ရန္ကုန္တိုင္းလႊတ္ေတာ္အထူးအစည္းအေဝးေခၚဖို႔ လႊတ္ေတာ္အမတ္ေတြလက္မွတ္ထိုး ေတာင္းဆိုမယ္

 ရန္ကုန္တိုင္းလႊတ္ေတာ္အထူးအစည္းအေဝးေခၚဖို႔ လႊတ္ေတာ္အမတ္ေတြေတာင္းဆိုမယ္
(Zawgyi)⤵⤵⤵
ယာယီရပ္နားထားတဲ့ ရန္ကုန္တိုင္းလႊတ္ေတာ္ကို ဒီဇင္ဘာလအတြင္း အထူးအစည္းအေဝးအေနနဲ႔ အျမန္ဆုံးေခၚယူက်င္းပႏိုင္ဖို႔အေရး တိုင္းလႊတ္ေတာ္အမတ္ေတြစုစည္းလက္မွတ္ထိုးၿပီး ေတာင္းဆို သြားၾကမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဒဂုံမဲဆႏၵနယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ဘီဘီစီကိုေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ပုံမွန္အစည္းအေဝးကိုလာမယ့္ ေဖေဖာ္ဝါရီလမွာ ေခၚယူက်င္းပသြား မယ္လို႔ ထုတ္ျပန္ထားပါတယ္။

'' အဓိက ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္ အစီရင္ခံစာကို စာရင္းစစ္ခ်ဳပ္႐ုံးက တင္ထားတာလည္းၾကာၿပီ။ ၿပီးခဲ့တဲ့အႀကိမ္ေတြမွာလည္း ေဆြးေႏြးခြင့္မရခဲ့ဘူး။ ၿပီးခဲ့တဲ့ ၂၀၁၆ -၂၀၁၇ မွာလည္း လႊတ္ေတာ္က ေထာက္ျပတာေတြကိုအစိုးရအဖြဲ႕က ဘာတစ္ခုမွ တုံ႔ျပန္ေဆြးေႏြးတာမ်ိဳးမရွိဘူး။ ဒီေတာ့ ေရွ႕ကေျပာထား တဲ့စီမံကိန္းေဆြးေႏြးခ်က္ေတြကို ၂၀၁၇ -၂၀၁၈ မွာဘယ္လိုေတြ ေဆာင္႐ြက္ထား လဲဆိုတာလည္း သိခ်င္တယ္။ လိုအပ္တာေတြကို လႊတ္ေတာ္က အခ်ိန္မီေထာက္ျပႏိုင္ဖို႔လည္းလိုတယ္''လို႔ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ကဘီဘီစီကိုေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ပုံမွန္အစည္းအေဝးကိုလာမယ့္ ေဖေဖာ္ဝါရီလမွာ ေခၚယူက်င္းပသြားမယ္လို႔ ထုတ္ျပန္ထား
ယခင္က စာရင္းစစ္ခ်ဳပ္အစီရင္ခံစာကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ၾကည့္ရႈေဝဖန္ခြင့္ရခဲ့ေပမယ့္ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္ အစီရင္ခံစာကစၿပီး တိုင္းေဒသႀကီးလႊတ္ေတာ္အမတ္ေတြ တိုက္႐ိုက္ၾကည့္ရႈခြင့္ မရေတာ့တဲ့အေျခအေနျဖစ္ပါတယ္။

ဒါဟာ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ကလုပ္ေဆာင္မယ့္ စီမံကိန္းအမ်ားစုရဲ႕အားနည္းခ်က္ေတြကို လႊတ္ေတာ္က ေထာက္ျပတာ၊ အခ်ိဳ႕ေသာစီမံကိန္းေတြကို ကန႔္ကြက္တာေတြရွိခဲ့ၿပီး ေနာက္ပိုင္းမွာ အခုလိုကန႔္သတ္ခံခဲ့ရတာ ျဖစ္ပါတယ္။

အခုလက္ရွိမွာ စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာကို ျပည္သူ႔ေငြစာရင္းေကာ္မတီက ေလ့လာေတြ႕ရွိခ်က္ အစီရင္ခံစာ ထြက္ေပၚလာမွသာ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေဆြးေႏြးခြင့္ ရရွိေတာ့တာ ျဖစ္ပါတယ္။

' ' အစီရင္ခံစာက အေရးပါတယ္ဆိုတာ အစိုးရအဖြဲ႕ ဌာနတစ္ခုခ်င္းစီရဲ႕ လုပ္ေဆာင္ခ်က္ အားသာခ်က္ အားနည္းခ်က္ေတြကို စာရင္းစစ္ခ်ဳပ္ကေထာက္ျပၿပီးေတာ့မွ ေဆြးေႏြးထားတာျဖစ္တဲ့အတြက္ ရန္ကုန္တိုင္း အတြက္ အေရးပါတဲ့အစီရင္ခံစာျဖစ္တယ္။ေနာက္ႏွစ္ေတြမွာဘာေတြကို ေဆာင္႐ြက္သင့္တယ္ ဘာေတြ ေတာ့မလုပ္သင့္ဘူး။ ေျမယာငွားတဲ့ကိစၥေတြကစလို႔ေပါ့ အကုန္လုံးပါေနတာ။''လို႔ လက္မွတ္ထိုး ေတာင္းဆိုမယ့္ထဲမွာပါတဲ့ အလုံၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚႏြယ္ႏြယ္ဝင္း က ဘီဘီစီကိုေျပာပါတယ္။

YBS စနစ္မွာလည္း ၃ႏွစ္ၾကာတဲ့ တိုင္အျမတ္မရလို႔ဆိုၿပီး ရွယ္ယာရွင္ေတြအေနနဲ႔ ရွယ္ယာေတြျပန္လည္ထုတ္ယူဖို႔ ေတာင္းဆိုတာေတြရွိေန
တိုင္းအစိုးရအဖြဲ႕က အေကာင္အထည္ေဖာ္ေနတဲ့ စီမံကိန္းေတြထဲကတစ္ခုျဖစ္တဲ့ ရန္ကုန္ၿမိဳ႕ရဲ႕ အမ်ား ျပည္သူသယ္ယူပို႔ေဆာင္ေရး စနစ္သစ္အျဖစ္ အေကာင္အထည္ေဖာ္ခဲ့တဲ့ YBS စနစ္မွာလည္း ၃ႏွစ္ၾကာတဲ့ တိုင္အျမတ္မရလို႔ဆိုၿပီး ရွယ္ယာရွင္ေတြအေနနဲ႔ ရွယ္ယာေတြျပန္လည္ထုတ္ယူဖို႔ ေတာင္းဆိုတာေတြလည္းရွိေနပါတယ္။

' ' ဘတ္ဂ်က္နဲ႔ရင္းႏွီးျမဳပ္ႏွံထားတဲ့ YUBT ကုမၸဏီမွာလည္းျပင္ပရွယ္ယာရွင္ေတြနဲ႔ ျပႆနာတက္ေနတာ ေတြရွိတယ္။ ဒါက အမ်ားျပည္သူဘတ္ဂ်က္နဲ႔လုပ္ေဆာင္ထားတာျဖစ္လို႔ ဒီလိုကိစၥေတြမွာလည္း သိခ်င္ တယ္'' လို႔ လႊတ္ေတာ္အစည္းအေဝးအျမန္ဆုံး ေခၚယူလို႔တဲ့အခ်က္တခ်ိဳ႕နဲ႔ပတ္သက္ၿပီးေတာ့လည္း လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္တဲ့ ဦးေက်ာ္ေဇယ်ကေျပာျပပါတယ္။

ဘ႑ာေရး၊ စီမံကိန္းႏွင့္ စီးပြားေရးေကာ္မတီဝင္ေတြနဲ႔ ျပည္သူ႔ေငြစရင္းေကာ္မတီတို႔က ေကာ္မတီဝင္ေတြက လက္မွတ္ေရးထိုးထားၿပီး လက္ရွိမွာ အမတ္ ၂၀ ဝန္းက်င္ထိရွိၿပီးေနာက္ထပ္ ပါဝင္မယ့္သူေတြရွိေသးတယ္လို႔လည္း ဦးေက်ာ္ေဇယ် ကေျပာပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ အရ တိုင္းေဒသႀကီး လႊတ္ေတာ္အမတ္ရာခိုင္ႏႈန္းရဲ႕ေလးပုံတစ္ပုံက ေတာင္းဆိုပါက လႊတ္ေတာ္ဥကၠ႒က အထူးအစည္းအေဝးေခၚယူေပးရမွာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ရန်ကုန်တိုင်းလွှတ်တော်အထူးအစည်းအဝေးခေါ်ဖို့ လွှတ်တော်အမတ်တွေလက်မှတ်ထိုး တောင်းဆိုမယ်

ဓာတ်ပုံ မူပိုင် ROMEO GACAD/AFP via Getty Images
Image caption ရန်ကုန်တိုင်းလွှတ်တော်အထူးအစည်းအဝေးခေါ်ဖို့ လွှတ်တော်အမတ်တွေတောင်းဆိုမယ်

ယာယီရပ်နားထားတဲ့ ရန်ကုန်တိုင်းလွှတ်တော်ကို ဒီဇင်ဘာလအတွင်း အထူးအစည်းအဝေးအနေနဲ့ အမြန်ဆုံးခေါ်ယူကျင်းပနိုင်ဖို့အရေး တိုင်းလွှတ်တော်အမတ်တွေစုစည်းလက်မှတ်ထိုးပြီး တောင်းဆို သွားကြမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဘီဘီစီကိုပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်းအဝေးကိုလာမယ့် ဖေဖော်ဝါရီလမှာ ခေါ်ယူကျင်းပသွား မယ်လို့ ထုတ်ပြန်ထားပါတယ်။

'' အဓိက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အစီရင်ခံစာကို စာရင်းစစ်ချုပ်ရုံးက တင်ထားတာလည်းကြာပြီ။ ပြီးခဲ့တဲ့အကြိမ်တွေမှာလည်း ဆွေးနွေးခွင့်မရခဲ့ဘူး။ ပြီးခဲ့တဲ့ ၂၀၁၆ -၂၀၁၇ မှာလည်း လွှတ်တော်က ထောက်ပြတာတွေကိုအစိုးရအဖွဲ့က ဘာတစ်ခုမှ တုံ့ပြန်ဆွေးနွေးတာမျိုးမရှိဘူး။ ဒီတော့ ရှေ့ကပြောထား တဲ့စီမံကိန်းဆွေးနွေးချက်တွေကို ၂၀၁၇ -၂၀၁၈ မှာဘယ်လိုတွေ ဆောင်ရွက်ထား လဲဆိုတာလည်း သိချင်တယ်။ လိုအပ်တာတွေကို လွှတ်တော်က အချိန်မီထောက်ပြနိုင်ဖို့လည်းလိုတယ်''လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် Yangon Hluttaw'FACEBOOK
Image caption ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်းအဝေးကိုလာမယ့် ဖေဖော်ဝါရီလမှာ ခေါ်ယူကျင်းပသွားမယ်လို့ ထုတ်ပြန်ထား

ယခင်က စာရင်းစစ်ချုပ်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေ ကြည့်ရှုဝေဖန်ခွင့်ရခဲ့ပေမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အစီရင်ခံစာကစပြီး တိုင်းဒေသကြီးလွှတ်တော်အမတ်တွေ တိုက်ရိုက်ကြည့်ရှုခွင့် မရတော့တဲ့အခြေအနေဖြစ်ပါတယ်။

ဒါဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကလုပ်ဆောင်မယ့် စီမံကိန်းအများစုရဲ့အားနည်းချက်တွေကို လွှတ်တော်က ထောက်ပြတာ၊ အချို့သောစီမံကိန်းတွေကို ကန့်ကွက်တာတွေရှိခဲ့ပြီး နောက်ပိုင်းမှာ အခုလိုကန့်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အခုလက်ရှိမှာ စာရင်းစစ်ချုပ် အစီရင်ခံစာကို ပြည်သူ့ငွေစာရင်းကော်မတီက လေ့လာတွေ့ရှိချက် အစီရင်ခံစာ ထွက်ပေါ်လာမှသာ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခွင့် ရရှိတော့တာ ဖြစ်ပါတယ်။

' ' အစီရင်ခံစာက အရေးပါတယ်ဆိုတာ အစိုးရအဖွဲ့ ဌာနတစ်ခုချင်းစီရဲ့ လုပ်ဆောင်ချက် အားသာချက် အားနည်းချက်တွေကို စာရင်းစစ်ချုပ်ကထောက်ပြပြီးတော့မှ ဆွေးနွေးထားတာဖြစ်တဲ့အတွက် ရန်ကုန်တိုင်း အတွက် အရေးပါတဲ့အစီရင်ခံစာဖြစ်တယ်။နောက်နှစ်တွေမှာဘာတွေကို ဆောင်ရွက်သင့်တယ် ဘာတွေ တော့မလုပ်သင့်ဘူး။ မြေယာငှားတဲ့ကိစ္စတွေကစလို့ပေါ့ အကုန်လုံးပါနေတာ။''လို့ လက်မှတ်ထိုး တောင်းဆိုမယ့်ထဲမှာပါတဲ့ အလုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်း က ဘီဘီစီကိုပြောပါတယ်။
ဓာတ်ပုံ မူပိုင် YE AUNG THU/AFP VIA GETTY IMAGES
Image caption YBS စနစ်မှာလည်း ၃နှစ်ကြာတဲ့ တိုင်အမြတ်မရလို့ဆိုပြီး ရှယ်ယာရှင်တွေအနေနဲ့ ရှယ်ယာတွေပြန်လည်ထုတ်ယူဖို့ တောင်းဆိုတာတွေရှိနေ

တိုင်းအစိုးရအဖွဲ့က အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေထဲကတစ်ခုဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ အများ ပြည်သူသယ်ယူပို့ဆောင်ရေး စနစ်သစ်အဖြစ် အကောင်အထည်ဖော်ခဲ့တဲ့ YBS စနစ်မှာလည်း ၃နှစ်ကြာတဲ့ တိုင်အမြတ်မရလို့ဆိုပြီး ရှယ်ယာရှင်တွေအနေနဲ့ ရှယ်ယာတွေပြန်လည်ထုတ်ယူဖို့ တောင်းဆိုတာတွေလည်းရှိနေပါတယ်။

' ' ဘတ်ဂျက်နဲ့ရင်းနှီးမြုပ်နှံထားတဲ့ YUBT ကုမ္ပဏီမှာလည်းပြင်ပရှယ်ယာရှင်တွေနဲ့ ပြဿနာတက်နေတာ တွေရှိတယ်။ ဒါက အများပြည်သူဘတ်ဂျက်နဲ့လုပ်ဆောင်ထားတာဖြစ်လို့ ဒီလိုကိစ္စတွေမှာလည်း သိချင် တယ်'' လို့ လွှတ်တော်အစည်းအဝေးအမြန်ဆုံး ခေါ်ယူလို့တဲ့အချက်တချို့နဲ့ပတ်သက်ပြီးတော့လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးကျော်ဇေယျကပြောပြပါတယ်။

ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဝင်တွေနဲ့ ပြည်သူ့ငွေစရင်းကော်မတီတို့က ကော်မတီဝင်တွေက လက်မှတ်ရေးထိုးထားပြီး လက်ရှိမှာ အမတ် ၂၀ ဝန်းကျင်ထိရှိပြီးနောက်ထပ် ပါဝင်မယ့်သူတွေရှိသေးတယ်လို့လည်း ဦးကျော်ဇေယျ ကပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ တိုင်းဒေသကြီး လွှတ်တော်အမတ်ရာခိုင်နှုန်းရဲ့လေးပုံတစ်ပုံက တောင်းဆိုပါက လွှတ်တော်ဥက္ကဋ္ဌက အထူးအစည်းအဝေးခေါ်ယူပေးရမှာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ရန္ကုန္တိုင္းလႊတ္ေတာ္အထူးအစည္းအေဝးေခၚဖို႔ လႊတ္ေတာ္အမတ္ေတြလက္မွတ္ထိုး ေတာင္းဆိုမယ္ ရန္ကုန္တိုင္းလႊတ္ေတာ္အထူးအစည္းအေဝးေခၚဖို႔ လႊတ္ေတာ္အမတ္ေတြလက္မွတ္ထိုး ေတာင္းဆိုမယ္ Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.