

(Zawgyi)⤵⤵⤵
တာချီလိတ်၊ ဒီဇင်ဘာ ၂





------------
(Unicode)⤵⤵⤵
ဗိုလ်ချုပ်လမ်းမပေါ်ရှိ ငွေလဲဆိုင်ကို အမျိုးသား(၄)ဦး သေနတ်ထောက် ငွေလုယက်

တာချီလိတ်၊ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)အနီး KBZ ဘဏ်ခွဲ (၂)အရှေ့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ငွေလဲဆိုင်(ကျပ်/ဘတ်)ကို ဒီကနေ့ ဒီဇင်ဘာလ (၂)ရက်နေ့ နံနက်(၇)နာရီက ကားတစ်စီးနဲ့အတူ အမျိုးသားလူငယ်(၄)ဦးမှာ ဆိုင်ရှင်ကို သေနတ်နဲ့ ထောက်ကာ ငွေလုယက်သွားတယ်လို့ သိရပါတယ်။

ယနေ့နံနက်(၇)နာရီက အမျိုးသား(၄)ဦးက ဆိုင်အတွင်း ငွေလဲရန်ဟု ရောက်လာကာ ဆိုင်ရှင်ကို သေနတ်နဲ့ ထောက် ငွေလုယက်ရာ တရုတ်၊ မြန်မာ၊ ထိုင်းငွေ ရောရာ ကျပ် သိန်း (၂၀၀)ဖိုးခန့် ပါသွားပြီး ကားအဖြူရောင် တစ်စီးက လာရောက်ခေါ်ဆောင် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဗိုလ်ချုပ်လမ်းမပေါ်ရှိ ငွေလဲဆိုင်ကို အမျိုးသား(၄)ဦး သေနတ်ထောက် ငွေလုယက် ဗိုလ်ချုပ်လမ်းမပေါ်ရှိ ငွေလဲဆိုင်ကို အမျိုးသား(၄)ဦး သေနတ်ထောက် ငွေလုယက် Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.