တပ္က ဖမ္းသြားတဲ့ ေျမပုံေဒသခံႏွစ္ဦး ေသဆုံး

ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္ ကမ္းေထာင္းႀကီးၿမိဳ႕ပုံ
(Zawgyi)⤵⤵⤵
ဒီဇင္ဘာ ၁၈ရက္ေန႔က ကမ္းေထာင္းႀကီးၿမိဳ႕နဲ႔ သုံးမိုင္အကြာ ေရထိုးေတာင္အနီး လယ္ထဲမွာ  စပါးရိတ္ေနတဲ့ အမ်ိဳးသားႏွစ္ဦးကို တပ္မ ၆၆ က ဖမ္းဆီးသြားတာလို႔ မိသားစုဝင္ေတြက  ေျပာပါတယ္။

ကမ္းေထာင္းႀကီးၿမိဳ႕ ႐ြာသစ္ရပ္ကြက္က အသက္ ၆၃ ႏွစ္အ႐ြယ္ ေဒသခံ ဦးဦးနီသန္း နဲ႔ အသက္ ၄၀ အ႐ြယ္ ခ်င္းတိုင္းရင္းသား ဦးကင္းေခ်တို႔ ႏွစ္ဦး ဖမ္းခံခဲ့ရၿပီးေနာက္ ေလးရက္အၾကာမွာ သူတို႔ႏွစ္ဦးရဲ႕ ႐ုပ္အေလာင္းကို ‌ေတြ႕ရွိခဲ့တာပါ။

သူတို႔ႏွစ္ဦးကို က်င္းတစ္ခုထဲမွာ အတူတူျမႇဳပ္ႏွံထားတာ မေန႔က ေတြ႕ရတယ္လို႔ ဦးဦးနီသန္းရဲ႕ သားမက္ျဖစ္သူ ကိုေစာလွေ႐ႊက ေျပာပါတယ္။

“ အဆက္အသြယ္ မရေတာ့ဘူး စစ္တပ္ေတြက ၁၈ ရက္ ၁၉ ရက္ ၂၀ ရက္ေန႔အထိ အဲဒီနားမွာ ရွိေနေတာ့ ႐ြာကလည္း သြားမၾကည့္ရဲဘူး။ အဲတပ္မ ၆၆ က ကမ္းေထာင္းႀကီးၿမိဳ႕ကို ဝင္လာတဲ့ အခ်ိန္ ကြၽန္ေတာ္တို႔ သြားေတြ႕လိုက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ရွာခ်င္တယ္ အဲဒီေန႔က ေပ်ာက္သြားၿပီး သတင္းမရဘူးဆိုၿပီး ရွာဖို႔ ခြင့္ေတာင္းၿပီးသြားတယ္။ သြားရွာတဲ့အခါ ကြၽန္ေတာ္တို႔အေဖနဲ႔ အလုပ္သမားကို သတ္ၿပီးေတာ့ တစ္က်င္းထဲမွာပဲ ျမဳပ္ထားတာေတြ႕ရတယ္။ ”

သူတို႔ႏွစ္ဦး ဖမ္းဆီးခံရတဲ့ျဖစ္ရပ္၊ ေသဆုံးသြားရတဲ့ အေၾကာင္းရင္းနဲ႔ ပတ္သက္လို႔ တပ္ဘက္နဲ႔ ေဒသခံေတြ၊ မိသားစုဝင္ေတြ ေျပာဆိုတာမွာ ကြဲလြဲမႈေတြ ရွိေနပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို RFA က ဆက္သြယ္ေမးျမန္းရာမွာ အဲဒီအမ်ိဳးသားႏွစ္ဦးက မိုင္းေထာင္ေနတာ‌‌ေတြ႕လို႔ တပ္က ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့ၿပီး ေျမျမႇဳပ္ခဲ့တာလို႔ ေျပာပါတယ္။

“ေရွာက္ဆုံ လမ္းခြဲနားမွာ နယ္ေျမရွင္းလင္းေနတဲ့ စစ္ေၾကာင္းတစ္ေၾကာင္းကို မိုင္းေထာင္တယ္ ေတြ႕လို႔ ပစ္ခတ္ဖမ္းဆီးလို႔ အေသဖမ္းဆီးရမိတာ ႏွစ္ေယာက္ေတာ့ရွိတယ္။ ဒီလို မိုင္းေထာင္လို႔ ပစ္ခတ္ ဖမ္းဆီးတာေတာ့ရွိတယ္။ အခုလည္း မိုင္းေထာင္ေနတာ လက္ပူးလက္ၾကပ္မိလို႔ ပစ္ခတ္ဖမ္းဆီးတာ အဲကမ္းေထာင္းႀကီးနားမွာပဲ။ ”

AA ေျပာခြင့္ရ ခိုင္သုခ ကေတာ့ ဒါဟာ လူသတ္ အေလာင္းေဖ်ာက္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ ေျပာပါတယ္။

“အဲဒီလူႏွစ္ေယာက္က လယ္ေတာထဲမွာ အလုပ္လုပ္ေနတာလို႔ ကြၽန္ေတာ္တို႔သိတာရွိတယ္။ အဲဒါကို မတရားဖမ္းဆီးၿပီး သတ္တာ ဒါဟာ လူသတ္အေလာင္း ေဖ်ာက္တဲ့ကိစၥ စစ္တပ္ဟာ စစ္ရာဇဝတ္ကို ေျပာင္ေျပာင္တင္းတင္း က်ဴးလြန္တဲ့ကိစၥ။”

ေသဆုံးမႈနဲ႔ပတ္သက္လို႔ စခန္းမွာ အမႈဖြင့္ထားတာ မရွိေပမယ့္ ကမ္းေထာင္းႀကီးၿမိဳ႕ ရဲစခန္းကို အသိေပး အေၾကာင္းၾကားထားတာေတာ့ ရွိတယ္လို႔ ကိုေစာလွေ႐ႊက ေျပာပါတယ္။

ဒီကိစၥအေပၚ  ရဲတပ္ဖြဲ႕က ေဆာင္႐ြက္မယ့္ အေျခအေနကို သိႏိုင္ဖို႔ ရခိုင္ျပည္နယ္ရဲတပ္ဖြဲ႕ ရဲမႉးႀကီး ၾကည္လင္းကို RFA က ဆက္သြယ္ေမးျမန္းရာမွာေတာ့ စစ္မက္ျဖစ္ပြားရာေနရာျဖစ္တဲ့အတြက္ ရဲတပ္ဖြဲ႕အေနနဲ႔ ဘာမွ ဝင္ေရာက္ ကိုင္တြယ္ျခင္း မရွိဘူးလို႔ ေျပာပါတယ္။

ကမ္းေထာင္းႀကီးၿမိဳ႕ အလယ္ပိုင္းရပ္ကြက္က အုပ္ခ်ဳပ္ေရးမႉးတစ္ဦးဟာ တပ္သတင္းေပးလို႔ စြပ္စြဲခံရၿပီးေနာက္ ဇြန္လအတြင္းမွာ လုပ္ႀကံသတ္ျဖတ္ခံခဲ့ရပါတယ္။ အဲဒီေနာက္ စက္တင္ဘာလ အတြင္းမွာလည္း ေခါင္းျဖတ္ အသတ္ခံထားရတဲ့ အမ်ိဳးသားႏွစ္ဦး ႐ုပ္အေလာင္းကို  အလယ္ပိုင္းရပ္ကြက္ ေဈးလမ္းဆုံမွာ ေတြ႕ရွိခဲ့ပါတယ္။

အဲဒီလို အရပ္သားေသဆုံးမႈေတြမွာ ဘယ္သူ႔လက္ခ်က္လဲဆိုတာ မသိရဘဲ ရကၡိဳင့္တပ္ေတာ္ AA နဲ႔ တပ္မေတာ္အၾကား အျပန္အလွန္ စြပ္စြဲမႈေတြသာ ရွိခဲ့ပါတယ္။

လက္နက္ကိုင္အဖြဲ႕ ႏွစ္ဖြဲ႕အေနနဲ႔ အျပန္အလွန္စြပ္စြဲမႈေတြကို သတ္ျဖတ္တဲ့နည္းလမ္းဟာ ေရရွည္မွာ အစဥ္အလာလိုျဖစ္သြားမွာ စိုးရိမ္တယ္လို႔ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

“တပ္မေတာ္က သူတို႔ပစ္ခတ္တယ္ ဖမ္းဆီးတယ္ဆိုရင္ AA ရဲ႕အမာခံမို႔ AA မိုင္းေထာင္လို႔ဆိုၿပီး ဟိုေန႔က အမ္းမွာျဖစ္တယ္ အခုလဲပဲ ျဖစ္ေနတယ္။ AA က ဗုံးေထာင္လို႔ ပစ္ခတ္ဖမ္းဆီးပါတယ္ဆိုတာ အဲဒါကို တရား႐ုံးကိုေရာက္ေအာင္ ပို႔ေစခ်င္တယ္။ သံသယနဲ႔ သတ္ျဖတ္ဖမ္းဆီးတယ္ဆိုတာ ၾကာလာရင္ အစဥ္အလာျဖစ္သြားႏိုင္တယ္။ AA က သတ္ျဖတ္တယ္ဆိုတာေတြလည္း တက္လာတာရွိတယ္။ ႏွစ္ဖြဲ႕လုံးက လုပ္တယ္ဆိုလုပ္တယ္ေပါ့။ ျပည္သူက ေၾကာက္ေနတယ္ အဲဒီအေပၚ ပုဂၢိဳလ္ေရး မေက်နပ္သူေတြကလည္း ၾကားဝင္ၿပီးေတာ့ အျမတ္ထုတ္တာ ျဖစ္လာႏိုင္တယ္ ျပည္သူက စိတ္ပိုင္းဆိုင္ရာ မလုံၿခဳံမႈေတြျဖစ္လာႏိုင္တယ္။”

ရခိုင္ျပည္နယ္မွာ တစ္ႏွစ္နီးပါးၾကာျမင့္ေနၿပီျဖစ္တဲ့ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲေတြေၾကာင့္ အရပ္သား ထိခိုက္ေသဆုံးသူ ၉၀ေက်ာ္ရွိေနၿပီး ထိခိုက္ဒါဏ္ရာရရွိသူ ၁၄၀ ဝန္းက်င္ရွိေနၿပီလို႔ အရပ္ဘက္ အဖြဲ႕စာရင္းေတြအရ သိရပါတယ္။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵
တပ်က ဖမ်းသွားတဲ့ မြေပုံဒေသခံနှစ်ဦး သေဆုံး

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ပုံ
Photo: Google Map

ဒီဇင်ဘာ ၁၈ရက်နေ့က ကမ်းထောင်းကြီးမြို့နဲ့ သုံးမိုင်အကွာ ရေထိုးတောင်အနီး လယ်ထဲမှာ  စပါးရိတ်နေတဲ့ အမျိုးသားနှစ်ဦးကို တပ်မ ၆၆ က ဖမ်းဆီးသွားတာလို့ မိသားစုဝင်တွေက  ပြောပါတယ်။

ကမ်းထောင်းကြီးမြို့ ရွာသစ်ရပ်ကွက်က အသက် ၆၃ နှစ်အရွယ် ဒေသခံ ဦးဦးနီသန်း နဲ့ အသက် ၄၀ အရွယ် ချင်းတိုင်းရင်းသား ဦးကင်းချေတို့ နှစ်ဦး ဖမ်းခံခဲ့ရပြီးနောက် လေးရက်အကြာမှာ သူတို့နှစ်ဦးရဲ့ ရုပ်အလောင်းကို ‌တွေ့ရှိခဲ့တာပါ။

သူတို့နှစ်ဦးကို ကျင်းတစ်ခုထဲမှာ အတူတူမြှုပ်နှံထားတာ မနေ့က တွေ့ရတယ်လို့ ဦးဦးနီသန်းရဲ့ သားမက်ဖြစ်သူ ကိုစောလှရွှေက ပြောပါတယ်။

“ အဆက်အသွယ် မရတော့ဘူး စစ်တပ်တွေက ၁၈ ရက် ၁၉ ရက် ၂၀ ရက်နေ့အထိ အဲဒီနားမှာ ရှိနေတော့ ရွာကလည်း သွားမကြည့်ရဲဘူး။ အဲတပ်မ ၆၆ က ကမ်းထောင်းကြီးမြို့ကို ဝင်လာတဲ့ အချိန် ကျွန်တော်တို့ သွားတွေ့လိုက်ပြီးတော့ ကျွန်တော်တို့ရှာချင်တယ် အဲဒီနေ့က ပျောက်သွားပြီး သတင်းမရဘူးဆိုပြီး ရှာဖို့ ခွင့်တောင်းပြီးသွားတယ်။ သွားရှာတဲ့အခါ ကျွန်တော်တို့အဖေနဲ့ အလုပ်သမားကို သတ်ပြီးတော့ တစ်ကျင်းထဲမှာပဲ မြုပ်ထားတာတွေ့ရတယ်။ ”

သူတို့နှစ်ဦး ဖမ်းဆီးခံရတဲ့ဖြစ်ရပ်၊ သေဆုံးသွားရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ တပ်ဘက်နဲ့ ဒေသခံတွေ၊ မိသားစုဝင်တွေ ပြောဆိုတာမှာ ကွဲလွဲမှုတွေ ရှိနေပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ အဲဒီအမျိုးသားနှစ်ဦးက မိုင်းထောင်နေတာ‌‌တွေ့လို့ တပ်က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး မြေမြှုပ်ခဲ့တာလို့ ပြောပါတယ်။

“ရှောက်ဆုံ လမ်းခွဲနားမှာ နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်းတစ်ကြောင်းကို မိုင်းထောင်တယ် တွေ့လို့ ပစ်ခတ်ဖမ်းဆီးလို့ အသေဖမ်းဆီးရမိတာ နှစ်ယောက်တော့ရှိတယ်။ ဒီလို မိုင်းထောင်လို့ ပစ်ခတ် ဖမ်းဆီးတာတော့ရှိတယ်။ အခုလည်း မိုင်းထောင်နေတာ လက်ပူးလက်ကြပ်မိလို့ ပစ်ခတ်ဖမ်းဆီးတာ အဲကမ်းထောင်းကြီးနားမှာပဲ။ ”

AA ပြောခွင့်ရ ခိုင်သုခ ကတော့ ဒါဟာ လူသတ် အလောင်းဖျောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

“အဲဒီလူနှစ်ယောက်က လယ်တောထဲမှာ အလုပ်လုပ်နေတာလို့ ကျွန်တော်တို့သိတာရှိတယ်။ အဲဒါကို မတရားဖမ်းဆီးပြီး သတ်တာ ဒါဟာ လူသတ်အလောင်း ဖျောက်တဲ့ကိစ္စ စစ်တပ်ဟာ စစ်ရာဇဝတ်ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တဲ့ကိစ္စ။”

သေဆုံးမှုနဲ့ပတ်သက်လို့ စခန်းမှာ အမှုဖွင့်ထားတာ မရှိပေမယ့် ကမ်းထောင်းကြီးမြို့ ရဲစခန်းကို အသိပေး အကြောင်းကြားထားတာတော့ ရှိတယ်လို့ ကိုစောလှရွှေက ပြောပါတယ်။

ဒီကိစ္စအပေါ်  ရဲတပ်ဖွဲ့က ဆောင်ရွက်မယ့် အခြေအနေကို သိနိုင်ဖို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ စစ်မက်ဖြစ်ပွားရာနေရာဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ ဘာမှ ဝင်ရောက် ကိုင်တွယ်ခြင်း မရှိဘူးလို့ ပြောပါတယ်။

ကမ်းထောင်းကြီးမြို့ အလယ်ပိုင်းရပ်ကွက်က အုပ်ချုပ်ရေးမှူးတစ်ဦးဟာ တပ်သတင်းပေးလို့ စွပ်စွဲခံရပြီးနောက် ဇွန်လအတွင်းမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီနောက် စက်တင်ဘာလ အတွင်းမှာလည်း ခေါင်းဖြတ် အသတ်ခံထားရတဲ့ အမျိုးသားနှစ်ဦး ရုပ်အလောင်းကို  အလယ်ပိုင်းရပ်ကွက် ဈေးလမ်းဆုံမှာ တွေ့ရှိခဲ့ပါတယ်။

အဲဒီလို အရပ်သားသေဆုံးမှုတွေမှာ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရဘဲ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်အကြား အပြန်အလှန် စွပ်စွဲမှုတွေသာ ရှိခဲ့ပါတယ်။

လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့အနေနဲ့ အပြန်အလှန်စွပ်စွဲမှုတွေကို သတ်ဖြတ်တဲ့နည်းလမ်းဟာ ရေရှည်မှာ အစဉ်အလာလိုဖြစ်သွားမှာ စိုးရိမ်တယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“တပ်မတော်က သူတို့ပစ်ခတ်တယ် ဖမ်းဆီးတယ်ဆိုရင် AA ရဲ့အမာခံမို့ AA မိုင်းထောင်လို့ဆိုပြီး ဟိုနေ့က အမ်းမှာဖြစ်တယ် အခုလဲပဲ ဖြစ်နေတယ်။ AA က ဗုံးထောင်လို့ ပစ်ခတ်ဖမ်းဆီးပါတယ်ဆိုတာ အဲဒါကို တရားရုံးကိုရောက်အောင် ပို့စေချင်တယ်။ သံသယနဲ့ သတ်ဖြတ်ဖမ်းဆီးတယ်ဆိုတာ ကြာလာရင် အစဉ်အလာဖြစ်သွားနိုင်တယ်။ AA က သတ်ဖြတ်တယ်ဆိုတာတွေလည်း တက်လာတာရှိတယ်။ နှစ်ဖွဲ့လုံးက လုပ်တယ်ဆိုလုပ်တယ်ပေါ့။ ပြည်သူက ကြောက်နေတယ် အဲဒီအပေါ် ပုဂ္ဂိုလ်ရေး မကျေနပ်သူတွေကလည်း ကြားဝင်ပြီးတော့ အမြတ်ထုတ်တာ ဖြစ်လာနိုင်တယ် ပြည်သူက စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေဖြစ်လာနိုင်တယ်။”

ရခိုင်ပြည်နယ်မှာ တစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၉၀ကျော်ရှိနေပြီး ထိခိုက်ဒါဏ်ရာရရှိသူ ၁၄၀ ဝန်းကျင်ရှိနေပြီလို့ အရပ်ဘက် အဖွဲ့စာရင်းတွေအရ သိရပါတယ်။

RFA Burmese
https://www.rfa.org
တပ္က ဖမ္းသြားတဲ့ ေျမပုံေဒသခံႏွစ္ဦး ေသဆုံး တပ္က ဖမ္းသြားတဲ့ ေျမပုံေဒသခံႏွစ္ဦး ေသဆုံး Reviewed by THITHTOOLWIN on 06:06 Rating: 5
Powered by Blogger.