ေရယာဥ္ ေျခာက္စင္းကို AA တိုက္ခိုက္

ရကၡိဳင့္တပ္ေတာ္ AA တပ္ဖြဲ႕ဝင္တခ်ိဳ႕ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ကုလားတန္ျမစ္ထဲမွာ ပလက္ဝတံတားစီမံကိန္းအတြက္ ေဆာက္လုပ္ေရးသုံး ပစၥည္းတင္ေဆာင္ လာတဲ့ ေရယာဥ္ ေျခာက္စင္းကို ရကၡိဳင့္တပ္ေတာ္ AA က ကမ္းေပၚကေန လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္မႈေၾကာင့္ အရာရွိနဲ႔ စစ္သည္တခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ပါတယ္။

ပလက္ဝတံတားစီမံကိန္းမွာ အသုံးျပဳမယ့္ သံေဘာင္နဲ႔ ေဆာက္လုပ္ေရးပစၥည္းေတြ တင္ေဆာင္လာတဲ့ ေရယာဥ္ေျခာက္စင္းဟာ စစ္ေတြ-ေက်ာက္ေတာ္-ပလက္ဝလမ္းေၾကာင္းအတိုင္း ကုလားတန္ျမစ္အတြင္း ေမာင္းႏွင္လာရာမွာ ႏိုဝင္ဘာ ၂၉ ရက္ေန႔က တစ္ႀကိမ္ ဒီေန႔ ဒီဇင္ဘာ ၁ ရက္ေန႔မွာတစ္ႀကိမ္ ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ တိုက္ခိုက္တာခံခဲ့ရတယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္တာပါ။

ေက်ာက္ေတာ္ၿမိဳ႕ ကန္ေဇာက္ေက်း႐ြာအနီးမွာ တစ္ႀကိမ္ မီးဝေက်း႐ြာမွာ တစ္ႀကိမ္ ရကၡိဳင့္တပ္ေတာ္ AA အဖြဲ႕က ကမ္းေပၚကေနလက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ ေရယာဥ္ထိခိုက္ပ်က္စီးခဲ့ၿပီးအရာရွိနဲ႔ စစ္သည္တစ္ခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာပါတယ္။ 

ၿပီးခဲ့တဲ့ မတ္လ ၁၆ ရက္ေန႔က ေဆာက္လုပ္ေရးပစၥည္း တင္ေဆာင္ထားတဲ့ သေဘာတၤစ္စင္းကို လက္နက္ ငယ္ေတြနဲ႔ ပစ္ခတ္မီးရႈိ႕ဖ်က္ဆီးခဲ့ၿပီး ႏိုဝင္ဘာ ၂၁ ရက္ေန႔မွာလည္း သံေဘာင္နဲ႔ ေဆာက္လုပ္ေရးသုံး ပစၥည္းတင္လာတဲ့ ေရယာဥ္ေတြကို ပစ္ခတ္တာေတြ လုပ္ခဲ့တယ္လို႔ တပ္မေတာ္က ေျပာပါတယ္။

AA ေျပာခြင့္ရသူခိုင္သုခ ကေတာ့ ကုလားတန္ျမစ္စီမံကိန္းကို အေၾကာင္းျပဳၿပီး စစ္လက္နက္ ပစၥည္းေတြနဲ႔ စစ္သည္ေတြ တင္ေဆာင္လာတဲ့အတြက္ ပစ္ခတ္တာလို႔ ေျပာပါတယ္။

“အဲဒီေရယာဥ္ေတြက ဗမာစစ္တပ္ရဲ႕ စစ္လက္နက္ပစၥည္းေတြ၊ ရိကၡာေတြ၊ စစ္အင္အားေတြ တင္ေဆာင္ၿပီး လာတာ။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔က ပစ္ခတ္တာ ျဖစ္တယ္။ ကြၽန္ေတာ္တို႔ ေၾကညာခ်က္ေတြထဲမွာလည္း ေျပာထားတာရွိတယ္၊ ကုလားတန္ျမစ္ထဲမွာျဖစ္ျဖစ္၊ ေရေၾကာင္းသြားလာမႈေတြမွာ စစ္ဆင္ေရးပုံစံမ်ိဳးနဲ႔ ခ်ီတက္လာရင္ ဘယ္လက္နက္ကိုင္ပဲျဖစ္ျဖစ္ ၾကည္းတပ္ပဲျဖစ္ျဖစ္၊ ေရတပ္ပဲျဖစ္ျဖစ္ စစ္ဆင္ေရးပုံစံနဲ႔ ခ်ီတက္လာတာမွန္သမွ်ကို ပစ္ခတ္ရမွာပဲ ဒါ စစ္ျဖစ္ေနတာေလ စစ္ဆင္ေရးဇုန္ထဲမွာ အဲလိုဝင္လာရင္ ပစ္ခတ္မွာပဲ”

AA အဖြဲ႕ဟာ စီမံကိန္းကို ေႏွာင့္ယွက္တာ မဟုတ္ေၾကာင္းနဲ႔ စီမံကိန္းအတြက္ ပစၥည္းသယ္ေဆာင္မယ့္အေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ထားမယ္ဆိုရင္ ဘယ္အေစာင့္အရွာက္မွ မပါဘဲ သယ္ေဆာင္ႏိုင္ေၾကာင္း ခိုင္သုခက ေျပာပါတယ္။

အဲဒီေရယာဥ္ေတြဟာ စီမံကိန္းအတြက္ အသုံးျပဳမယ့္ပစၥည္းေတြ သယ္ေဆာင္တာမွန္ကန္ရင္ ခြင့္ျပဳသြားမွာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ 

ဒီရက္ပိုင္းအတြင္း ရကၡိဳင့္တပ္ေတာ္ AA နဲ႔ တပ္မေတာ္ဟာ ေျမာက္ဦး၊ ေျမပုံနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ နယ္ေတြမွာ တိုက္ပြဲျပင္းထန္ခဲ့ၿပီး တပ္မေတာ္က အက်အဆုံးေတြရွိတယ္လို႔ AA က ထုတ္ျပန္ထားပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကေတာ့ တိုက္ပြဲျပင္းထန္ခဲ့ေၾကာင္းနဲ႔ တပ္မေတာ္က ထိခိုက္မႈေတြရွိခဲ့ေပမယ့္ အက်အဆုံးမရွိၾကာင္း RFA ကို အတည္ျပဳေျပာပါတယ္။

“တိုက္ပြဲျပင္းျပင္းထန္ထန္ျဖစ္တာ မွန္ပါတယ္။ ထိခိုက္တာကလဲ ထိခိုက္ဒဏ္ရာရရွိမႈ နည္းနည္းပါးပါးရွိ ပါတယ္။ သူတို႔ေျပာသလိုေတာ့ မဟုတ္ပါဘူး။ တိုက္ပြဲကေတာ့ ျပင္းျပင္းထန္ထန္ျဖစ္တယ္ မေန႔က မနက္ ၁၀ နာရီကျဖစ္တာ ညေန ေလးနာရီအထိပဲ၊ တိုက္ပြဲကေတာ့ ျပင္းပါတယ္”

ႏွစ္ဖက္ထိခိုက္ဒဏ္ရာရသူ၊ က်ဆုံးသူစာရင္းကိုေတာ့ အတိအက်ထုတ္ေဖာ္ေျပာဆိုတာ မရွိပါဘူး။

ဒီပစ္ခတ္မႈေတြအၾကား အရပ္သား ထိခိုက္ဒဏ္ရာရရွိသူ၊ ေသဆုံးသူေတြ ရွိပါတယ္။

ႏိုဝင္ဘာ ၂၉ ရက္ေန႔က ေက်ာက္ေတာ္ၿမိဳ႕နယ္ လမုတပင္ေက်း႐ြာမွာ ကုလားတန္ျမစ္ေၾကာင္းထဲ သြားေနတဲ့ တပ္မေတာ္ ေရတပ္က ပစ္ခတ္လို႔ အသက္ ၇၀ အ႐ြယ္ အဖိုးအိုတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။

ဒီေန႔ ဒီဇင္ဘာ ၁ ရက္ေန႔မွာ ေျမာက္ဦးၿမိဳ႕နယ္ ရွာရည္ျပင္ေက်း႐ြာမွာ ေနအိမ္ေပၚလက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့ၿပီး ကေလးငယ္ သုံးဦးနဲ႔ အမ်ိဳးသမီး ႏွစ္ဦး ထိခိုက္ဒဏ္ရာရလို႔ ေျမာက္ဦးေဆး႐ုံကို ပို႔ေဆာင္ထားရပါတယ္။

မ်က္ႏွာ၊ ဦးေခါင္း၊ နံ႐ိုးနဲ႔ ေျခေထာက္ေတြမွာ က်ည္ဆံစေတြထိမွန္ခဲ့တယ္လို႔ ထိခိုက္ဒဏ္ရာရရွိသူေတြရဲ႕ မိသားစုဝင္ ဦးစံေ႐ႊက ေျပာပါတယ္။

“သမီး ႏွစ္ေယာက္နဲ႔ ေျမးသုံးေယာက္ ဒဏ္ရာရပါတယ္။ ၁၀ ႏွစ္သားကေတာ့ ထိခိုက္တာ နည္းနည္း စိုးရိမ္ရပါတယ္။ က်န္တာ မစိုးရိမ္ရပါဘူး။ ေခါင္းထိတာ၊ ေျခေထာက္ထိတာ၊ နံ႐ိုးထိတာ၊ မ်က္ႏွာထိတာ ဒဏ္ရာေတြ ရကုန္ပါတယ္”

ရွာရည္ျပင္မွာ ဒီေန႔မနက္က တိုက္ပြဲျဖစ္ပြားခဲ့တာ မွန္ကန္ေၾကာင္းနဲ႔ AA က ေက်း႐ြာထဲကေန အရပ္ဝတ္နဲ႔ ပစ္ခတ္တာေတြရွိလို႔ ျပန္လည္ပစ္ခတ္ခဲ့ေၾကာင္း ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

AA ေျပာခြင့္ရသူ ခိုင္သုခကေတာ့ အဲဒီေက်း႐ြာမွာ တိုက္ပြဲျဖစ္တာ မရွိဘဲ တပ္မေတာ္ဘက္ကသာ အရပ္သားေတြကို အေၾကာင္းမဲ့ပစ္ခတ္ခဲ့တာလို႔ ေျပာပါတယ္။

အရပ္ဖက္အဖြဲ႕ ေကာက္ယူထားတဲ့ စာရင္းေတြအရ ရခိုင္ျပည္နယ္တြင္း ႏွစ္ဖက္တိုက္ပြဲေတြေၾကာင့္ အရပ္သားေသဆုံးမႈဟာ ၁၀၀ နီးပါးရွိေနၿပီး ထိခိုက္ဒဏ္ရာရွိသူက ၁၅၀ ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵
ရေယာဉ် ခြောက်စင်းကို AA တိုက်ခိုက်

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: AA Info Desk

ရခိုင်ပြည်နယ် ကုလားတန်မြစ်ထဲမှာ ပလက်ဝတံတားစီမံကိန်းအတွက် ဆောက်လုပ်ရေးသုံး ပစ္စည်းတင်ဆောင် လာတဲ့ ရေယာဉ် ခြောက်စင်းကို ရက္ခိုင့်တပ်တော် AA က ကမ်းပေါ်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် အရာရှိနဲ့ စစ်သည်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ပလက်ဝတံတားစီမံကိန်းမှာ အသုံးပြုမယ့် သံဘောင်နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ရေယာဉ်ခြောက်စင်းဟာ စစ်တွေ-ကျောက်တော်-ပလက်ဝလမ်းကြောင်းအတိုင်း ကုလားတန်မြစ်အတွင်း မောင်းနှင်လာရာမှာ နိုဝင်ဘာ ၂၉ ရက်နေ့က တစ်ကြိမ် ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာတစ်ကြိမ် ရက္ခိုင့်တပ်တော် AA ရဲ့ တိုက်ခိုက်တာခံခဲ့ရတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်တာပါ။

ကျောက်တော်မြို့ ကန်ဇောက်ကျေးရွာအနီးမှာ တစ်ကြိမ် မီးဝကျေးရွာမှာ တစ်ကြိမ် ရက္ခိုင့်တပ်တော် AA အဖွဲ့က ကမ်းပေါ်ကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရေယာဉ်ထိခိုက်ပျက်စီးခဲ့ပြီးအရာရှိနဲ့ စစ်သည်တစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ဆောက်လုပ်ရေးပစ္စည်း တင်ဆောင်ထားတဲ့ သဘောင်္တစ်စင်းကို လက်နက် ငယ်တွေနဲ့ ပစ်ခတ်မီးရှို့ဖျက်ဆီးခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်နေ့မှာလည်း သံဘောင်နဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတင်လာတဲ့ ရေယာဉ်တွေကို ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ တပ်မတော်က ပြောပါတယ်။

AA ပြောခွင့်ရသူခိုင်သုခ ကတော့ ကုလားတန်မြစ်စီမံကိန်းကို အကြောင်းပြုပြီး စစ်လက်နက် ပစ္စည်းတွေနဲ့ စစ်သည်တွေ တင်ဆောင်လာတဲ့အတွက် ပစ်ခတ်တာလို့ ပြောပါတယ်။

“အဲဒီရေယာဉ်တွေက ဗမာစစ်တပ်ရဲ့ စစ်လက်နက်ပစ္စည်းတွေ၊ ရိက္ခာတွေ၊ စစ်အင်အားတွေ တင်ဆောင်ပြီး လာတာ။ အဲဒါကြောင့် ကျွန်တော်တို့က ပစ်ခတ်တာ ဖြစ်တယ်။ ကျွန်တော်တို့ ကြေညာချက်တွေထဲမှာလည်း ပြောထားတာရှိတယ်၊ ကုလားတန်မြစ်ထဲမှာဖြစ်ဖြစ်၊ ရေကြောင်းသွားလာမှုတွေမှာ စစ်ဆင်ရေးပုံစံမျိုးနဲ့ ချီတက်လာရင် ဘယ်လက်နက်ကိုင်ပဲဖြစ်ဖြစ် ကြည်းတပ်ပဲဖြစ်ဖြစ်၊ ရေတပ်ပဲဖြစ်ဖြစ် စစ်ဆင်ရေးပုံစံနဲ့ ချီတက်လာတာမှန်သမျှကို ပစ်ခတ်ရမှာပဲ ဒါ စစ်ဖြစ်နေတာလေ စစ်ဆင်ရေးဇုန်ထဲမှာ အဲလိုဝင်လာရင် ပစ်ခတ်မှာပဲ”

AA အဖွဲ့ဟာ စီမံကိန်းကို နှောင့်ယှက်တာ မဟုတ်ကြောင်းနဲ့ စီမံကိန်းအတွက် ပစ္စည်းသယ်ဆောင်မယ့်အကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားမယ်ဆိုရင် ဘယ်အစောင့်အရှာက်မှ မပါဘဲ သယ်ဆောင်နိုင်ကြောင်း ခိုင်သုခက ပြောပါတယ်။

အဲဒီရေယာဉ်တွေဟာ စီမံကိန်းအတွက် အသုံးပြုမယ့်ပစ္စည်းတွေ သယ်ဆောင်တာမှန်ကန်ရင် ခွင့်ပြုသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဒီရက်ပိုင်းအတွင်း ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်ဟာ မြောက်ဦး၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်ဝမြို့ နယ်တွေမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်မတော်က အကျအဆုံးတွေရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းနဲ့ တပ်မတော်က ထိခိုက်မှုတွေရှိခဲ့ပေမယ့် အကျအဆုံးမရှိကြာင်း RFA ကို အတည်ပြုပြောပါတယ်။

“တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တာ မှန်ပါတယ်။ ထိခိုက်တာကလဲ ထိခိုက်ဒဏ်ရာရရှိမှု နည်းနည်းပါးပါးရှိ ပါတယ်။ သူတို့ပြောသလိုတော့ မဟုတ်ပါဘူး။ တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန်ဖြစ်တယ် မနေ့က မနက် ၁၀ နာရီကဖြစ်တာ ညနေ လေးနာရီအထိပဲ၊ တိုက်ပွဲကတော့ ပြင်းပါတယ်”

နှစ်ဖက်ထိခိုက်ဒဏ်ရာရသူ၊ ကျဆုံးသူစာရင်းကိုတော့ အတိအကျထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ဒီပစ်ခတ်မှုတွေအကြား အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူတွေ ရှိပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ် လမုတပင်ကျေးရွာမှာ ကုလားတန်မြစ်ကြောင်းထဲ သွားနေတဲ့ တပ်မတော် ရေတပ်က ပစ်ခတ်လို့ အသက် ၇၀ အရွယ် အဖိုးအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ မြောက်ဦးမြို့နယ် ရှာရည်ပြင်ကျေးရွာမှာ နေအိမ်ပေါ်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် သုံးဦးနဲ့ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရလို့ မြောက်ဦးဆေးရုံကို ပို့ဆောင်ထားရပါတယ်။

မျက်နှာ၊ ဦးခေါင်း၊ နံရိုးနဲ့ ခြေထောက်တွေမှာ ကျည်ဆံစတွေထိမှန်ခဲ့တယ်လို့ ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ မိသားစုဝင် ဦးစံရွှေက ပြောပါတယ်။

“သမီး နှစ်ယောက်နဲ့ မြေးသုံးယောက် ဒဏ်ရာရပါတယ်။ ၁၀ နှစ်သားကတော့ ထိခိုက်တာ နည်းနည်း စိုးရိမ်ရပါတယ်။ ကျန်တာ မစိုးရိမ်ရပါဘူး။ ခေါင်းထိတာ၊ ခြေထောက်ထိတာ၊ နံရိုးထိတာ၊ မျက်နှာထိတာ ဒဏ်ရာတွေ ရကုန်ပါတယ်”

ရှာရည်ပြင်မှာ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့တာ မှန်ကန်ကြောင်းနဲ့ AA က ကျေးရွာထဲကနေ အရပ်ဝတ်နဲ့ ပစ်ခတ်တာတွေရှိလို့ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခကတော့ အဲဒီကျေးရွာမှာ တိုက်ပွဲဖြစ်တာ မရှိဘဲ တပ်မတော်ဘက်ကသာ အရပ်သားတွေကို အကြောင်းမဲ့ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

အရပ်ဖက်အဖွဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်တွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုဟာ ၁၀၀ နီးပါးရှိနေပြီး ထိခိုက်ဒဏ်ရာရှိသူက ၁၅၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား