အီးယူက အထူးကုန္သြယ္ခြန္ ျပန္႐ုပ္သိမ္းမွာကို လုပ္ငန္းရွင္ေတြ စိုးရိမ္ေန

 ေ႐ႊျပည္သာ အထည္ခ်ဳပ္စက္႐ုံလုပ္ငန္းခြင္ တစ္ခု
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံအေပၚ ဥေရာပသမဂၢ အီးယူက ကုန္သြယ္မႈအထူးအခြင့္အေရး GSP ႐ုပ္သိမ္းမယ္ဆိုရင္ အထည္ခ်ဳပ္လုပ္ငန္းကို အမ်ားႀကီး ထိခိုက္လာႏိုင္မွာျဖစ္ၿပီး အလုပ္အကိုင္အခြင့္အလမ္းေတြလည္း ေလ်ာ့ပါးသြားႏိုင္တယ္လို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္ UMFCCI ဒုတိယ ဥကၠ႒ ေဒါက္တာေမာင္ေမာင္ေလးက ေျပာပါတယ္။

အီးယူဟာ ျမန္မာႏိုင္ငံကို ၂၀၁၃ ခုႏွစ္ကစလို႔ ကုန္သြယ္ခြန္ စည္းၾကပ္မႈ ေလွ်ာ့ေပါ့တဲ့ အထူးအခြင့္အေရးေပးခဲ့တာျဖစ္ၿပီး အခုေတာ့ ဒါကို ျပန္႐ုပ္ဖို႔ ဥေရာပသမဂၢ အီးယူေကာ္မရွင္က ျပန္လည္ သုံးသပ္ေနတာ ျဖစ္ပါတယ္။

"အီးယူ အခ်က္အလက္ရွာေဖြေရးအဖြဲ႕က လာမယ့္ႏွစ္ အေစာပိုင္း လာဖို႔ရွိတယ္၊ ဒီမွာ ေလ့လာမယ္၊ စုံစမ္းေထာက္လွမ္းမယ္၊ ၿပီးတာနဲ႔ ဆုံးျဖတ္ခ်က္ ခ်လိမ့္မယ္နဲ႔ တူပါတယ္" လို႔ UMFCCI ဒုတိယ ဥကၠ႒ ေဒါက္တာေမာင္ေမာင္ေလးက ေျပာပါတယ္။

"အီးယူက GSP ႐ုပ္သိမ္းမယ္ဆိုရင္ အထည္ခ်ဳပ္လုပ္ငန္းကို အမ်ားႀကီးထိခိုက္မယ္၊ အေျခခံလုပ္သားေတြ ထိခိုက္မယ္၊ အလုပ္အကိုင္ရရွိမႈ ထိခိုက္မယ္၊ တိုင္းျပည္ကိုလည္း ထိခိုက္ႏိုင္တယ္" လို႔ ေဒါက္တာေမာင္ေမာင္ေလးက ဆက္ေျပာပါတယ္။

အီးယူရဲ႕ ကုန္သြယ္မႈအထူးအခြင့္အေရးအရ 'ျမန္မာႏိုင္ငံမွာ ခ်ဳပ္လုပ္သည္' Made In Myanmar ဆိုတဲ့ အဝတ္အထည္၊ ဖိနပ္၊ အိတ္ စတဲ့ ပစၥည္းေတြကို ဥေရာပသမဂၢႏိုင္ငံေတြဆီ တင္ပို႔မယ္ဆိုရင္ အခြန္အခ ကင္းလြတ္ခြင့္ရတာ ျဖစ္ပါတယ္။

အဲ့ဒီလုပ္ငန္းေတြထဲမွာ အထည္ခ်ဳပ္လုပ္ငန္းကေန တင္ပို႔တာက ၉၅ % အထိ ရွိပါတယ္။

    အီးယူရဲ႕ကုန္သြယ္မႈအခြင့္အေရးမ႐ုပ္သိမ္းဖို႔ အလုပ္သမားအဖြဲ႕ေရာ အစိုးရကပါ ထုတ္ေျပာ

ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းရဲ႕ စာရင္းအခ်က္အလက္ေတြအရ အထည္ခ်ဳပ္လုပ္ငန္းကေနရတဲ့ ကုန္သြယ္မႈတန္ဖိုးက ၂၀၁၇ မွာ ယူ႐ိုေငြ ၂.၆ ဘီလီယံရွိခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွာ ၄.၇ ဘီလီယံ ရွိခဲ့ပါတယ္။

၂၀၁၇ နဲ႔ ၂၀၁၈ ကို ႏႈိင္းယွဥ္မယ္ဆိုရင္ အထည္ခ်ဳပ္လုပ္ငန္းရဲ႕ ကုန္သြယ္မႈတန္ဖိုးက ၇၀% အထိ တက္လာခဲ့တာလည္း ျဖစ္ပါတယ္။

"အီးယူရဲ႕ GSP ေၾကာင့္ အထည္ခ်ဳပ္က အမ်ားႀကီး တက္သြားတာ" လို႔ ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း အေထြေထြအတြင္းေရးမႉး ေဒၚခိုင္ခိုင္ႏြယ္က ေျပာပါတယ္။

ကုန္သည္စက္မႈအသင္းခ်ဳပ္က ၂၀၁၈ ခုႏွစ္မွာ ေကာက္ယူထားတဲ့စစ္တမ္းအရလည္း ျမန္မာႏိုင္ငံက အထည္ခ်ဳပ္လုပ္ငန္းမွာ လုပ္ကိုင္ေနတဲ့ ဝန္ထမ္း ၄ သိန္းဝန္းက်င္ရွိတယ္လို႔ ေဖာ္ျပပါတယ္။
အထည္ခ်ဳပ္ လုပ္ငန္းခြင္တခု

လက္ရွိမွာလည္း ျမန္မာႏိုင္ငံဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ဂ်ီႏိုဆိုက္ ကြန္ဗန္းရွင္းကို ခ်ိဳးေဖာက္တယ္လို႔ ဂမ္ဘီယာႏိုင္ငံက စြပ္စြဲထားတဲ့အေပၚ အျပည္ျပည္ဆိုင္ရာတရား႐ုံး အိုင္စီေဂ်မွာ ေလွ်ာက္လဲေနရတာျဖစ္ၿပီး ဒါ့ေၾကာင့္ ႏိုင္ငံအေပၚ စီးပြားေရးအရ အေရးယူ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ရွိလာမွာကို လုပ္ငန္းရွင္တခ်ိဳ႕က စိုးရိမ္ေနၾကပါတယ္။

ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း အေထြေထြအတြင္းေရးမႉး ေဒၚခိုင္ခိုင္ႏြယ္ကေတာ့ "လုပ္ငန္းရွင္ဘက္က ကေလးလုပ္သားမရွိေစရဘူးဆိုတဲ့ ကိစၥေတြလို အလုပ္သမားအခြင့္အေရးဘက္ကေရာ လူ႔အခြင့္အေရးဘက္ကေရာ ျပည့္မီေအာင္ ေဆာင္႐ြက္ေနပါတယ္" လို႔ ေျပာပါတယ္။

ျပည္တြင္းက အထည္ခ်ဳပ္လုပ္ငန္းမွာ တ႐ုတ္ ဂ်ပန္ ကိုရီးယားစတဲ့ ႏိုင္ငံျခားသားပိုင္ စက္႐ုံေတြလည္း ရွိေနၿပီး လုပ္ငန္းရွင္ ၅၀၀ ေက်ာ္ထဲမွာ တ႐ုတ္ႏိုင္ငံသား လုပ္ငန္းရွင္က ၂၀၀ ေက်ာ္ရွိတယ္လို႔လည္း ေဒၚခိုင္ခိုင္ႏြယ္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
အီးယူက အထူးကုန်သွယ်ခွန် ပြန်ရုပ်သိမ်းမှာကို လုပ်ငန်းရှင်တွေ စိုးရိမ်နေ

ဓာတ်ပုံ မူပိုင် Ye Aung Thu/AFP via Getty Images
Image caption ရွှေပြည်သာ အထည်ချုပ်စက်ရုံလုပ်ငန်းခွင် တစ်ခု

မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ အီးယူက ကုန်သွယ်မှုအထူးအခွင့်အရေး GSP ရုပ်သိမ်းမယ်ဆိုရင် အထည်ချုပ်လုပ်ငန်းကို အများကြီး ထိခိုက်လာနိုင်မှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း လျော့ပါးသွားနိုင်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ် UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

အီးယူဟာ မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်ကစလို့ ကုန်သွယ်ခွန် စည်းကြပ်မှု လျှော့ပေါ့တဲ့ အထူးအခွင့်အရေးပေးခဲ့တာဖြစ်ပြီး အခုတော့ ဒါကို ပြန်ရုပ်ဖို့ ဥရောပသမဂ္ဂ အီးယူကော်မရှင်က ပြန်လည် သုံးသပ်နေတာ ဖြစ်ပါတယ်။

"အီးယူ အချက်အလက်ရှာဖွေရေးအဖွဲ့က လာမယ့်နှစ် အစောပိုင်း လာဖို့ရှိတယ်၊ ဒီမှာ လေ့လာမယ်၊ စုံစမ်းထောက်လှမ်းမယ်၊ ပြီးတာနဲ့ ဆုံးဖြတ်ချက် ချလိမ့်မယ်နဲ့ တူပါတယ်" လို့ UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

"အီးယူက GSP ရုပ်သိမ်းမယ်ဆိုရင် အထည်ချုပ်လုပ်ငန်းကို အများကြီးထိခိုက်မယ်၊ အခြေခံလုပ်သားတွေ ထိခိုက်မယ်၊ အလုပ်အကိုင်ရရှိမှု ထိခိုက်မယ်၊ တိုင်းပြည်ကိုလည်း ထိခိုက်နိုင်တယ်" လို့ ဒေါက်တာမောင်မောင်လေးက ဆက်ပြောပါတယ်။

အီးယူရဲ့ ကုန်သွယ်မှုအထူးအခွင့်အရေးအရ 'မြန်မာနိုင်ငံမှာ ချုပ်လုပ်သည်' Made In Myanmar ဆိုတဲ့ အဝတ်အထည်၊ ဖိနပ်၊ အိတ် စတဲ့ ပစ္စည်းတွေကို ဥရောပသမဂ္ဂနိုင်ငံတွေဆီ တင်ပို့မယ်ဆိုရင် အခွန်အခ ကင်းလွတ်ခွင့်ရတာ ဖြစ်ပါတယ်။

အဲ့ဒီလုပ်ငန်းတွေထဲမှာ အထည်ချုပ်လုပ်ငန်းကနေ တင်ပို့တာက ၉၅ % အထိ ရှိပါတယ်။

    အီးယူရဲ့ကုန်သွယ်မှုအခွင့်အရေးမရုပ်သိမ်းဖို့ အလုပ်သမားအဖွဲ့ရော အစိုးရကပါ ထုတ်ပြော

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ စာရင်းအချက်အလက်တွေအရ အထည်ချုပ်လုပ်ငန်းကနေရတဲ့ ကုန်သွယ်မှုတန်ဖိုးက ၂၀၁၇ မှာ ယူရိုငွေ ၂.၆ ဘီလီယံရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ၄.၇ ဘီလီယံ ရှိခဲ့ပါတယ်။

၂၀၁၇ နဲ့ ၂၀၁၈ ကို နှိုင်းယှဉ်မယ်ဆိုရင် အထည်ချုပ်လုပ်ငန်းရဲ့ ကုန်သွယ်မှုတန်ဖိုးက ၇၀% အထိ တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

"အီးယူရဲ့ GSP ကြောင့် အထည်ချုပ်က အများကြီး တက်သွားတာ" လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်က ၂၀၁၈ ခုနှစ်မှာ ကောက်ယူထားတဲ့စစ်တမ်းအရလည်း မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်း ၄ သိန်းဝန်းကျင်ရှိတယ်လို့ ဖော်ပြပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption အထည်ချုပ် လုပ်ငန်းခွင်တခု

လက်ရှိမှာလည်း မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားတဲ့အပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ လျှောက်လဲနေရတာဖြစ်ပြီး ဒါ့ကြောင့် နိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိလာမှာကို လုပ်ငန်းရှင်တချို့က စိုးရိမ်နေကြပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကတော့ "လုပ်ငန်းရှင်ဘက်က ကလေးလုပ်သားမရှိစေရဘူးဆိုတဲ့ ကိစ္စတွေလို အလုပ်သမားအခွင့်အရေးဘက်ကရော လူ့အခွင့်အရေးဘက်ကရော ပြည့်မီအောင် ဆောင်ရွက်နေပါတယ်" လို့ ပြောပါတယ်။

ပြည်တွင်းက အထည်ချုပ်လုပ်ငန်းမှာ တရုတ် ဂျပန် ကိုရီးယားစတဲ့ နိုင်ငံခြားသားပိုင် စက်ရုံတွေလည်း ရှိနေပြီး လုပ်ငန်းရှင် ၅၀၀ ကျော်ထဲမှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်က ၂၀၀ ကျော်ရှိတယ်လို့လည်း ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

BBC Burmese
https://www.bbc.com
အီးယူက အထူးကုန္သြယ္ခြန္ ျပန္႐ုပ္သိမ္းမွာကို လုပ္ငန္းရွင္ေတြ စိုးရိမ္ေန အီးယူက အထူးကုန္သြယ္ခြန္ ျပန္႐ုပ္သိမ္းမွာကို လုပ္ငန္းရွင္ေတြ စိုးရိမ္ေန Reviewed by THITHTOOLWIN on 00:58 Rating: 5
Powered by Blogger.