ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ အပါအဝင္ေလးဦးကို အေမရိကန္ ပိတ္ဆို႔အေရးယူ

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္။
(Zawgyi)⤵⤵⤵
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အပါအဝင္ ျမန္မာစစ္ဗိုလ္ခ်ဳပ္ ေလးဦးကို နာမည္ပ်က္စာရင္းသြင္းၿပီး ပိတ္ဆို႔အေရးယူလိုက္ေၾကာင္း အေမရိကန္ျပည္ေထာင္စု ဘ႑ာေရး ဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ဗိုလ္မႉးခ်ဳပ္သန္းဦးနဲ႔ ဗိုလ္မႉးခ်ဳပ္ ေအာင္ေအာင္ တို႔ကို ပိတ္ဆို႔အေရးယူလိုက္တာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္အပါအဝင္ ျမန္မာႏိုင္ငံတြင္းက လူနည္းစု တိုင္းရင္းသားေတြအေပၚ ျမန္မာစစ္တပ္ရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ စြဲခ်က္ေတြအတြက္ အခုလို အေရးယူလိုက္တာလို႔ ဒီေန႔က်ေရာက္တဲ့ ႏိုင္ငံတကာ လူ႔အခြင့္အေရးေန႔ျဖစ္တဲ့ ဒီဇင္ဘာလ ၁ဝ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါဟာ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး၊ အရပ္သားဦးေဆာင္တဲ့ စီးပြားေရးျပဳျပင္ေျပာင္းေရးနဲ႔၊ စစ္တပ္ကို အရပ္သားအစိုးရက ထိန္းခ်ဳပ္ႏိုင္ေရးတို႔အတြက္ အေမရိကန္ရဲ႕ႀကိဳးပမ္းမႈကို အေထာက္အကူ ျဖစ္ေစမယ္လို႔ အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနရဲ႕ ျပည္ပပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ေရးဆိုင္ရာ ဌာန (Office of Foreign Assets Control) က ထုတ္ျပန္ထားပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ လူေပါင္းငါးသိန္းေက်ာ္ ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးခဲ့ရတဲ့ ရခိုင္ျပည္နယ္က ရက္စက္ၾကမ္းၾကဳပ္တဲ့ စစ္ဆင္ေရးေတြမွာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ အဓိကတာဝန္ရွိသူ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ အလားတူပဲ တပ္မေတာ္ ဒုတိယ ကာကြယ္ေရးဦးစီးခ်ဳပ္ ျဖစ္တဲ့ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၊ အမွတ္ (၉၉) ေျချမန္တပ္မဌာနခ်ဳပ္ တပ္မမႉး တာဝန္ယူခဲ့တဲ့ ဗိုလ္မႉးခ်ဳပ္သန္းဦး၊ အမွတ္ (၃၃) ေျချမန္တပ္မဌာနခ်ဳပ္ တပ္မမႉး တာဝန္ယူခဲ့တဲ့ ဗိုလ္မႉးခ်ဳပ္ေအာင္ေအာင္ တို႔ဟာလည္း ဒီလူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြမွာ အသီးသီး တာဝန္ရွိသူေတြျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

လူ႔အခြင့္အေရးေရွ႕ေနတစ္ဦးျဖစ္တဲ့ ဦးမင္းလြင္ဦးကေတာ့.. ျမန္မာစစ္တပ္ ေခါင္းေဆာင္ေတြကို အေမရိကန္က ပိတ္ဆို႔ အေရးယူလိုက္တဲ့အေပၚ အခုလို မွတ္ခ်က္ခ် ေျပာဆိုပါတယ္။

“ဒီလိုမ်ိဳးျဖစ္လာမယ္လို႔ ျမန္မာႏိုင္ငံက စစ္ေခါင္းေဆာင္ေတြက ႀကိဳတင္တြက္ၿပီးသားလည္း ျဖစ္ေနမွာပါ။ တိုက္႐ိုက္ထိခိုက္မႈ ဘာရွိႏိုင္လဲဆိုေတာ့.... ႏိုင္ငံျခားမွာဖြင့္ထားတဲ့ သူတို႔ရဲ႕ ေငြစာရင္းေတြ၊ ေဒၚလာေငြေၾကး စီးဆင္းမႈေတြ ရပ္တန႔္သြားေအာင္ ပိတ္ဆို႔လိုက္တဲ့ ပုံစံမ်ိဳး ျဖစ္လာႏိုင္တာေပ့ါ။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ရဲ႕ ပိုင္ဆိုင္မႈေတြက မိန္းမေတြ၊ ေဆြမ်ိဳးအသိုင္းအဝိုင္းေတြ စတဲ့နာမည္ေတြနဲ႔ ထားတာျဖစ္တဲ့အတြက္ သူတို႔အေနနဲ႔ ဒီဥစၥာက သိပ္ၿပီးေတာ့ ထိေရာက္မႈ ရွိလိမ့္မယ္လို႔ က်ေနာ္မထင္ဘူး။ ဒါေပမဲ့ ပုံရိပ္ေတာ့ ပ်က္စီးတာေပါ့ေနာ္”

ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၆ ရက္ေန႔ကလည္း ဒီစစ္တပ္ေခါင္းေဆာင္ေလးဦးနဲ႔ သူတို႔ရဲ႕မိသားစုဝင္ေတြ အေမရိကန္ လာေရာက္ခြင့္ ပိတ္ပင္လိုက္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင်လေးဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: Reuters

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ဗိုလ်ချုပ် လေးဦးကို နာမည်ပျက်စာရင်းသွင်းပြီး ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ်သန်းဦးနဲ့ ဗိုလ်မှူးချုပ် အောင်အောင် တို့ကို ပိတ်ဆို့အရေးယူလိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတွင်းက လူနည်းစု တိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွဲချက်တွေအတွက် အခုလို အရေးယူလိုက်တာလို့ ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အရပ်သားဦးဆောင်တဲ့ စီးပွားရေးပြုပြင်ပြောင်းရေးနဲ့၊ စစ်တပ်ကို အရပ်သားအစိုးရက ထိန်းချုပ်နိုင်ရေးတို့အတွက် အမေရိကန်ရဲ့ကြိုးပမ်းမှုကို အထောက်အကူ ဖြစ်စေမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာ ဌာန (Office of Foreign Assets Control) က ထုတ်ပြန်ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လူပေါင်းငါးသိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတဲ့ ရခိုင်ပြည်နယ်က ရက်စက်ကြမ်းကြုပ်တဲ့ စစ်ဆင်ရေးတွေမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် အဓိကတာဝန်ရှိသူ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အလားတူပဲ တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ်သန်းဦး၊ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ်အောင်အောင် တို့ဟာလည်း ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အသီးသီး တာဝန်ရှိသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးကတော့.. မြန်မာစစ်တပ် ခေါင်းဆောင်တွေကို အမေရိကန်က ပိတ်ဆို့ အရေးယူလိုက်တဲ့အပေါ် အခုလို မှတ်ချက်ချ ပြောဆိုပါတယ်။

“ဒီလိုမျိုးဖြစ်လာမယ်လို့ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေက ကြိုတင်တွက်ပြီးသားလည်း ဖြစ်နေမှာပါ။ တိုက်ရိုက်ထိခိုက်မှု ဘာရှိနိုင်လဲဆိုတော့.... နိုင်ငံခြားမှာဖွင့်ထားတဲ့ သူတို့ရဲ့ ငွေစာရင်းတွေ၊ ဒေါ်လာငွေကြေး စီးဆင်းမှုတွေ ရပ်တန့်သွားအောင် ပိတ်ဆို့လိုက်တဲ့ ပုံစံမျိုး ဖြစ်လာနိုင်တာပေ့ါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေက မိန်းမတွေ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေ စတဲ့နာမည်တွေနဲ့ ထားတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ ဒီဥစ္စာက သိပ်ပြီးတော့ ထိရောက်မှု ရှိလိမ့်မယ်လို့ ကျနော်မထင်ဘူး။ ဒါပေမဲ့ ပုံရိပ်တော့ ပျက်စီးတာပေါ့နော်”

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကလည်း ဒီစစ်တပ်ခေါင်းဆောင်လေးဦးနဲ့ သူတို့ရဲ့မိသားစုဝင်တွေ အမေရိကန် လာရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ အပါအဝင္ေလးဦးကို အေမရိကန္ ပိတ္ဆို႔အေရးယူ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ အပါအဝင္ေလးဦးကို အေမရိကန္ ပိတ္ဆို႔အေရးယူ Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.