အိုင္စီေဂ်က ထုတ္ျပန္လိုက္တဲ့ ျမန္မာဂမ္ဘီယာ ႏွစ္ႏိုင္ငံေတာင္းဆိုခ်က္ေတြက ဘာေတြလဲ

 အမႈကို စာရင္းကေန လုံးဝပယ္ဖ်က္ဖို႔ ျမန္မာဘက္က ေတာင္းဆိုထား
(Zawgyi)⤵⤵⤵
အျပည္ျပည္ဆိုင္ရာတရား႐ုံး အိုင္စီေဂ်က ၾကားနာမႈသုံးရက္တာအၿပီးမွာ ဒီဇင္ဘာ ၁၂ ရက္ ရက္စြဲနဲ႔ သတင္း ထုတ္ျပန္ခ်က္တစ္ခု ထုတ္ျပန္လိုက္ၿပီး အဲဒီမွာ ဂမ္ဘီယာက ေတာင္းဆိုတဲ့အခ်က္ ၆ ခ်က္နဲ႔ ျမန္မာႏိုင္ငံက ေတာင္းဆိုတဲ့အခ်က္ ၂ ခ်က္တို႔ကို ေဖာ္ျပထားပါတယ္။
ဂမ္ဘီယာကေတာင္းဆိုတဲ့အခ်က္ေတြက ဘာေတြလဲ

ဂမ္ဘီယာက အျပည္ျပည္ဆိုင္ရာတရား႐ုံးအိုင္စီေဂ်အေနနဲ႔ အင္မတန္မွအေရးႀကီးတဲ့အတြက္ လတ္တေလာ အေနနဲ႔ ေအာက္ေဖာ္ျပပါ လတ္တေလာစီမံေဆာင္႐ြက္ခ်က္ေတြကို ထုတ္ျပန္ေပးဖို႔ ေမတၱာရပ္ခံပါတယ္ဆိုၿပီး ေျခာက္ခ်က္ကို တင္ျပခဲ့တာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။ အဲဒါေတြကေတာ့
ဂမ္ဘီယာက ျမန္မာကို ၾကားျဖတ္စီမံခ်က္ ခ်မွတ္ေပးဖို႔ အိုင္စီေဂ်ကို တင္ျပထားပါတယ္။

(၁)လူမ်ိဳးတုံးသတ္ျဖတ္မႈ ဂ်ီႏိုဆိုက္လို႔ ယူဆႏိုင္တဲ့၊ ဂ်ီႏိုဆိုက္လို႔ ဦးတည္သြားေစႏိုင္တဲ့ အရာအားလုံးကို ျမန္မာ အစိုးရက ရပ္တန႔္ေပးဖို႔နဲ႔ ႐ိုဟင္ဂ်ာေတြ ကို ဥပေဒမဲ့သတ္ျဖတ္တာ၊ ႐ုပ္ပိုင္းဆိုင္ရာညႇင္းပန္းႏွိပ္စက္တာ၊ အဓမၼျပဳက်င့္တာ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္တာ၊ အိုးအိမ္ေတြ နဲ႔ရပ္႐ြာေတြကို မီးရႈိ႕တာ၊ တိရစာၦန္ေတြနဲ႔ ေျမယာေတြကို မီးရႈိ႕ဖ်က္ဆီးတာ၊ အသက္ရွင္ေနထိုင္ေရးအတြက္လိုအပ္တဲ့အရာေတြကိုဖ်က္ဆီးတာကို မလုပ္ဖို႔

(၂) ျမန္မာစစ္တပ္၊ လက္နက္ကိုင္တပ္ဖြဲ႕ေတြ၊ တျခား လူပုဂၢိဳလ္အဖြဲ႕အစည္းေတြကမဆို ဂ်ႏိုဆိုက္ကို ထပ္မက်ဴးလြန္ဖို႔၊ ဂ်ီႏိုဆိုက္က်ဴးလြန္ဖို႔ ပူးေပါင္းေဆာင္႐ြက္ျခင္းမရွိဖို႔၊ ဂ်ီႏိုဆိုက္ျဖစ္ရန္လႈံ႕ေဆာ္တာ၊ ဂ်ီႏိုဆိုက္မွာ ပါဝင္ပတ္သက္ျခင္းမရွိဖို႔၊ ဥပေဒမဲ့စီရင္ျခင္းမျပဳလုပ္ဖို႔၊

(၃) ျမန္မာက သက္ေသအေထာက္အထားေတြကို မဖ်က္ဆီးဖို႔၊ သက္ေသခံပစၥည္းေတြကို တျခားသူမ်ား ၾကည့္ရႈခြင့္၊ ေလ့လာခြင့္မရေအာင္ မျပဳလုပ္ဖို႔

(၄) ျမန္မာနဲ႔ဂမ္ဘီယာတို႔အေနနဲ႔ ဘယ္လိုလက္တုံ႔ျပန္တဲ့ေဆာင္႐ြက္ခ်က္ေတြကိုမွမျပဳလုပ္ဖို႔နဲ႔ အေျခအေနကို ပိုဆိုးလာမယ့္ကိစၥရပ္ေတြကိုေတြ မျပဳမလုပ္ဖို႔

(၅) ၾကားျဖတ္စီမံခ်က္ေတြကို ခ်မွတ္ခဲ့လို႔ရွိရင္ ေလးလအတြင္း ႏွစ္ဖက္ႏိုင္ငံက လုပ္ေဆာင္ခ်က္ေတြကို အစီရင္ခံ စာတင္ျပဖို႔

(၆) ျမန္မာဟာ ကုလသမဂၢရဲ႕ အခ်က္အလက္ရွာေဖြေရးမစ္ရွင္ Fact-finding Mission နဲ႔ တျခားကုလ အဖြဲ႕အစည္းေတြအားလုံးရဲ႕ စုံစမ္းစစ္ေဆးမႈေတြမွာ ပူးေပါင္းေဆာင္႐ြက္ဖို႔

စတာေတြျဖစ္ပါတယ္။
ျမန္မာဘက္က ဘာေတြေတာင္းဆိုထားလဲ

ျမန္မာအစိုးရကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ ျဖစ္တဲ့ေဒၚေအာင္ဆန္းစုၾကည္က ဒီဇင္ဘာ ၁၂ ရက္က သူ႔ရဲ႕ အၿပီးသတ္ေလွ်ာက္လဲခ်က္မွာ အခ်က္ႏွစ္ခ်က္ ကို ေတာင္းဆိုခဲ့ပါတယ္။ ဒီႏွစ္ခ်က္ကို အိုင္စီေဂ်တရား႐ုံးက အခုလို ထုတ္ျပန္ထားပါတယ္။

ျမန္မာဘက္ကေတာင္းဆိုတာကေတာ့

(၁) အမႈကို စာရင္းကေန လုံးဝပယ္ဖ်က္ဖို႔နဲ႔

(၂) မပယ္ဖ်က္ေပးႏိုင္ရင္ ဂမ္ဘီယာဘက္က ေတာင္းဆိုထားတဲ့ ၾကားျဖတ္စီမံခ်က္ေတြ ေဆာင္႐ြက္ဖို႔အမိန႔္ကို မထုတ္ေပးဖို႔

စတဲ့ႏွစ္ခ်က္ျဖစ္ပါတယ္။

အျပည္ျပည္ဆိုင္ရာတရား႐ုံး အိုင္စီေဂ်ဥကၠ႒တရားသူႀကီးက ဒီဇင္ဘာ ၁၂ ရက္ ၾကားနာမႈေတြအၿပီးမွာ တရား႐ုံး ဆုံးျဖတ္ခ်က္ကို လူထု တက္ေရာက္ နားေထာင္ႏိုင္တဲ့တရားခြင္အျဖစ္ ေဆာင္႐ြက္မွာျဖစ္ၿပီး ၾကားနာမယ့္ရက္ကို သင့္ေတာ္တဲ့အခ်ိန္မွာ ေၾကညာမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အခုလိုၾကားနာမႈအၿပီးမွာ ျမန္မာႏိုင္ငံဘက္က ေလွ်ာက္လဲခ်က္ေတြနဲ႔ပတ္သက္လို႔ ႐ိုဟင္ဂ်ာအသိုင္းအဝိုင္းနဲ႔ ႏိုင္ငံတကာက ျပင္းထန္တဲ့တုံ႔ျပန္မႈေတြ ရွိလာခဲ့ပါတယ္။
အိုင္စီေဂ်တရား႐ုံးေရွ႕ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံမႈေတြေရာကန႔္ကြက္ဆႏၵျပမႈေတြပါ ရွိခဲ့

ဒါေပမဲ့ အိုင္စီေဂ်တရားသူႀကီးေတြက ႏိုင္ငံေတြကို ကိုယ္စားျပဳၿပီး တရားစီရင္တာမဟုတ္တဲ့အတြက္ တရားစီရင္ဆုံးျဖတ္တဲ့ေနရာမွာ အဲဒီလို တုံ႔ျပန္မႈ ေတြကို ထည့္သြင္းဆုံးျဖတ္ဖို႔မရွိဘူးလို႔ ဥပေဒပညာရွင္ ပါေမာကၡ ေဒါက္တာျမင့္ဇံက ဘီဘီစီကိုေျပာပါတယ္။ တုံ႔ျပန္မႈဆိုတဲ့ေနရာမွာ အခုလို တစ္ဖက္က ျပင္းထန္တဲ့တုံ႔ျပန္မႈေတြေရာ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံဆႏၵျပပြဲေတြပါ ထည့္သြင္းစဥ္းစားဆုံးျဖတ္မွာမဟုတ္ဘူးလို႔ သူက ဆိုပါတယ္။

ဘယ္ တရား႐ုံးမွာပဲ ျဖစ္ျဖစ္ တရား သူႀကီးက ျပစ္မႈ ေျမာက္တယ္ မေျမာက္ဘူး ဆိုတာကို Innocent until proven guilty (အျပစ္ရွိေၾကာင္း သက္ေသ မျပႏိုင္သေ႐ြ႕ အျပစ္မရွိဘူး) ဆိုတဲ့ အေျခခံနဲ႔ စဥ္းစားရၿပီး ျပစ္မႈက်ဴးလြန္ေၾကာင္းကို သံသယ လုံးဝမရွိတဲ့ အေနအထား Beyond reasonable doubt အထိ စြပ္စြဲသူဘက္က သက္ေသျပႏိုင္ဖို႔ လိုတဲ့ အတြက္ အခု အမႈမွာ ဂမ္ဘီယာဘက္က စြပ္စြဲခ်က္ ေတြက သံသယ ကင္းေစတဲ့ အထိ တင္ျပႏိုင္ခဲ့မႈအပိုင္း အားနည္းခ်က္ေတြ ရွိေနတယ္လို႔ ဥပေဒ ပညာရွင္ ေဒါက္တာ အင္ဒ႐ူး ငြန္က်ဳံးလ်န္ ကေတာ့ သုံးသပ္ပါတယ္။

သုံးရက္တာၾကားနာပြဲကို သြားေရာက္သတင္းယူခဲ့တဲ့ ဘီဘီစီသတင္းေထာက္ရဲ႕ တရားသူႀကီးေတြကို ေမးျမန္းခ်က္အရ ဒီအမႈဟာ လာမယ့္ႏွစ္ဇန္နဝါရီလဆန္းေလာက္မွာ အဆုံးအျဖတ္ထြက္လာႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီကေန႔မွာ နယ္သာလန္ ေအာက္လႊတ္ေတာ္ႏိုင္ငံျခားေရးေကာ္မတီနဲ႔လည္း ေတြ႕ဆုံၿပီး ျမန္မာကို ဂမ္ဘီယာႏိုင္ငံက စြဲဆိုထားတဲ့ လူမ်ိဳးတုံးသတ္ျဖတ္မႈစြပ္စြဲခ်က္နဲ႔ပတ္သက္လို႔ ေဆြးေႏြးဖြယ္ရွိတယ္လို႔ နယ္သာလန္တိုင္းမ္သတင္းက ေဖာ္ျပထားပါတယ္။

လတ္တေလာမွာ ျမန္မာကိုတရားစြဲထားတဲ့ ဂမ္ဘီယာကိုေထာက္ခံဖို႔ နယ္သာလန္နဲ႔ကေနဒါႏွစ္ႏိုင္ငံ ပူးတြဲၿပီး ဒီဇင္ဘာ ၉ ရက္မွာေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
အိုင်စီဂျေက ထုတ်ပြန်လိုက်တဲ့ မြန်မာဂမ်ဘီယာ နှစ်နိုင်ငံတောင်းဆိုချက်တွေက ဘာတွေလဲ

ဓာတ်ပုံ မူပိုင် KOEN VAN WEEL/ANP/AFP via Getty Images
Image caption အမှုကို စာရင်းကနေ လုံးဝပယ်ဖျက်ဖို့ မြန်မာဘက်က တောင်းဆိုထား

အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေက ကြားနာမှုသုံးရက်တာအပြီးမှာ ဒီဇင်ဘာ ၁၂ ရက် ရက်စွဲနဲ့ သတင်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်လိုက်ပြီး အဲဒီမှာ ဂမ်ဘီယာက တောင်းဆိုတဲ့အချက် ၆ ချက်နဲ့ မြန်မာနိုင်ငံက တောင်းဆိုတဲ့အချက် ၂ ချက်တို့ကို ဖော်ပြထားပါတယ်။
ဂမ်ဘီယာကတောင်းဆိုတဲ့အချက်တွေက ဘာတွေလဲ

ဂမ်ဘီယာက အပြည်ပြည်ဆိုင်ရာတရားရုံးအိုင်စီဂျေအနေနဲ့ အင်မတန်မှအရေးကြီးတဲ့အတွက် လတ်တလော အနေနဲ့ အောက်ဖော်ပြပါ လတ်တလောစီမံဆောင်ရွက်ချက်တွေကို ထုတ်ပြန်ပေးဖို့ မေတ္တာရပ်ခံပါတယ်ဆိုပြီး ခြောက်ချက်ကို တင်ပြခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒါတွေကတော့
ဓာတ်ပုံ မူပိုင် KOEN VAN WEEL
Image caption ဂမ်ဘီယာက မြန်မာကို ကြားဖြတ်စီမံချက် ချမှတ်ပေးဖို့ အိုင်စီဂျေကို တင်ပြထားပါတယ်။

(၁)လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက်လို့ ယူဆနိုင်တဲ့၊ ဂျီနိုဆိုက်လို့ ဦးတည်သွားစေနိုင်တဲ့ အရာအားလုံးကို မြန်မာ အစိုးရက ရပ်တန့်ပေးဖို့နဲ့ ရိုဟင်ဂျာတွေ ကို ဥပဒေမဲ့သတ်ဖြတ်တာ၊ ရုပ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊ အိုးအိမ်တွေ နဲ့ရပ်ရွာတွေကို မီးရှို့တာ၊ တိရစ္ဆာန်တွေနဲ့ မြေယာတွေကို မီးရှို့ဖျက်ဆီးတာ၊ အသက်ရှင်နေထိုင်ရေးအတွက်လိုအပ်တဲ့အရာတွေကိုဖျက်ဆီးတာကို မလုပ်ဖို့

(၂) မြန်မာစစ်တပ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ တခြား လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကမဆို ဂျနိုဆိုက်ကို ထပ်မကျူးလွန်ဖို့၊ ဂျီနိုဆိုက်ကျူးလွန်ဖို့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဖို့၊ ဂျီနိုဆိုက်ဖြစ်ရန်လှုံ့ဆော်တာ၊ ဂျီနိုဆိုက်မှာ ပါဝင်ပတ်သက်ခြင်းမရှိဖို့၊ ဥပဒေမဲ့စီရင်ခြင်းမပြုလုပ်ဖို့၊

(၃) မြန်မာက သက်သေအထောက်အထားတွေကို မဖျက်ဆီးဖို့၊ သက်သေခံပစ္စည်းတွေကို တခြားသူများ ကြည့်ရှုခွင့်၊ လေ့လာခွင့်မရအောင် မပြုလုပ်ဖို့

(၄) မြန်မာနဲ့ဂမ်ဘီယာတို့အနေနဲ့ ဘယ်လိုလက်တုံ့ပြန်တဲ့ဆောင်ရွက်ချက်တွေကိုမှမပြုလုပ်ဖို့နဲ့ အခြေအနေကို ပိုဆိုးလာမယ့်ကိစ္စရပ်တွေကိုတွေ မပြုမလုပ်ဖို့

(၅) ကြားဖြတ်စီမံချက်တွေကို ချမှတ်ခဲ့လို့ရှိရင် လေးလအတွင်း နှစ်ဖက်နိုင်ငံက လုပ်ဆောင်ချက်တွေကို အစီရင်ခံ စာတင်ပြဖို့

(၆) မြန်မာဟာ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင် Fact-finding Mission နဲ့ တခြားကုလ အဖွဲ့အစည်းတွေအားလုံးရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့

စတာတွေဖြစ်ပါတယ်။
မြန်မာဘက်က ဘာတွေတောင်းဆိုထားလဲ

မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၂ ရက်က သူ့ရဲ့ အပြီးသတ်လျှောက်လဲချက်မှာ အချက်နှစ်ချက် ကို တောင်းဆိုခဲ့ပါတယ်။ ဒီနှစ်ချက်ကို အိုင်စီဂျေတရားရုံးက အခုလို ထုတ်ပြန်ထားပါတယ်။

မြန်မာဘက်ကတောင်းဆိုတာကတော့

(၁) အမှုကို စာရင်းကနေ လုံးဝပယ်ဖျက်ဖို့နဲ့

(၂) မပယ်ဖျက်ပေးနိုင်ရင် ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ ကြားဖြတ်စီမံချက်တွေ ဆောင်ရွက်ဖို့အမိန့်ကို မထုတ်ပေးဖို့

စတဲ့နှစ်ချက်ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေဥက္ကဋ္ဌတရားသူကြီးက ဒီဇင်ဘာ ၁၂ ရက် ကြားနာမှုတွေအပြီးမှာ တရားရုံး ဆုံးဖြတ်ချက်ကို လူထု တက်ရောက် နားထောင်နိုင်တဲ့တရားခွင်အဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ကြားနာမယ့်ရက်ကို သင့်တော်တဲ့အချိန်မှာ ကြေညာမယ်လို့ ပြောကြားခဲ့ပါတယ်။

အခုလိုကြားနာမှုအပြီးမှာ မြန်မာနိုင်ငံဘက်က လျှောက်လဲချက်တွေနဲ့ပတ်သက်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ နိုင်ငံတကာက ပြင်းထန်တဲ့တုံ့ပြန်မှုတွေ ရှိလာခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Pierre Crom
Image caption အိုင်စီဂျေတရားရုံးရှေ့ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုတွေရောကန့်ကွက်ဆန္ဒပြမှုတွေပါ ရှိခဲ့

ဒါပေမဲ့ အိုင်စီဂျေတရားသူကြီးတွေက နိုင်ငံတွေကို ကိုယ်စားပြုပြီး တရားစီရင်တာမဟုတ်တဲ့အတွက် တရားစီရင်ဆုံးဖြတ်တဲ့နေရာမှာ အဲဒီလို တုံ့ပြန်မှု တွေကို ထည့်သွင်းဆုံးဖြတ်ဖို့မရှိဘူးလို့ ဥပဒေပညာရှင် ပါမောက္ခ ဒေါက်တာမြင့်ဇံက ဘီဘီစီကိုပြောပါတယ်။ တုံ့ပြန်မှုဆိုတဲ့နေရာမှာ အခုလို တစ်ဖက်က ပြင်းထန်တဲ့တုံ့ပြန်မှုတွေရော ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဆန္ဒပြပွဲတွေပါ ထည့်သွင်းစဉ်းစားဆုံးဖြတ်မှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဘယ် တရားရုံးမှာပဲ ဖြစ်ဖြစ် တရား သူကြီးက ပြစ်မှု မြောက်တယ် မမြောက်ဘူး ဆိုတာကို Innocent until proven guilty (အပြစ်ရှိကြောင်း သက်သေ မပြနိုင်သရွေ့ အပြစ်မရှိဘူး) ဆိုတဲ့ အခြေခံနဲ့ စဉ်းစားရပြီး ပြစ်မှုကျူးလွန်ကြောင်းကို သံသယ လုံးဝမရှိတဲ့ အနေအထား Beyond reasonable doubt အထိ စွပ်စွဲသူဘက်က သက်သေပြနိုင်ဖို့ လိုတဲ့ အတွက် အခု အမှုမှာ ဂမ်ဘီယာဘက်က စွပ်စွဲချက် တွေက သံသယ ကင်းစေတဲ့ အထိ တင်ပြနိုင်ခဲ့မှုအပိုင်း အားနည်းချက်တွေ ရှိနေတယ်လို့ ဥပဒေ ပညာရှင် ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန် ကတော့ သုံးသပ်ပါတယ်။

သုံးရက်တာကြားနာပွဲကို သွားရောက်သတင်းယူခဲ့တဲ့ ဘီဘီစီသတင်းထောက်ရဲ့ တရားသူကြီးတွေကို မေးမြန်းချက်အရ ဒီအမှုဟာ လာမယ့်နှစ်ဇန်နဝါရီလဆန်းလောက်မှာ အဆုံးအဖြတ်ထွက်လာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ နယ်သာလန် အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီနဲ့လည်း တွေ့ဆုံပြီး မြန်မာကို ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ပတ်သက်လို့ ဆွေးနွေးဖွယ်ရှိတယ်လို့ နယ်သာလန်တိုင်းမ်သတင်းက ဖော်ပြထားပါတယ်။

လတ်တလောမှာ မြန်မာကိုတရားစွဲထားတဲ့ ဂမ်ဘီယာကိုထောက်ခံဖို့ နယ်သာလန်နဲ့ကနေဒါနှစ်နိုင်ငံ ပူးတွဲပြီး ဒီဇင်ဘာ ၉ ရက်မှာကြေညာချက်ထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.bbc.com
အိုင္စီေဂ်က ထုတ္ျပန္လိုက္တဲ့ ျမန္မာဂမ္ဘီယာ ႏွစ္ႏိုင္ငံေတာင္းဆိုခ်က္ေတြက ဘာေတြလဲ အိုင္စီေဂ်က ထုတ္ျပန္လိုက္တဲ့ ျမန္မာဂမ္ဘီယာ ႏွစ္ႏိုင္ငံေတာင္းဆိုခ်က္ေတြက ဘာေတြလဲ Reviewed by THITHTOOLWIN on 00:54 Rating: 5
Powered by Blogger.