မႏၲေလးအ႐ိုးေဆး႐ုံ အဂတိအမႈ တိုင္ၾကားသူေတြ ေဝဖန္ခံရ

မႏၲေလးၿမိဳ႕ ကုတင္ ၅၀၀ အ႐ိုးအထူးကုေဆး႐ုံကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
မႏၲေလး အ႐ိုးအထူးကု ေဆး႐ုံအုပ္ႀကီး ေဒါက္တာၾကည္လြင္နဲ႔ ဌာနခြဲစာေရး ဦးေအာင္ေက်ာ္ဦးတို႔ ႏွစ္ဦးဟာ ေဆး႐ုံဝင္းအတြင္း ေဆာင္႐ြက္မယ့္ လုပ္ငန္းေတြအတြက္ တင္ဒါလုပ္ငန္းေတြမွာ ေငြေၾကးေတာင္ခံခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တယ္လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စြပ္စြဲၿပီး မႏၲေလးတိုင္း ခ်မ္းေအးသာစံ ၿမိဳ႕နယ္က အမွတ္ ၁၁ နယ္ေျမ ရဲစခန္းမွာ အမႈဖြင့္ခဲ့ပါတယ္။

အမႈဖြင့္ခံရသူ ႏွစ္ဦးလုံးကို  အမွတ္ ၁၁ နယ္ေျမရဲစခန္းမွာ ထိန္းသိမ္းထားေၾကာင္း ရဲစခန္းတာဝန္က် အရာရွိ တစ္ဦးက RFA ကို အတည္ျပဳေျပာဆိုပါတယ္။ သူ႔အမည္နဲ႔ တာဝန္ကိုေတာ့ ထုတ္ေဖာ္ေျပာဆိုျခင္း မရွိပါဘူး။

ေဒါက္တာ ၾကည္လြင္ဟာ ေဆး႐ုံဝန္းအတြင္း ၂၀၁၇ ခုႏွစ္ကေန ၂၀၂၁ ခုႏွစ္ကာလမွာ ကားအပ္ႏွံခြင့္ လုပ္ငန္းအတြက္ တင္ဒါေခၚယူရာမွာ ေငြက်ပ္သိန္း ၁၄၀ ရယူခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိရတာေၾကာင့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၆ နဲ႔ အမႈဖြင့္တာျဖစ္ေၾကာင္း ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

အလားတူ ဌာနခြဲစာေရး ဦးေအာင္ေက်ာ္ဦးကလည္း စက္ဘီး၊ ဆိုင္ကယ္ အပ္ႏွံတဲ့ လုပ္ငန္းအတြက္ တင္ဒါ ေခၚယူရာမွာ ေငြက်ပ္ ငါးသိန္းအျပင္ ခုႏွစ္သိန္းခန႔္ တန္ဖိုးရွိတဲ့ ပစၥည္းေတြကို ရယူခဲ့ေၾကာင္း စစ္ေဆး ေတြ႕ရွိရတာေၾကာင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၇ နဲ႔ အမႈဖြင့္တာျဖစ္ေၾကာင္း ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အ႐ိုးေဆး႐ုံအုပ္ႀကီးနဲ႔ ဌာနခြဲစာေရးတို႔ အဂတိလိုက္စားတယ္ဆိုၿပီး အေရးယူေဆာင္႐ြက္ေပးဖို႔ ေဆး႐ုံဝန္ထမ္း တခ်ိဳ႕နဲ႔  လုပ္ငန္းရွင္ေတြ စုစုေပါင္း ၁၄ ဦးက လက္မွတ္ထိုးၿပီး အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကို တိုင္ၾကားခဲ့ၿပီးေနာက္ပိုင္း ဒီအမႈ ေပၚေပါက္လာတာပါ။

ေကာ္မရွင္ကို တိုင္ၾကားခဲ့သူေတြထဲမွာ ပါဝင္တဲ့ ကိုေမာင္လြင္က အခုလို အေရးယူေဆာင္႐ြက္မႈေတြ မေပၚေပါက္ခင္မွာ တိုင္ၾကားသူေတြဟာ ပတ္ဝန္းက်င္ရဲ႕ ေဝဖန္မႈကို ခံခဲ့ရတယ္လို႔ ေျပာပါတယ္။

    အမႈမွန္မေပၚခင္ ကြၽန္ေတာ္တို႔ကို အားလုံးက အထင္ေသးတယ္

“ဒီလိုမ်ိဳးျဖစ္ပါေစေတာ့ဆိုတဲ့ ဆႏၵေတာ့ မရွိဘူး၊ အမႈမွန္မေပၚခင္ ကြၽန္ေတာ္တို႔ကို အားလုံးက အထင္ေသးတယ္။ သူတို႔အဆင့္နဲ႔ ဒီလိုလုပ္တယ္၊ လုပ္ငန္းမရလို႔ တိုင္တယ္။ ရာထူးႀကီးတဲ့သူကို တိုင္တယ္၊ မထိေရာက္ဖူးေပါ့၊ ေငြျပန္ေပးၿပီးၿပီေပါ့၊ ဒါက ဂုဏ္သိကၡာတိုက္ပြဲ”

ကိုေမာင္လြင္ဟာ ေဆး႐ုံဝင္းအတြင္း ယာဥ္အပ္ႏွံခြင့္လုပ္ငန္း လုပ္ကိုင္ေနသူျဖစ္ၿပီး ၂၀၁၇- ၂၀၁၈ ခုႏွစ္ အတြက္လည္း လုပ္ငန္းလုပ္ကိုင္ခြင့္ရဖို႔ ေငြေၾကးေပးခဲ့ရာမွာ လုပ္ကိုင္ခြင့္မရပဲ တျခားသူကို ေပးလိုက္တာေၾကာင့္ ၂၀၁၉  ေမလမွာ အဂတိ ေကာ္မရွင္ကို တိုင္ၾကားခဲ့တာျဖစ္ပါတယ္။

အဂတိလိုက္စားမႈနဲ႔ တိုင္ၾကားထားတဲ့ထဲမွာ  ေဆး႐ုံ အငယ္တန္းစာေရးျဖစ္သူကိုပါ တိုင္ၾကားထားတာျဖစ္ေပမယ့္ ေကာ္မရွင္က အေရးယူတဲ့ထဲမွာ အငယ္တန္းစာေရးမပါဝင္တဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ေသခ်ာမသိရေသးေၾကာင္းလည္း ဦးေမာင္လြင္က ေျပာပါတယ္။

မႏၲေလးအ႐ိုးေဆး႐ုံႀကီးတာဝန္ရွိသူေတြ အဂတိလိုက္စားတယ္ဆိုတဲ့ စြပ္စြဲ တိုင္ၾကားခ်က္အေၾကာင္း ၿပီးခဲ့တဲ့ ၾသဂုတ္လ ၆ ရက္ေန႔ကလည္း RFA က သတင္းထုတ္လႊင့္ခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ ဌာနတြင္း စစ္ေဆးမႈေတြလည္း ရွိခဲ့ပါတယ္။

အဲဒီအခ်ိန္က ေမးျမန္းခ်က္အရေတာ့ တင္ဒါကိစၥေတြမွာ မႏၲေလးတိုင္း အတြက္ဆိုရင္ စည္ပင္သာယာေရး ဝန္ႀကီးက ဥကၠ႒ျဖစ္ၿပီး ေဆး႐ုံအုပ္ႀကီးက အတြင္းေရးမႉးျဖစ္ေၾကာင္း၊ ကိုယ့္လူနဲ႔ စားပြဲေပၚမွာ အရင္လိုလုပ္လို႔ မရေတာ့ေၾကာင္းနဲ႔ အဲဒီေခတ္က ကုန္သြားၿပီျဖစ္ေၾကာင္း အေရးယူခံထားရတဲ့ ဌာနခြဲစာေရး ဦးေအာင္ေက်ာ္ဦးက ေျဖၾကားခဲ့ပါတယ္။ ဦးေအာင္ေက်ာ္ဦးဟာ လက္ရွိအခ်ိန္မွာ ဦးစီးအရာရွိတာဝန္ကို ထမ္းေဆာင္ေနသူျဖစ္ပါတယ္။

ေဆး႐ုံအုပ္ႀကီးကို အမႈဖြင့္ထားတဲ့ ပုဒ္မ ၅၆ ဟာ ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားရင္ အမ်ားဆုံး ေထာင္ဒဏ္ ၁၀ ႏွစ္အထိ ခ်မွတ္ႏိုင္ၿပီး ဌာနခြဲစာေရးကို အမႈဖြင့္ထားတဲ့ ပုဒ္မ ၅၇ ဟာ ျပစ္မႈက်ဴးလြန္ေၾကာင္းထင္ရွားရင္ အမ်ားဆုံး ေထာင္ ခုႏွစ္ ႏွစ္အထိ က်ခံရႏိုင္တဲ့ ပုဒ္မေတြျဖစ္ပါတယ္

RFA Burmese
https://www.rfa.org
-------
(Unicode)⤵⤵⤵
မန္တလေးအရိုးဆေးရုံ အဂတိအမှု တိုင်ကြားသူတွေ ဝေဖန်ခံရ

မန္တလေးမြို့ ကုတင် ၅၀၀ အရိုးအထူးကုဆေးရုံကို တွေ့ရစဉ်
Photo: Khaymani Win/RFA

မန္တလေး အရိုးအထူးကု ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်နဲ့ ဌာနခွဲစာရေး ဦးအောင်ကျော်ဦးတို့ နှစ်ဦးဟာ ဆေးရုံဝင်းအတွင်း ဆောင်ရွက်မယ့် လုပ်ငန်းတွေအတွက် တင်ဒါလုပ်ငန်းတွေမှာ ငွေကြေးတောင်ခံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စွပ်စွဲပြီး မန္တလေးတိုင်း ချမ်းအေးသာစံ မြို့နယ်က အမှတ် ၁၁ နယ်မြေ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

အမှုဖွင့်ခံရသူ နှစ်ဦးလုံးကို  အမှတ် ၁၁ နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားကြောင်း ရဲစခန်းတာဝန်ကျ အရာရှိ တစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။ သူ့အမည်နဲ့ တာဝန်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဒေါက်တာ ကြည်လွင်ဟာ ဆေးရုံဝန်းအတွင်း ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ကာလမှာ ကားအပ်နှံခွင့် လုပ်ငန်းအတွက် တင်ဒါခေါ်ယူရာမှာ ငွေကျပ်သိန်း ၁၄၀ ရယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ အမှုဖွင့်တာဖြစ်ကြောင်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အလားတူ ဌာနခွဲစာရေး ဦးအောင်ကျော်ဦးကလည်း စက်ဘီး၊ ဆိုင်ကယ် အပ်နှံတဲ့ လုပ်ငန်းအတွက် တင်ဒါ ခေါ်ယူရာမှာ ငွေကျပ် ငါးသိန်းအပြင် ခုနှစ်သိန်းခန့် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ရယူခဲ့ကြောင်း စစ်ဆေး တွေ့ရှိရတာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ နဲ့ အမှုဖွင့်တာဖြစ်ကြောင်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အရိုးဆေးရုံအုပ်ကြီးနဲ့ ဌာနခွဲစာရေးတို့ အဂတိလိုက်စားတယ်ဆိုပြီး အရေးယူဆောင်ရွက်ပေးဖို့ ဆေးရုံဝန်ထမ်း တချို့နဲ့  လုပ်ငန်းရှင်တွေ စုစုပေါင်း ၁၄ ဦးက လက်မှတ်ထိုးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့ပြီးနောက်ပိုင်း ဒီအမှု ပေါ်ပေါက်လာတာပါ။

ကော်မရှင်ကို တိုင်ကြားခဲ့သူတွေထဲမှာ ပါဝင်တဲ့ ကိုမောင်လွင်က အခုလို အရေးယူဆောင်ရွက်မှုတွေ မပေါ်ပေါက်ခင်မှာ တိုင်ကြားသူတွေဟာ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုကို ခံခဲ့ရတယ်လို့ ပြောပါတယ်။

    အမှုမှန်မပေါ်ခင် ကျွန်တော်တို့ကို အားလုံးက အထင်သေးတယ်

“ဒီလိုမျိုးဖြစ်ပါစေတော့ဆိုတဲ့ ဆန္ဒတော့ မရှိဘူး၊ အမှုမှန်မပေါ်ခင် ကျွန်တော်တို့ကို အားလုံးက အထင်သေးတယ်။ သူတို့အဆင့်နဲ့ ဒီလိုလုပ်တယ်၊ လုပ်ငန်းမရလို့ တိုင်တယ်။ ရာထူးကြီးတဲ့သူကို တိုင်တယ်၊ မထိရောက်ဖူးပေါ့၊ ငွေပြန်ပေးပြီးပြီပေါ့၊ ဒါက ဂုဏ်သိက္ခာတိုက်ပွဲ”

ကိုမောင်လွင်ဟာ ဆေးရုံဝင်းအတွင်း ယာဉ်အပ်နှံခွင့်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး ၂၀၁၇- ၂၀၁၈ ခုနှစ် အတွက်လည်း လုပ်ငန်းလုပ်ကိုင်ခွင့်ရဖို့ ငွေကြေးပေးခဲ့ရာမှာ လုပ်ကိုင်ခွင့်မရပဲ တခြားသူကို ပေးလိုက်တာကြောင့် ၂၀၁၉  မေလမှာ အဂတိ ကော်မရှင်ကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဂတိလိုက်စားမှုနဲ့ တိုင်ကြားထားတဲ့ထဲမှာ  ဆေးရုံ အငယ်တန်းစာရေးဖြစ်သူကိုပါ တိုင်ကြားထားတာဖြစ်ပေမယ့် ကော်မရှင်က အရေးယူတဲ့ထဲမှာ အငယ်တန်းစာရေးမပါဝင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သေချာမသိရသေးကြောင်းလည်း ဦးမောင်လွင်က ပြောပါတယ်။

မန္တလေးအရိုးဆေးရုံကြီးတာဝန်ရှိသူတွေ အဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲ တိုင်ကြားချက်အကြောင်း ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ကလည်း RFA က သတင်းထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဌာနတွင်း စစ်ဆေးမှုတွေလည်း ရှိခဲ့ပါတယ်။

အဲဒီအချိန်က မေးမြန်းချက်အရတော့ တင်ဒါကိစ္စတွေမှာ မန္တလေးတိုင်း အတွက်ဆိုရင် စည်ပင်သာယာရေး ဝန်ကြီးက ဥက္ကဋ္ဌဖြစ်ပြီး ဆေးရုံအုပ်ကြီးက အတွင်းရေးမှူးဖြစ်ကြောင်း၊ ကိုယ့်လူနဲ့ စားပွဲပေါ်မှာ အရင်လိုလုပ်လို့ မရတော့ကြောင်းနဲ့ အဲဒီခေတ်က ကုန်သွားပြီဖြစ်ကြောင်း အရေးယူခံထားရတဲ့ ဌာနခွဲစာရေး ဦးအောင်ကျော်ဦးက ဖြေကြားခဲ့ပါတယ်။ ဦးအောင်ကျော်ဦးဟာ လက်ရှိအချိန်မှာ ဦးစီးအရာရှိတာဝန်ကို ထမ်းဆောင်နေသူဖြစ်ပါတယ်။

ဆေးရုံအုပ်ကြီးကို အမှုဖွင့်ထားတဲ့ ပုဒ်မ ၅၆ ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ဌာနခွဲစာရေးကို အမှုဖွင့်ထားတဲ့ ပုဒ်မ ၅၇ ဟာ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရင် အများဆုံး ထောင် ခုနှစ် နှစ်အထိ ကျခံရနိုင်တဲ့ ပုဒ်မတွေဖြစ်ပါတယ်

RFA Burmese
https://www.rfa.org
မႏၲေလးအ႐ိုးေဆး႐ုံ အဂတိအမႈ တိုင္ၾကားသူေတြ ေဝဖန္ခံရ မႏၲေလးအ႐ိုးေဆး႐ုံ အဂတိအမႈ တိုင္ၾကားသူေတြ ေဝဖန္ခံရ Reviewed by THITHTOOLWIN on 06:04 Rating: 5
Powered by Blogger.