဘီဘီစီကိုေျပာပါတယ္။

ဟိုတယ္နဲ႔ခရီးသြားလာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့စာရင္းထဲမွာ သြားလာခြင့္လုံးဝကန႔္သတ္ထားတဲ့ ေဒသေတြပါသလို အခ်ိဳ႕ေဒသေတြကိုေတာ့ ခြင့္ျပဳခ်က္တင္ၿပီး သြားလာႏိုင္တဲ့ေဒသေတြလည္းပါပါတယ္။

' 'ဥပမာ မိုးကုတ္ဆိုရင္ အရင္ကသြားလာခြင့္မရွိေပမယ့္ လုံၿခဳံေရးအတြက္အစိုးရက ညႇိႏႈိင္းေပးလို႔ရတဲ့ လမ္းေၾကာင္း ျဖစ္တဲ့ မတၱရာဘက္ကေနဆို ခြင့္ျပဳခ်က္တင္ၿပီး သြားမယ္ဆို သြားခြင့္ျပဳဖို႔ေျဖေလွ်ာ့ေပးထားတာလည္းရွိ တယ္။ မိုးကုတ္ဆို တျခားလမ္းေၾကာင္း ေတြက်ေတာ့ လက္နက္ကိုင္အဖြဲ႕ေတြ၊ဂိတ္ေတြရွိတယ္။ ဒီလမ္းေၾကာင္းေတြက်ေတာ့ သြားလို႔အဆင္မေျပႏိုင္ဘူး။ ဒီလိုအေျခအေနေတြလည္းရွိတယ္''လို႔ ဦးခင္ေမာင္စိုးက ေျပာျပပါတယ္။

၂၀၁၉ခုႏွစ္ ႏိုဝင္ဘာလအထိ နယ္စပ္ဝင္ေပါက္ေတြအပါအဝင္ လမ္းေၾကာင္းအားလုံးက ဝင္ေရာက္လာတဲ့ ျပည္ပခရီးသြားအေရအတြက္ဟာ ေလးသန္းနီးပါးအထိရွိေနၿပီလို႔လည္း ဟိုတယ္နဲ႔ခရီးသြားလာေရးဝန္ႀကီးဌာနက ေကာက္ယူထားတဲ့အခ်က္အလက္ေတြအရ သိရပါတယ္။

BBC Burmese
https://www.bbc.com
------------------
(Unicode)⤵⤵⤵
မြောက်ဦးနဲ့ပလက်၀ အပါအဝင် တိုင်းနဲ့ပြည်နယ်၅ခုက မြို့နယ်အချို့ကို နိုင်ငံခြားသားသွားလာခွင့်ပိတ်

ဓာတ်ပုံ မူပိုင် EDUCATION IMAGES
Image caption ပြည်ပခရီးသွားတွေကိုဆွဲဆောင်ရာဒေသတစ်ခုဖြစ်ခဲ့တဲ့မြောက်ဦးကို လုံခြုံရေးအရ သွားလာခွင့်ပိတ်

မြန်မာနိုင်ငံအတွင်းက နိုင်ငံခြားသားခရီးသွားတွေအလာများတဲ့နေရာတစ်ခုဖြစ်ခဲ့တဲ့ မြောက်ဦးဒေသ အပါအဝင် ရခိုင်၊ချင်း၊ရှမ်း၊ရန်ကုန်နဲ့ကချင်ပြည်နယ်အတွင်းကမြို့နယ် အချို့ကို နိုင်ငံခြားသားသွားလာခွင့်ကို လုံခြုံရေးအရ ကန့်သတ်ပိတ်ပင်ထား ကြောင်း ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံခြားသား သွားလာခွင့်မရှိတဲ့ဒေသတွေထဲမှာ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ချင်းပြည်နယ်က ပလက်ဝမြို့နဲ့ ရန်ကုန်တိုင်းဒေသကြီးက ကိုကိုးကျွန်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းက မြို့နယ် ၉ခုနဲ့ ကချင်ပြည်နယ် ပူတာအိုမြို့အတွင်းက ကျေးရွာအချို့ပါဝင်ပါတယ်။

' ' ဒေသလုံခြုံရေးအရ သွားလာခွင့်မရှိဘူးဆိုတဲ့နေရာတွေကို ပြည်ထဲရေးဌာနက စာရင်းပြုစုပြီး ထုတ်ပေး တာဖြစ်တယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနက ခရီးသွားကုမ္ပဏီတွေ၊ နိုင်ငံခြားသားဧည့်တွေသိအောင် ပြန်ပြီး အသိပေးထုတ်ပြန်တာပဲဖြစ်တယ်'' လို့ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွှန့်က ဘီဘီစီကိုပြောပြပါတယ်။

အခုကန့်သတ်လိုက်တဲ့ဒေသတွေထဲမှာ ရခိုင်ပြည်နယ်ထဲက မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းနဲ့ ချင်း ပြည်နယ်က ပလက်ဝမြို့နယ်တွေမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့အကြား အပြန်အလှန်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ဒေသတွေလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့တုံးက သီပေါမြို့နယ်အတွင်းမှာ မြေမြုပ်မိုင်းထိပြီး ဂျာမနီနိုင်ငံသားတစ်ဦး အသက်သေဆုံးခဲ့ရပါတယ်။

ဂျာမနီနိုင်ငံသားတစ်ဦးသေဆုံးပြီးနောက် ဒီဇင်ဘာ ၆ရက်နေ့မှာ နိုင်ငံခြားသား သွားလာခွင့်မရှိတဲ့ ဒေသတွေကို ပြန်လည်ထုတ်ပြန်လာခဲ့ပါတယ်။

အဓိကက ပြည်ထဲရေးကကန့်သတ်ထားတဲ့စာရင်းထဲမှာပါတဲ့ သွားလာခွင့်မရှိတဲ့ ဒေသတွေကို တစ်စုတစ်စည်းတည်း သိနိုင်အောင် ထပ်တိုးဒေသတွေကိုပါထည့်သွင်းပြီး ဖော်ပြပေးခဲ့တာဖြစ်တယ်လို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန သတင်းနဲ့ပြန်ကြားရေးဌာနက ညွှန်ကြားရေးမှူးဦးခင်မောင်စိုး ကဘီဘီစီကိုပြောပါတယ်။

ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စာရင်းထဲမှာ သွားလာခွင့်လုံးဝကန့်သတ်ထားတဲ့ ဒေသတွေပါသလို အချို့ဒေသတွေကိုတော့ ခွင့်ပြုချက်တင်ပြီး သွားလာနိုင်တဲ့ဒေသတွေလည်းပါပါတယ်။

' 'ဥပမာ မိုးကုတ်ဆိုရင် အရင်ကသွားလာခွင့်မရှိပေမယ့် လုံခြုံရေးအတွက်အစိုးရက ညှိနှိုင်းပေးလို့ရတဲ့ လမ်းကြောင်း ဖြစ်တဲ့ မတ္တရာဘက်ကနေဆို ခွင့်ပြုချက်တင်ပြီး သွားမယ်ဆို သွားခွင့်ပြုဖို့ဖြေလျှော့ပေးထားတာလည်းရှိ တယ်။ မိုးကုတ်ဆို တခြားလမ်းကြောင်း တွေကျတော့ လက်နက်ကိုင်အဖွဲ့တွေ၊ဂိတ်တွေရှိတယ်။ ဒီလမ်းကြောင်းတွေကျတော့ သွားလို့အဆင်မပြေနိုင်ဘူး။ ဒီလိုအခြေအနေတွေလည်းရှိတယ်''လို့ ဦးခင်မောင်စိုးက ပြောပြပါတယ်။

၂၀၁၉ခုနှစ် နိုဝင်ဘာလအထိ နယ်စပ်ဝင်ပေါက်တွေအပါအဝင် လမ်းကြောင်းအားလုံးက ဝင်ရောက်လာတဲ့ ပြည်ပခရီးသွားအရေအတွက်ဟာ လေးသန်းနီးပါးအထိရှိနေပြီလို့လည်း ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ကောက်ယူထားတဲ့အချက်အလက်တွေအရ သိရပါတယ်။

BBC Burmese
https://www.bbc.com
ေျမာက္ဦးနဲ႔ပလက္၀ အပါအဝင္ တိုင္းနဲ႔ျပည္နယ္၅ခုက ၿမိဳ႕နယ္အခ်ိဳ႕ကို ႏိုင္ငံျခားသားသြားလာခြင့္ပိတ္ ေျမာက္ဦးနဲ႔ပလက္၀ အပါအဝင္ တိုင္းနဲ႔ျပည္နယ္၅ခုက ၿမိဳ႕နယ္အခ်ိဳ႕ကို ႏိုင္ငံျခားသားသြားလာခြင့္ပိတ္ Reviewed by THITHTOOLWIN on 02:50 Rating: 5
Powered by Blogger.