ေဒၚစု ေထာက္ခံပြဲလုပ္ဖို႔ စည္း႐ုံးေရးဆင္းတဲ့ ဘူးသီးေတာင္ NLD ဥကၠ႒ ေပ်ာက္ဆုံးေန

ဘူးသီးေတာင္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ လုံၿခဳံေရးရဲအရာရွိ တစ္ဦး
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ဥကၠ႒ ဦးရဲသိန္းဟာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲအတြက္ ဘူးသီးေတာင္ၿမိဳ႕နယ္ထဲက ျပင္ရွည္႐ြာကို စည္း႐ုံးေရးဆင္းေဆာင္႐ြက္ဖို႔ သြားတဲ့လမ္းခရီးမွာ ေပ်ာက္ဆုံးေနတယ္လို႔ NLD ပါတီဗဟိုေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။

ဒီဇင္ဘာ ၁၁ ရက္ေန႔ ေန႔လယ္ ၁၁ နာရီကတည္းက ေပ်ာက္ဆုံးခဲ့တာ ျဖစ္ၿပီး ခုထိ အဆက္အသြယ္မရေသးဘူးလို႔ ဦးရဲသိန္းရဲ႕ မိသားစုဝင္ေတြက ေျပာပါတယ္။

"ဒီဇင္ဘာ ၁၂ ရက္ေန႔ မနက္ မိုးလင္းမွ သိတာ၊ အဲ့ဒီေနရာက လက္နက္ႀကီးက်ည္ မၾကာခဏက်တာ၊ နယ္ေျမမေအးခ်မ္းဘူး၊ ကြၽန္ေတာ္တို႔လည္း သြားလို႔မရဘူး" လို႔ ဦးရဲသိန္းရဲ႕ ညီျဖစ္သူ ဦးေအာင္ကိုေဆြက ေျပာပါတယ္။

NLD ပါတီဗဟိုေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္ကေတာ့ "ဦးရဲသိန္းက ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲလုပ္ဖို႔ စည္း႐ုံးေရးသြားတာ အမွန္တကယ္ ဘာျဖစ္ခဲ့လဲ၊ သူနဲ႔ ေနာက္ဆုံးေတြ႕ခဲ့တဲ့ ပုဂၢိဳလ္ကို ေမးျမန္းၿပီး အေျခအေနကို စုံစမ္းေနပါတယ္" လို႔ ေျပာပါတယ္။
 ေအေအနဲ႔ တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ရခိုင္ေျမာက္ပိုင္းမွာ အရပ္သား ဖမ္းဆီးခံရမႈေတြ ျမင့္တက္ေန

ျမန္မာႏိုင္ငံဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ဂ်ီႏိုဆိုက္ ကြန္ဗန္းရွင္းကို ခ်ိဳးေဖာက္တယ္လို႔ ဂမ္ဘီယာႏိုင္ငံက စြပ္စြဲထားတဲ့အေပၚ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဦးေဆာင္ေျဖရွင္းေနတာကို ဘူးသီးေတာင္မွာ ေထာက္ခံပြဲလုပ္ဖို႔ ဦးရဲသိန္းက ဦးေဆာင္စည္း႐ုံးခဲ့တာျဖစ္ၿပီး အခု သူေပ်ာက္ဆုံးေနတဲ့အတြက္ ဒီဇင္ဘာ ၁၂ ရက္ေန႔ ေနလယ္ပိုင္းမွာလုပ္မယ့္ ေထာက္ခံပြဲလည္း ပ်က္သြားတယ္လို႔ ဦးရဲသိန္းရဲ႕ ညီျဖစ္သူ ဦးေအာင္ကိုေဆြက ေျပာပါတယ္။

"ေထာက္ခံပြဲလည္း ပ်က္သြားတယ္၊ ကိုယ့္အစ္ကိုလည္း ေပ်ာက္တယ္ဆိုေတာ့ စိတ္ပူတာေပါ့၊ ဒီမွာ ကြၽန္ေတာ္တို႔ သြားခ်င္းတဲ့ေနရာ သြားလို႔မရဘူး၊ တိုင္းေရး ျပည္ေရးအေျခအေနကလည္း မေကာင္းဘူး၊ အစ္ကို ကိုပဲ ျပန္ေတြ႕ပါေစလို႔ ဆုေတာင္းတယ္" လို႔ ဦးေအာင္ကိုေဆြက ေျပာပါတယ္။

လက္ရွိမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ အျပည္ျပည္ဆိုင္ရာတရား႐ုံး အိုင္စီေဂ်မွာ ဒီဇင္ဘာ ၁၀ ရက္ေန႔ကေန ၁၂ ရက္ေန႔အထိ ၃ ရက္ၾကာ ၾကားနာပြဲကို တက္ေရာက္ေနတာျဖစ္ၿပီး ဒီဇင္ဘာ ၁၁ ရက္ေန႔တုန္းကေတာ့ ျမန္မာဘက္ကေန ေပးတဲ့ ေလွ်ာက္လဲမႈမွာ အဖြင့္မိန႔္ခြန္း ေျပာခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ဒေါ်စု ထောက်ခံပွဲလုပ်ဖို့ စည်းရုံးရေးဆင်းတဲ့ ဘူးသီးတောင် NLD ဥက္ကဋ္ဌ ပျောက်ဆုံးနေ

ဓာတ်ပုံ မူပိုင် KHINE HTOO MRAT/AFP via Getty Images
Image caption ဘူးသီးတောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးရဲအရာရှိ တစ်ဦး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲအတွက် ဘူးသီးတောင်မြို့နယ်ထဲက ပြင်ရှည်ရွာကို စည်းရုံးရေးဆင်းဆောင်ရွက်ဖို့ သွားတဲ့လမ်းခရီးမှာ ပျောက်ဆုံးနေတယ်လို့ NLD ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၁၁ နာရီကတည်းက ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး ခုထိ အဆက်အသွယ်မရသေးဘူးလို့ ဦးရဲသိန်းရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

"ဒီဇင်ဘာ ၁၂ ရက်နေ့ မနက် မိုးလင်းမှ သိတာ၊ အဲ့ဒီနေရာက လက်နက်ကြီးကျည် မကြာခဏကျတာ၊ နယ်မြေမအေးချမ်းဘူး၊ ကျွန်တော်တို့လည်း သွားလို့မရဘူး" လို့ ဦးရဲသိန်းရဲ့ ညီဖြစ်သူ ဦးအောင်ကိုဆွေက ပြောပါတယ်။

NLD ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ "ဦးရဲသိန်းက ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲလုပ်ဖို့ စည်းရုံးရေးသွားတာ အမှန်တကယ် ဘာဖြစ်ခဲ့လဲ၊ သူနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ ပုဂ္ဂိုလ်ကို မေးမြန်းပြီး အခြေအနေကို စုံစမ်းနေပါတယ်" လို့ ပြောပါတယ်။
Image caption အေအေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်းမှာ အရပ်သား ဖမ်းဆီးခံရမှုတွေ မြင့်တက်နေ

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားတဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဖြေရှင်းနေတာကို ဘူးသီးတောင်မှာ ထောက်ခံပွဲလုပ်ဖို့ ဦးရဲသိန်းက ဦးဆောင်စည်းရုံးခဲ့တာဖြစ်ပြီး အခု သူပျောက်ဆုံးနေတဲ့အတွက် ဒီဇင်ဘာ ၁၂ ရက်နေ့ နေလယ်ပိုင်းမှာလုပ်မယ့် ထောက်ခံပွဲလည်း ပျက်သွားတယ်လို့ ဦးရဲသိန်းရဲ့ ညီဖြစ်သူ ဦးအောင်ကိုဆွေက ပြောပါတယ်။

"ထောက်ခံပွဲလည်း ပျက်သွားတယ်၊ ကိုယ့်အစ်ကိုလည်း ပျောက်တယ်ဆိုတော့ စိတ်ပူတာပေါ့၊ ဒီမှာ ကျွန်တော်တို့ သွားချင်းတဲ့နေရာ သွားလို့မရဘူး၊ တိုင်းရေး ပြည်ရေးအခြေအနေကလည်း မကောင်းဘူး၊ အစ်ကို ကိုပဲ ပြန်တွေ့ပါစေလို့ ဆုတောင်းတယ်" လို့ ဦးအောင်ကိုဆွေက ပြောပါတယ်။

လက်ရှိမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၃ ရက်ကြာ ကြားနာပွဲကို တက်ရောက်နေတာဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့တုန်းကတော့ မြန်မာဘက်ကနေ ပေးတဲ့ လျှောက်လဲမှုမှာ အဖွင့်မိန့်ခွန်း ပြောခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ေဒၚစု ေထာက္ခံပြဲလုပ္ဖို႔ စည္း႐ုံးေရးဆင္းတဲ့ ဘူးသီးေတာင္ NLD ဥကၠ႒ ေပ်ာက္ဆုံးေန ေဒၚစု ေထာက္ခံပြဲလုပ္ဖို႔ စည္း႐ုံးေရးဆင္းတဲ့ ဘူးသီးေတာင္ NLD ဥကၠ႒ ေပ်ာက္ဆုံးေန Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.