ဂမ္ဘီယာဘက္က ျမန္မာေရွ႕ေန႔ေတြ မျငင္းခဲ့တဲ့ အခ်က္ေတြနဲ႔ ျပန္လည္ေခ်ပ

ဂမ္ဘီယာ ဘက္က ေရွ႕ေန ေပါလ္႐ိုက္ဂလာ
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံကို ဂမ္ဘီယာဘက္က စြဲဆိုထားတဲ့ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြကို က်ဴးလြန္ခဲ့တယ္ ဆိုတာနဲ႔ ပတ္သက္လို႔ ေနာက္ဆုံးေန႔ အျပန္အလွန္ ၾကားနာမႈမွာ ဒုတိယေန႔က ျမန္မာေရွ႕ေန႔ေတြ မျငင္းခဲ့တဲ့ အခ်က္ေတြနဲ႔ စတင္ေခ်ပ သြားပါတယ္။

ျမန္မာႏိုင္ငံမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြကို ရည္႐ြယ္ခ်က္ရွိရွိ စနစ္တက် လုပ္ေဆာင္ခဲ့တယ္ ဆိုတာကို အေထာက္အထား သက္ေသေတြနဲ႔ တစ္ခ်က္ခ်င္း ရွင္းသြားခဲ့ပါတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈ အႏၲရာယ္က ျမန္မာႏိုင္ငံမွာ ဆက္ရွိေနလို႔ ဆိုၿပီး provisional measures လို႔ေခၚတဲ့ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ေတြ အိုင္စီေဂ်က အမိန႔္ထုတ္ျပန္ေပးဖို႔ ဒီေန႔ ဒီဇင္ဘာ ၁၂ ရက္မွာ ဂမ္ဘီယာဘက္က ေလွ်ာက္ထားတာ ျဖစ္ပါတယ္။

အထူးသျဖင့္ ဂမ္ဘီယာဘက္က ေလွ်ာက္လဲခဲ့တဲ့ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရး မစ္ရွင္က အခ်က္ေတြ ကို ျမန္မာဘက္က မျငင္းခဲ့တာေတြကို အေမရိကန္ေရွ႕ေနအဖြဲ႕က ေခါင္းေဆာင္ ေရွ႕ေန ေပါလ္႐ိုက္ကလာ က တစ္ခ်က္ခ်င္းေခ်ပ သြားပါတယ္။
 ဂမ္ဘီယာဟာ အိုအိုင္စီလို႔ေခၚတဲ့ အစၥလာမ္မစ္ေကာင္စီကို ဦးေဆာင္ဦး႐ြက္လုပ္ခဲ့တာျဖစ္ၿပီး ဂမ္ဘီယာက တရားစြဲတာသာ ျဖစ္ေၾကာင္း

ျမန္မာဘက္က တပ္မေတာ္ဘက္ရဲ႕ လုပ္ေဆာင္ခ်က္ေတြ၊ တပ္မေတာ္ရဲ႕ နယ္ေျမရွင္းလင္းေရး လုပ္ငန္းေတြ ေဆာင္႐ြက္ရာမွာ ဂ်ီႏိုဆိုက္လို႔ေခၚတဲ့ လူမ်ိဳးတုံး သတ္ျဖတ္ဖို႔ ရည္႐ြယ္ခ်က္ ရွိမရွိဆိုတာနဲ႔ ပတ္သက္လို႔ တိတိက်က် ေခ်ပျငင္းဆိုခဲ့တာ မရွိပါဘူးဆိုတာကို ေပါလ္ ႐ိုက္ကလာက စေျပာပါတယ္။

ဒါ့အျပင္ တပ္မေတာ္ရဲ႕ နယ္ေျမရွင္းလင္းေရး လုပ္ငန္းစဥ္မွာ လိင္ အၾကမ္းဖက္မႈ ေတြ က်ဳးလြန္ခဲ့တယ္ဆိုတာနဲ႔ ပတ္သက္ၿပီး တစ္လုံးမွ ျငင္းသြားတာ မရွိဘူးလို႔ ေရွ႕ေန ေပါလ္ ႐ိုက္ကလာက ေျပာပါတယ္။

ဂမ္ဘီယာဘက္က ဒီဇင္ဘာလ ၁၀ရက္ေန႔ က ေထာက္ျပသြားခဲ့တဲ့ အခ်က္ေတြထဲမွာ တပ္မေတာ္ရဲ႕ စနစ္တက် ေခ်မႈန္းဖ်က္ဆီးေရး ေဆာင္႐ြက္ခဲ့မႈ၊ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြမွာ အမ်ိဳးသမီးနဲ႔ မိန္းကေလးေတြ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြကို က်ဴးလြန္ခဲ့မႈ၊ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရး အတြင္းနဲ႔ ေနာက္ပိုင္း ျဖစ္စဥ္ေတြမွာ ႐ိုဟင္ဂ်ာေတြ အေပၚ ျမန္မာ တာဝန္ရွိသူေတြက လူမ်ိဳးေရး ခြဲျခား ဆက္ဆံမႈ၊ ေစာ္ကားမႈေတြ ပါဝင္ခဲ့ပါတယ္။

႐ိုဟင္ဂ်ာေတြ အေပၚ ျမန္မာ တာဝန္ရွိသူေတြက လူမ်ိဳးေရး ခြဲျခား ဆက္ဆံမႈ၊ ေစာ္ကားမူေတြနဲ႔ ပတ္သက္လို႔လည္း ျမန္မာတပ္မေတာ္ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ေဖ့ဘုတ္စာမ်က္ႏွာမွာ ႐ိုဟင္ဂ်ာလူမ်ိဳး ျမန္မာႏိုင္ငံမွာ မရွိဘူးဆိုတာနဲ႔ ပတ္သက္လို႔ ေဖာ္ျပထားတာကို ကိုးကားသြားပါတယ္ ။

ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီဇင္ဘာလ၁၁ရက္ေန႔က က ေျပာဆိုသြားတဲ့ အထဲမွာ ႐ိုဟင္ဂ်ာဆိုတာ ေျပာမသြားဘူး၊ ဒါဟာ အသိမွတ္မျပဳတာ၊ ေပ်ာက္ပ်က္ေအာင္ လုပ္တာပါလို႔လည္း ဂမ္ဘီယာေရွ႕ေနေတြက ေျပာသြားပါတယ္ ။
 ေဒၚေအာင္ဆန္းစုၾကည္ဟာ မေန႔က ေျပာဆိုသြားတဲ့ အထဲမွာ ႐ိုဟင္ဂ်ာဆိုတာ ေျပာမသြားဘူး

ျမန္မာႏိုင္ငံက ႏိုင္ငံသားဥပေဒနဲ႔ ႏိုင္ငံသား စိစစ္ေရးကတ္ေတြဟာ ႐ိုဟင္ဂ်ာေတြေပၚမွာ ခြဲျခားမႈေတြ ရွိတယ္ ဆိုၿပီးလည္း ေထာက္ျပသြားပါတယ္။

ျမန္မာတပ္မေတာ္ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ဒုတိယ တပ္ခ်ဳပ္ အပါအဝင္ တပ္မေတာ္ ေခါင္းေဆာင္ ၄ ဦးကို ျမန္မာ့တပ္မေတာ္ဟာ ရခိုင္၊ ကခ်င္နဲ႔ ရွမ္းျပည္နယ္ေတြအပါအဝင္ ေဒသေတြမွာ လူမ်ိဳးစုေတြ အေပၚ ဆိုး႐ြားတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ က်ဴးလြန္ခဲ့တယ္ဆိုၿပီး အေမရိကန္ ျပည္ေထာင္စု ဘ႑ာေရး ဝန္ႀကီးဌာန Office of Foreign Assets Control (OFAC) ျပည္ပပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ေရးဌာနကေန ဒီဇင္ဘာ ၁၀ ရက္ေန႔က ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္လိုက္တာ ကိုလည္း ကိုးကားသြားပါတယ္။

ဒီလို အေရးယူခဲ့တာဟာ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးအဖြဲ႕ရဲ႕ အခ်က္ေတြကို ကိုးကားၿပီး ေျပာသြားတာ၊ ျမန္မာက ဒါကို ျငင္းမသြားခဲ့ဘူးလို႔ သူကေျပာပါတယ္။

ဒါ့အျပင္ ႐ိုက္တာ သတင္းေထာက္ေတြ ေဖာ္ထုတ္ခဲ့တဲ့ အင္းဒင္ ႐ြာလူသတ္မႈ နဲ႔ပတ္သက္ၿပီး သတင္းေထာက္ေတြ ေဖာ္ထုတ္ခဲ့တာကို ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ ဥပေဒနဲ႔ အေရးယူခဲ့ၿပီး တပ္မေတာ္ဘက္က အေရးယူမႈေတြမွာ ျပစ္ဒဏ္ေတြနဲ႔ ပတ္သက္လို႔ အနည္းငယ္သာ က်ခံၿပီးေတာ့ ျပန္လႊတ္ေပးခဲ့တာကိုလည္း ေထာက္ျပသြားပါတယ္။

၂၀၁၇ ဩဂုတ္လ ၁၁ ရက္ေန႔ တိုက္ခိုက္မႈ မတိုင္မီ ႏွစ္ပတ္ အလိုကတည္းက တပ္မေတာ္က တပ္ရင္းႏွစ္ရင္းကို ရခိုင္ကို ပို႔ခဲ့တာကိုလည္း ေထာက္ျပသြားပါတယ္။
ဂမ္ဘီယာ အဖြဲ႕ေခါင္းေဆာင္ အဘူဘာကာ တမ္ဘာဒူး

ျမန္မာဘက္က ဂမ္ဘီယာဟာ တရားစြဲခြင့္မရွိဘူးလို႔ မေန႔က ေလွ်ာက္လဲခဲ့တာနဲ႔ ပတ္သက္လို႔ ဂမ္ဘီယာက သူတို႔မွာ လုပ္ပိုင္ခြင့္ရွိတယ္ဆိုတာကိုလည္း ဥပေဒေတြနဲ႔ ကိုးကား ေလွ်ာက္လဲသြားပါတယ္။

ဒါ့အျပင္ ဂမ္ဘီယာဟာ အိုအိုင္စီလို႔ေခၚတဲ့ အစၥလာမ္မစ္ေကာင္စီ ကို ဦးေဆာင္ဦး႐ြက္လုပ္ခဲ့တာ ျဖစ္ၿပီး ဂမ္ဘီယာ က တရားစြဲတာသာျဖစ္ေၾကာင္း အိုအိုင္စီက ေထာက္ပံ့တာသာျဖစ္ေၾကာင္း ျပန္လည္ ေခ်ပသြားပါတယ္။

ျမန္မာဘက္က ေရွ႕ေနႀကီး ပေရာ္ဖက္ဆာ ေရွးဘတ္စ္က၂၀၁၃ ခုႏွစ္က အယ္ဂ်ားဇီးယား႐ုပ္သံ အင္တာဗ်ဴးတစ္ခု မွာ ရခိုင္ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာေတြအေပၚကေလး ေမြးတာကို တားျမစ္တာ၊ လူမ်ိဳးတစ္မ်ိဳးရဲ႕ တည္ရွိမႈကို ျငင္းပယ္တာ၊ ေနထိုင္ေနရာေဒသမွာ ေနထိုင္ခြင့္ကို ျငင္းပယ္တာ စတဲ့ လုပ္ေဆာင္ခ်က္ေတြ ေတြ႕ရရင္ ဂ်ီႏိုဆိုက္ဆိုတဲ့ လူမ်ိဳးတုံးေအာင္လုပ္တာဆိုတဲ့ အသုံးကို သုံးေကာင္းသုံး ႏိုင္တယ္လို႔ သူကိုယ္တိုင္ ေျပာခဲ့ဖူးတယ္ လို႔ ဂမ္ဘီယာဘက္က ေရွ႕ေန ပါေမာကၡ ဖီလစ္ပီ စန္းစ္က ေလွ်ာက္လဲခဲ့ပါတယ္။

ဒီဇင္ဘာလ ၁၁ ရက္ က ေဒၚေအာင္ဆန္းစုၾကည္ေျပာခဲ့တဲ့ "ရခိုင္မွာေမြးတဲ့ ကေလးအားလုံးအတြက္ ေမြးစာရင္းထုတ္ေပးပါတယ္ ဆိုတဲ့ စကားနဲ႔ ႐ိုဟင္ဂ်ာေတြဟာ လူသားေတြျဖစ္တယ္လို႔ အသိအမွတ္ျပဳခဲ့ေပမယ့္ သူတို႔ရဲ႕ ႏိုင္ငံသားျဖစ္ခြင့္ကိုေတာ့ အသိအမွတ္ မျပဳတာကို ေလွ်ာက္လဲသြားခဲ့တယ္လို႔လည္း ျပန္လည္ေခ်ပ သြားပါတယ္။
အဆုံးအျဖတ္မဲေပးႏိုင္တဲ့ အိုင္စီေဂ် ဥကၠ႒ (အလယ္)

ဒီေန႔ ၾကားနာပြဲကို ဂမ္ဘီယာဘက္က နယ္သာလန္ ေဒသစံေတာ္ခ်ိန္ မနက္ ၁၀ နာရီေလာက္မွာ စတင္ေခ်ပတာပါ။ ေရွ႕ေန ၃ ဦး က စတင္ေခ်ပၿပီးေတာ့ ဂမ္ဘီယာက တရားေရးဝန္ႀကီး နဲ႔ ေရွ႕ေနခ်ဳပ္ အဘူဘာကာ တမ္ဘာဒူးက ေနာက္ဆုံးမွာ ေခ်ပပါတယ္။

ဂမ္ဘီယာ ေရွ႕ေနေတြဟာ ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကားခ်က္ကို ျပန္လည္ ေခ်ပတဲ့ အခါမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲ နားေထာင္ေနခဲ့တယ္လို႔လည္း နယ္သာလန္က သည္ဟိဂ္ တရားခြင္ကို ေရာက္ေနတဲ့ ဘီဘီစီ သတင္းေထာက္က ေျပာပါတယ္။

ဂမ္ဘီယာက တရားေရးဝန္ႀကီး နဲ႔ ေရွ႕ေနခ်ဳပ္ အဘူဘာကာ တမ္ဘာဒူးဟာ အိုင္စီေဂ် အေနနဲ႔ ေရွ႕ေနေတြ တင္ျပခဲ့သလို ျမန္မာႏိုင္ငံမွာ ဂ်ီႏိုဆိုက္လို႔ေခၚတဲ့ လူမ်ိဳးတုံး သတ္ျဖတ္မႈအတြက္ စိုးရိမ္စရာ အေျခအေန ေတြရွိတာေၾကာင့္ အခုလို ၾကားျဖတ္စီမံေဆာင္႐ြက္ခြင့္ကို ေတာင္းဆိုတာလို႔ ေျပာသြားပါတယ္ ။

ဒီေန႔ ညေနပိုင္းမွာေတာ့ ျမန္မာဘက္က ျပန္လည္ေခ်ပရမွာ ျဖစ္ပါတယ္ ။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဂမ်ဘီယာဘက်က မြန်မာရှေ့နေ့တွေ မငြင်းခဲ့တဲ့ အချက်တွေနဲ့ ပြန်လည်ချေပ

ဓာတ်ပုံ မူပိုင် UN
Image caption ဂမ်ဘီယာ ဘက်က ရှေ့နေ ပေါလ်ရိုက်ဂလာ

မြန်မာနိုင်ငံကို ဂမ်ဘီယာဘက်က စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့ နောက်ဆုံးနေ့ အပြန်အလှန် ကြားနာမှုမှာ ဒုတိယနေ့က မြန်မာရှေ့နေ့တွေ မငြင်းခဲ့တဲ့ အချက်တွေနဲ့ စတင်ချေပ သွားပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်ဆောင်ခဲ့တယ် ဆိုတာကို အထောက်အထား သက်သေတွေနဲ့ တစ်ချက်ချင်း ရှင်းသွားခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ်က မြန်မာနိုင်ငံမှာ ဆက်ရှိနေလို့ ဆိုပြီး provisional measures လို့ခေါ်တဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ အိုင်စီဂျေက အမိန့်ထုတ်ပြန်ပေးဖို့ ဒီနေ့ ဒီဇင်ဘာ ၁၂ ရက်မှာ ဂမ်ဘီယာဘက်က လျှောက်ထားတာ ဖြစ်ပါတယ်။

အထူးသဖြင့် ဂမ်ဘီယာဘက်က လျှောက်လဲခဲ့တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်က အချက်တွေ ကို မြန်မာဘက်က မငြင်းခဲ့တာတွေကို အမေရိကန်ရှေ့နေအဖွဲ့က ခေါင်းဆောင် ရှေ့နေ ပေါလ်ရိုက်ကလာ က တစ်ချက်ချင်းချေပ သွားပါတယ်။

ဓာတ်ပုံ မူပိုင် UN
Image caption ဂမ်ဘီယာဟာ အိုအိုင်စီလို့ခေါ်တဲ့ အစ္စလာမ်မစ်ကောင်စီကို ဦးဆောင်ဦးရွက်လုပ်ခဲ့တာဖြစ်ပြီး ဂမ်ဘီယာက တရားစွဲတာသာ ဖြစ်ကြောင်း

မြန်မာဘက်က တပ်မတော်ဘက်ရဲ့ လုပ်ဆောင်ချက်တွေ၊ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဂျီနိုဆိုက်လို့ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်ဖို့ ရည်ရွယ်ချက် ရှိမရှိဆိုတာနဲ့ ပတ်သက်လို့ တိတိကျကျ ချေပငြင်းဆိုခဲ့တာ မရှိပါဘူးဆိုတာကို ပေါလ် ရိုက်ကလာက စပြောပါတယ်။

ဒါ့အပြင် တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်မှာ လိင် အကြမ်းဖက်မှု တွေ ကျုးလွန်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး တစ်လုံးမှ ငြင်းသွားတာ မရှိဘူးလို့ ရှေ့နေ ပေါလ် ရိုက်ကလာက ပြောပါတယ်။

ဂမ်ဘီယာဘက်က ဒီဇင်ဘာလ ၁၀ရက်နေ့ က ထောက်ပြသွားခဲ့တဲ့ အချက်တွေထဲမှာ တပ်မတော်ရဲ့ စနစ်တကျ ချေမှုန်းဖျက်ဆီးရေး ဆောင်ရွက်ခဲ့မှု၊ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့မှု၊ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး အတွင်းနဲ့ နောက်ပိုင်း ဖြစ်စဉ်တွေမှာ ရိုဟင်ဂျာတွေ အပေါ် မြန်မာ တာဝန်ရှိသူတွေက လူမျိုးရေး ခွဲခြား ဆက်ဆံမှု၊ စော်ကားမှုတွေ ပါဝင်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် မြန်မာ တာဝန်ရှိသူတွေက လူမျိုးရေး ခွဲခြား ဆက်ဆံမှု၊ စော်ကားမူတွေနဲ့ ပတ်သက်လို့လည်း မြန်မာတပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရိုဟင်ဂျာလူမျိုး မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာနဲ့ ပတ်သက်လို့ ဖော်ပြထားတာကို ကိုးကားသွားပါတယ် ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာလ၁၁ရက်နေ့က က ပြောဆိုသွားတဲ့ အထဲမှာ ရိုဟင်ဂျာဆိုတာ ပြောမသွားဘူး၊ ဒါဟာ အသိမှတ်မပြုတာ၊ ပျောက်ပျက်အောင် လုပ်တာပါလို့လည်း ဂမ်ဘီယာရှေ့နေတွေက ပြောသွားပါတယ် ။
ဓာတ်ပုံ မူပိုင် UN
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ပြောဆိုသွားတဲ့ အထဲမှာ ရိုဟင်ဂျာဆိုတာ ပြောမသွားဘူး

မြန်မာနိုင်ငံက နိုင်ငံသားဥပဒေနဲ့ နိုင်ငံသား စိစစ်ရေးကတ်တွေဟာ ရိုဟင်ဂျာတွေပေါ်မှာ ခွဲခြားမှုတွေ ရှိတယ် ဆိုပြီးလည်း ထောက်ပြသွားပါတယ်။

မြန်မာတပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ တပ်ချုပ် အပါအဝင် တပ်မတော် ခေါင်းဆောင် ၄ ဦးကို မြန်မာ့တပ်မတော်ဟာ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေအပါအဝင် ဒေသတွေမှာ လူမျိုးစုတွေ အပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေး ဝန်ကြီးဌာန Office of Foreign Assets Control (OFAC) ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာနကနေ ဒီဇင်ဘာ ၁၀ ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာ ကိုလည်း ကိုးကားသွားပါတယ်။

ဒီလို အရေးယူခဲ့တာဟာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အချက်တွေကို ကိုးကားပြီး ပြောသွားတာ၊ မြန်မာက ဒါကို ငြင်းမသွားခဲ့ဘူးလို့ သူကပြောပါတယ်။

ဒါ့အပြင် ရိုက်တာ သတင်းထောက်တွေ ဖော်ထုတ်ခဲ့တဲ့ အင်းဒင် ရွာလူသတ်မှု နဲ့ပတ်သက်ပြီး သတင်းထောက်တွေ ဖော်ထုတ်ခဲ့တာကို နိုင်ငံတော်လျှို့ဝှက် ဥပဒေနဲ့ အရေးယူခဲ့ပြီး တပ်မတော်ဘက်က အရေးယူမှုတွေမှာ ပြစ်ဒဏ်တွေနဲ့ ပတ်သက်လို့ အနည်းငယ်သာ ကျခံပြီးတော့ ပြန်လွှတ်ပေးခဲ့တာကိုလည်း ထောက်ပြသွားပါတယ်။

၂၀၁၇ ဩဂုတ်လ ၁၁ ရက်နေ့ တိုက်ခိုက်မှု မတိုင်မီ နှစ်ပတ် အလိုကတည်းက တပ်မတော်က တပ်ရင်းနှစ်ရင်းကို ရခိုင်ကို ပို့ခဲ့တာကိုလည်း ထောက်ပြသွားပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂမ်ဘီယာ အဖွဲ့ခေါင်းဆောင် အဘူဘာကာ တမ်ဘာဒူး

မြန်မာဘက်က ဂမ်ဘီယာဟာ တရားစွဲခွင့်မရှိဘူးလို့ မနေ့က လျှောက်လဲခဲ့တာနဲ့ ပတ်သက်လို့ ဂမ်ဘီယာက သူတို့မှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကိုလည်း ဥပဒေတွေနဲ့ ကိုးကား လျှောက်လဲသွားပါတယ်။

ဒါ့အပြင် ဂမ်ဘီယာဟာ အိုအိုင်စီလို့ခေါ်တဲ့ အစ္စလာမ်မစ်ကောင်စီ ကို ဦးဆောင်ဦးရွက်လုပ်ခဲ့တာ ဖြစ်ပြီး ဂမ်ဘီယာ က တရားစွဲတာသာဖြစ်ကြောင်း အိုအိုင်စီက ထောက်ပံ့တာသာဖြစ်ကြောင်း ပြန်လည် ချေပသွားပါတယ်။

မြန်မာဘက်က ရှေ့နေကြီး ပရော်ဖက်ဆာ ရှေးဘတ်စ်က၂၀၁၃ ခုနှစ်က အယ်ဂျားဇီးယားရုပ်သံ အင်တာဗျူးတစ်ခု မှာ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ်ကလေး မွေးတာကို တားမြစ်တာ၊ လူမျိုးတစ်မျိုးရဲ့ တည်ရှိမှုကို ငြင်းပယ်တာ၊ နေထိုင်နေရာဒေသမှာ နေထိုင်ခွင့်ကို ငြင်းပယ်တာ စတဲ့ လုပ်ဆောင်ချက်တွေ တွေ့ရရင် ဂျီနိုဆိုက်ဆိုတဲ့ လူမျိုးတုံးအောင်လုပ်တာဆိုတဲ့ အသုံးကို သုံးကောင်းသုံး နိုင်တယ်လို့ သူကိုယ်တိုင် ပြောခဲ့ဖူးတယ် လို့ ဂမ်ဘီယာဘက်က ရှေ့နေ ပါမောက္ခ ဖီလစ်ပီ စန်းစ်က လျှောက်လဲခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၁ ရက် က ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ "ရခိုင်မှာမွေးတဲ့ ကလေးအားလုံးအတွက် မွေးစာရင်းထုတ်ပေးပါတယ် ဆိုတဲ့ စကားနဲ့ ရိုဟင်ဂျာတွေဟာ လူသားတွေဖြစ်တယ်လို့ အသိအမှတ်ပြုခဲ့ပေမယ့် သူတို့ရဲ့ နိုင်ငံသားဖြစ်ခွင့်ကိုတော့ အသိအမှတ် မပြုတာကို လျှောက်လဲသွားခဲ့တယ်လို့လည်း ပြန်လည်ချေပ သွားပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အဆုံးအဖြတ်မဲပေးနိုင်တဲ့ အိုင်စီဂျေ ဥက္ကဋ္ဌ (အလယ်)

ဒီနေ့ ကြားနာပွဲကို ဂမ်ဘီယာဘက်က နယ်သာလန် ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်မှာ စတင်ချေပတာပါ။ ရှေ့နေ ၃ ဦး က စတင်ချေပပြီးတော့ ဂမ်ဘီယာက တရားရေးဝန်ကြီး နဲ့ ရှေ့နေချုပ် အဘူဘာကာ တမ်ဘာဒူးက နောက်ဆုံးမှာ ချေပပါတယ်။

ဂမ်ဘီယာ ရှေ့နေတွေဟာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ကို ပြန်လည် ချေပတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ နားထောင်နေခဲ့တယ်လို့လည်း နယ်သာလန်က သည်ဟိဂ် တရားခွင်ကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဂမ်ဘီယာက တရားရေးဝန်ကြီး နဲ့ ရှေ့နေချုပ် အဘူဘာကာ တမ်ဘာဒူးဟာ အိုင်စီဂျေ အနေနဲ့ ရှေ့နေတွေ တင်ပြခဲ့သလို မြန်မာနိုင်ငံမှာ ဂျီနိုဆိုက်လို့ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုအတွက် စိုးရိမ်စရာ အခြေအနေ တွေရှိတာကြောင့် အခုလို ကြားဖြတ်စီမံဆောင်ရွက်ခွင့်ကို တောင်းဆိုတာလို့ ပြောသွားပါတယ် ။

ဒီနေ့ ညနေပိုင်းမှာတော့ မြန်မာဘက်က ပြန်လည်ချေပရမှာ ဖြစ်ပါတယ် ။

BBC Burmese
https://www.bbc.com
ဂမ္ဘီယာဘက္က ျမန္မာေရွ႕ေန႔ေတြ မျငင္းခဲ့တဲ့ အခ်က္ေတြနဲ႔ ျပန္လည္ေခ်ပ ဂမ္ဘီယာဘက္က ျမန္မာေရွ႕ေန႔ေတြ မျငင္းခဲ့တဲ့ အခ်က္ေတြနဲ႔ ျပန္လည္ေခ်ပ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.