ေျမာက္ဦးပစ္ခတ္မႈမွာ ကေလး ႏွစ္ဦး အပါအဝင္ သုံးဦးေသ

ဓါတ္ပုံ - နန္းရိပ္က႐ုဏာ ေအာက္ဆီဂ်င္အခမဲ့ကူညီေရးအဖြဲ႕/ ( ေျမာက္ဦးၿမိဳ႕နယ္ နလိပ္ေက်း႐ြာမွာ လက္နက္ႀကီးအဆံ ထိမွန္လို႔ ဒဏ္ရာရသူေတြကို ၂၀၁၉၊ ဒီဇင္ဘာ ၂ ရက္ေန႔က ေျမာက္ဦးေဆး႐ုံကို လာေရာက္ပို႔ေဆာင္စဥ္ )
(Zawgyi)⤵⤵⤵

 ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္က ေနရာႏွစ္ခုကို ဒီေန႔ လက္နက္ႀကီးက်လို႔ ေဒသခံ ကိုးဦးခန႔္ ထိခိုက္ဒဏ္ရာရခဲ့ၿပီး ကေလး ႏွစ္ဦးနဲ႔ အမ်ိဳးသမီး တစ္ဦး ေသဆုံးခဲ့ပါတယ္။

အလယ္ေဈးရပ္ကြက္ထဲက ခ်င္းပ်ံေတာေက်ာင္းနဲ႔ ဘီလူးကန္ေက်ာင္းၾကားကို ဒီေန႔ ညေန ၄ နာရီေလာက္က လက္နက္ႀကီးက်ေရာက္ေပါက္ကြဲခဲ့လို႔ ေျခာက္ဦး ဒဏ္ရာရခဲ့ၿပီး သုံးဦး ေသဆုံးခဲ့တယ္လို႔ အကူအညီေပးေနသူေတြကေျပာပါတယ္။

ေသဆုံးသူ သုံးဦးထဲက အသက္ တစ္ႏွစ္နဲ႔ ေလးႏွစ္ ကေလးငယ္ႏွစ္ဦးကေတာ့ အခင္းျဖစ္ေနရာမွာ ပြဲခ်င္းၿပီးေသဆုံးၿပီး ၂၄ ႏွစ္အ႐ြယ္ မႏုႏုဝင္းကေတာ့ ေဆး႐ုံမွာ ေသဆုံးသြားတာလို႔ ဆိုပါတယ္။
ဒဏ္ရာသူ ေျခာက္ဦးထဲက ကိုယ္ဝန္သည္တစ္ဦးအပါအဝင္ သုံးဦးကေတာ့ ဒဏ္ရာျပင္းထန္တာေၾကာင့္ စိုးရိမ္ရတယ္လို႔လည္း အကူအညီေပးေနသူေတြကေျပာပါတယ္။

လူေနရပ္ကြက္ထဲကို လက္နက္ႀကီး ဘယ္လိုက်ေရာက္ေပါက္ကြဲတယ္ဆိုတာကို RFA က စုံစမ္းေနဆဲျဖစ္ပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္ ေျမာက္ပိုင္း ရင္းေခ်ာင္းေတာင္တန္းမွာလည္း ဒီေန႔ မနက္က တပ္မေတာ္နဲ႔ AA တိုက္ပြဲျပင္းထန္ခဲ့ၿပီးေနာက္ ငလိတ္ေက်း႐ြာက ေဒသခံ သုံးဦး လက္နက္ႀကီးက်ည္ ထိမွန္ၿပီး ဒဏ္ရာရရွိခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၊ ၁၃ ႏွစ္အ႐ြယ္ ငါးတန္းေက်ာင္းသူ နဲ႔ ၁၈ ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦးဟာ လက္ေမာင္းမွာ အသီးသီး ဒဏ္ရာရရွိခဲ့ၿပီး တိမ္ညိဳတိုက္နယ္ ေဆး႐ုံကို ပို႔ေဆာင္ထားရတယ္လို႔ ေဒသခံ တစ္ဦးက ေျပာပါတယ္။

သူတို႔ သုံးဦးဟာ ဗုံးခိုက်င္းနားမွာ ပုန္းေနစဥ္မွာပဲ အေျမာက္ဆံ ထိမွန္ခဲ့တာျဖစ္ၿပီး ဘယ္အဖြဲ႕က ပစ္တာလဲ ဆိုတာကိုေတာ့ အတည္မျပဳႏိုင္ေသးပါဘူး။

တပ္မေတာ္နဲ႔ AA ဟာ ေျမာက္ဦးၿမိဳ႕နယ္မွာ ဒီဇင္ဘာ ၁ ရက္ ညေန ၆ နာရီကတည္းက တိုက္ပြဲျပင္းထန္ေနတာလို႔ ေဒသခံေတြက ေျပာပါတယ္။
တိုက္ပြဲအေျခအေန မၿငိမ္သက္ေသးတာေၾကာင့္ ငလိတ္ေက်း႐ြာ ေဒသခံေတြဟာ ဗုံးခိုက်င္းေတြမွာ ပုန္းေရွာင္ေနၾကရတယ္လို႔ ေျပာၾကပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကေတာ့ ေျမာက္ဦးမွာ တိုက္ပြဲ ျဖစ္ေနတာ မွန္ကန္ေၾကာင္း၊ အေျခအေန အေသးစိတ္ကိုေတာ့ မသိရေသးဘူးလို႔ ေျပာပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese/
-----------------
(Unicode)⤵⤵⤵
 မြောက်ဦးပစ်ခတ်မှုမှာ ကလေး နှစ်ဦး အပါအဝင် သုံးဦးသေ

 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က နေရာနှစ်ခုကို ဒီနေ့ လက်နက်ကြီးကျလို့ ဒေသခံ ကိုးဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကလေး နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပါတယ်။

အလယ်ဈေးရပ်ကွက်ထဲက ချင်းပျံတောကျောင်းနဲ့ ဘီလူးကန်ကျောင်းကြားကို ဒီနေ့ ညနေ ၄ နာရီလောက်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ ခြောက်ဦး ဒဏ်ရာရခဲ့ပြီး သုံးဦး သေဆုံးခဲ့တယ်လို့ အကူအညီပေးနေသူတွေကပြောပါတယ်။

သေဆုံးသူ သုံးဦးထဲက အသက် တစ်နှစ်နဲ့ လေးနှစ် ကလေးငယ်နှစ်ဦးကတော့ အခင်းဖြစ်နေရာမှာ ပွဲချင်းပြီးသေဆုံးပြီး ၂၄ နှစ်အရွယ် မနုနုဝင်းကတော့ ဆေးရုံမှာ သေဆုံးသွားတာလို့ ဆိုပါတယ်။
ဒဏ်ရာသူ ခြောက်ဦးထဲက ကိုယ်ဝန်သည်တစ်ဦးအပါအဝင် သုံးဦးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတယ်လို့လည်း အကူအညီပေးနေသူတွေကပြောပါတယ်။

လူနေရပ်ကွက်ထဲကို လက်နက်ကြီး ဘယ်လိုကျရောက်ပေါက်ကွဲတယ်ဆိုတာကို RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။

မြောက်ဦးမြို့နယ် မြောက်ပိုင်း ရင်းချောင်းတောင်တန်းမှာလည်း ဒီနေ့ မနက်က တပ်မတော်နဲ့ AA တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ငလိတ်ကျေးရွာက ဒေသခံ သုံးဦး လက်နက်ကြီးကျည် ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ၁၃ နှစ်အရွယ် ငါးတန်းကျောင်းသူ နဲ့ ၁၈ နှစ်အရွယ် အမျိုးသား တစ်ဦးဟာ လက်မောင်းမှာ အသီးသီး ဒဏ်ရာရရှိခဲ့ပြီး တိမ်ညိုတိုက်နယ် ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သူတို့ သုံးဦးဟာ ဗုံးခိုကျင်းနားမှာ ပုန်းနေစဉ်မှာပဲ အမြောက်ဆံ ထိမှန်ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့က ပစ်တာလဲ ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

တပ်မတော်နဲ့ AA ဟာ မြောက်ဦးမြို့နယ်မှာ ဒီဇင်ဘာ ၁ ရက် ညနေ ၆ နာရီကတည်းက တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအခြေအနေ မငြိမ်သက်သေးတာကြောင့် ငလိတ်ကျေးရွာ ဒေသခံတွေဟာ ဗုံးခိုကျင်းတွေမှာ ပုန်းရှောင်နေကြရတယ်လို့ ပြောကြပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မြောက်ဦးမှာ တိုက်ပွဲ ဖြစ်နေတာ မှန်ကန်ကြောင်း၊ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ဓါတ်ပုံ - နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့
( မြောက်ဦးမြို့နယ် နလိပ်ကျေးရွာမှာ လက်နက်ကြီးအဆံ ထိမှန်လို့ ဒဏ်ရာရသူတွေကို ၂၀၁၉၊ ဒီဇင်ဘာ ၂ ရက်နေ့က မြောက်ဦးဆေးရုံကို လာရောက်ပို့ဆောင်စဉ် )

RFA Burmese
https://www.facebook.com/rfaburmese/
ေျမာက္ဦးပစ္ခတ္မႈမွာ ကေလး ႏွစ္ဦး အပါအဝင္ သုံးဦးေသ  ေျမာက္ဦးပစ္ခတ္မႈမွာ ကေလး ႏွစ္ဦး အပါအဝင္ သုံးဦးေသ Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.