AA တပ္ခ်ဳပ္ရဲ႕မိသားစုကို ဘန္ေကာက္မွာ ထိန္းသိမ္းထား

AA ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ကို ၂၀၁၉၊ ဧၿပီ ၁၄ ရက္ေန႔က က်င္းပတဲ့ ဝျပည္ ေသြးစည္းညီၫြတ္ေရးတပ္မေတာ္ ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈ ႏွစ္ ၃ဝ ျပည့္ အခမ္းအနားအႀကိဳ ညစာစားပြဲမွာ ေတြ႕ရစဥ္ / Photo: Kan Thar and Thiha Tun/ RFA
(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ AA စစ္ဦးစီးခ်ဳပ္ရဲ႕ ဇနီးနဲ႔ သားသမီးေတြကို မေန႔ကညပိုင္းမွာ ဘန္ေကာက္မွာရွိတဲ့ လူဝင္မႈ ႀကီးၾကပ္ေရးဌာနခ်ဳပ္႐ုံးကို ပို႔ေဆာင္လိုက္ၿပီလို႔ သိရေၾကာင္း ထိုင္းႏိုင္ငံအေျခစိုက္ ရခိုင္လူ႔အခြင့္အေရး သုေတသနဌာနက အမႈေဆာင္ဒါ႐ိုက္တာတစ္ဦးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၄ ရက္ေန႔က AA စစ္ဦးစီးခ်ဳပ္ရဲ႕ ဇနီး မႏွင္းဇာျဖဴနဲ႔  ၁၂ အ႐ြယ္ မေစာျပည့္သွ်န္နဲ႔ ၁၁ လ သားအ႐ြယ္ ေမာင္ျမတ္လင္းဇင္တို႔ကို ထိုင္းအာဏာပိုင္ေတြက ခ်င္းမိုင္မွာ ဖမ္းဆီးလိုက္တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကို ျပန္ပို႔ခံရရင္ ညႇဥ္းပန္းႏွိပ္စက္မႈေတြ ေထာင္သြင္းအက်ဥ္းခ်တာေတြ နဲ႔ ရင္ဆိုင္ရမွာ စိုးရိမ္ရတယ္လို႔ ထိုင္းႏိုင္ငံအေျခစိုက္ အရပ္ဘက္အဖြဲ႕ေတြနဲ႔  ႏိုင္ငံတကာအဖြဲ႕ေတြရဲ႕ ေတာင္းဆိုမႈေၾကာင့္ သူတို႔ကို နယ္စပ္မွာ လြဲေျပာင္းေပးမယ့္ အစီအစဥ္ ပ်က္သြားတယ္လို႔ သူတို႔ကို လိုက္ပါကူညီ ေဆာင္႐ြက္ေပးေနသူေတြက ေျပာပါတယ္။

ဘန္ေကာက္မွာ ထိန္းသိမ္းခံေနရခ်ိန္မွာ သူတို႔ဆႏၵရွိရင္ တတိယႏိုင္ငံတစ္ခုခုကို သြားေရာက္ ခိုလႈံခြင့္ရေရး အတြက္ ေလွ်ာက္ထားႏိုင္မွာပါ။

AA စစ္ဦးစီးခ်ဳပ္ရဲ႕ ဇနီး အပါအဝင္၊ တျခား ၁၀ ေယာက္ေလာက္ကို ျပန္ပို႔ေပးဖို႔ ျမန္မာႏိုင္ငံ အစိုးရဘက္က  ထိုင္းအစိုးရကို ကူညီေတာင္းခံထားတယ္လို႔လည္း သတင္းထြက္ေနပါတယ္။

သမီးျဖစ္သူ မႏွင္းဇာျဖဴ ဖမ္းဆီးခံရတာနဲ႔ပတ္သက္လို႔ ရခိုင္ျပည္နယ္လႊတ္ေတာ္ဥကၠ႒ ဦးစံေက်ာ္လွက- သူ႔ကို ဘယ္ႏိုင္ငံ၊ ဘယ္အစိုးရကမွ ဆက္သြယ္အေၾကာင္းၾကားလာတာ မရွိေသးေၾကာင္း၊ သတင္းမီဒီယာေတြမွာ ေဖာ္ျပတာကေနတဆင့္ပဲ သိထားေၾကာင္း၊ သမီးနဲ႔ ေျမးေတြ အခုလိုဖမ္းဆီးခံရတာကို စိတ္မေကာင္းျဖစ္ေၾကာင္း ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ AA ရကၡိဳင့္တပ္ေတာ္နဲ႔ တပ္မေတာ္တို႔ ျဖစ္ပြားေနတဲ့ တိုက္ပြဲကာလ ၁ ႏွစ္အတြင္းမွာ အစိုးရက AA  ေခါင္းေဆာင္ေတြရဲ႕ ေဆြမ်ိဳးေတြျဖစ္တဲ့ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ရဲ႕ ဇနီး၊ ညီမ၊ ေယာက္ဖ ျဖစ္သူေတြအျပင္ AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခရဲ႕ ေယာက္ဖျဖစ္သူတို႔ကို ဖမ္းဆီးခဲ့ပါ တယ္။

AA စစ္ဦးစီးခ်ဳပ္ရဲ႕ ေယာက္ဖနဲ႔ ညီမ၊ ညီျဖစ္သူ ကိုေအာင္ျမတ္ေက်ာ္အပါအဝင္ ရွစ္ဦးကိုလည္း တရားစြဲဆို ဖမ္းဆီးထားၿပီး ခိုင္သုခရဲ႕ေယာက္ဖျဖစ္သူကေတာ့ ျပန္လည္လြတ္ေျမာက္လာၿပီ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
------------------
(Unicode)⤵⤵⤵
AA တပ်ချုပ်ရဲ့မိသားစုကို ဘန်ကောက်မှာ ထိန်းသိမ်းထား

AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ၂၀၁၉၊ ဧပြီ ၁၄ ရက်နေ့က ကျင်းပတဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃ဝ ပြည့် အခမ်းအနားအကြို ညစာစားပွဲမှာ တွေ့ရစဉ် / Photo: Kan Thar and Thiha Tun/ RFA

ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ သားသမီးတွေကို မနေ့ကညပိုင်းမှာ ဘန်ကောက်မှာရှိတဲ့ လူဝင်မှု ကြီးကြပ်ရေးဌာနချုပ်ရုံးကို ပို့ဆောင်လိုက်ပြီလို့ သိရကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရခိုင်လူ့အခွင့်အရေး သုတေသနဌာနက အမှုဆောင်ဒါရိုက်တာတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က AA စစ်ဦးစီးချုပ်ရဲ့ ဇနီး မနှင်းဇာဖြူနဲ့  ၁၂ အရွယ် မစောပြည့်သျှန်နဲ့ ၁၁ လ သားအရွယ် မောင်မြတ်လင်းဇင်တို့ကို ထိုင်းအာဏာပိုင်တွေက ချင်းမိုင်မှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြန်ပို့ခံရရင် ညှဉ်းပန်းနှိပ်စက်မှုတွေ ထောင်သွင်းအကျဉ်းချတာတွေ နဲ့ ရင်ဆိုင်ရမှာ စိုးရိမ်ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အရပ်ဘက်အဖွဲ့တွေနဲ့  နိုင်ငံတကာအဖွဲ့တွေရဲ့ တောင်းဆိုမှုကြောင့် သူတို့ကို နယ်စပ်မှာ လွဲပြောင်းပေးမယ့် အစီအစဉ် ပျက်သွားတယ်လို့ သူတို့ကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ဘန်ကောက်မှာ ထိန်းသိမ်းခံနေရချိန်မှာ သူတို့ဆန္ဒရှိရင် တတိယနိုင်ငံတစ်ခုခုကို သွားရောက် ခိုလှုံခွင့်ရရေး အတွက် လျှောက်ထားနိုင်မှာပါ။

AA စစ်ဦးစီးချုပ်ရဲ့ ဇနီး အပါအဝင်၊ တခြား ၁၀ ယောက်လောက်ကို ပြန်ပို့ပေးဖို့ မြန်မာနိုင်ငံ အစိုးရဘက်က  ထိုင်းအစိုးရကို ကူညီတောင်းခံထားတယ်လို့လည်း သတင်းထွက်နေပါတယ်။

သမီးဖြစ်သူ မနှင်းဇာဖြူ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက- သူ့ကို ဘယ်နိုင်ငံ၊ ဘယ်အစိုးရကမှ ဆက်သွယ်အကြောင်းကြားလာတာ မရှိသေးကြောင်း၊ သတင်းမီဒီယာတွေမှာ ဖော်ပြတာကနေတဆင့်ပဲ သိထားကြောင်း၊ သမီးနဲ့ မြေးတွေ အခုလိုဖမ်းဆီးခံရတာကို စိတ်မကောင်းဖြစ်ကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ AA ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲကာလ ၁ နှစ်အတွင်းမှာ အစိုးရက AA  ခေါင်းဆောင်တွေရဲ့ ဆွေမျိုးတွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီး၊ ညီမ၊ ယောက်ဖ ဖြစ်သူတွေအပြင် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခရဲ့ ယောက်ဖဖြစ်သူတို့ကို ဖမ်းဆီးခဲ့ပါ တယ်။

AA စစ်ဦးစီးချုပ်ရဲ့ ယောက်ဖနဲ့ ညီမ၊ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ရှစ်ဦးကိုလည်း တရားစွဲဆို ဖမ်းဆီးထားပြီး ခိုင်သုခရဲ့ယောက်ဖဖြစ်သူကတော့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
AA တပ္ခ်ဳပ္ရဲ႕မိသားစုကို ဘန္ေကာက္မွာ ထိန္းသိမ္းထား AA တပ္ခ်ဳပ္ရဲ႕မိသားစုကို ဘန္ေကာက္မွာ ထိန္းသိမ္းထား Reviewed by THITHTOOLWIN on 02:45 Rating: 5
Powered by Blogger.