အိပ္စက္ျခင္းအတြက္ အေကာင္းဆုံး အလင္းေရာင္


ဖန္သားျပင္ေတြေပၚက ထြက္လာတဲ့ သဘာဝ မဟုတ္တဲ့ အလင္းေရာင္ေတြေၾကာင့္ ညအခါ အိပ္ခ်င္စိတ္ပ်က္ျပယ္ေစတယ္ဆိုတဲ့ အယူအဆဟာ မမွန္ေၾကာင္း သိပၸံပညာရွင္ေတြက ေျပာလိုက္ပါတယ္။ ဘယ္လို အလင္းေရာင္အမ်ိဳးအစားက အိပ္စက္မႈ အတြက္ အေကာင္းဆုံးလဲဆိုတာကို ေလ့လာတဲ့ သိပၸံပညာရွင္ေတြက အခုလိုေျပာလိုက္တာျဖစ္ပါတယ္။

ဖန္သားျပင္ေတြကထြက္လာတဲ့ အျပာေရာင္အလင္းဟာ အဓိက ျပႆနာမဟုတ္ဘူးလို႔ မန္ခ်က္စတာ တကၠသိုလ္က သုေတသီေတြက ဆိုပါတယ္။

သူတို႔ဟာ ႂကြက္ေတြကို အလင္းေရာင္အမ်ိဳးမ်ိဳးေအာက္မွာ လႊတ္ထားၿပီး အက်ိဳးသက္ေရာက္မႈကို စမ္းသပ္ခဲ့ၾကပါတယ္။ Current Biology ဂ်ာနယ္မွာ ေဖာ္ျပထားတဲ့ အျငင္းပြားဖြယ္ရာ အဲဒီေတြ႕ရွိခ်က္မွာ ေဖာ္ျပထားတာကေတာ့ အလင္းေရာင္ဟာ ဘယ္ေလာက္ အပူဓာတ္ေပးတယ္ဆိုတာနဲ႔ ဘယ္ေလာက္စူးရွတယ္ဆိုတာကသာ အဓိက အခ်က္ျဖစ္တယ္လို႔ ဆိုပါတယ္။
ဘာကိုေလ့လာသလဲ

လူတိုင္းလူတိုင္းမွာ ပုံမွန္အိပ္ေနက်အခ်ိန္ရွိပါတယ္။ အဲသလို အိပ္ခ်ိန္ကို ခႏၶာကိုယ္ရဲ႕ ဇီဝနာရီလို႔ေခၚတတ္ၾကပါတယ္။ အဲဒီဇီဝနာရီဟာ ေန႔အခါမွာ ႏိုးၾကားေနၿပီး ညအခါမွာ အိပ္ခ်င္ေနေအာင္ ထိန္းညႇိေပးေနပါတယ္။

အဲသလိုထိန္းညႇိတဲ့ ျဖစ္စဥ္ကို သဘာဝ မဟုတ္တဲ့ အလင္းေရာင္ေတြက အေႏွာင့္အယွက္ေပးေနလိမ့္မယ္လို႔ သိပၸံပညာရွင္ေတြက ကာလအေတာ္ၾကာကတည္းက သံသယဝင္ေနခဲ့ၾကပါတယ္။

ကြန္ပ်ဴတာတို႔ မိုဘိုင္းဖုန္းတို႔ကေန ထြက္လာတဲ့ အျပာေရာင္အလင္းအမ်ိဳးအစားဟာ ပိုၿပီး အေႏွာင့္အယွက္ေပးႏိုင္တယ္ဆိုတဲ့ အယူအဆဟာ ေတာ္ေတာ္ေခတ္စားခဲ့ပါတယ္။


ေတြ႕ရွိခ်က္

ႂကြက္ေတြကို စမ္းသပ္ခ်ိန္မွာ အလင္းေရာင္ကို အတိုးအေလွ်ာ့လုပ္ၿပီး စမ္းသပ္ခဲ့သလို အျပာကေန အဝါဆီကို အေရာင္ အဆင့္ဆင့္ေျပာင္းၿပီးေတာ့လည္း စမ္းသပ္ခဲ့ပါတယ္။

အေရာင္စူးရွတဲ့အခါ အျပာမွာပဲျဖစ္ျဖစ္ အဝါမွာပဲျဖစ္ျဖစ္ ႂကြက္ေတြဟာ ႏိုးၾကားေနတာ ေတြ႕ရပါတယ္။

ဒါေပမယ့္ အလင္းေရာင္ကို မွိန္ထားလိုက္တဲ့အခါ အဝါေရာင္ထက္ အျပာေရာင္မွာ ပိုၿပီး အိပ္ခ်င္ၾကတာကို ေတြ႕ရပါတယ္။

စမ္းသပ္ခ်က္မွာ ေတြ႕ရတာဟာ သဘာဝပတ္ဝန္းက်င္မွာ ေတြ႕ရတဲ့ အတိုင္း စူးရွ ေႏြးေထြးတဲ့ ေန႔ခင္းလို အလင္းေရာင္ေအာက္မွာ ပိုၿပီးႏိုးၾကားတာကို ေတြ႕ခဲ့ရတယ္လို႔ သုေတသီအဖြဲ႕ေခါင္းေဆာင္ ေဒါက္တာ တင္မ္ဘေရာင္းက ေျပာပါတယ္။
ဘယ္လိုအဓိပၸာယ္လဲ

မိုဘိုင္းဖုန္းနဲ႔ လက္ပ္ေတာ့ ကြန္ပ်ဴတာရဲ႕ Night-mode setting ဟာ အိပ္ေရးမပ်က္ေအာင္ အျပာေရာင္ကို ေလွ်ာ့ေပးထားပါတယ္။

အဲသလို လုပ္တာဟာ ဖန္သားျပင္ေပၚမွာ အဝါေရာင္တိုးလာေအာင္ လုပ္တဲ့ သေဘာျဖစ္တဲ့ အတြက္ လုပ္နည္းလုပ္ဟန္က ေျပာင္းျပန္ျဖစ္ေနပါတယ္လို႔ ေဒါက္တာ ဘေရာင္းက ဆိုပါတယ္။

အလင္းေရာင္ရဲ႕ စူးရွမႈကိုလည္း ေလွ်ာ့ခ်ရမယ့္ အစားပိုေတာက္ေအာင္ လုပ္သလို ျဖစ္ေနပါတယ္လို႔ ေဒါက္တာ ဘေရာင္းက ဆိုပါတယ္။
ညမွ ႂကြက္ေတြပိုႏိုးၾကားလာသလား

ႂကြက္ဟာညမွာ လူထက္ပိုႏိုးၾကားတတ္တဲ့ သတၱဝါျဖစ္ပါတယ္။ ဒါေပမယ့္ ဒီစမ္းသပ္ခ်က္အတြက္ ဇီဝနာရီ အလုပ္လုပ္ပုံကေတာ့ ႏို႔တိုက္သတၱဝါခ်င္း အတူတူပဲျဖစ္ပါတယ္လို႔ သုေတသီေတြက ဆိုပါတယ္။

ဒါေပမယ့္ ပိုေသခ်ာခ်င္ရင္ ေနာက္ထပ္သုေတသနေတြ ထပ္လုပ္ဖို႔ လိုတယ္လို႔လည္း သူတို႔က ဆိုပါတယ္။

BBC Burmese
https://www.bbc.com
-----------------
အိပ်စက်ခြင်းအတွက် အကောင်းဆုံး အလင်းရောင်

ဓာတ်ပုံ မူပိုင် Getty Images

ဖန်သားပြင်တွေပေါ်က ထွက်လာတဲ့ သဘာဝ မဟုတ်တဲ့ အလင်းရောင်တွေကြောင့် ညအခါ အိပ်ချင်စိတ်ပျက်ပြယ်စေတယ်ဆိုတဲ့ အယူအဆဟာ မမှန်ကြောင်း သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။ ဘယ်လို အလင်းရောင်အမျိုးအစားက အိပ်စက်မှု အတွက် အကောင်းဆုံးလဲဆိုတာကို လေ့လာတဲ့ သိပ္ပံပညာရှင်တွေက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

ဖန်သားပြင်တွေကထွက်လာတဲ့ အပြာရောင်အလင်းဟာ အဓိက ပြဿနာမဟုတ်ဘူးလို့ မန်ချက်စတာ တက္ကသိုလ်က သုတေသီတွေက ဆိုပါတယ်။

သူတို့ဟာ ကြွက်တွေကို အလင်းရောင်အမျိုးမျိုးအောက်မှာ လွှတ်ထားပြီး အကျိုးသက်ရောက်မှုကို စမ်းသပ်ခဲ့ကြပါတယ်။ Current Biology ဂျာနယ်မှာ ဖော်ပြထားတဲ့ အငြင်းပွားဖွယ်ရာ အဲဒီတွေ့ရှိချက်မှာ ဖော်ပြထားတာကတော့ အလင်းရောင်ဟာ ဘယ်လောက် အပူဓာတ်ပေးတယ်ဆိုတာနဲ့ ဘယ်လောက်စူးရှတယ်ဆိုတာကသာ အဓိက အချက်ဖြစ်တယ်လို့ ဆိုပါတယ်။
ဘာကိုလေ့လာသလဲ

လူတိုင်းလူတိုင်းမှာ ပုံမှန်အိပ်နေကျအချိန်ရှိပါတယ်။ အဲသလို အိပ်ချိန်ကို ခန္ဓာကိုယ်ရဲ့ ဇီဝနာရီလို့ခေါ်တတ်ကြပါတယ်။ အဲဒီဇီဝနာရီဟာ နေ့အခါမှာ နိုးကြားနေပြီး ညအခါမှာ အိပ်ချင်နေအောင် ထိန်းညှိပေးနေပါတယ်။

အဲသလိုထိန်းညှိတဲ့ ဖြစ်စဉ်ကို သဘာဝ မဟုတ်တဲ့ အလင်းရောင်တွေက အနှောင့်အယှက်ပေးနေလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ကာလအတော်ကြာကတည်းက သံသယဝင်နေခဲ့ကြပါတယ်။

ကွန်ပျူတာတို့ မိုဘိုင်းဖုန်းတို့ကနေ ထွက်လာတဲ့ အပြာရောင်အလင်းအမျိုးအစားဟာ ပိုပြီး အနှောင့်အယှက်ပေးနိုင်တယ်ဆိုတဲ့ အယူအဆဟာ တော်တော်ခေတ်စားခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Dr Timothy Brown
တွေ့ရှိချက်

ကြွက်တွေကို စမ်းသပ်ချိန်မှာ အလင်းရောင်ကို အတိုးအလျှော့လုပ်ပြီး စမ်းသပ်ခဲ့သလို အပြာကနေ အဝါဆီကို အရောင် အဆင့်ဆင့်ပြောင်းပြီးတော့လည်း စမ်းသပ်ခဲ့ပါတယ်။

အရောင်စူးရှတဲ့အခါ အပြာမှာပဲဖြစ်ဖြစ် အဝါမှာပဲဖြစ်ဖြစ် ကြွက်တွေဟာ နိုးကြားနေတာ တွေ့ရပါတယ်။

ဒါပေမယ့် အလင်းရောင်ကို မှိန်ထားလိုက်တဲ့အခါ အဝါရောင်ထက် အပြာရောင်မှာ ပိုပြီး အိပ်ချင်ကြတာကို တွေ့ရပါတယ်။

စမ်းသပ်ချက်မှာ တွေ့ရတာဟာ သဘာဝပတ်ဝန်းကျင်မှာ တွေ့ရတဲ့ အတိုင်း စူးရှ နွေးထွေးတဲ့ နေ့ခင်းလို အလင်းရောင်အောက်မှာ ပိုပြီးနိုးကြားတာကို တွေ့ခဲ့ရတယ်လို့ သုတေသီအဖွဲ့ခေါင်းဆောင် ဒေါက်တာ တင်မ်ဘရောင်းက ပြောပါတယ်။
ဘယ်လိုအဓိပ္ပာယ်လဲ

မိုဘိုင်းဖုန်းနဲ့ လက်ပ်တော့ ကွန်ပျူတာရဲ့ Night-mode setting ဟာ အိပ်ရေးမပျက်အောင် အပြာရောင်ကို လျှော့ပေးထားပါတယ်။

အဲသလို လုပ်တာဟာ ဖန်သားပြင်ပေါ်မှာ အဝါရောင်တိုးလာအောင် လုပ်တဲ့ သဘောဖြစ်တဲ့ အတွက် လုပ်နည်းလုပ်ဟန်က ပြောင်းပြန်ဖြစ်နေပါတယ်လို့ ဒေါက်တာ ဘရောင်းက ဆိုပါတယ်။

အလင်းရောင်ရဲ့ စူးရှမှုကိုလည်း လျှော့ချရမယ့် အစားပိုတောက်အောင် လုပ်သလို ဖြစ်နေပါတယ်လို့ ဒေါက်တာ ဘရောင်းက ဆိုပါတယ်။
ညမှ ကြွက်တွေပိုနိုးကြားလာသလား

ကြွက်ဟာညမှာ လူထက်ပိုနိုးကြားတတ်တဲ့ သတ္တဝါဖြစ်ပါတယ်။ ဒါပေမယ့် ဒီစမ်းသပ်ချက်အတွက် ဇီဝနာရီ အလုပ်လုပ်ပုံကတော့ နို့တိုက်သတ္တဝါချင်း အတူတူပဲဖြစ်ပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒါပေမယ့် ပိုသေချာချင်ရင် နောက်ထပ်သုတေသနတွေ ထပ်လုပ်ဖို့ လိုတယ်လို့လည်း သူတို့က ဆိုပါတယ်။

BBC Burmese
https://www.bbc.com
အိပ္စက္ျခင္းအတြက္ အေကာင္းဆုံး အလင္းေရာင္ အိပ္စက္ျခင္းအတြက္ အေကာင္းဆုံး အလင္းေရာင္ Reviewed by THITHTOOLWIN on 23:46 Rating: 5
Powered by Blogger.