ကြတ္ခိုင္၊ လြိဳင္ဆမ္ဆစ္ေတာင္ေျခမွာ ယာဥ္တိုက္မႈျဖစ္ပြားၿပီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးအပါအဝင္ (၂)ဦးေသဆုံး

ဓါတ္ပုံ- ျဗဟၼစိုရ္ႏွလုံးသား လူမႈကူညီေရးအသင္း(ကြတ္ခိုင္ၿမိဳ႕)
(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ဒီဇင္ဘာ ၉

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ လြိဳင္ဆမ္ဆစ္ေတာင္ေျခ၊ ျပည္ေထာင္စုလမ္းမႀကီးေပၚမွာ ဒီဇင္ဘာ၈ရက္က ယာဥ္တိုက္မႈျဖစ္ပြားၿပီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးအပါအဝင္ (၂)ဦးေသဆုံးခဲ့တယ္လို႔ ျဗဟၼစိုရ္ႏွလုံးသား လူမႈကူညီေရးအသင္း(ကြတ္ခိုင္ၿမိဳ႕)ထံမွ သိရပါတယ္။

အဆိုပါျပည္ေထာင္စုလမ္းမႀကီးေပၚမွာ တယ္ခ်င္း(၃၆)ႏွစ္ ေမာင္းႏွင္လာတဲ့7K/×××× ALPHARDယာဥ္က အရွိန္မထိန္းႏိုင္ဘဲ လားရာတူေရွ႕မွ က်န္းေရွာက္ရွိန္း(၂၅)ႏွစ္ ေမာင္းႏွင္ၿပီး မေရွာက္ဟြမ္း(၁၉)ႏွစ္ လိုက္ပါစီးနင္းလာတဲ့ ဆိုင္ကယ္ကို ဝင္ေရာက္တိုက္မိခဲ့တာျဖစ္ပါတယ္။
ဓါတ္ပုံ- ျဗဟၼစိုရ္ႏွလုံးသား လူမႈကူညီေရးအသင္း(ကြတ္ခိုင္ၿမိဳ႕)

အဲဒီလို ဝင္ေရာက္တိုက္မိခဲ့မႈေၾကာင့္ က်န္းေရွာက္ရွိန္း(၂၅)ႏွစ္နဲ႔ မေရွာက္ဟြမ္း(၁၉)ႏွစ္တို႔က အခင္းျဖစ္ပြားရာ‌ေနရာမွာ ေသဆုံးခဲ့တာျဖစ္ပါတယ္။

ေသဆုံးသူႏွစ္ဦးရဲ႕႐ုပ္အေလာင္းေတြကို ျဗဟၼစိုရ္ႏွလုံးသား လူမႈကူညီေရးအသင္း(ကြတ္ခိုင္ၿမိဳ႕)မွ ယာဥ္ႏွစ္စီးနဲ႔ ကြတ္ခိုင္ျပည္သူ႔ေဆး႐ုံ၊ ရင္ခြဲ႐ုံကို ပို႔ေဆာင္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။

အဆိုပါျဖစ္စဥ္ေၾကာင့္ တယ္ခ်င္းကို ကြတ္ခိုင္ၿမိဳ႕မရဲစခန္းမွာ ယာဥ္(ပ) ၃၃/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄-က/ ၃၃၈/၂၇၉ (ေပါ့ေလ်ာ့မႈေၾကာင္း လူေသမႈ၊ ျပင္းထန္နာက်င္ေစမႈ၊ ယာဥ္မဆင္ မျခင္ေမာင္းႏွင္မႈ)နဲ႔ အမႈဖြင့္အေရးယူထားၿပီး အေသးစိတ္ကို စစ္ေဆးလ်က္ရွိေၾကာင္း သိရပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
ကွတ်ခိုင်၊ လွိုင်ဆမ်ဆစ်တောင်ခြေမှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် (၂)ဦးသေဆုံး

တောင်ကြီး၊ ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လွိုင်ဆမ်ဆစ်တောင်ခြေ၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဒီဇင်ဘာ၈ရက်က ယာဉ်တိုက်မှုဖြစ်ပွားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် (၂)ဦးသေဆုံးခဲ့တယ်လို့ ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်း(ကွတ်ခိုင်မြို့)ထံမှ သိရပါတယ်။

အဆိုပါပြည်ထောင်စုလမ်းမကြီးပေါ်မှာ တယ်ချင်း(၃၆)နှစ် မောင်းနှင်လာတဲ့7K/×××× ALPHARDယာဉ်က အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ ကျန်းရှောက်ရှိန်း(၂၅)နှစ် မောင်းနှင်ပြီး မရှောက်ဟွမ်း(၁၉)နှစ် လိုက်ပါစီးနင်းလာတဲ့ ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။

အဲဒီလို ဝင်ရောက်တိုက်မိခဲ့မှုကြောင့် ကျန်းရှောက်ရှိန်း(၂၅)နှစ်နဲ့ မရှောက်ဟွမ်း(၁၉)နှစ်တို့က အခင်းဖြစ်ပွားရာ‌နေရာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

သေဆုံးသူနှစ်ဦးရဲ့ရုပ်အလောင်းတွေကို ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်း(ကွတ်ခိုင်မြို့)မှ ယာဉ်နှစ်စီးနဲ့ ကွတ်ခိုင်ပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် တယ်ချင်းကို ကွတ်ခိုင်မြို့မရဲစခန်းမှာ ယာဉ်(ပ) ၃၃/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၃၃၈/၂၇၉ (ပေါ့လျော့မှုကြောင်း လူသေမှု၊ ပြင်းထန်နာကျင်စေမှု၊ ယာဉ်မဆင် မခြင်မောင်းနှင်မှု)နဲ့ အမှုဖွင့်အရေးယူထားပြီး အသေးစိတ်ကို စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ဓါတ်ပုံ- ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်း(ကွတ်ခိုင်မြို့)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ကြတ္ခိုင္၊ လြိဳင္ဆမ္ဆစ္ေတာင္ေျခမွာ ယာဥ္တိုက္မႈျဖစ္ပြားၿပီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးအပါအဝင္ (၂)ဦးေသဆုံး ကြတ္ခိုင္၊ လြိဳင္ဆမ္ဆစ္ေတာင္ေျခမွာ ယာဥ္တိုက္မႈျဖစ္ပြားၿပီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးအပါအဝင္ (၂)ဦးေသဆုံး Reviewed by THITHTOOLWIN on 02:22 Rating: 5
Powered by Blogger.