လာမယ့္ ၁၀ ႏွစ္အတြင္း ျမန္မာတစ္ႏိုင္ငံလုံး မီးလင္းေရးေဆာင္႐ြက္မည္

ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္ကို ၂၀၁၉၊ ဒီဇင္ဘာ ၁၃ ရက္ေန႔ က်င္းပတဲ့ ႏိုင္ငံေတာ္ဓာတ္အားလွ်ပ္စစ္မွ လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈ တစ္ႏိုင္ငံလုံး၏ ၅၀% ၿပီး‌ေျမာက္သည့္ အခမ္းအနားမွာ ေတြ႕ရစဥ္ / Photo: MOI Webportal Myanmar
(Zawgyi)⤵⤵⤵
ေနာင္လာမယ့္ ၁၀ ႏွစ္ ၂၀၃၀ ျပည့္ႏွစ္မွာ တစ္ႏိုင္ငံလုံးက ေနရာလပ္မက်န္ လွ်ပ္စစ္ဓာတ္အား ေပးႏိုင္ဖို႔ ေဆာင္႐ြက္သြားမယ္လို႔ ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္က ေျပာလိုက္ပါတယ္။

လက္ရွိမွာ လွ်ပ္စစ္ဓာတ္အားသုံးစြဲႏိုင္မႈဟာ တစ္ႏိုင္ငံလုံးရဲ႕ ၅၀ ရာခိုင္ႏႈန္း ရွိၿပီျဖစ္တာေၾကာင့္ လွ်ပ္စစ္နဲ႔စြမ္းအင္ဝန္ႀကီးဌာနက မေန႔က ေနျပည္ေတာ္မွာ က်င္းပတဲ့ အထိမ္းအမွတ္ပြဲမွာ သမၼတက အဲဒီလို ေျပာခဲ့တာျဖစ္ပါတယ္။

၂၀၂၁ - ၂၀၂၂ ဘ႑ာႏွစ္မွာ ၅၅ ရာခိုင္ႏႈန္း၊ ၂၀၂၅ - ၂၀၂၆ ဘ႑ာႏွစ္မွာ ၇၅ ရာခိုင္ႏႈန္းနဲ႔ ၂၀၃၀ ျပည့္ႏွစ္မွာ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ လွ်ပ္စစ္ဓာတ္အားသုံးစြဲႏိုင္ေရး ရည္မွန္းေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

၂၀၁၆ ခုႏွစ္ ဧၿပီလကေန ဒီေန႔အထိ လွ်ပ္စစ္က႑မွာ ေငြက်ပ္ ဘီလီယံ ၂၃၀၀ ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံၿပီး လွ်ပ္စစ္ မဂၢါဝပ္ ၉၀၀ ေက်ာ္ ထပ္တိုးထုတ္လုပ္ႏိုင္ခဲ့သလို ၂၀၂၀ ႏွစ္လယ္မွာ ေနာက္ထပ္ မဂၢါဝပ္ ၁၀၀၀ ေက်ာ္ ထပ္မံထုတ္လုပ္ႏိုင္ဖို႔ စီစဥ္ေဆာင္႐ြက္ထားတယ္လို႔ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနရဲ႕ စာရင္းေတြအရ သိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြက ကရင္ျပည္နယ္ ျမဝတီၿမိဳ႕၊ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕ေတြကို လွ်ပ္စစ္ဓာတ္အား ေပးႏိုင္ခဲ့ၿပီး လာမယ့္ ၂၀၂၀ မွာ ရွမ္းျပည္နယ္၊ က်ိဳင္းတုံေဒသကို လွ်ပ္စစ္ဓာတ္အား ေပးပို႔ႏိုင္မွာျဖစ္တယ္လို႔ သမၼတ ဦးဝင္းျမင့္က ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ေမာ္လၿမိဳင္- ေရး-ထားဝယ္ ဓာတ္အားလိုင္းကို စတင္ေဆာင္႐ြက္ခဲ့ၿပီးျဖစ္တဲ့အတြက္ တနသၤာရီတိုင္း ထားဝယ္ေဒသကို လွ်ပ္စစ္ဓာတ္အား ေပးႏိုင္ေတာ့မွာျဖစ္တယ္လို႔ ေျပာပါတယ္။

တစ္ႏိုင္ငံလုံးကို လွ်ပ္စစ္ဓာတ္အား ျဖန္ျဖဴးေပးႏိုင္ဖို႔အတြက္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာ အလတ္စားနဲ႔ အေသးစား လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျဖန႔္ျဖဴးေရး လုပ္ငန္းေတြကို ပိုမိုအားေပးဖို႔ လိုအပ္တယ္လို႔လည္း သမၼတက ေျပာပါတယ္။

အစိုးရက လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ႏိုင္ေရး ႀကိဳးပမ္းေနတာေတြရွိသလို တဖက္ကလည္း ေဒသခံေတြက သူတို႔ေဒသေတြမွာ အေကာင္အထည္ေဖာ္မယ့္ လွ်ပ္စစ္ဓာတ္အားေပး စီမံကိန္းေတြကို ကန႔္ကြက္ေနတာလည္း ရွိပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ ကိုေဖေရွ ေက်း႐ြာအနီးမွာ လွ်ပ္စစ္ မဂၢါဝပ္ ၆၂၂ ထြက္မယ့္ စီမံကိန္း (၁) နဲ႔ ေျမာက္ဦးၿမိဳ႕နယ္ စိုင္းဒင္ေက်း႐ြာမွာ လွ်ပ္စစ္ ၁၀၅ မဂၢါဝပ္ ထြက္ရွိမယ့္ စီမံကိန္း (၂) ကို တည္ေဆာက္ဖို႔ အစိုးရက ေလ့လာဆန္းစစ္မႈေတြ လုပ္ေဆာင္ေနၿပီး ဒါကို ေဒသခံ အရပ္ဖက္ အဖြဲ႕အစည္းတခ်ိဳ႕က ကန႔္ကြက္ေနၾကပါတယ္။

ဒါ့အျပင္ နမၼတူျမစ္လို႔ ေခၚတဲ့ ျမစ္ငယ္ျမစ္ေပၚမွာ တည္ေဆာက္မယ့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းက ေက်ာက္မဲ၊ သီေပါ နဲ႔ ေနာင္ခ်ိဳ ၿမိဳ႕နယ္ေတြက ေရအားလွ်ပ္စစ္စီမံကိန္းေတြကိုလည္း တိုက္ပြဲေတြ ျဖစ္ေနတဲ့အျပင္ စိုက္ပ်ိဳးေျမေတြဆုံးရႈံးမွာျဖစ္လို႔ သေဘာမတူေၾကာင္း ေဒသခံေတြက ဆႏၵထုတ္ေဖာ္မႈေတြ မၾကာခဏဆိုသလို ျပဳလုပ္ေနပါတယ္။

ျမစ္ငယ္ျမစ္ေပၚမွာ တည္ေဆာက္ဖို႔ရွိတဲ့ ေရကာတာစီမံကိန္း ၃ ခုရွိပါတယ္။ တစ္ခုက ေက်ာက္မဲနဲ႔ သီေပါၿမိဳ႕နယ္ၾကားက စီမံကိန္းျဖစ္ၿပီး အဲဒီစီမံကိန္းက လွ်ပ္စစ္မဂၢဝါပ္ ၁၀၀ ထြက္ရွိႏိုင္မယ္လို႔ လ်ာထားပါတယ္။

ေက်ာက္မဲၿမိဳ႕နယ္ အထက္ရဲ႐ြာ ေရကာတာစီမံကိန္းက လွ်ပ္စစ္မဂၢါဝပ္ ၂၈၀ နဲ႔ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္း တည္ေဆာက္မယ့္ ေရကာတာစီမံကိန္းက မဂၢဝါပ္ ၇၃၀ ထြက္မယ္လို႔ လ်ာထားတာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
လာမယ့် ၁၀ နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး မီးလင်းရေးဆောင်ရွက်မည်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို ၂၀၁၉၊ ဒီဇင်ဘာ ၁၃ ရက်နေ့ ကျင်းပတဲ့ နိုင်ငံတော်ဓာတ်အားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀% ပြီး‌မြောက်သည့် အခမ်းအနားမှာ တွေ့ရစဉ်
Photo: MOI Webportal Myanmar

နောင်လာမယ့် ၁၀ နှစ် ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံးက နေရာလပ်မကျန် လျှပ်စစ်ဓာတ်အား ပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောလိုက်ပါတယ်။

လက်ရှိမှာ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုဟာ တစ်နိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်း ရှိပြီဖြစ်တာကြောင့် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အထိမ်းအမှတ်ပွဲမှာ သမ္မတက အဲဒီလို ပြောခဲ့တာဖြစ်ပါတယ်။

၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်မှာ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်မှာ ၇၅ ရာခိုင်နှုန်းနဲ့ ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် ဧပြီလကနေ ဒီနေ့အထိ လျှပ်စစ်ကဏ္ဍမှာ ငွေကျပ် ဘီလီယံ ၂၃၀၀ ကျော် ရင်းနှီးမြှုပ်နှံပြီး လျှပ်စစ် မဂ္ဂါဝပ် ၉၀၀ ကျော် ထပ်တိုးထုတ်လုပ်နိုင်ခဲ့သလို ၂၀၂၀ နှစ်လယ်မှာ နောက်ထပ် မဂ္ဂါဝပ် ၁၀၀၀ ကျော် ထပ်မံထုတ်လုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ကရင်ပြည်နယ် မြဝတီမြို့၊ ရခိုင်ပြည်နယ် မောင်တောမြို့တွေကို လျှပ်စစ်ဓာတ်အား ပေးနိုင်ခဲ့ပြီး လာမယ့် ၂၀၂၀ မှာ ရှမ်းပြည်နယ်၊ ကျိုင်းတုံဒေသကို လျှပ်စစ်ဓာတ်အား ပေးပို့နိုင်မှာဖြစ်တယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောခဲ့ပါတယ်။

ဒါ့အပြင် မော်လမြိုင်- ရေး-ထားဝယ် ဓာတ်အားလိုင်းကို စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့အတွက် တနင်္သာရီတိုင်း ထားဝယ်ဒေသကို လျှပ်စစ်ဓာတ်အား ပေးနိုင်တော့မှာဖြစ်တယ်လို့ ပြောပါတယ်။

တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား ဖြန်ဖြူးပေးနိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အလတ်စားနဲ့ အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတွေကို ပိုမိုအားပေးဖို့ လိုအပ်တယ်လို့လည်း သမ္မတက ပြောပါတယ်။

အစိုးရက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြိုးပမ်းနေတာတွေရှိသလို တဖက်ကလည်း ဒေသခံတွေက သူတို့ဒေသတွေမှာ အကောင်အထည်ဖော်မယ့် လျှပ်စစ်ဓာတ်အားပေး စီမံကိန်းတွေကို ကန့်ကွက်နေတာလည်း ရှိပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကိုဖေရှေ ကျေးရွာအနီးမှာ လျှပ်စစ် မဂ္ဂါဝပ် ၆၂၂ ထွက်မယ့် စီမံကိန်း (၁) နဲ့ မြောက်ဦးမြို့နယ် စိုင်းဒင်ကျေးရွာမှာ လျှပ်စစ် ၁၀၅ မဂ္ဂါဝပ် ထွက်ရှိမယ့် စီမံကိန်း (၂) ကို တည်ဆောက်ဖို့ အစိုးရက လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်နေပြီး ဒါကို ဒေသခံ အရပ်ဖက် အဖွဲ့အစည်းတချို့က ကန့်ကွက်နေကြပါတယ်။

ဒါ့အပြင် နမ္မတူမြစ်လို့ ခေါ်တဲ့ မြစ်ငယ်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ သီပေါ နဲ့ နောင်ချို မြို့နယ်တွေက ရေအားလျှပ်စစ်စီမံကိန်းတွေကိုလည်း တိုက်ပွဲတွေ ဖြစ်နေတဲ့အပြင် စိုက်ပျိုးမြေတွေဆုံးရှုံးမှာဖြစ်လို့ သဘောမတူကြောင်း ဒေသခံတွေက ဆန္ဒထုတ်ဖော်မှုတွေ မကြာခဏဆိုသလို ပြုလုပ်နေပါတယ်။

မြစ်ငယ်မြစ်ပေါ်မှာ တည်ဆောက်ဖို့ရှိတဲ့ ရေကာတာစီမံကိန်း ၃ ခုရှိပါတယ်။ တစ်ခုက ကျောက်မဲနဲ့ သီပေါမြို့နယ်ကြားက စီမံကိန်းဖြစ်ပြီး အဲဒီစီမံကိန်းက လျှပ်စစ်မဂ္ဂဝါပ် ၁၀၀ ထွက်ရှိနိုင်မယ်လို့ လျာထားပါတယ်။

ကျောက်မဲမြို့နယ် အထက်ရဲရွာ ရေကာတာစီမံကိန်းက လျှပ်စစ်မဂ္ဂါဝပ် ၂၈၀ နဲ့ နောင်ချိုမြို့နယ်အတွင်း တည်ဆောက်မယ့် ရေကာတာစီမံကိန်းက မဂ္ဂဝါပ် ၇၃၀ ထွက်မယ်လို့ လျာထားတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
လာမယ့္ ၁၀ ႏွစ္အတြင္း ျမန္မာတစ္ႏိုင္ငံလုံး မီးလင္းေရးေဆာင္႐ြက္မည္ လာမယ့္ ၁၀ ႏွစ္အတြင္း ျမန္မာတစ္ႏိုင္ငံလုံး မီးလင္းေရးေဆာင္႐ြက္မည္ Reviewed by THITHTOOLWIN on 02:46 Rating: 5
Powered by Blogger.