ဗစ္တိုရီးယားအမႈ စြပ္စဲြတရားခံ တရားရွင္လြတ္ေျမာက္


(Zawgyi/Unicode)

ေနျပည္ေတာ္ Wisdom Hill ပုဂၢလိက မူႀကိဳေက်ာင္းက သံုးႏွစ္အရြယ္ မိန္းကေလး လိင္ပုိင္းဆိုင္ရာ ေစာ္ကားခံရတာနဲ႔ ပတ္သက္ၿပီး သံသယ တရားခံအျဖစ္ စြပ္စြဲခံထားရတဲ့ ကိုေအာင္ႀကီးကို ဒီကေန႔ တရားရံုးက လႊတ္ေပးလိုက္ပါၿပီ။ ဒီကေန႔ (၁၃) ႀကိမ္ေျမာက္ရ ံုးခ်ိန္းမွာ ဆရာမႏွင္းႏုအပါအဝင္ ဆရာမ ႏွစ္ဦးကို စစ္ေဆးခဲ့တာပါ။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုကတင္ဆက္ေပးပါမယ္။

ဗစ္တုိးရီးယားလုိ႔ လူသိမ်ားတဲ့ သံုးႏွစ္အရြယ္ မိန္းကေလး လိင္ပုိင္းဆိုင္ရာ အၾကမ္းဖက္ရတဲ့အမႈ (၁၃) ႀကိမ္ေျမာက္ရံုးခ်ိန္းကို ေနျပည္ေတာ္ ဒကၡိဏခရိုင္တရားရံုးမွာ ဒီကေန႔ စစ္ေဆးခဲ့ပါတယ္။ ဒီအမႈမွာ စစ္ေဆးရမယ့္ သက္ေသ ၂၆ ေယာက္ထဲက ၁၉ ဦးကို စစ္ေဆးအၿပီးမွာေတာ့ သံသယတရားအျဖစ္ စြပ္စြဲခံထားရတဲ့ ကိုေအာင္ႀကီးဟာ အမႈ က်ဴးလြန္ေၾကာင္း အေထာက္အထား မေပၚေပါက္တဲ့ အတြက္ေၾကာင့္ ျပန္လႊတ္ေပးခဲ့တယ္လို႔ ကိုေအာင္ႀကီးဘက္က လုိက္ပါေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ဒီကေန႔ ရံုးခ်ိန္းအၿပီးမွာ ေျပာပါတယ္။

“သက္ေသ ၂၆ ေယာက္မွာ ၁၉ ေယာက္ စစ္ၿပီးၿပီ။ အဲေတာ့ ၁၉ ေယာက္ကို စစ္လိုက္တဲ့အခါမွာ အမႈ က်ဴးလြန္ေၾကာင္း အေထာက္အထား၊ ကနဦး သက္ေသခံခ်က္ ေခၚတာေပါ့ဗ်ာ။ မေပၚေပါက္တဲ့အတြက္ေၾကာင့္ ရာဇဝတ္က်င့္ထံုး ပုဒ္မ ၂၅၃ (၂) အရ လႊတ္လုိက္တယ္လို႔ ေျပာတယ္။”

ကိုေအာင္ႀကီးကို လႊတ္ေပးလိုက္တာဟာ တရားေသလႊတ္တာ မဟုတ္တဲ့အတြက္ သူ႔ကို လႊတ္ေပးလိုက္တဲ့ အမိန္႔အေပၚကို မေက်နပ္လို႔ တိုင္းတရားရံုးအထိ တက္ခဲ့မယ္ဆိုရင္လည္း အခမဲ့လိုက္ပါ ေဆာင္ရြက္ေပးဦးမယ္လို႔ ကိုေအာင္ႀကီးရဲ႕ ေရွ႕ေန ေဒၚစုဒါလီေအာင္က အခုလိုေျပာပါတယ္။

“တရားေသလႊတ္တာေတာ့ မဟုတ္ဘူး။ သက္ေသထြက္ခ်က္ မေပၚေပါက္တဲ့အတြက္ လႊတ္လိုက္တာ ျဖစ္တဲ့အတြက္ ဒီအမိန္႔ကို မေက်နပ္ရင္ ဒီဥပေဒရံုးတို႔၊ ရဲတုိ႔ကေတာ့ တုိင္းကိုတက္ခြင့္ ရွိေသးတယ္ေပါ့ေနာ္။ သူတုိ႔တက္၊ မတက္ေတာ့ က်မတို႔ မသိဘူးေပါ့ေနာ္။ က်မတို႔ကေတာ့ ဒီက႑မွာ ၿပီးသြားၿပီ။ တကယ္လို႔ တဘက္ဘက္က တက္ခဲ့မယ္ဆိုလုိ႔ ရွိရင္လည္း က်မတို႔က ေအာင္ႀကီးဘက္က အခမဲ့လိုက္ေပးဖုိ႔ ဝန္မေလးဘူး။”

ကိုေအာင္ႀကီးဟာ ဒီအမႈကို ခ်ဳပ္ရက္နဲ႔ ေျခာက္လေက်ာ္ၾကာ တရားရင္ဆိုင္ခဲ့ရတာပါ။ ဒီကေန႔မွာပဲ ျပန္လည္လြတ္ေျမာက္လာတဲ့ ကိုေအာင္ႀကီးက သူမွားယြင္း စြပ္စြဲခံရတာနဲ႔ ပတ္သက္ၿပီး အခုလိုေျပာပါတယ္။

“က်ေနာ္တကယ္ကို ကေလးေလးအေပၚ မက်ဴးလြန္ခဲ့ပါဘူး။ က်ေနာ္ေသတဲ့အထိ က်ေနာ့္ရဲ႕ မွန္ေသာ သစၥာစကားပါပဲ။ က်ေနာ္အခု ရင္ထဲမွာ ရွိတာက က်ေနာ္ မဟုတ္တဲ့အတြက္ တရားရံုးက တရားသူႀကီးကိုယ္တုိင္ လႊတ္ေပးတယ္။ က်ေနာ္အရမ္းပဲ ေက်းဇူးတင္ပါတယ္။ က်န္တာကေတာ့ (မွားယြင္းစြပ္စြဲခံရတဲ့အေပၚ) ေလာေလာဆယ္ ဘာမွန္းမသိေသးတဲ့အတြက္ လူႀကီးေတြ (ေရွ႕ေန) ဘယ္လိုစီစဥ္မလဲ မသိေသးဘူးေပါ့ေနာ္။”

ဗစ္တိုးရီးယားအမႈဟာ လူအမ်ားက စိတ္ဝင္စားေနတဲ့ အမႈျဖစ္သလို သမၼတရံုးကလည္း ေစာင့္ၾကည့္ေနတဲ့ အမႈတခုပါ။ အမႈမွာ အေရးႀကီးသက္ေသတခုုျဖစ္တဲ့ Wisdom Hill မူႀကိဳေက်ာင္းက CCTV မွတ္တမ္းမွာ ေပ်ာက္ေနတဲ့ ဖုိင္တခ်ိဳ႕ကို ျမန္မာႏုိင္ငံကြန္ပ်ဴတာ ပညာရွင္အသင္းဦးေဆာင္တဲ့ အဖြဲ႔က ဒကၡိဏခရိုင ္တရားရံုးမွာ စစ္ေဆးေနၿပီး ေတြ႔ရွိခ်က္ေတြကို တရားရံုးမွာ ျပန္လည္တင္ျပဖုိ႔ လုပ္ေဆာင္ေနပါတယ္။ ဗစ္တိုးရီးယားရဲ႕ ဖခင္ျဖစ္သူကလည္း ကေလးငယ္ကို စစ္ေဆးထားတဲ့ DNA ကုိ ျပည္ပမွာ ထပ္မံစစ္ေဆးခြင့္ရဖုိ႔ ဒကၡိဏခရိုင္ ဥပေဒရံုးကုိ ေတာင္းဆိုထားပါတယ္။

[Unicode Version]

နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက သုံးနှစ်အရွယ် မိန်းကလေး လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာနဲ့ ပတ်သက်ပြီး သံသယ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ကိုအောင်ကြီးကို ဒီကနေ့ တရားရုံးက လွှတ်ပေးလိုက်ပါပြီ။ ဒီကနေ့ (၁၃) ကြိမ်မြောက်ရ ုံးချိန်းမှာ ဆရာမနှင်းနုအပါအဝင် ဆရာမ နှစ်ဦးကို စစ်ဆေးခဲ့တာပါ။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကတင်ဆက်ပေးပါမယ်။

ဗစ်တိုးရီးယားလို့ လူသိများတဲ့ သုံးနှစ်အရွယ် မိန်းကလေး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရတဲ့အမှု (၁၃) ကြိမ်မြောက်ရုံးချိန်းကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။ ဒီအမှုမှာ စစ်ဆေးရမယ့် သက်သေ ၂၆ ယောက်ထဲက ၁၉ ဦးကို စစ်ဆေးအပြီးမှာတော့ သံသယတရားအဖြစ် စွပ်စွဲခံထားရတဲ့ ကိုအောင်ကြီးဟာ အမှု ကျူးလွန်ကြောင်း အထောက်အထား မပေါ်ပေါက်တဲ့ အတွက်ကြောင့် ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုအောင်ကြီးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ဒီကနေ့ ရုံးချိန်းအပြီးမှာ ပြောပါတယ်။

“သက်သေ ၂၆ ယောက်မှာ ၁၉ ယောက် စစ်ပြီးပြီ။ အဲတော့ ၁၉ ယောက်ကို စစ်လိုက်တဲ့အခါမှာ အမှု ကျူးလွန်ကြောင်း အထောက်အထား၊ ကနဦး သက်သေခံချက် ခေါ်တာပေါ့ဗျာ။ မပေါ်ပေါက်တဲ့အတွက်ကြောင့် ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၂၅၃ (၂) အရ လွှတ်လိုက်တယ်လို့ ပြောတယ်။”

ကိုအောင်ကြီးကို လွှတ်ပေးလိုက်တာဟာ တရားသေလွှတ်တာ မဟုတ်တဲ့အတွက် သူ့ကို လွှတ်ပေးလိုက်တဲ့ အမိန့်အပေါ်ကို မကျေနပ်လို့ တိုင်းတရားရုံးအထိ တက်ခဲ့မယ်ဆိုရင်လည်း အခမဲ့လိုက်ပါ ဆောင်ရွက်ပေးဦးမယ်လို့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်က အခုလိုပြောပါတယ်။

“တရားသေလွှတ်တာတော့ မဟုတ်ဘူး။ သက်သေထွက်ချက် မပေါ်ပေါက်တဲ့အတွက် လွှတ်လိုက်တာ ဖြစ်တဲ့အတွက် ဒီအမိန့်ကို မကျေနပ်ရင် ဒီဥပဒေရုံးတို့၊ ရဲတို့ကတော့ တိုင်းကိုတက်ခွင့် ရှိသေးတယ်ပေါ့နော်။ သူတို့တက်၊ မတက်တော့ ကျမတို့ မသိဘူးပေါ့နော်။ ကျမတို့ကတော့ ဒီကဏ္ဍမှာ ပြီးသွားပြီ။ တကယ်လို့ တဘက်ဘက်က တက်ခဲ့မယ်ဆိုလို့ ရှိရင်လည်း ကျမတို့က အောင်ကြီးဘက်က အခမဲ့လိုက်ပေးဖို့ ဝန်မလေးဘူး။”

ကိုအောင်ကြီးဟာ ဒီအမှုကို ချုပ်ရက်နဲ့ ခြောက်လကျော်ကြာ တရားရင်ဆိုင်ခဲ့ရတာပါ။ ဒီကနေ့မှာပဲ ပြန်လည်လွတ်မြောက်လာတဲ့ ကိုအောင်ကြီးက သူမှားယွင်း စွပ်စွဲခံရတာနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“ကျနော်တကယ်ကို ကလေးလေးအပေါ် မကျူးလွန်ခဲ့ပါဘူး။ ကျနော်သေတဲ့အထိ ကျနော့်ရဲ့ မှန်သော သစ္စာစကားပါပဲ။ ကျနော်အခု ရင်ထဲမှာ ရှိတာက ကျနော် မဟုတ်တဲ့အတွက် တရားရုံးက တရားသူကြီးကိုယ်တိုင် လွှတ်ပေးတယ်။ ကျနော်အရမ်းပဲ ကျေးဇူးတင်ပါတယ်။ ကျန်တာကတော့ (မှားယွင်းစွပ်စွဲခံရတဲ့အပေါ်) လောလောဆယ် ဘာမှန်းမသိသေးတဲ့အတွက် လူကြီးတွေ (ရှေ့နေ) ဘယ်လိုစီစဉ်မလဲ မသိသေးဘူးပေါ့နော်။”

ဗစ်တိုးရီးယားအမှုဟာ လူအများက စိတ်ဝင်စားနေတဲ့ အမှုဖြစ်သလို သမ္မတရုံးကလည်း စောင့်ကြည့်နေတဲ့ အမှုတခုပါ။ အမှုမှာ အရေးကြီးသက်သေတခုဖြစ်တဲ့ Wisdom Hill မူကြိုကျောင်းက CCTV မှတ်တမ်းမှာ ပျောက်နေတဲ့ ဖိုင်တချို့ကို မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းဦးဆောင်တဲ့ အဖွဲ့က ဒက္ခိဏခရိုင ်တရားရုံးမှာ စစ်ဆေးနေပြီး တွေ့ရှိချက်တွေကို တရားရုံးမှာ ပြန်လည်တင်ပြဖို့ လုပ်ဆောင်နေပါတယ်။ ဗစ်တိုးရီးယားရဲ့ ဖခင်ဖြစ်သူကလည်း ကလေးငယ်ကို စစ်ဆေးထားတဲ့ DNA ကို ပြည်ပမှာ ထပ်မံစစ်ဆေးခွင့်ရဖို့ ဒက္ခိဏခရိုင် ဥပဒေရုံးကို တောင်းဆိုထားပါတယ်။

စုစု/VOA Burmese
https://burmese.voanews.com
ဗစ္တိုရီးယားအမႈ စြပ္စဲြတရားခံ တရားရွင္လြတ္ေျမာက္ ဗစ္တိုရီးယားအမႈ စြပ္စဲြတရားခံ တရားရွင္လြတ္ေျမာက္ Reviewed by THITHTOOLWIN on 00:36 Rating: 5
Powered by Blogger.