ၿမိတ္ၿမိဳ႕နယ္တြင္ ရန္ၿငိဳးေၾကာင့္ဓါးခုတ္မႈျဖစ္ပြားၿပီး က်ဴးလြန္သူမွာ ဆြဲႀကိဳးခ်ေသဆုံး

(Zawgyi)⤵⤵⤵
ၿမိတ္ၿမိဳ႕နယ္၊ ေက်ာက္ဖ်ာေက်း႐ြာအုပ္စု ၊ဝန္ဖို႔ေက်း႐ြာတြင္ ဒီဇင္ဘာလ ၂၃ ရက္ေန႔၊ နံနက္ပိုင္းက ရန္ၿငိဳးေၾကာင့္ဓါးခုတ္မႈျဖစ္ပြားၿပီး က်ဴးလြန္သူမွာ ဆြဲႀကိဳးခ်ေသဆုံးသြားေၾကာင္းသိရပါတယ္။

ဝန္ဖို႔ေက်း႐ြာမွာေနထိုင္တဲ့ ဦးဘဦး(၅၄)ႏွစ္၊ ႏွင့္ ေဒၚသန္းႏု(၅၁)ႏွစ္၊ကို တစ္႐ြာတည္းေနသူ ေမာင္ေဇာ္(ခ)ေအာင္ေဇာ္ဦး(၃၅)ႏွစ္၊က ေတာခုတ္ဓါးနဲ႔ ခုတ္ခဲ့တာပါ။
လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္တုန္းက ဦးဘဦးက ေမာင္ေဇာ္ရဲ႕သားကို တုတ္ျဖင့္႐ိုက္ခဲ့တာေၾကာင့္ ေမာင္ေဇာ္က ဦးဘဦးကို ကပ္ပျဖင့္ခုတ္ခဲ့သျဖင့္ ၿမိတ္ၿမိဳ႕နယ္တရား႐ုံးမွာ အမႈရင္ဆိုင္ခဲ့ၿပီးျဖစ္ေပမယ့္ ဒီအမႈနဲ႔ပတ္သက္ၿပီး ယခုတဖန္ထပ္မံစကားမ်ားရာမွ ဦးဘဦးႏွင့္ ေဒၚသန္းႏုကို ေတာခုတ္ဓါးျဖင့္ခုတ္ခဲ့ေၾကာင္းသိရပါတယ္။

ဓါးခုတ္မႈေၾကာင့္ ဦးဘဦးတြင္ ဝဲ/ယာ ပါးတြင္ျပတ္ရွဒဏ္ရာ၊နဖုးထိပ္ျပတ္ရွဒဏ္ရာ၊ ဦးေခါင္းေနာက္ေစ့ျပတ္ရွဒဏ္ရာ ႏွင့္ဝဲဘက္မ်က္စိညိဳမဲ(မစိုးရိမ္ရ)ဒဏ္ရာမ်ားရရွိၿပီး ေဒၚသန္းႏုတြင္ ဦးေခါင္းထိပ္ျပတ္ရွဒဏ္ရာ ၊ဝဲဘက္လက္ေကာက္ဝတ္ျပတ္ရွ(စိုးရိမ္ရ)ဒဏ္ရာမ်ား အသီးသီးရရွိတာေၾကာင့္ ၿမိတ္ျပည္သူ႔ေဆး႐ုံသို႔ အတြင္းလူနာအျဖစ္တင္ပို႔ထားေၾကာင္းသိရပါတယ္။

ဓါးခုတ္မႈက်ဴးလြန္သူေမာင္ေဇာ္(ခ)ေအာင္ေဇာ္ဦးမွာ အခင္းျဖစ္ပြားၿပီး ထြက္ေျပးတိမ္ေရွာင္သြားတာေၾကာင့္ တာဝန္ရွိသူမ်ားကလိုက္လံရွာေဖြရာ ဥယ်ာဥ္ၿခံတစ္ခုအတြင္း သစ္ပင္တြင္ ဆြဲႀကိဳးခ်ေသဆုံးေနေၾကာင္းသိရပါတယ္။
ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ကြၽဲကူးရဲကင္းစခန္းမွ စစ္ေဆးေနေၾကာင္းသိရပါတယ္။

ျမတ္ထြဋ္ (ၿမိတ္)
https://www.facebook.com/pg/Myat-Htut-Myeik-222869948053294/posts/?ref=notif
----------
(Unicode)⤵⤵⤵
မြိတ်မြို့နယ်တွင် ရန်ငြိုးကြောင့်ဓါးခုတ်မှုဖြစ်ပွားပြီး ကျူးလွန်သူမှာ ဆွဲကြိုးချသေဆုံး

မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု ၊ဝန်ဖို့ကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက ရန်ငြိုးကြောင့်ဓါးခုတ်မှုဖြစ်ပွားပြီး ကျူးလွန်သူမှာ ဆွဲကြိုးချသေဆုံးသွားကြောင်းသိရပါတယ်။

ဝန်ဖို့ကျေးရွာမှာနေထိုင်တဲ့ ဦးဘဦး(၅၄)နှစ်၊ နှင့် ဒေါ်သန်းနု(၅၁)နှစ်၊ကို တစ်ရွာတည်းနေသူ မောင်ဇော်(ခ)အောင်ဇော်ဦး(၃၅)နှစ်၊က တောခုတ်ဓါးနဲ့ ခုတ်ခဲ့တာပါ။
လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ဦးဘဦးက မောင်ဇော်ရဲ့သားကို တုတ်ဖြင့်ရိုက်ခဲ့တာကြောင့် မောင်ဇော်က ဦးဘဦးကို ကပ်ပဖြင့်ခုတ်ခဲ့သဖြင့် မြိတ်မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ပြီးဖြစ်ပေမယ့် ဒီအမှုနဲ့ပတ်သက်ပြီး ယခုတဖန်ထပ်မံစကားများရာမှ ဦးဘဦးနှင့် ဒေါ်သန်းနုကို တောခုတ်ဓါးဖြင့်ခုတ်ခဲ့ကြောင်းသိရပါတယ်။

ဓါးခုတ်မှုကြောင့် ဦးဘဦးတွင် ဝဲ/ယာ ပါးတွင်ပြတ်ရှဒဏ်ရာ၊နဖုးထိပ်ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ နှင့်ဝဲဘက်မျက်စိညိုမဲ(မစိုးရိမ်ရ)ဒဏ်ရာများရရှိပြီး ဒေါ်သန်းနုတွင် ဦးခေါင်းထိပ်ပြတ်ရှဒဏ်ရာ ၊ဝဲဘက်လက်ကောက်ဝတ်ပြတ်ရှ(စိုးရိမ်ရ)ဒဏ်ရာများ အသီးသီးရရှိတာကြောင့် မြိတ်ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ်တင်ပို့ထားကြောင်းသိရပါတယ်။

ဓါးခုတ်မှုကျူးလွန်သူမောင်ဇော်(ခ)အောင်ဇော်ဦးမှာ အခင်းဖြစ်ပွားပြီး ထွက်ပြေးတိမ်ရှောင်သွားတာကြောင့် တာဝန်ရှိသူများကလိုက်လံရှာဖွေရာ ဥယျာဉ်ခြံတစ်ခုအတွင်း သစ်ပင်တွင် ဆွဲကြိုးချသေဆုံးနေကြောင်းသိရပါတယ်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျွဲကူးရဲကင်းစခန်းမှ စစ်ဆေးနေကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/pg/Myat-Htut-Myeik-222869948053294
ၿမိတ္ၿမိဳ႕နယ္တြင္ ရန္ၿငိဳးေၾကာင့္ဓါးခုတ္မႈျဖစ္ပြားၿပီး က်ဴးလြန္သူမွာ ဆြဲႀကိဳးခ်ေသဆုံး ၿမိတ္ၿမိဳ႕နယ္တြင္ ရန္ၿငိဳးေၾကာင့္ဓါးခုတ္မႈျဖစ္ပြားၿပီး က်ဴးလြန္သူမွာ ဆြဲႀကိဳးခ်ေသဆုံး Reviewed by THITHTOOLWIN on 05:55 Rating: 5
Powered by Blogger.