မူဆယ္မွာ ျမန္မာလူမ်ိဳးတ႐ုတ္ရဲတစ္ဦးက ေနထိုင္ခြင့္စာအုပ္လုပ္ေပးမည္ဟုဆိုကာ ျမန္မာႏိုင္ငံသား(၃)ဦးထံမွ ေငြေၾကးနဲ႔ဖုန္း(၂)လုံး လိမ္လည္မႈျဖစ္ပြား

(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ဒီဇင္ဘာ ၂

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕မွာ ျမန္မာလူမ်ိဳးတ႐ုတ္ရဲတစ္ဦးက တ႐ုတ္ႏိုင္ငံအတြင္း ေနထိုင္ခြင့္စာအုပ္ လုပ္ေပးမယ္လို႔ ေျပာဆိုကာ ႏိုဝင္ဘာလ ၂၈ရက္က ျမန္မာႏိုင္ငံသား(၃)ဦးထံမွ ေငြေၾကးနဲ႔ဖုန္း(၂)လုံး လိမ္လည္မႈျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ ကိုစိုင္းထက္ျမတ္ေခၚ တ႐ုတ္ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ႏိုဝင္ဘာလ ၂၂ရက္က ျမန္မာႏိုင္ငံသားေတြျဖစ္တဲ့ ေက်ာ္ရဲ၊ စိုးမင္းထက္၊ ထြန္းထြန္းစတဲ့(၃)ဦးကို တ႐ုတ္ႏိုင္ငံအတြင္း ေနထိုင္ခြင့္စာအုပ္ လုပ္ေပးမယ္လို႔ေျပာဆိုကာ ေငြက်ပ္ ၁၃သိန္း၊ လက္ကိုင္ဖုန္း ၂လုံးနဲ႔ ေနထိုင္ခြင့္စာအုပ္စိမ္း ၂အုပ္တို႔ကိုယူေဆာင္ခဲ့ၿပီး ယေန႔အခ်ိန္ထိ ဆက္သြယ္လို႔ မရရွိေၾကာင္း၊ ဖုန္းနံပါတ္ေတြလည္း စက္ပိတ္ထားေၾကာင္း ကိုေက်ာ္ရဲက ေျပာပါတယ္။

“ပိုက္ဆံေတြ၊ ဖုန္းေတြ ယူသြားတာက ၂၂ရက္ကပါ။ သူ႔ကိုလုံးဝဆက္သြယ္လို႔ မရေတာ့ ၂၈ရက္မွာ ကြၽန္ေတာ္တို႔ မူဆယ္ရဲစခန္းကို အမႈသြားဖြင့္တဲ့အခ်ိန္မွာ စခန္းကိုဖုန္းဆက္လာတယ္။ ပိုက္ဆံေတြ လာေပးမယ္ေပါ့။ ၿပီးေတာ့ ဒီေန႔အခ်ိန္ထိ ထပ္ဆက္သြယ္လို႔ မရေတာ့ဘူး”လို႔ ကိုေက်ာ္ရဲက ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။

အဲဒီလို ေငြေၾကးကို ဒီဇင္ဘာလ ၁ရက္ ေနာက္ဆုံးထားၿပီး ျပန္ေပးမဘ္လို႔ေျပာဆိုထားေပမယ့္ လာေရာက္ျပန္ေပးျခင္း မရွိတဲ့အတြက္ တ႐ုတ္ႏိုင္ငံအတြင္းရွိ ရဲစခန္းအခ်ိဳ႕နဲ႔ မူဆယ္ၿမိဳ႕မရဲစခန္း အပါအဝင္ ျမန္မာႏိုင္ငံအတြင္းရွိ ရဲစခန္းအခ်ိဳ႕မွာ အမႈဖြင့္ထားတယ္လို႔ ကိုေက်ာ္ရဲကေျပာပါတယ္။

အဆိုျဖစ္စဥ္နဲ႔ပါတ္သက္ၿပီး ကိုစိုင္းထက္ျမတ္ကို ဖမ္းဝရမ္းထုတ္ထားၿပီးျဖစ္ေၾကာင္းနဲ႔ ေတြ႕ရွိပါက ဖုန္း ၀၉-၇၉၁၃၀၁၅၀၅နဲ႔ ၁၃၀၉၉၄၇၀၇၅၇ကို ဆက္သြယ္အေၾကာင္းေပးပါရန္ ေၾကျငာထားၿပီးျဖစ္ေၾကာင္းကိုလည္း မူဆယ္ရဲစခန္းထံမွ သိရပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
မူဆယ်မှာ မြန်မာလူမျိုးတရုတ်ရဲတစ်ဦးက နေထိုင်ခွင့်စာအုပ်လုပ်ပေးမည်ဟုဆိုကာ မြန်မာနိုင်ငံသား(၃)ဦးထံမှ ငွေကြေးနဲ့ဖုန်း(၂)လုံး လိမ်လည်မှုဖြစ်ပွား

တောင်ကြီး၊ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ မြန်မာလူမျိုးတရုတ်ရဲတစ်ဦးက တရုတ်နိုင်ငံအတွင်း နေထိုင်ခွင့်စာအုပ် လုပ်ပေးမယ်လို့ ပြောဆိုကာ နိုဝင်ဘာလ ၂၈ရက်က မြန်မာနိုင်ငံသား(၃)ဦးထံမှ ငွေကြေးနဲ့ဖုန်း(၂)လုံး လိမ်လည်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကိုစိုင်းထက်မြတ်ခေါ် တရုတ်ရဲတပ်ဖွဲ့ဝင်တစ်ဦးက နိုဝင်ဘာလ ၂၂ရက်က မြန်မာနိုင်ငံသားတွေဖြစ်တဲ့ ကျော်ရဲ၊ စိုးမင်းထက်၊ ထွန်းထွန်းစတဲ့(၃)ဦးကို တရုတ်နိုင်ငံအတွင်း နေထိုင်ခွင့်စာအုပ် လုပ်ပေးမယ်လို့ပြောဆိုကာ ငွေကျပ် ၁၃သိန်း၊ လက်ကိုင်ဖုန်း ၂လုံးနဲ့ နေထိုင်ခွင့်စာအုပ်စိမ်း ၂အုပ်တို့ကိုယူဆောင်ခဲ့ပြီး ယနေ့အချိန်ထိ ဆက်သွယ်လို့ မရရှိကြောင်း၊ ဖုန်းနံပါတ်တွေလည်း စက်ပိတ်ထားကြောင်း ကိုကျော်ရဲက ပြောပါတယ်။

“ပိုက်ဆံတွေ၊ ဖုန်းတွေ ယူသွားတာက ၂၂ရက်ကပါ။ သူ့ကိုလုံးဝဆက်သွယ်လို့ မရတော့ ၂၈ရက်မှာ ကျွန်တော်တို့ မူဆယ်ရဲစခန်းကို အမှုသွားဖွင့်တဲ့အချိန်မှာ စခန်းကိုဖုန်းဆက်လာတယ်။ ပိုက်ဆံတွေ လာပေးမယ်ပေါ့။ ပြီးတော့ ဒီနေ့အချိန်ထိ ထပ်ဆက်သွယ်လို့ မရတော့ဘူး”လို့ ကိုကျော်ရဲက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

အဲဒီလို ငွေကြေးကို ဒီဇင်ဘာလ ၁ရက် နောက်ဆုံးထားပြီး ပြန်ပေးမဘ်လို့ပြောဆိုထားပေမယ့် လာရောက်ပြန်ပေးခြင်း မရှိတဲ့အတွက် တရုတ်နိုင်ငံအတွင်းရှိ ရဲစခန်းအချို့နဲ့ မူဆယ်မြို့မရဲစခန်း အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ရဲစခန်းအချို့မှာ အမှုဖွင့်ထားတယ်လို့ ကိုကျော်ရဲကပြောပါတယ်။

အဆိုဖြစ်စဉ်နဲ့ပါတ်သက်ပြီး ကိုစိုင်းထက်မြတ်ကို ဖမ်းဝရမ်းထုတ်ထားပြီးဖြစ်ကြောင်းနဲ့ တွေ့ရှိပါက ဖုန်း ၀၉-၇၉၁၃၀၁၅၀၅နဲ့ ၁၃၀၉၉၄၇၀၇၅၇ကို ဆက်သွယ်အကြောင်းပေးပါရန် ကြေငြာထားပြီးဖြစ်ကြောင်းကိုလည်း မူဆယ်ရဲစခန်းထံမှ သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
မူဆယ္မွာ ျမန္မာလူမ်ိဳးတ႐ုတ္ရဲတစ္ဦးက ေနထိုင္ခြင့္စာအုပ္လုပ္ေပးမည္ဟုဆိုကာ ျမန္မာႏိုင္ငံသား(၃)ဦးထံမွ ေငြေၾကးနဲ႔ဖုန္း(၂)လုံး လိမ္လည္မႈျဖစ္ပြား မူဆယ္မွာ ျမန္မာလူမ်ိဳးတ႐ုတ္ရဲတစ္ဦးက ေနထိုင္ခြင့္စာအုပ္လုပ္ေပးမည္ဟုဆိုကာ ျမန္မာႏိုင္ငံသား(၃)ဦးထံမွ ေငြေၾကးနဲ႔ဖုန္း(၂)လုံး လိမ္လည္မႈျဖစ္ပြား Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.