ရဲနဲ႔ ရပ္ကြက္လူႀကီးကို ႐ိုက္တဲ့ တ႐ုတ္ႏိုင္ငံသား ငါးဦး အာမခံနဲ႔ျပန္လြတ္

လႈိင္သာယာၿမိဳ႕နယ္ F.M.I City မွာရွိတဲ့ တ႐ုတ္ႏိုင္ငံသားေတြေနတဲ့အိမ္ကို ၂၀၁၉ ဒီဇင္ဘာ ၈ ရက္ေန႔ညက ေတြ႕ရစဥ္ / Photo: Nan Shwe Yamin's FB
(Zawgyi)⤵⤵⤵
ဒီဇင္ဘာ ၈ ရက္ေန႔ ညပိုင္းက တ႐ုတ္ႏိုင္ငံသားေတြရဲ႕ ကားဟာ ေနအိမ္တစ္လုံးေရွ႕ ပိတ္ရပ္ထားတဲ့အတြက္ လမ္းသြားလမ္းလာေတြ အဆင္မေျပေၾကာင္း ေျပာဆို အျငင္းပြားမႈမွာ လာေရာက္ စစ္ေဆးတဲ့ ရဲနဲ႔ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ေတြကို သူတို႔က ႐ိုက္ႏွက္ခဲ့တာျဖစ္ပါတယ္။

တာဝန္ထမ္းေဆာင္ေနတဲ့ ျပည္သူ႔ ဝန္ထမ္းေတြကို သာမန္နာက်င္ေစမႈ၊ အားေပးကူညီမႈ ရာဇသတ္ ႀကီးပုဒ္မ ၃၃၂/ ၁၁၄ နဲ႔ အမႈဖြင့္ထားၿပီး အာမခံေပးလို႔ရတဲ့ အမႈျဖစ္တဲ့အတြက္ အခင္းျဖစ္ၿပီးေနာက္ အာမခံေပးလိုက္တာ ျဖစ္တယ္လို႔ လႈိင္သာယာၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ခင္ေဇာ္က ေျပာပါတယ္။

“ကားပိတ္ရပ္တယ္ သြားေျပာေတာ့ အေျခအေနျဖစ္ၾကတယ္ ဌာနဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးနဲ႔ ရဲဝင္ထိန္းတဲ့အခါက်ေတာ့ ႐ိုက္ဟယ္ျပဳဟယ္နဲ႔ ဒဏ္ရာဟိုဘက္ဒီဘက္ နည္းနည္းပါးပါး ရသြားတာေပါ့ က်ေနာ္တို႔ဆီကေတာ့ ပြန္းတာပဲ့တာ ငါးေယာက္ေလာက္ပဲ ရွိပါတယ္။ ရဲကတစ္ေယာက္တည္း အုပ္ခ်ဳပ္ေရးအဖြဲ႕က ငါးေယာက္ ငါးေယာက္လုံး တရားစြဲဖို႔လုပ္ထားတယ္ အာမခံေပးထားတယ္ဗ် သူတို႔လည္း ဒဏ္ရာရတယ္ သူတို႔လည္း ေဆးကုရအုံးမွာေလ”

ဒါ့အျပင္ လႈိင္သာယာၿမိဳ႕နယ္မွာ တ႐ုတ္ႏိုင္ငံသားေတြနဲ႔ ပတ္သက္ၿပီး အမႈအခင္းေတြ အေျမာက္ အျမား ျဖစ္ပြားေၾကာင္း လိမ္လည္မႈ၊ အက်ိဳးဖ်က္ဆီးမႈေတြ ျဖစ္ပြားေနေၾကာင္း ရဲမႉး ခင္ေဇာ္က ေျပာပါတယ္။

ဝိုင္းဝန္း႐ိုက္ႏွက္တဲ့အတြက္ ရာအိမ္မႉး ဦးသိန္းထြန္းနဲ႔ အတူပါလာတဲ့ ဦးထြန္းလြင္၊ ဦးစန္းဦး၊ ဦးျမင့္စိုးတို႔ဟာ ေခါင္းေပါက္၊ ဖူးေရာင္တဲ့ဒဏ္ရာေတြ ရရွိခဲ့ေပမယ့္ စိုးရိမ္ စရာမရွိဘူးလို႔ သိရပါတယ္။

႐ိုက္ႏွက္မႈ က်ဴးလြန္ခဲ့တယ္ ဆိုတဲ့ တ႐ုတ္ႏိုင္ငံသား ငါးဦးဟာ တရားဝင္ ေနထိုင္သူေတြ ျဖစ္တယ္လို႔ သိရပါတယ္။

ရပ္ကြက္ေနျပည္သူေတြကေတာ့ FMI အိမ္ယာအတြင္း ေနထိုင္တဲ့ တ႐ုတ္ႏိုင္ငံသားေတြဟာ တရားဝင္ ေနထိုင္ျခင္း ရွိ၊ မရွိ၊ အျခားအမႈေတြကိုလည္း ေငြေပးၿပီး က်ဴးလြန္ေနၾကတယ္ဆိုတာမ်ိဳးေတြကို လူမႈကြန္ယက္ စာမ်က္ႏွာေတြမွာ ေရးသားေနၾကပါတယ္။

လႈိင္သာယာၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဝင္းေမာင္က ၿမိဳ႕နယ္ထဲမွာ တ႐ုတ္ႏိုင္ငံသားေတြ အေျမာက္အျမားရွိေနေၾကာင္း၊ ျမန္မာႏိုင္ငံရဲ႕ စည္းကမ္းဥပေဒေတြကို လိုက္နာမႈ မရွိတဲ့ ႏိုင္ငံျခားသားထဲမွာ တ႐ုတ္ႏိုင္ငံသားေတြက မ်ားတယ္လို႔ ေျပာပါတယ္။

“လႈိင္သာယာမွာက တ႐ုတ္ႏိုင္ငံသားေတြက အဆေပါင္းမ်ားစြာ မ်ားလာတယ္၊ တ႐ုတ္လုပ္ငန္းေတြက လည္း မ်ားလာတယ္။ လုပ္ငန္းကေပါင္းစုံတာေပါ့ဗ်ာ လုပ္ငန္းမ်ားလာေတာ့ တ႐ုတ္ႏိုင္ငံသားေတြလည္း ဒီမွာရပ္ကြက္အသီးသီး နီးပါးရွိတယ္၊ အမႈအခင္းေတြလည္းမ်ားတယ္ ျပႆနာေတြလည္း မ်ားလာတာေပါ့။ ျမန္မာႏိုင္ငံရဲ႕ စည္းမ်ဥ္းစည္းကမ္းကို လိုက္နာမႈေတြက တ႐ုတ္ႏိုင္ငံသားေတြက လိုက္နာမႈ အားနည္းတယ္၊ အားနည္းတဲ့အေပၚမူတည္ၿပီးေတာ့ က်ေနာ္တို႔ ႏိုင္ငံရဲ႕ တခ်ိဳ႕ေသာမူဝါဒေတြကလည္း ႏိုင္ငံျခားသား ျဖစ္တဲ့အခါက်ေတာ့လည္း တခ်ိဳ႕ေသာမူဝါဒေတြအရက အေရးယူရတာ နည္းနည္းေလး ဌာနဆိုင္ရာေတြ အေနနဲ႔ အေရးယူရတာ နည္းနည္းေလး တြန႔္ဆုတ္ေနတဲ့ သေဘာရွိတယ္”

လႈိင္သာယာၿမိဳ႕နယ္မွာ စက္႐ုံအလုပ္႐ုံေတြ အေျမာက္အျမားရွိေနၿပီး ႏိုင္ငံျခားသား စီးပြားေရးလုပ္ငန္းေတြ အမ်ားအျပား လာေရာက္ရင္းႏွီးျမႇဳပ္ႏွံ ေနထိုင္ၾကပါတယ္။ တ႐ုတ္ႏိုင္ငံသားေတြ ျပစ္မႈက်ဴးလြန္တာေတြ စတာေတြနဲ႔ ပတ္သက္ၿပီး အခ်ိဳ႕သက္ဆိုင္ရာဌာနနဲ႔ ရပ္ေက်းအုပ္ခ်ဳပ္ေရး အဖြဲ႕ေတြက အေရးယူမႈ အားနည္းေနၿပီး အဂတိ တရားရွိေနတယ္လို႔ ကိုယ္စားလွယ္ ဦးဝင္းေမာင္က ေျပာပါတယ္။

“အခုအခ်ိန္ထိ လႈိင္သာယာမွာ ရပ္ကြက္အုပ္ခ်ဳပ္ေရး အပါအဝင္ သက္ဆိုင္ရာဌာနအပါအဝင္ အဂတိေတြ တခ်ိဳ႕ရွိၾကတဲ့အတြက္ ဒါသည္ စနစ္တက်နဲ႔ ထိထိေရာက္ေရာက္ မကိုင္တြယ္ႏိုင္တာ ဒါကလည္း ဆက္ႏြယ္ေနမွာပဲ။ ရပ္ေက်းတာဝန္ရွိသူေတြ အုပ္ခ်ဳပ္ေရးဆိုင္ရာတာဝန္ရွိသူေတြ ၿမိဳ႕နယ္မွာရွိတဲ့ သက္ဆိုင္ရာဌာနေတြ ေနာက္တစ္ခါ ခ႐ိုင္၊ တိုင္း စတဲ့ဌာနေတြက ဖိဖိစီးစီးနဲ႔ ထိထိေရာက္ေရာက္ မကိုင္တြယ္တဲ့ အေနအထားမွာ ဒါေတြက ပိုဆိုးလာတာ”

ရန္ကုန္တိုင္းေဒသႀကီး လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ ဌာနဝန္ႀကီး ေဒၚမိုးမိုးစု ၾကည္ကို RFA က ဆက္သြယ္ေမးျမန္းရာမွာ-- FMI City အိမ္ယာအတြင္း တ႐ုတ္ႏိုင္ငံသား အမ်ားစုကို ၿပီးခဲ့တဲ့ ရက္ပိုင္းက ေရွာင္တခင္ စစ္ေဆးခဲ့ေၾကာင္း၊  လက္ရွိမွာလည္း ျပစ္မႈက်ဴးလြန္တဲ့ တ႐ုတ္ႏိုင္ငံသား ငါးေယာက္ကို ေနအိမ္ငွားရမ္းထားတဲ့ အိမ္ရွင္ကိုပါ လဝက ဥပေဒနဲ႔ အေရးယူထားေၾကာင္း ေျပာပါတယ္။

“အဲဒီဟာက အမတို႔ လဝက ဥပေဒအရကေတာ့ ဒါေဖာင္စီတိုင္ၾကားျခင္း မရွိဘူးဆိုလို႔ရွိရင္ေတာ့ အရင္ဦးဆုံး အမတို႔ လဝကဥပေဒနဲ႔ အညီေဆာင္႐ြက္ႏိုင္ေအာင္ အိမ္ရွင္ကို အရင္ဦးဆုံး ဘာပဲေျပာေျပာ မေန႔ကျဖစ္တဲ့အခ်ိန္ဆိုရင္ အိမ္ရွင္ လဝကဥပေဒနဲ႔ အမတို႔ တရားစြဲထားတယ္ ဘာေၾကာင့္ လဲလို႔ေျပာရင္ ကိုယ့္အိမ္မွာလာငွားေနတဲ့ ႏိုင္ငံျခားသားအားလုံး ေဖာင္စီတိုင္ရမယ္ဆိုတာ အိမ္ရွင္ေတြ အားလုံး သိၾကတာေလ၊ သူတို႔တိုင္ၾကားထားျခင္းမရွိတဲ့အတြက္ေတာ့ အမတို႔ကို အိမ္ရွင္ကိုေတာ့ ဥပေဒနဲ႔အညီ အေရးယူထားတယ္ေပါ့ေနာ္”

ဒါ့အျပင္ FMI အိမ္ယာထဲမွာ ေနထိုင္တဲ့ ႏိုင္ငံျခားသားေတြကို စိစစ္ဖို႔အတြက္ ေနာက္ဆက္တြဲ လုပ္ငန္းစဥ္ေတြလည္း ရွိေနေၾကာင္း၊ ျမန္မာႏိုင္ငံရဲ႕ စည္းမ်ဥ္းစည္းကမ္းနဲ႔ ဥပေဒေတြကို လိုက္နာမႈအားနည္းတဲ့ထဲမွာ တ႐ုတ္ႏိုင္ငံသား အမ်ားဆုံး ျဖစ္ေပမယ့္ ႏိုင္ငံျခားသားအေတာ္မ်ားမ်ား လိုက္နာမႈ အားနည္းေၾကာင္း  ေျပာပါတယ္။

ပန္းဘဲတန္းၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန္းႏိုင္ဦးက လႈိင္သာယာျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံသားေတြကို အာမခံေပးလိုက္တဲ့အေပၚ သူက အခုလို ေျပာပါတယ္။

“ဒီလိုမ်ိဳးႏိုင္ငံျခားသားေတြ က်ေနာ္တို႔ၿမိဳ႕နယ္ေတြထဲ လာၿပီးေတာ့ ေနထိုင္ဆိုလို႔ရွိရင္ ရဲတို႔၊ လဝကတို႔က မသိလို႔မရပါဘူး။ သိရမွာပါ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကေနတဆင့္ ၿမိဳ႕နယ္ကိုလည္း တင္ျပရတာေတြ ရွိပါတယ္။ အဆင့္ဆင့္က အဲဒီေနရာေတြမွာ ေလ်ာ့ရဲေနလို႔ ဒီလိုမ်ိဳး တခ်ိဳ႕ျပႆနာေတြက တက္တယ္လို႔ဘဲ က်ေတာ္တို႔က အၾကမ္းအားျဖင့္ က်ေနာ္တို႔က ယူဆပါတယ္။”

တ႐ုတ္ႏိုင္ငံထုတ္ပစၥည္းေတြကို ေရာင္းခ်တဲ့ဆိုင္ေတြ အေျမာက္အျမား ရွိေနတာေတြ ရန္ကုန္တိုင္းအတြင္း လာေရာက္ေနထိုင္တဲ့ တ႐ုတ္ႏိုင္ငံသား ႏိုင္ငံျခားသားေတြနဲ႔ ပတ္သက္ၿပီး ေက်ာက္တံတားၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန္းႏိုင္ဦးက ရန္ကုန္တိုင္း လႊတ္ေတာ္မွာ ေမးခြန္းေတြေမးခဲ့သူ ျဖစ္ပါတယ္။

လႈိင္သာယာမွာရွိတဲ့ အထည္ခ်ဳပ္စက္႐ုံေတြထဲက ျပႆနာအျဖစ္အမ်ားဆုံး စက္႐ုံေတြဟာလည္း တ႐ုတ္ႏိုင္ငံသားပိုင္ စက္႐ုံေတြ ျဖစ္တယ္လို႔ အလုပ္သမားအေရး ေဆာင္႐ြက္ေနသူေတြက ေျပာၾကပါတယ္။

တ႐ုတ္ႏိုင္ငံသားေတြ ျပစ္မႈက်ဴးလြန္ခ်ိန္ေတြမွာ သက္ဆိုင္ရာဌာနေတြအေနနဲ႔ ထိေရာက္တဲ့ျပစ္ဒဏ္ေတြ ေပး၊ မေပး ဆက္လက္ေစာင့္ၾကည့္ သြားမယ္လို႔ သူတို႔က ေျပာပါတယ္။

RFA Burmese
https://www.rfa.org
-----------------
(Unicode)⤵⤵⤵
ရဲနဲ့ ရပ်ကွက်လူကြီးကို ရိုက်တဲ့ တရုတ်နိုင်ငံသား ငါးဦး အာမခံနဲ့ပြန်လွတ်

လှိုင်သာယာမြို့နယ် F.M.I City မှာရှိတဲ့ တရုတ်နိုင်ငံသားတွေနေတဲ့အိမ်ကို ၂၀၁၉ ဒီဇင်ဘာ ၈ ရက်နေ့ညက တွေ့ရစဉ်
Photo: Nan Shwe Yamin's FB

ဒီဇင်ဘာ ၈ ရက်နေ့ ညပိုင်းက တရုတ်နိုင်ငံသားတွေရဲ့ ကားဟာ နေအိမ်တစ်လုံးရှေ့ ပိတ်ရပ်ထားတဲ့အတွက် လမ်းသွားလမ်းလာတွေ အဆင်မပြေကြောင်း ပြောဆို အငြင်းပွားမှုမှာ လာရောက် စစ်ဆေးတဲ့ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို သူတို့က ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ ဝန်ထမ်းတွေကို သာမန်နာကျင်စေမှု၊ အားပေးကူညီမှု ရာဇသတ် ကြီးပုဒ်မ ၃၃၂/ ၁၁၄ နဲ့ အမှုဖွင့်ထားပြီး အာမခံပေးလို့ရတဲ့ အမှုဖြစ်တဲ့အတွက် အခင်းဖြစ်ပြီးနောက် အာမခံပေးလိုက်တာ ဖြစ်တယ်လို့ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ခင်ဇော်က ပြောပါတယ်။

“ကားပိတ်ရပ်တယ် သွားပြောတော့ အခြေအနေဖြစ်ကြတယ် ဌာနဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ ရဲဝင်ထိန်းတဲ့အခါကျတော့ ရိုက်ဟယ်ပြုဟယ်နဲ့ ဒဏ်ရာဟိုဘက်ဒီဘက် နည်းနည်းပါးပါး ရသွားတာပေါ့ ကျနော်တို့ဆီကတော့ ပွန်းတာပဲ့တာ ငါးယောက်လောက်ပဲ ရှိပါတယ်။ ရဲကတစ်ယောက်တည်း အုပ်ချုပ်ရေးအဖွဲ့က ငါးယောက် ငါးယောက်လုံး တရားစွဲဖို့လုပ်ထားတယ် အာမခံပေးထားတယ်ဗျ သူတို့လည်း ဒဏ်ရာရတယ် သူတို့လည်း ဆေးကုရအုံးမှာလေ”

ဒါ့အပြင် လှိုင်သာယာမြို့နယ်မှာ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး အမှုအခင်းတွေ အမြောက် အမြား ဖြစ်ပွားကြောင်း လိမ်လည်မှု၊ အကျိုးဖျက်ဆီးမှုတွေ ဖြစ်ပွားနေကြောင်း ရဲမှူး ခင်ဇော်က ပြောပါတယ်။

ဝိုင်းဝန်းရိုက်နှက်တဲ့အတွက် ရာအိမ်မှူး ဦးသိန်းထွန်းနဲ့ အတူပါလာတဲ့ ဦးထွန်းလွင်၊ ဦးစန်းဦး၊ ဦးမြင့်စိုးတို့ဟာ ခေါင်းပေါက်၊ ဖူးရောင်တဲ့ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် စိုးရိမ် စရာမရှိဘူးလို့ သိရပါတယ်။

ရိုက်နှက်မှု ကျူးလွန်ခဲ့တယ် ဆိုတဲ့ တရုတ်နိုင်ငံသား ငါးဦးဟာ တရားဝင် နေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရပ်ကွက်နေပြည်သူတွေကတော့ FMI အိမ်ယာအတွင်း နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေဟာ တရားဝင် နေထိုင်ခြင်း ရှိ၊ မရှိ၊ အခြားအမှုတွေကိုလည်း ငွေပေးပြီး ကျူးလွန်နေကြတယ်ဆိုတာမျိုးတွေကို လူမှုကွန်ယက် စာမျက်နှာတွေမှာ ရေးသားနေကြပါတယ်။

လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က မြို့နယ်ထဲမှာ တရုတ်နိုင်ငံသားတွေ အမြောက်အမြားရှိနေကြောင်း၊ မြန်မာနိုင်ငံရဲ့ စည်းကမ်းဥပဒေတွေကို လိုက်နာမှု မရှိတဲ့ နိုင်ငံခြားသားထဲမှာ တရုတ်နိုင်ငံသားတွေက များတယ်လို့ ပြောပါတယ်။

“လှိုင်သာယာမှာက တရုတ်နိုင်ငံသားတွေက အဆပေါင်းများစွာ များလာတယ်၊ တရုတ်လုပ်ငန်းတွေက လည်း များလာတယ်။ လုပ်ငန်းကပေါင်းစုံတာပေါ့ဗျာ လုပ်ငန်းများလာတော့ တရုတ်နိုင်ငံသားတွေလည်း ဒီမှာရပ်ကွက်အသီးသီး နီးပါးရှိတယ်၊ အမှုအခင်းတွေလည်းများတယ် ပြဿနာတွေလည်း များလာတာပေါ့။ မြန်မာနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာမှုတွေက တရုတ်နိုင်ငံသားတွေက လိုက်နာမှု အားနည်းတယ်၊ အားနည်းတဲ့အပေါ်မူတည်ပြီးတော့ ကျနော်တို့ နိုင်ငံရဲ့ တချို့သောမူဝါဒတွေကလည်း နိုင်ငံခြားသား ဖြစ်တဲ့အခါကျတော့လည်း တချို့သောမူဝါဒတွေအရက အရေးယူရတာ နည်းနည်းလေး ဌာနဆိုင်ရာတွေ အနေနဲ့ အရေးယူရတာ နည်းနည်းလေး တွန့်ဆုတ်နေတဲ့ သဘောရှိတယ်”

လှိုင်သာယာမြို့နယ်မှာ စက်ရုံအလုပ်ရုံတွေ အမြောက်အမြားရှိနေပြီး နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းတွေ အများအပြား လာရောက်ရင်းနှီးမြှုပ်နှံ နေထိုင်ကြပါတယ်။ တရုတ်နိုင်ငံသားတွေ ပြစ်မှုကျူးလွန်တာတွေ စတာတွေနဲ့ ပတ်သက်ပြီး အချို့သက်ဆိုင်ရာဌာနနဲ့ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့တွေက အရေးယူမှု အားနည်းနေပြီး အဂတိ တရားရှိနေတယ်လို့ ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောပါတယ်။

“အခုအချိန်ထိ လှိုင်သာယာမှာ ရပ်ကွက်အုပ်ချုပ်ရေး အပါအဝင် သက်ဆိုင်ရာဌာနအပါအဝင် အဂတိတွေ တချို့ရှိကြတဲ့အတွက် ဒါသည် စနစ်တကျနဲ့ ထိထိရောက်ရောက် မကိုင်တွယ်နိုင်တာ ဒါကလည်း ဆက်နွယ်နေမှာပဲ။ ရပ်ကျေးတာဝန်ရှိသူတွေ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေ မြို့နယ်မှာရှိတဲ့ သက်ဆိုင်ရာဌာနတွေ နောက်တစ်ခါ ခရိုင်၊ တိုင်း စတဲ့ဌာနတွေက ဖိဖိစီးစီးနဲ့ ထိထိရောက်ရောက် မကိုင်တွယ်တဲ့ အနေအထားမှာ ဒါတွေက ပိုဆိုးလာတာ”

ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဌာနဝန်ကြီး ဒေါ်မိုးမိုးစု ကြည်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ-- FMI City အိမ်ယာအတွင်း တရုတ်နိုင်ငံသား အများစုကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့ကြောင်း၊  လက်ရှိမှာလည်း ပြစ်မှုကျူးလွန်တဲ့ တရုတ်နိုင်ငံသား ငါးယောက်ကို နေအိမ်ငှားရမ်းထားတဲ့ အိမ်ရှင်ကိုပါ လဝက ဥပဒေနဲ့ အရေးယူထားကြောင်း ပြောပါတယ်။

“အဲဒီဟာက အမတို့ လဝက ဥပဒေအရကတော့ ဒါဖောင်စီတိုင်ကြားခြင်း မရှိဘူးဆိုလို့ရှိရင်တော့ အရင်ဦးဆုံး အမတို့ လဝကဥပဒေနဲ့ အညီဆောင်ရွက်နိုင်အောင် အိမ်ရှင်ကို အရင်ဦးဆုံး ဘာပဲပြောပြော မနေ့ကဖြစ်တဲ့အချိန်ဆိုရင် အိမ်ရှင် လဝကဥပဒေနဲ့ အမတို့ တရားစွဲထားတယ် ဘာကြောင့် လဲလို့ပြောရင် ကိုယ့်အိမ်မှာလာငှားနေတဲ့ နိုင်ငံခြားသားအားလုံး ဖောင်စီတိုင်ရမယ်ဆိုတာ အိမ်ရှင်တွေ အားလုံး သိကြတာလေ၊ သူတို့တိုင်ကြားထားခြင်းမရှိတဲ့အတွက်တော့ အမတို့ကို အိမ်ရှင်ကိုတော့ ဥပဒေနဲ့အညီ အရေးယူထားတယ်ပေါ့နော်”

ဒါ့အပြင် FMI အိမ်ယာထဲမှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေကို စိစစ်ဖို့အတွက် နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေလည်း ရှိနေကြောင်း၊ မြန်မာနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေတွေကို လိုက်နာမှုအားနည်းတဲ့ထဲမှာ တရုတ်နိုင်ငံသား အများဆုံး ဖြစ်ပေမယ့် နိုင်ငံခြားသားအတော်များများ လိုက်နာမှု အားနည်းကြောင်း  ပြောပါတယ်။

ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက လှိုင်သာယာဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံသားတွေကို အာမခံပေးလိုက်တဲ့အပေါ် သူက အခုလို ပြောပါတယ်။

“ဒီလိုမျိုးနိုင်ငံခြားသားတွေ ကျနော်တို့မြို့နယ်တွေထဲ လာပြီးတော့ နေထိုင်ဆိုလို့ရှိရင် ရဲတို့၊ လဝကတို့က မသိလို့မရပါဘူး။ သိရမှာပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတဆင့် မြို့နယ်ကိုလည်း တင်ပြရတာတွေ ရှိပါတယ်။ အဆင့်ဆင့်က အဲဒီနေရာတွေမှာ လျော့ရဲနေလို့ ဒီလိုမျိုး တချို့ပြဿနာတွေက တက်တယ်လို့ဘဲ ကျတော်တို့က အကြမ်းအားဖြင့် ကျနော်တို့က ယူဆပါတယ်။”

တရုတ်နိုင်ငံထုတ်ပစ္စည်းတွေကို ရောင်းချတဲ့ဆိုင်တွေ အမြောက်အမြား ရှိနေတာတွေ ရန်ကုန်တိုင်းအတွင်း လာရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရန်ကုန်တိုင်း လွှတ်တော်မှာ မေးခွန်းတွေမေးခဲ့သူ ဖြစ်ပါတယ်။

လှိုင်သာယာမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေထဲက ပြဿနာအဖြစ်အများဆုံး စက်ရုံတွေဟာလည်း တရုတ်နိုင်ငံသားပိုင် စက်ရုံတွေ ဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။

တရုတ်နိုင်ငံသားတွေ ပြစ်မှုကျူးလွန်ချိန်တွေမှာ သက်ဆိုင်ရာဌာနတွေအနေနဲ့ ထိရောက်တဲ့ပြစ်ဒဏ်တွေ ပေး၊ မပေး ဆက်လက်စောင့်ကြည့် သွားမယ်လို့ သူတို့က ပြောပါတယ်။

RFA Burmese
https://www.rfa.org
ရဲနဲ႔ ရပ္ကြက္လူႀကီးကို ႐ိုက္တဲ့ တ႐ုတ္ႏိုင္ငံသား ငါးဦး အာမခံနဲ႔ျပန္လြတ္ ရဲနဲ႔ ရပ္ကြက္လူႀကီးကို ႐ိုက္တဲ့ တ႐ုတ္ႏိုင္ငံသား ငါးဦး အာမခံနဲ႔ျပန္လြတ္ Reviewed by THITHTOOLWIN on 02:29 Rating: 5
Powered by Blogger.