ေဒၚဥမၼာလႈိင္ရဲ႕ သားႏွစ္ဦး သက္ေသအျဖစ္ကေနပယ္ဖ်က္ဖို႔တင္ျပမႈအျငင္းခံရ

Wisdom Hill ေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္
(Zawgyi)⤵⤵⤵
ေနျပည္ေတာ္က Wisdom Hill ေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္က တရားလိုလုပ္ၿပီးေရွ႕ေနေဒၚစုဒါလီေအာင္ကို စြဲဆိုထားတဲ့ အမႈမွာ သားႏွစ္ဦးကို သက္ေသအျဖစ္ တင္သြင္းထားတာကို ပယ္ဖ်က္ေပးဖို႔ တင္ျပခဲ့ေပမယ့္ ဥပေဒအရာရွိက ခြင့္မျပဳခဲ့ဘူးလို႔ေဒၚစုဒါလီေအာင္က ေျပာပါတယ္။

သံသယတရားခံရဲ႕ေရွ႕ေနေဒၚစုဒါလီေအာင္ကို ေဒၚဥမၼာလႈိင္က စြဲဆိုထားတဲ့ အမႈ႐ုံးခ်ိန္းေလးႀကိမ္ေျမာက္မွာ တင္ျပခဲ့တာလို႔သိရပါတယ္။

ေဒၚစုဒါလီေအာင္ရဲ႕ မီဒီယာကို ေျပာဆိုခ်က္ တခ်ိဳ႕က ကေလးသူငယ္ အေပၚ ထိခိုက္ နစ္နာေစဆိုၿပီး ေဒၚဥမၼာလႈိင္ဘက္က စတင္ အမႈဖြင့္ခဲ့တာျဖစ္ပါတယ္။

Wisdom Hill မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉးေဒၚဥမၼာလႈိင္က ကေလးသူငယ္ကာကြယ္ေရးဥပေဒနဲ႔တရားစြဲဆိုထား ၿပီးသက္ေသအျဖစ္တင္သြင္းထားခဲ့တဲ့ေဒၚဥမၼာလႈိင္ရဲ႕သားႏွစ္ဦး ဒီေန႔သက္ေသထြက္ဖို႔ ရွိေနတာလည္းျဖစ္ပါတယ္။

သက္ေသအျဖစ္ကပယ္ဖ်က္ေပးဖို႔တင္ျပခ်က္ကိုဥပေဒအရာရွိကကန႔္ကြက္ခဲ့ၿပီး တရား႐ုံးက ျငင္းလိုက္တာျဖစ္တယ္လို႔လည္း ေဒၚစုဒါလီေအာင္ကေျပာပါတယ္။

ေဒၚစုဒါလီေအာင္အမႈ ၃ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းမွာ ဘာျဖစ္လာႏိုင္သလဲ

 တရား႐ုံးကလက္ခံထားတဲ့ အမႈဟာ ကေလးသူငယ္ ဆိုင္ရာ ပုဒ္မပုဒ္မ ၁၀၁ (က-၂) ျဖစ္ပါတယ္။
ေရွ႕ေနေဒၚစုဒါလီေအာင္က ဗစ္တိုးရီယားအမႈ႐ုံးခ်ိန္းမွာ အၿပီး မီဒီယာကို ေျပာဆိုခ်က္ တခ်ိဳ နဲ႔ပတ္သက္ၿပီး ကေလးသူငယ္ဆိုင္ရာအခြင့္အေရးကာကြယ္ေရးဆိုင္ရာဥပေဒပုဒ္မ ၁၀၁ နဲ႔ စြဲဆိုခံထားရတာပါ။

ဒီဇင္ဘာလ ၂ ရက္ေန႔႐ုံးခ်ိန္းကို ေတာ့ ကေလးေတြ စာေမးပြဲရွိလို႔ ဆိုၿပီးေရာက္မလာခဲ့ဘူးလို႔ လည္း ေဒၚစုဒါလီေအာင္ကေျပာပါတယ္။

လာမယ့္ ႐ုံးခ်ိန္းကို ဒီဇင္ဘာလ ၁၆ ရက္ကို ခ်ိန္းဆိုထားၿပီး အမႈစစ္ရဲအရာရွိနဲ႔ ေဒၚဥမၼာလႈိင္ရဲ႕ သားႏွစ္ဦးကို စစ္ေဆးဖို႔လည္းရွိေနပါတယ္။

အဲဒီေန႔ စစ္ေဆး ရင္ သက္ေသႏွစ္ဦးဟာ ကေလးသူငယ္ေတြျဖစ္တဲ့အတြက္ ကေလးသူငယ္အခြင့္အေရးဆိုင္ရာဥပေဒအရ အမ်ားျပည္သူ မျမင္ႏိုင္ မၾကားႏိုင္ေအာင္ တရားသူႀကီး႐ုံးခန္းမွာသီးျခားစစ္ေဆးမွာျဖစ္တယ္လို႔ေဒၚစုဒါလီေအာင္ ေရွ႕ေနဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။

အဲဒီလိုစစ္ေဆးရာမွာ ကာယကံရွင္ေတြ၊ အမႈသည္ေတြ၊ ႏွစ္ဖက္ေရွ႕ေနေတြနဲ႔ သက္ေသေတြပါဝင္မယ္လို႔ သူကေျပာပါတယ္။

အမူ႔ကိုစတင္စြဲဆိုကတည္းက ေဒၚဥမၼာလႈိင္ရဲ႕ သူ႔သားႏွစ္ဦးကို တရားလိုသက္ေသအျဖစ္ထည့္သြင္းထားတာ ျဖစ္တယ္လို႔လဲေရွ႕ေနေတြကေျပာပါတယ္။

လက္ရွိတရား႐ုံးမွာရင္ဆိုင္ေနရတဲ့ေဒၚဥမၼာလႈိင္ကေဒၚစုဒါလီေအာင္ကိုစြဲဆိုထားတဲ့အမူ႔ကိုလဲေခ်ဖ်က္ေပးဖို႔ကိုလဲသက္ဆိုင္ရာကိုတင္ျပလိုက္ၿပီးဒီရက္ပိုင္းမွာပဲရလဒ္တခုရလာလိမ့္မယ္လို႔ေမွ်ာ္လင့္တဲ့အေၾကာင္းကိုလည္း ဦးခင္ေမာင္ေဇာ္ကမီဒီယာေတြကိုေျပာဆိုသြားခဲ့ပါတယ္

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦး သက်သေအဖြစ်ကနေပယ်ဖျက်ဖို့တင်ပြမှုအငြင်းခံရ

Image caption Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်

နေပြည်တော်က Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရားလိုလုပ်ပြီးရှေ့နေဒေါ်စုဒါလီအောင်ကို စွဲဆိုထားတဲ့ အမှုမှာ သားနှစ်ဦးကို သက်သေအဖြစ် တင်သွင်းထားတာကို ပယ်ဖျက်ပေးဖို့ တင်ပြခဲ့ပေမယ့် ဥပဒေအရာရှိက ခွင့်မပြုခဲ့ဘူးလို့ဒေါ်စုဒါလီအောင်က ပြောပါတယ်။

သံသယတရားခံရဲ့ရှေ့နေဒေါ်စုဒါလီအောင်ကို ဒေါ်ဥမ္မာလှိုင်က စွဲဆိုထားတဲ့ အမှုရုံးချိန်းလေးကြိမ်မြောက်မှာ တင်ပြခဲ့တာလို့သိရပါတယ်။

ဒေါ်စုဒါလီအောင်ရဲ့ မီဒီယာကို ပြောဆိုချက် တချို့က ကလေးသူငယ် အပေါ် ထိခိုက် နစ်နာစေဆိုပြီး ဒေါ်ဥမ္မာလှိုင်ဘက်က စတင် အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်က ကလေးသူငယ်ကာကွယ်ရေးဥပဒေနဲ့တရားစွဲဆိုထား ပြီးသက်သေအဖြစ်တင်သွင်းထားခဲ့တဲ့ဒေါ်ဥမ္မာလှိုင်ရဲ့သားနှစ်ဦး ဒီနေ့သက်သေထွက်ဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

သက်သေအဖြစ်ကပယ်ဖျက်ပေးဖို့တင်ပြချက်ကိုဥပဒေအရာရှိကကန့်ကွက်ခဲ့ပြီး တရားရုံးက ငြင်းလိုက်တာဖြစ်တယ်လို့လည်း ဒေါ်စုဒါလီအောင်ကပြောပါတယ်။

ဒေါ်စုဒါလီအောင်အမှု ၃ ကြိမ်မြောက် ရုံးချိန်းမှာ ဘာဖြစ်လာနိုင်သလဲ
Image caption တရားရုံးကလက်ခံထားတဲ့ အမှုဟာ ကလေးသူငယ် ဆိုင်ရာ ပုဒ်မပုဒ်မ ၁၀၁ (က-၂) ဖြစ်ပါတယ်။

ရှေ့နေဒေါ်စုဒါလီအောင်က ဗစ်တိုးရီယားအမှုရုံးချိန်းမှာ အပြီး မီဒီယာကို ပြောဆိုချက် တချို နဲ့ပတ်သက်ပြီး ကလေးသူငယ်ဆိုင်ရာအခွင့်အရေးကာကွယ်ရေးဆိုင်ရာဥပဒေပုဒ်မ ၁၀၁ နဲ့ စွဲဆိုခံထားရတာပါ။

ဒီဇင်ဘာလ ၂ ရက်နေ့ရုံးချိန်းကို တော့ ကလေးတွေ စာမေးပွဲရှိလို့ ဆိုပြီးရောက်မလာခဲ့ဘူးလို့ လည်း ဒေါ်စုဒါလီအောင်ကပြောပါတယ်။

လာမယ့် ရုံးချိန်းကို ဒီဇင်ဘာလ ၁၆ ရက်ကို ချိန်းဆိုထားပြီး အမှုစစ်ရဲအရာရှိနဲ့ ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦးကို စစ်ဆေးဖို့လည်းရှိနေပါတယ်။

အဲဒီနေ့ စစ်ဆေး ရင် သက်သေနှစ်ဦးဟာ ကလေးသူငယ်တွေဖြစ်တဲ့အတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအရ အများပြည်သူ မမြင်နိုင် မကြားနိုင်အောင် တရားသူကြီးရုံးခန်းမှာသီးခြားစစ်ဆေးမှာဖြစ်တယ်လို့ဒေါ်စုဒါလီအောင် ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။

အဲဒီလိုစစ်ဆေးရာမှာ ကာယကံရှင်တွေ၊ အမှုသည်တွေ၊ နှစ်ဖက်ရှေ့နေတွေနဲ့ သက်သေတွေပါဝင်မယ်လို့ သူကပြောပါတယ်။

အမူ့ကိုစတင်စွဲဆိုကတည်းက ဒေါ်ဥမ္မာလှိုင်ရဲ့ သူ့သားနှစ်ဦးကို တရားလိုသက်သေအဖြစ်ထည့်သွင်းထားတာ ဖြစ်တယ်လို့လဲရှေ့နေတွေကပြောပါတယ်။

လက်ရှိတရားရုံးမှာရင်ဆိုင်နေရတဲ့ဒေါ်ဥမ္မာလှိုင်ကဒေါ်စုဒါလီအောင်ကိုစွဲဆိုထားတဲ့အမူ့ကိုလဲချေဖျက်ပေးဖို့ကိုလဲသက်ဆိုင်ရာကိုတင်ပြလိုက်ပြီးဒီရက်ပိုင်းမှာပဲရလဒ်တခုရလာလိမ့်မယ်လို့မျှော်လင့်တဲ့အကြောင်းကိုလည်း ဦးခင်မောင်ဇော်ကမီဒီယာတွေကိုပြောဆိုသွားခဲ့ပါတယ်

BBC Burmese
https://www.bbc.com
ေဒၚဥမၼာလႈိင္ရဲ႕ သားႏွစ္ဦး သက္ေသအျဖစ္ကေနပယ္ဖ်က္ဖို႔တင္ျပမႈအျငင္းခံရ ေဒၚဥမၼာလႈိင္ရဲ႕ သားႏွစ္ဦး သက္ေသအျဖစ္ကေနပယ္ဖ်က္ဖို႔တင္ျပမႈအျငင္းခံရ Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.