ကေလးေတာ္ေတာ္မ်ားမ်ားစားမိေနတဲ့ သၾကားဓာတ္မ်ားတဲ့ အစားအစာေတြ

(Zawgyi)⤵⤵⤵
အရာရာဖြံ႕ၿဖိဳးဖို႔အားယူေနဆဲ ကေလးအ႐ြယ္မွာ ေန႔စဥ္အစားအေသာက္ေတြထဲ အာဟာရျဖစ္မယ့္အရာေတြခ်ည္း ပါေနသင့္တဲ့အျပင္ ဆိုးက်ိဳးျဖစ္ေစမယ့္အရာေတြ ကင္းေနမွျဖစ္မွာပါ။ ေဖေဖေမေမတို႔ကေတာ့ အာဟာရျပည့္ေစဖို႔၊ ဖြံ႕ၿဖိဳးမႈျမန္ေစဖို႔၊ ကေလးစိတ္ေက်နပ္ေစဖို႔ အႏၲရာယ္ကင္းမယ့္ အေကာင္းဆုံးေတြကို ေ႐ြးခ်ယ္ေပးၾကမွာပါပဲ။ ဒါေပမယ့္ တခ်ိဳ႕ေသာ ကေလးအစားအေသာက္ေတြရဲ႕ ေနာက္ကြယ္မွာ အသံတိတ္အႏၲရာယ္တစ္ခု ရွိေနခဲ့တာ သတိေပးပါရေစ။ အဲဒါကေတာ့ သၾကားဓာတ္မ်ားေနတဲ့ အစားအေသာက္ေတြပါပဲ။

ကိုယ့္ကေလးစားမိေနတဲ့ အစားအေသာက္ေတြထဲ အခ်ိဳဓာတ္မ်ားတာေတြ ပါဝင္ေနႏိုင္တာကို မိဘေတြ သတိထားမိဖို႔ အေရးႀကီးပါတယ္။ ေမေမတို႔ သတိထားလို႔ရေအာင္လို႔ သၾကားဓာတ္မ်ားေနႏိုင္တဲ့ ကေလးႀကိဳက္အစားအေသာက္ေတြကို ဥပမာ ေဖာ္ျပေပးလိုက္ပါတယ္ –

သၾကားလုံးနဲ႔ ဂ်ယ္လီ

ဒါေတာ့ အသိသာဆုံးပါေနာ္။ သၾကားလုံးကေတာ့ အ႐ြယ္ႀကီးတဲ့အထိ ကေလးတိုင္း ႀကိဳက္တဲ့ထဲ ထိပ္ဆုံးကေပါ့။ သၾကားလုံးနဲ႔ ဂ်ယ္လီေတြမွာ ကေလးအတြက္လိုအပ္တဲ့ဓာတ္ေတြ ဘာတစ္ခုမွမေပးတဲ့အျပင္ ကယ္လိုရီလည္း မပါရွိပါဘူး။ အဆိုးဆုံးက သူတို႔ကို စားတာမ်ားရင္ ကေလးကို သြားပိုးစားေစႏိုင္တယ္၊ အဝလြန္ေစႏိုင္တယ္ဆိုတဲ့ ဆိုးက်ိဳးေတြ ေပးပါလိမ့္မယ္။

ေခ်ာကလက္

ေခ်ာကလက္က က်န္းမာေရးအတြက္ ဘယ္လိုေကာင္းတယ္ ဘာညာဆိုတဲ့ သုေတသနေတြ႕ရွိခ်က္ေတြဟာ အခ်ိဳမပါတဲ့ ေခ်ာကလက္စစ္စစ္ကိုသာ ဆိုလိုပါတယ္ေနာ္။ ဘယ္ကေလးကမ်ား အခ်ိဳမပါတဲ့ ေခ်ာကလက္ကို ႀကိဳက္ပါ့မလဲ။ ခ်ိဳဆိမ့္သက္ေနတဲ့ ေခ်ာကလက္ကိုသာ မက္ေမာတတ္တဲ့ ကိုယ့္ကေလးကို ဆင္ဆင္ျခင္ျခင္ေကြၽးသင့္ပါတယ္ေနာ္။

ဂက္စ္ပါတဲ့ အခ်ိဳရည္ေတြ

ကေလးေတြအတြက္ မသင့္ေတာ္ဆုံးက ဒီအခ်ိဳရည္ေတြပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔မွာ သၾကားဓာတ္မ်ားတဲ့အျပင္ –

• ကဖင္းပါတတ္တယ္။ ကဖင္းေၾကာင့္ စြဲလမ္းတတ္ေစတယ္၊ ကေလးက်န္းမာေရးအတြက္ ထိခိုက္မႈရွိေစႏိုင္တယ္၊ အိပ္စက္မႈကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္တယ္။

• သၾကားမပါတဲ့ sugar-free ျဖစ္ရင္ေတာင္ အက္စစ္ဓာတ္မ်ားလို႔ ကေလးရဲ႕ ဖြံ႕ၿဖိဳးဆဲ သြားေလးေတြကို ထိခိုက္ေစႏိုင္တယ္။

• သၾကားတုေတြပါတယ္ဆိုရင္ ကေလးကို အခ်ိဳစြဲလမ္းမႈျဖစ္ေစႏိုင္ၿပီး က်န္းမာေရးနဲ႔ညီတဲ့ အစားအေသာက္ေတြ ေကြၽးရပိုခက္လာႏိုင္ပါတယ္။

• ကေလးကို ျမန္ျမန္ဗိုက္ျပည့္ေစႏိုင္လို႔ သူ႔အတြက္ တကယ္လိုအပ္တဲ့ အာဟာရေတြစားဖို႔ မဆံ့ေတာ့ဘဲ ေနပါလိမ့္မယ္။
အသီးေဖ်ာ္ရည္ေတြ

ဘူးအခ်ိဳရည္ေတြ မတိုက္ပါဘူး၊ သဘာဝအသီးေတြနဲ႔ အခ်ိဳရည္ပဲတိုက္တယ္ဆိုတဲ့ ေမေမတို႔ သတိထားၾကဖို႔ပါ။ ကေလးကို အသီးေဖ်ာ္ရည္ပုလင္းေတြေဖ်ာ္တိုက္တာ၊ အခ်ိဳထပ္စြက္ထားတဲ့ သဘာဝအသီးေဖ်ာ္ရည္ေတြတိုက္တာလည္း အခ်ိဳဓာတ္စားသုံးမႈလြန္ကဲေစႏိုင္ပါတယ္။

အားျဖည့္အခ်ိဳရည္

ကေလးအတြက္ အားျဖည့္အခ်ိဳရည္တိုက္တာကေပးလာမယ့္ အာဟာရဓါတ္ကမရွိသေလာက္ျဖစ္ၿပီး ဆိုးက်ိဳးကပိုမ်ားပါတယ္။ အားျဖည့္အခ်ိဳရည္အမ်ားစုက အခ်ိဳနဲ႔ ကဖင္းပမာဏတပုံတပင္ပါဝင္တာျဖစ္ၿပီး တစ္ဘူးမွာ တစ္ခါတေလေကာ္ဖီတစ္ခြက္စာကေန သုံးခြက္စာေလာက္ ကဖင္းဓါတ္ေတြပါႏိုင္ေသးတယ္။ ပိုဆိုးတာက ကဖင္းဓါတ္မ်ားရင္ ဦးေႏွာက္ဖြံ႕ၿဖိဳးကာစ ကေလးေတြမွာ အာ႐ုံစူးစိုက္ႏိုင္စြမ္းနဲ႔ေလ့လာမွတ္သားႏိုင္စြမ္း ကို ထိခိုက္ေစႏိုင္ပါတယ္။

ပဲႏို႔ဘူး

ကေလးရဲ႕ႀကီးထြားဖြံ႕ၿဖိဳးမႈအတြက္ လိုအပ္တဲ့ပ႐ိုတင္းကို အျပည့္အဝရႏိုင္တဲ့ေသာက္စရာ တစ္မ်ိဳးျဖစ္ေပမယ့္ အခ်ိဳပါဝင္မႈမ်ားတဲ့အထဲ ပဲႏို႔လည္းပါဝင္ပါတယ္။ ပဲႏို႔ကိုေဈးကြက္မွာ အသင့္ေသာက္ဘူးေလးေတြနဲ႔ ေတြ႕ရတာမ်ားပါတယ္။ အသင့္ေသာက္ပဲႏို႔ေတြမွာ ပါဝင္တဲ့အခ်ိဳဓါတ္က မနည္းတာေၾကာင့္ အာဟာရအတြက္ တိုက္မယ္ဆို စဥ္းစားခ်င့္ခ်ိန္ၿပီး အကန႔္အသတ္နဲ႔ တိုက္သင့္ပါတယ္။

အာဟာရျပည့္ေသာက္စရာ
v
ကေလးဖြံ႕ၿဖိဳးႀကီးထြားမႈအတြက္ လိုအပ္တဲ့အာဟာရဓါတ္ေတြ ျဖည့္စြက္ေပးႏိုင္တဲ့ အာဟာရေသာက္စရာေတြကို ပိုၿပီးအားကိုးတတ္ၾကပါတယ္။ အခ်ိဳရည္ေတြ၊ အားျဖည့္အခ်ိဳရည္ေတြ၊ေကာ္ဖီေတြမတိုက္ဘူးဆိုၿပီး မုေယာစပါးအာဟာရျပည့္ေသာက္စရာေတြ ကိုေ႐ြးခ်ယ္လိုက္ပါေလေရာ။ အဲဒီအခါက်မွ သူတို႔မွာပါတဲ့ အခ်ိဳပမာဏေၾကာင့္ ကေလးရဲ႕ေန႔စဥ္အာဟာရမွာ သၾကားဓါတ္လြန္ကဲႏိုင္တာ သတိထားသင့္ပါတယ္။

ဘယ္လိုေျဖရွင္းရမလဲ

ဒါေတြမွာ သၾကားဓာတ္မ်ားလို႔ဆိုၿပီး လုံးဝႀကီးအျပတ္ျဖတ္ဖို႔ေတာ့ မဟုတ္ပါဘူးေနာ္။ ကေလးဆိုတာ တားမွ ပိုစားခ်င္တတ္တာမို႔ တစ္ခါတေလမွ အကန႔္အသတ္နဲ႔ ေကြၽးပါ။ ကေလးအတြက္ အာဟာရျပည့္ေစခ်င္ရင္ေတာ့ ႀကီးထြားဖြံ႕ၿဖိဳးမႈအတြက္ လိုအပ္မယ့္ဓာတ္ေတြ ပါဝင္ၿပီးသား အာဟာရႏို႔မႈန႔္ေတြ၊ ျဖည့္စြက္အာဟာရေတြကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ဥပမာ ဦးေႏွာက္နဲ႔အျမင္အာ႐ုံအတြက္ အေရးပါတဲ့ DHA (အက်ိဳးျပဳအဆီဓာတ္တစ္မ်ိဳး)၊ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြအျပင္ သၾကားဓာတ္ပါဝင္မႈနည္းတဲ့ အမွတ္တံဆိပ္ေတြကို တိုက္ေကြၽးသင့္ပါတယ္။

ေရးသားသူ Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
----------
(Unicode)⤵⤵⤵
ကလေးတော်တော်များများစားမိနေတဲ့ သကြားဓာတ်များတဲ့ အစားအစာတွေ

အရာရာဖွံ့ဖြိုးဖို့အားယူနေဆဲ ကလေးအရွယ်မှာ နေ့စဉ်အစားအသောက်တွေထဲ အာဟာရဖြစ်မယ့်အရာတွေချည်း ပါနေသင့်တဲ့အပြင် ဆိုးကျိုးဖြစ်စေမယ့်အရာတွေ ကင်းနေမှဖြစ်မှာပါ။ ဖေဖေမေမေတို့ကတော့ အာဟာရပြည့်စေဖို့၊ ဖွံ့ဖြိုးမှုမြန်စေဖို့၊ ကလေးစိတ်ကျေနပ်စေဖို့ အန္တရာယ်ကင်းမယ့် အကောင်းဆုံးတွေကို ရွေးချယ်ပေးကြမှာပါပဲ။ ဒါပေမယ့် တချို့သော ကလေးအစားအသောက်တွေရဲ့ နောက်ကွယ်မှာ အသံတိတ်အန္တရာယ်တစ်ခု ရှိနေခဲ့တာ သတိပေးပါရစေ။ အဲဒါကတော့ သကြားဓာတ်များနေတဲ့ အစားအသောက်တွေပါပဲ။

ကိုယ့်ကလေးစားမိနေတဲ့ အစားအသောက်တွေထဲ အချိုဓာတ်များတာတွေ ပါဝင်နေနိုင်တာကို မိဘတွေ သတိထားမိဖို့ အရေးကြီးပါတယ်။ မေမေတို့ သတိထားလို့ရအောင်လို့ သကြားဓာတ်များနေနိုင်တဲ့ ကလေးကြိုက်အစားအသောက်တွေကို ဥပမာ ဖော်ပြပေးလိုက်ပါတယ် –

သကြားလုံးနဲ့ ဂျယ်လီ

ဒါတော့ အသိသာဆုံးပါနော်။ သကြားလုံးကတော့ အရွယ်ကြီးတဲ့အထိ ကလေးတိုင်း ကြိုက်တဲ့ထဲ ထိပ်ဆုံးကပေါ့။ သကြားလုံးနဲ့ ဂျယ်လီတွေမှာ ကလေးအတွက်လိုအပ်တဲ့ဓာတ်တွေ ဘာတစ်ခုမှမပေးတဲ့အပြင် ကယ်လိုရီလည်း မပါရှိပါဘူး။ အဆိုးဆုံးက သူတို့ကို စားတာများရင် ကလေးကို သွားပိုးစားစေနိုင်တယ်၊ အဝလွန်စေနိုင်တယ်ဆိုတဲ့ ဆိုးကျိုးတွေ ပေးပါလိမ့်မယ်။

ချောကလက်

ချောကလက်က ကျန်းမာရေးအတွက် ဘယ်လိုကောင်းတယ် ဘာညာဆိုတဲ့ သုတေသနတွေ့ရှိချက်တွေဟာ အချိုမပါတဲ့ ချောကလက်စစ်စစ်ကိုသာ ဆိုလိုပါတယ်နော်။ ဘယ်ကလေးကများ အချိုမပါတဲ့ ချောကလက်ကို ကြိုက်ပါ့မလဲ။ ချိုဆိမ့်သက်နေတဲ့ ချောကလက်ကိုသာ မက်မောတတ်တဲ့ ကိုယ့်ကလေးကို ဆင်ဆင်ခြင်ခြင်ကျွေးသင့်ပါတယ်နော်။

ဂက်စ်ပါတဲ့ အချိုရည်တွေ

ကလေးတွေအတွက် မသင့်တော်ဆုံးက ဒီအချိုရည်တွေပါ။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ သကြားဓာတ်များတဲ့အပြင် –

• ကဖင်းပါတတ်တယ်။ ကဖင်းကြောင့် စွဲလမ်းတတ်စေတယ်၊ ကလေးကျန်းမာရေးအတွက် ထိခိုက်မှုရှိစေနိုင်တယ်၊ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်။

• သကြားမပါတဲ့ sugar-free ဖြစ်ရင်တောင် အက်စစ်ဓာတ်များလို့ ကလေးရဲ့ ဖွံ့ဖြိုးဆဲ သွားလေးတွေကို ထိခိုက်စေနိုင်တယ်။

• သကြားတုတွေပါတယ်ဆိုရင် ကလေးကို အချိုစွဲလမ်းမှုဖြစ်စေနိုင်ပြီး ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေ ကျွေးရပိုခက်လာနိုင်ပါတယ်။

• ကလေးကို မြန်မြန်ဗိုက်ပြည့်စေနိုင်လို့ သူ့အတွက် တကယ်လိုအပ်တဲ့ အာဟာရတွေစားဖို့ မဆံ့တော့ဘဲ နေပါလိမ့်မယ်။
အသီးဖျော်ရည်တွေ

ဘူးအချိုရည်တွေ မတိုက်ပါဘူး၊ သဘာဝအသီးတွေနဲ့ အချိုရည်ပဲတိုက်တယ်ဆိုတဲ့ မေမေတို့ သတိထားကြဖို့ပါ။ ကလေးကို အသီးဖျော်ရည်ပုလင်းတွေဖျော်တိုက်တာ၊ အချိုထပ်စွက်ထားတဲ့ သဘာဝအသီးဖျော်ရည်တွေတိုက်တာလည်း အချိုဓာတ်စားသုံးမှုလွန်ကဲစေနိုင်ပါတယ်။

အားဖြည့်အချိုရည်

ကလေးအတွက် အားဖြည့်အချိုရည်တိုက်တာကပေးလာမယ့် အာဟာရဓါတ်ကမရှိသလောက်ဖြစ်ပြီး ဆိုးကျိုးကပိုများပါတယ်။ အားဖြည့်အချိုရည်အများစုက အချိုနဲ့ ကဖင်းပမာဏတပုံတပင်ပါဝင်တာဖြစ်ပြီး တစ်ဘူးမှာ တစ်ခါတလေကော်ဖီတစ်ခွက်စာကနေ သုံးခွက်စာလောက် ကဖင်းဓါတ်တွေပါနိုင်သေးတယ်။ ပိုဆိုးတာက ကဖင်းဓါတ်များရင် ဦးနှောက်ဖွံ့ဖြိုးကာစ ကလေးတွေမှာ အာရုံစူးစိုက်နိုင်စွမ်းနဲ့လေ့လာမှတ်သားနိုင်စွမ်း ကို ထိခိုက်စေနိုင်ပါတယ်။

ပဲနို့ဘူး

ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ပရိုတင်းကို အပြည့်အဝရနိုင်တဲ့သောက်စရာ တစ်မျိုးဖြစ်ပေမယ့် အချိုပါဝင်မှုများတဲ့အထဲ ပဲနို့လည်းပါဝင်ပါတယ်။ ပဲနို့ကိုဈေးကွက်မှာ အသင့်သောက်ဘူးလေးတွေနဲ့ တွေ့ရတာများပါတယ်။ အသင့်သောက်ပဲနို့တွေမှာ ပါဝင်တဲ့အချိုဓါတ်က မနည်းတာကြောင့် အာဟာရအတွက် တိုက်မယ်ဆို စဉ်းစားချင့်ချိန်ပြီး အကန့်အသတ်နဲ့ တိုက်သင့်ပါတယ်။

အာဟာရပြည့်သောက်စရာ
v
ကလေးဖွံ့ဖြိုးကြီးထွားမှုအတွက် လိုအပ်တဲ့အာဟာရဓါတ်တွေ ဖြည့်စွက်ပေးနိုင်တဲ့ အာဟာရသောက်စရာတွေကို ပိုပြီးအားကိုးတတ်ကြပါတယ်။ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေ၊ကော်ဖီတွေမတိုက်ဘူးဆိုပြီး မုယောစပါးအာဟာရပြည့်သောက်စရာတွေ ကိုရွေးချယ်လိုက်ပါလေရော။ အဲဒီအခါကျမှ သူတို့မှာပါတဲ့ အချိုပမာဏကြောင့် ကလေးရဲ့နေ့စဉ်အာဟာရမှာ သကြားဓါတ်လွန်ကဲနိုင်တာ သတိထားသင့်ပါတယ်။

ဘယ်လိုဖြေရှင်းရမလဲ

ဒါတွေမှာ သကြားဓာတ်များလို့ဆိုပြီး လုံးဝကြီးအပြတ်ဖြတ်ဖို့တော့ မဟုတ်ပါဘူးနော်။ ကလေးဆိုတာ တားမှ ပိုစားချင်တတ်တာမို့ တစ်ခါတလေမှ အကန့်အသတ်နဲ့ ကျွေးပါ။ ကလေးအတွက် အာဟာရပြည့်စေချင်ရင်တော့ ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်မယ့်ဓာတ်တွေ ပါဝင်ပြီးသား အာဟာရနို့မှုန့်တွေ၊ ဖြည့်စွက်အာဟာရတွေကို ရွေးချယ်နိုင်ပါတယ်။ ဥပမာ ဦးနှောက်နဲ့အမြင်အာရုံအတွက် အရေးပါတဲ့ DHA (အကျိုးပြုအဆီဓာတ်တစ်မျိုး)၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် သကြားဓာတ်ပါဝင်မှုနည်းတဲ့ အမှတ်တံဆိပ်တွေကို တိုက်ကျွေးသင့်ပါတယ်။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ကေလးေတာ္ေတာ္မ်ားမ်ားစားမိေနတဲ့ သၾကားဓာတ္မ်ားတဲ့ အစားအစာေတြ ကေလးေတာ္ေတာ္မ်ားမ်ားစားမိေနတဲ့ သၾကားဓာတ္မ်ားတဲ့ အစားအစာေတြ Reviewed by THITHTOOLWIN on 00:00 Rating: 5
Powered by Blogger.